Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြည်သူတွေ တောင်းဆိုးနေကြပြီ………။(ဒီမိုကရေစီ တဲ့……..)

mGNovember 14, 20102min3409

ပြည်သူလူထုနှင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့မိန့်ခွန်းပြောပွဲမှာ နွေးနွေးထွေးထွေးတွေ့ဆုံကြပါပြီ။ပြည်သူတွေဟာ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အန်တီစု

လို့ခေါ်ကြပြီတော့……။ယခုအခါမှာတော့ (အမေစု) လို့ခေါ်လာကြပါတယ်။ဒါဟာလည်း ပြည်သူတွေရဲ့ရင်ထဲမှာ ရှိတဲ့အချစ်တွေနဲ့မေတ္တာတရားတွေကို နာမည်မှာဖော်ပြထားတာပါ။ယနေ့

ကျွန်တော်မိန့်ခွန်းပြောပွဲသို့တတ်ရောက်သွားတော့ ၁ သိန်း နှင့်အထပ်မှာရှိနေတဲ့ လူအုပ်ကြီးကို မြင်တွေ့လိုက်ရပါတယ်(ယုဇန ဟိုတယ်ပေါ်မှာ မြင်ကွင်း)။ဒေါ်အောင်ဆန်းစုကြည်

ကိုချစ်ခင်ကျတဲ့ပြည်သူတွေဟာရုံးအရှေ့မှာစည်းစနစ်ကျကျ လာရောက်စောင့်ဆိုင်းနေပါသော်လည်း အာဏာပိုင်အဖွဲ့အစည်းများမှ လူအချို့များမှာ လည်းကောင်းလူအုပ်ကြီး၏ ၃ပုံထဲမှာ

၁ ပုံပါဝင်နေပါတယ်။လည်းကောင်း ၁ ပုံ ခန့်သောအာဏာပိုင်မှလူများမှာ ထိုပွဲအား ရှုပ်ထွေးစေရန် အားတတ်သရော လူတွေကိုတွန်းထုတ်၊တွန်းထိုးနေခြင်း ၊ ရုံးမှမေတ္တာရပ်ခံချက်အား

မလိုက်နာခြင်းအစရှိတာတွေကိုမသိမသာပြုလုပ်နေလေသည်။သို့သော်တာဝန်ရှိသူများမှာ ဒီမိုကရေစီလမ်းစဉ်များကို လိုက်နာကျင့်သုံးနေသူများဖြစ်သည့်အတွက်

လွတ်လပ်စွာဟောပြောပွဲတတ်ရောက်ပိုင်ခွင့်ကိုအပြည့်အဝပေးထားသည်။

အမေစု ရဲ့ကားဟာ မြန်မာစံတော်ချိန် ၁၁းဝရ မိနစ်အထဲက ရွှေဂုံတိုင် ဟိုတယ်အရှေ့သို့ရောက်ရှိနေပါသော်လည်း။အမေစု ရဲ့ပြည်သူတွေဟာ လမ်းစုံတွေ အထိပိတ်စို့နေပါသောကြောင့်

လမ်းကြောင်းရှင်းလင်းရေးယူကာ တဖြည်းဖြည်းမောင်းလားပြီ NLD ရုံးချုပ်အရှေ့သို့ ၁၁း၃၆ မိနစ်(၉စက္ကန့်) မှာရောက်ရှိလာပါတယ်။ရုံးအတွင်းသို့ဝင်ရန် ပြည်သူများ ပိတ်ဆို့မှု အခက်အခဲများ

ရှိပါသော်လည်း……NLD အဖွဲ့ဝင်များ၏ တာဝန်ရှိသူများ ခြံရန်ကာ ရှင်းလင်းပြီး ရုံးအတွင်းသို့ဝင်ရောက်ခဲ့ရသည်။ရုံးသို့အရောက်တွင်ပင် သီတင်းထောက်များ၏ အလုအယှက် သတင်းအတွက်

