ကိုကျော်သူ၏ facebook အင်တာနက်စာမျက်နှာအား ပိတ်ခံလိုက်ရ

BayoteApril 5, 20101min16213

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကိုကျော်သူအား သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးများ ပါရှိနေသည့် Facebook Website ရှိ KyawthuFans တွင် Post များ၊ Comments များ ရေးသားမရခြင်းနှင့် သတင်းဆောင်းပါးအသစ်များ မပါရှိတော့သည့်အတွက် မေးမြန်း ကြည့်ရာတွင် ကိုကျော်သူမှ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

(ဟုတ်တယ် … Facebook Website က ကျွန်တော်ရဲ့ Kyawthufans ဆိုတာ .. ကျွန်တော်ရဲ့ Fan ပရိတ်သတ်တွေက လုပ်ပေးထားတာ။ ဒါကြောင့်လဲ ကျွန်တော်ရဲ့ လူမှုရေးကူညီမှု ကိစ္စတွေကို ပရိတ်သတ်ကို ချပြနိုင်ခဲ့ပါတယ်။ ကိုယ်ကျိုးမပါတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် (၃) ပတ်လောက်ရှိပြီ။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကနေ အဲဒီ Facebook Website ကုမ္မဏီကို လုပ်ကြံဇာတ်ခင်းပြီး ပိတ်ခိုင်းလိုက်တာ။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ Gmail (ဂျီမေး)ကိုလည်း ပိတ်မယ် .. ဘာညာနဲ့ Warning (သတိ) ပေးပြီး အကြောင်းကြား စာပို့ခံရတယ်။

ဘာတွေလည်းဗျာ .. အေးအေးဆေးဆေး အခမဲ့ မသာချပေးနေတဲ့ သူကို လာတိုက်ခိုက်တာ။ အခမဲ့ မသာချပေးနေတဲ့ သူကို မနာလိုတွေဖြစ်နေတာ။ ရှင်းရှင်းပြောရရင် ကျွန်တော် အလုပ်ကြံခံရတာပဲ။ ကျွန်တော်ကတော့ အေးဆေးပါ။ ဒါပေမယ့် ကျွန်တော်နဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်ပိုင်းကတော့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ဝဋ်လည်လိမ့်မယ်လို့ပဲ ပြောလိုက်ပါမယ်။ ကိုယ့်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်နော့ . . . . ။

ကျွန်တော် နောက်ထပ်ပြီးတော့တင်ဖို့ ဆောင်းပါးလေးတွေ ရေးထားတာ ရှိတယ်။ ယခု ကျွန်တော်ရဲ့ kyawthufans အပိတ်ခံထားရတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ သတင်း၊ ဆောင်းပါးတွေတင်ဖို့ ရေးထားတာတွေလည်း တင်လို့မရဘူး ဖြစ်နေတာပေါ့။ ကျွန်တော် “ မျိုးဆက်သစ် Hip Hop လူမှုရေး သူရဲကောင်းများ” ဆိုတဲ့ ဆောင်းပါးလေး တင်ဖို့ ရှိပါတယ်။ တင်လို့ပြန်ရခဲ့ရင်တော့ Fans ပရိတ်သတ်များ အသစ်ထပ်ပြီး ဖတ်ရှုအားပေးလို့ ရမှာပါ…) ဟု ဖြေကြားသွားပါသည်။

(ပေးပို ့လာသူ ဘားမား ပါပါရာဇီအား ကျေးဇူးတင်ရှိပါသည်)။

မှတ်ချက်   Source : http://www.niknayman-niknayman.co.cc/

13 comments

  • lathakhin

    April 5, 2010 at 11:35 am

    ကျော်သူ ့က facebook ထဲဝင်ထားမှန်းတောင် မသိဘူး …
    ခုမှ သိရတာ …
    🙂

  • wannatun

    April 5, 2010 at 12:39 pm

    တစ်ခုခုတော့မှားနေပြီထင်တယ်… တကယ်လို့ပိတ်မယ်ဆိုရင်တောင်.. အရင်ဆုံးသတိပေးစာတော့လာတတ်ပါတယ်.. ကြားထဲကအခိုးခံလိုက်ရတာများလား…
    ကိုယ်ကပြန်ပြီ facebook team ကို တင်ပြစာပို့လို့ရတယ်လေ… password အပြောင်းခံလိုက်ရတာလဲ ဖြစ်နိုင်တာပဲ.. ကိုယ့်မေးခွန်းလေးတွေကိုယ်ပြန်ဖြေပြီးပြန်ဖွင့်ကြည့်ပါလား.. ကိုုယ်ကအရင်ပေးထားတဲ့ mail account နဲ့ facebook team ကိုလှမ်းပြောကြည့်ပါလား ..ပြန်ရရင်ရမှာပေါ့

