တွေးတွေးပြီးရယ် from Nine Nine SaNay by နိုင်းနိုင်းစနေ
(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။
ပထမရဲ ။။။။။ ဟာ…တော်တော်ဖြစ်သွားတာပဲ။
ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။
ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်
ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃…အင်း.. ခေါင်းတည့်သွားပြီ။
ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး
(၂)
တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။ ခရီးသွားက လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ ခေါင်းကိုကိုင်ပြီး လမ်းမေးတယ်။
“ဟေ့.. ချာတိတ် ဒီနေရာကို ဘယ်လိုခေါ်လဲ?”
“ဒါ ကျွန်တော့်ခေါင်းလေဗျာ”
(၃)
“လကမာ္ဘဆိုတာ အကြီးကြီးပဲ။ လူ သန်းပေါင်းအများကြီး နေနိုင်တယ်” ပထဝီဝင်ဆရာတစ်ဦးက ကလေးတွေကို ရှင်းပြတယ်။ အဲဒီမှာ ကလေးတစ်ယောက်က ထအော်တယ်။
“ဒီလိုဆို မလွယ်ဘူးဆရာ… လဆန်း၊ လကွယ်ရောက်ရင် လူတွေ ကျပ်ညှပ်ပြီး သေကုန်ကြလိမ့်မယ်”
(၄)
လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တဩနဲ့ စားပွဲထိုးကို မေးတယ်။
“ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ?”
စားပွဲထိုး….
“ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင် စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁% ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့် အသွားအလာချိန်ကို သက်သာစေပါတယ်”
“အင်း သိပ်ကောင်းတဲ့ အကြံပါပဲ”
ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူသွားလိုက်မယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တဩနဲ့ သူမေးကြည့်ပြန်တော့ စားပွဲထိုးက…
“အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအားဖြင့် ကျွန်တော်တို့ အပေါ့သွားချင်တဲ့အချိန် ဇစ်ကို လက်နဲ့တိုက်ရိုက် ဆွဲဖွင့်စရာမလိုဘဲ ကြိုးဆွဲလိုက်ရုံနဲ့ရအောင် စီစဉ်ထားပေးပါတယ်။ ဒါဟာ သန့်ရှင်းမှုကို ပိုဦးစားပေးတယ်လို့ ဆိုပါတယ်”
“အင်း သိပ်ကောင်းတဲ့ အကြံပဲ”
ငွေရှင်းပြီး ကောင်တာက သူလှည့်ထွက်ခါနီးမှာ တစ်ခုခုကို သူသတိရလိုက်တယ်။ ဒီလိုနဲ့ စားပွဲထိုးကို သူပြန်မေးလိုက်တယ်။
“ဒါနဲ့.. အပေါ့သွားပြီး မင်းတို့ရဲ့ ဟိုဒင်းကို လက်မသုံးဘဲ ဘောင်းဘီထဲ ဘယ်လိုပြန်ထည့်သလဲ?”
“တခြားလူတော့ မပြောတတ်ဘူး.. ကျွန်တော်ကတော့ ဇွန်းနဲ့ပဲ သုံးလိုက်တယ်”
3 comments
hello! everybody
November 6, 2010 at 7:47 am
very good
intro
November 6, 2010 at 10:42 am
ကောင်းပါတယ်… ပါးပါးလေးနဲ့ ရယ်ရပါတယ်.
tunaung
November 6, 2010 at 11:42 am
တရုတ်ပြည်ကလူတွေဆိုင်ကယ်စီးယင်အကျႌကိုပြောင်းပြန်ဝတ်တာတွေ့တွေ့နေရတယ် တချီချီတော့ခေါင်းအတည့်ခံရတော့မှာဘဲ ဟေဟေ့ ကောင်းတယ်..အားပေးသွားတယ်နော်