ဓာတ်ပုံရိုက်ခြင်းကိုလည်း ယာယီတားဆီထားလိုက်ရကြောင်းသိရှိရသည်….။ဒါဟာလည်း အမေစု ရဲ့ ကာကွယ်ရေးအတွက်ကြောင့်ပါ. . . .။သံသမန်ရေးရာမှ တာရှိသူများ၊အရာရှိများ

အစရှိသော နိုင်ငံခြားမှ အရာရှိများ နှင့် မိန့်ခွန်းမပြောကြားမှီ တွေ့ဆုံ ဆွေးနွေးသေး၏။ထိုသို့ဆွေးနွေးနေချိန်တွင်မူ ရုံး၏အပြင်တွင်ရှိသော ပြည်သူများ၏ အင်အားမှာ ပိုမိုတောင့်တင်းလာ၏။

အမေစု အား ကျန်းမာပါစေ ဟူသော ဆုမွန်ကောင်းပြုသော စကားသံတွေဟာလည်း ဆူညံနေသည်။အမေစု မိန့်ခွန်းပြောကြားနေချိန်တွင်မူ အာဏာပိုင်၏အရပ်ဝတ် လူဟုမှတ်ယူရသော သူမှာ

အမေစု ၏ကားအား ရေသန့်ဘူးဖြစ်ပေါက်၏……။ထိုသို့လုပ်ရပ်ကို NLD မှလုံခြုံရေး တာဝန်ရှိသူများမှ ထိန်းသိမ်းရန် မလို…..။ပြည်သူများ၏ ပြောဆို၊သတိပေး သံများကြောင့် လည်းကောင်း

ပုဂ္ဂိုလ်မှာပြားပြားဝတ်ခဲ့ရသည်။ထိုအချိန်တွင် အန်တီစုပြောကြားသည့် မိန့်ခွန်းများထဲမှ ကျွန်ုပ်အနှစ်သက်ဆုံး မိန့်ခွန်း (၄)မျိုးမှာ……….

  • ပင်ပန်းရတာက အရေးမကြီးပါဘူး၊ပင်ပန်းရကျိုးနက်ဖို့က အရေးကြီးတယ်။
  • သတိ္တဆိုတာ ဘာလဲ  – စိတ်ဓာတ်ခိုင်ခိုင်မာမာ နဲ့ ကိုယ်လိုချင်တဲ့ကိစ္စကို အပင်ပန်းခံပြီးလုပ်တာကို ဆိုလိုတာပါ။
  • ဒီမိုကရေစီကို ကျွန်မတယောက်တည်းလုပ်ယူလို့ရတာမဟုတ်ပါဘူး။ပြည်သူတွေကလည်း စိတ်ပါ၊လက်ပါ လုပ်မှရမှာပါ။
  • ကျွန်မတို့ကို ပြည်သူတွေက ဘယ်လိုတွေဖြစ်စေချင်လည်း၊ဘာတွေကို ဘယ်လိုတွေလုပ်စေချင်လည်း ဆိုတာကို ပွင့်ပွင့် လင်းလင်းပြောစေချင်ပါတယ်။ကျွန်မတို့ဘက်ကလည်းလက်ခံလို့ရရင်ရတယ် ၊ မရရင် မရဘူးပြောမှာပါ။ပြည်သူတွေဘက်ကလည်း ဒီလိုပဲ ငြင်းဆိုပိုင်ခွင့်ရှိပါတယ်။

ဒါမှတာ တရားမျှတ တဲ့ ဒီမိုကရေစီ စနစ်လို့ခေါ်နိုင်မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့တနေ့တာ လုပ်ငန်းစဉ် – – – – – –

  1. ဖခင်ဖြစ်သူ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအား ဗုဒ္ဓဘာသာအရ ဂါရဝပြုခြင်း မင်္ဂလာ။
  2. သံရုံးမှာ သံသမန်များနှင့် တွေ့ဆုံရန် ။
  3. NLD ရုံးချုပ်သို့ သွားရောက် မိန့်ခွန်းပြောရန် ။
  4. သတင်းစာရှင်းလင်းပွဲ ။
  5. မိတ်ဆွေတဦး၏ ဈာပနသို့ လိုက်ပါပို့ဆောင်ရန် ။
  6. ပြည်ပမှ သီတင်း Media များနှင့် တွေ့ဆုံရန် ။