  • yeohstone

    April 6, 2010 at 5:19 am

    ကျွန်တော်တို ့ကတော့ ကိုကျော်သူ ့homepage ကို ဖတ်လို ့လည်းရသလို commentလည်းပေးလို ့ရနေတုန်းပဲခင်ဗျ….တစ်ခုခုကတော့ သေချာလွဲနေပြီ…ပြီးတော့ facebook teamကလည်း homepageတွေကို သူ ့သဘောနဲ ့သူ ပိတ်လေ့မရှိတာသေချာတယ်……

  • naynay

    April 6, 2010 at 5:24 am

    yeohstoneပြောတာ ကျွန်တော်လည်း လက်ခံပါတယ်….facebook teamက homepageတွေ ၊ proflieတွေကို အကြောင်းမဲ့လိုက်ပိတ်လေ့မရှိပါဘူး…ဖြစ်နိ်ုင်တာတစ်ခုက ကျွမ်းကျင်တဲ့ပညာရှင်တွေက account ကို ဖောက်ပြီး passwordပြောင်းလိုက်တာမျိုးနေမှာပါ….

  • narziparrty

    May 6, 2010 at 10:39 am

    ဘယ်လိုပဲဖြစ်ဖြစ်ဗျာမလုပ်သင်.ပါဘူးဗျာ။တော်တော်ရိုင်းကြတယ်။သူဟာသူနာရေးတွေအခမဲ.ကူညီနေတာကိုလိုက်မနာလိုမဖြစ်ကြပါနဲ.လို.ကျွန်တော်ကကြားကနေတောင်းပန်ချင်ပါတယ်။

  • Amie

    June 10, 2010 at 11:08 pm

    what’s wrong???…..i can still give comment on ko kyaw thu’s facebook account….

  • winne

    August 1, 2010 at 9:00 am

    ဒီဆောင်းပါးလေး ဖတ်ရတာ စိတ်မကောင်းလိုက်တာ ကိုကျော်သူကို လေးစားပါတယ် သူလုပ်ရပ်ကလည်း လူတိုင်းမလုပ်နိုင်တဲ့ လုပ်ရပ်ပါ။ သူလိုလူမျိုး ရှာတွေ့နိုင်ဖို့ခက်ပါတယ်။ ဘာအကျိုးမှ မဘက်ဘဲ သူအလုပ်သူ လုပ်နေတာဘဲလေ။ ခက်တော့ ခက်တယ် လောကကြီးကလည်း ဒီလိုပါဘဲ နဲ့ အဆုံးသတ်ရမှာဘဲလေ။

  • kai

    August 1, 2010 at 9:52 am

    အဲဒီသတင်းတက်တာ April 5th, 2010 ကဖြစ်ပါတယ်။ အခု ဦးကျော်သူ ဖေ့စ်ဘုတ် ပြန်သုံးနေလို့ရတာ တွေ့ရပါကြာင်း..။

  • myomaung

    August 1, 2010 at 10:53 am

    ကျွန်တော်လဲအခုမှသိလို့ရှာနေတယ်

  • Yin Nyine Nway

    August 1, 2010 at 11:25 am

    ဟုတ်တယ်
    ကျော်သူရျိမှန်း သိရင ်အစကတည်းက fun ဝင်ပါတယ်
    ဘာလို့ လိုက်ပိတ်နေကြတာတုန်း

  • shwemoenyo

    August 10, 2010 at 2:23 am

    ကိုကျော်သူရဲ့ နာရေးကူညီမှု ဝက်ဆိုက်နံမည်ကိုသိချင်ပါတယ်
    သိတဲ့မိတ်ဆွေတွေက ကူညီပြီးရေးပေးပါ
    သူတို့ရဲ့သတင်းလှုပ်ရှားမှုတွေကိုဖတ်ချင်လို့ပါ
    facebookထဲက ကိုကျော်သူရဲ့ ဆိုက်ကိုလဲ ရှာမတက်ဘူး ပြောပြလမ်းညွှန်ပေးပါ။

Leave a Reply