ဒါကတော့ ကျွန်တော် သိသမျှ အမေစု ရဲ့ ဒီနေ့ တနေ့တာ လုပ်ဆောင်မှုလေးပါ။မနက်ဖြန် အတွက်ကတော့ သိထားတာလေးတွေက ဟုတ်မဟုတ် မသေချာသေးလို့ပါ။

အမေစု နှင့် ပြည်သူများအားတွေ့ရစဉ် NLD ဌာနချုပ်အရှေ့ (ရွှေဂုံတိုင်)

ဌာနချုပ်နားသို့ ဝေးဝှေ့နေသော ပြည်သူများအား မေတ္တာရပ်ခံချက်များဖြင့် အနောက်ဆုတ်ပေးရန် ပြောနေစဉ်။

အမေစု မှ ပြည်သူများအား ပြောချင်သော စကားအား အမေစု ကိုယ်တိုင်ရေးကာ ထောင်ပြစဉ်။ပန်းစည်းအား လက်ဆောင်ပေးခြင်း။

ပြည်သူများ၏ တခဲနက် အားပေးတောင်းဆိုးမှုများအား တွေ့ရစဉ် ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ် ရွှေဂုံတိုင်) ၏ဆိုင်းဘုတ် နှင့် ခွတ်ဒေါင်းအလံအား လွှင့်တင်ထားသည်ကို တွေ့ရစဉ်။

အကြောင်းကြားခြင်း ။ ။ ကျွန်ုပ်အား မေးလ်မှ တဆင့် လည်းကောင်း မိန့်ခွန်းပြောပွဲတွင်ရိုက်ထားသော Video မှတ်တမ်းများ ၊ ဓာတ်ပုံမှတ်တမ်းများ နှင့် Record မှတ်တမ်းများအား

တောင်းထားသော အကိုကြီးအား မေးလ်လိပ်စာ မသိပါသောကြောင့် မည်သို့ပိုပေးရမည်ကိုမသိပါ။ကျွန်ုပ်၏ ပို့စ်လေးအား တွေ့ပါက ဖြစ်နိုင်ရင်မေးလ်ပေးထားပေးပါ။

ဓာတ်ပုံများနှင့်Video အများစုကိုတော့ Facebook များမှာလည်း တင်ပြထားပါတယ်။

9 comments

  • bigcat

    November 14, 2010 at 6:14 pm

    ကျွန်တော်မိန့်ခွန်းပြောပွဲသို့တတ်ရောက်သွားတော့ ၁ သိန်း နှင့်အထပ်မှာရှိနေတဲ့ လူအုပ်ကြီးကို မြင်တွေ့လိုက်ရပါတယ်(ယုဇန ဟိုတယ်ပေါ်မှာ မြင်ကွင်း)။ အာဏာပိုင်အဖွဲ့အစည်းများမှ လူအချို့များမှာ လည်းကောင်းလူအုပ်ကြီး၏ ၃ပုံထဲမှာ ၁ ပုံပါဝင်နေပါတယ်။ ကိုmG ပြောသလိုဆို စစ်တပ်စပိုင်တွေက သုံးသောင်းကျော်သလိုတောင်ဖြစ်နေတယ်။ နဲနဲတော့လျော့ပါဗျာ။ ဆယ်ပုံတပုံဆိုမကောင်းလား။

  • mG

    November 14, 2010 at 6:30 pm

    အော်……….။မဟုတ်ဘူးဗျ။ကျွန်တော်ပြောတာက ရုံးနားမှာပါ။အဲ့လူအုပ်ကိုကိုယ်စားပြုထားတာ မဟုတ်ပါဘူးဗျာ။ကျွန်တော်က မွန်ဆိုတော့မြန်မာ စာတိတ်မရေးတတ်လို့ပါ။တောင်းပန်ပါတယ်နော်။

  • tunaung

    November 15, 2010 at 2:14 am

    ခုလိုတင်ပေးတာကျေးဇူးတင်ပါတယ်….နောင်လဲတင်ပေးသွားပါအုံး…အားပေးနေပါတယ်

  • zawana

    November 15, 2010 at 6:01 am

    အခုလို ဖော်ပြပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ် mG ခင်ဗျား။ နောင်လည်း အခွင့်သင့်သလို တင်ပေးပါခင်ဗျား။

  • photwenty

    November 15, 2010 at 6:39 am

    ကျတော်လည်း အဲ.ဒီကိုရောက်ခဲ.ပါတယ် ..လူအုပ်ကြီးထဲမှာတစ်ယောက်အပါအဝင်ပေါ.ဗျာ…ဒေါ်စုရဲ.အသံကိုကြားတစ်ချက်မကြားတစ်ချက်ပေါ.။
    ။ အဲ အဲ.ဒီမှာပြောစရာလေးပေါ်လာလို.ဗျ ။ တစ်ချို.လူတွေက ရှေ.ကလူတွေကိုထိုင်ပေးကြပါထိုင်ပေးကြပါနဲ.ပြောကြတယ် တစ်ချို.ကလည်း စည်းကမ်းရှိပါစည်းကမ်းရှိပါနဲ.အော်ကြတယ် ။ ကျနော်ပြောချင်တာက သူတိုထိုင်ပေးပါဆိုတာ ဒေါ်စုကို မမြင်ရလို.ပါတဲ. ဒါပေမယ်. ကျတော်ကတော.ဒေါ်စုကိုမြင်ရဖို.က အဓိက လားလို.မေးချင်တယ်။ မေးတော.မမေးရဲဘူးပေါ.ဗျာ ။ ဒီလောက်လူအများကြီးထဲမှာ ဒေါ်စုကိုမြင်ရဖို.ဆိုတာထက် သူ.ရဲ.အသံကိုကြားရပြီး သူပြောတဲ.အတိုင်းစည်းကမ်းရှိရှိနဲ. ကျနော်တို.တွေလိုချင်နေတဲ. ပန်းတိုင်ကိုရောက်အောင်သွားနိုင်ဖို.က အဓိကပဲလိုု. ထင်ပါတယ်

  • mG

    November 15, 2010 at 12:58 pm

    @photwenty >> အရမ်းကောင်းတဲ့ မေးခွန်းလေးပါဗျာ….။ကျွန်တော်တောင် အကိုမေးမှပဲ သတိထားမိတော့တယ်။
    ဝင်ရောက်ဆွေးနွေးပေးကြတဲ့ လူတွေအားလုံးကို mG ဖြစ်တဲ့ ကျွန်တော်က အထူးပင်ကျေးဇူးတင်ပါတယ်နော်။
    မန္တလေးကေဇက်မှာ ပုံစံအမျိုးမျိုး နဲ့ ကိုယ်ပိုင်ဟန် ၊ကိုယ်ပိုင်စာသားလေးတွေ နဲ့လည်း တင်ပြထားတဲ့ ခေါင်းစဉ်မတူ
    အဓိပ္ပါယ်တူတဲ့ Post လေးအများကြီးကိုလည်း ဝင်ရောက်ဖတ်ရှုကြပါအုန်း။ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုပို့စ်
    လေးတွေကို အရမ်းသဘောကျပါတယ်….ဘာဖြစ်လို့လည်းဆိုတော့ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ အမျိုးမျိုးကို
    ဗဟုသုတ အဖြစ်တွေ့နေရလို့ပါပဲ။

    အားလုံးကို လေးစားလျက် ………..@mG@………….

  • michaeljonnykabyaraungpu

    November 15, 2010 at 2:20 pm

    TA GAL SO MIN HAR LU TAW PAR
    BUT
    MIN HAR FOX PAR
    NGAR MIN GO ARR KOO PAR TALL

Leave a Reply