Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်လာ ၂သန်းတန် ဘရာစီယာ

နွယ်ပင်November 15, 20101min55321

ဒီလ အောက်တိုဘာ ၂၀-နေ့က New York မှာ Victoria’s Secret ဖက်ရှင်က ဒီနှစ်ရဲ့ ဟောလီးဒေးဖက်ရှင် အဖြစ် မော်ဒယ် အန်ဒရီယာနာ လီမာ Andriana Lima က ဒေါ်လာနှစ်သန်းတန် ဘရာစီယာကို ပထမဆုံးဝတ်ပြပြီး ပရိသတ်တွေရှေ့မှောက်မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီတန်ဖိုးကြီးပြီး လက်ရာမြောက်လှတဲ့ ဘရာစီယာရဲ့ ဒီဇိုင်းကို Damiani ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျောက်မျက်ရတနာပေါင်း ၃၀၀၀-ကျော်နဲ့ စီချယ်ထားပါတယ်။ စိန် ၆၀-ကာရက်၊ နီလာ ၈၂-ကာရက် နဲ့ ဥသဖယားတွေနဲ့ စီချယ်ထားပါတယ်။ ရွှေဖြူ ၁၈-ကာရက်နဲ့ ကွပ်ထားပါတယ်။

ဘရာဇီးနိုင်ငံသူလေး လီမာကတော့ Victoria’s Secret ရဲ့ ပင်တိုင်မော်ဒယ်တယောက် ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ခါးရှည် အင်္ကျီနဲ့ အတူ စိန်လည်ဆွဲတကုံးကို
လိုက်ဖက်စွာဝတ်ဆင်ခဲ့ပါတယ်။

“ကျမကိုယ်ကျမ ဒေါ်လာနှစ်သန်းလောက် တန်ဖိုးမြှင့်သွားသလို ခံစားရပါတယ်။ ကျမကိုယ်ကျမ သိပ်ဂုဏ်ယူမိပါတယ်။ ဒီဘရာစီယာက သိပ်ကိုလှပပါတယ်။ ၁၄၂-ကာရက်တောင် ရှိတာလေ။”

လီမာဟာ ၂၀၀၈ တုန်းကလည်း ကမာ္ဘ့တန်ဖိုးအကြီးဆုံး ဘရာဇီယာကို ပွဲထုတ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ဘရာစီယာရဲ့တန်ဖိုးဟာ ဒေါ်လာ ၅၀၀,၀၀ဝ ဖြစ်ပါတယ်။




မှတ်ချက် ။ ။ FutureDream မှဖော်ပြပါသည် ။
http://futuredream.ning.com/profiles/blogs/3050997:BlogPost:297470

21 comments

  • ဆူး

    November 15, 2010 at 10:06 am

    “ကျမကိုယ်ကျမ ဒေါ်လာနှစ်သန်းလောက် တန်ဖိုးမြှင့်သွားသလို ခံစားရပါတယ်။ ကျမကိုယ်ကျမ သိပ်ဂုဏ်ယူမိပါတယ်။ ဒီဘရာစီယာက သိပ်ကိုလှပပါတယ်။ ၁၄၂-ကာရက်တောင် ရှိတာလေ။” *** အဲဒီ စကားလေး သဘောကျတယ်။ အဲဒီဟာလေး ချွှတ်ယူထားလိုက်ရင် သူဘယ်လောက် တန်တော့မလဲ.. တပြားမှ တန်မှာတောင် မဟုတ်တော့ဘူး။ ဂွတီးဂွကျ တွေးမိတာပါ။
    ဆူးရဲ့ အတွေးကတော့ လူတယောက်ရဲ့ တန်ဖိုးက တခြားလူတွေ အတွက် ဘာတွေ ဘယ်လောက် အကျိုးရှိသလဲ အဲဒီ လုပ်ဆောင်ချက်တွေ အပေါ် တန်ဖိုးဖြတ်ရင် လူတယောက်က တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်တယ် မတန်ဘူး ဖြစ်လာမယ် ထင်တယ်။
    လူတော်– သူအတွက်ဘဲ အကျိုးရှိနေမယ် အများ အကျိုးမရှိ ** ဘယ်လောက် တန်မလဲ
    လူတော် မဟုတ်– သူများအတွက် အကျိုရှိ သူ့အတွက် အကျိုးမရှိ ** ဘယ်လောက် တန်မလဲ
    လူတော် — သူ့အတွက် အကျိုးရှိ သူများအတွက် အကျိုးရှိ ** ဘယ်လောက် တန်မလဲ
    ပုခက်လွဲသော လက်သည် ကမာ္ဘကို စိုးမိုးမဲ့ လက် ** အဲဒီ စကားစု ** ပုခက်လွဲ ဆိုတော့ မိခင် ကို ရည်ညွန်းသည် ဟု ယူဆသည်။ မိခင်သည် သားသမီး အပေါ်တွင် အစဉ် မပျက် စီးဆင်းနေသော မေတ္တာရေဖြင့် အေးအေးမြမြ ချစ်ခင်တတ်၏။
    မိခင်နှင့် တူသော (မိခင်က သားကို ချစ်သလို) ချစ်ချင်းမေတ္တာဖြင့် အားလုံးကို တူညီ စိတ်ထား ချစ်မြတ်နိုးပေးတဲ့ သူဆိုရင် ပုခက်လွဲသော လက်ဖြစ်မလား။
    ကမာ္ဘကို စိုးမိုးတယ် ဆိုတော့.. ဆက်လက် အတွေးနယ်ချဲ့ရင်..
    အားလုံးအပေါ် အကြင်နာ မေတ္တာ ထားနိုင်သူသည်။ တကယ် တန်ဖိုး ရှိတဲ့ လူဖြစ်လေမလား။ အဖိုးမဖြတ်နိုင်အောင် တန်မယ် ယူဆပါသည်။

    • bigcat

      November 16, 2010 at 12:56 am

      မိုက်လိုက်လေ မိဆူးရယ်။ သူသာအဲဒီဘရာကိုချွတ်လိုက်ရင် သန်း၂ဝလည်းဟုတ် သန်း၃ဝလည်းဟုတ်။ မယုံရင်မဲဆန္ဒအဆုံးအဖြတ်ခံကြည့်လိုက်ပါလား။ သန်း၂၀ဝလို့တောင် ပြောမဲ့သူတွေရှားမှားမဟုတ်ဘူး။ ဦးကြောင်ကြီးကတော့ သန်းနှစ်ထောင် ပေးမယ်။

      • etone

        November 16, 2010 at 1:46 am

        ကိုကြောင်ကြီးဆိုတော့ သန်းပေါမှာပေါ့ ဒါကြောင့် နှစ်ထောင်တောင်ပေးမယ်ပေါ့ 😀

  • nyeinwailwin

    November 15, 2010 at 10:18 am

    ဆူးပြောသလိုပါပဲ … လူတစ်ယောက်က ဘယ်လောက် တန်ဖိုးရှိတာတွေပဲ 0တ်ထား0တ်ထား သူရဲ့ တန်ဖိုးတွေက တက်မလာနိုင်ပါဘူး .. သူလုပ်လိုက်တဲ့ အလုပ်တစ်ခု ၊ သူဆောင်ရွက်လိုက်လိုက်တဲ့ ဆောင်ရွက်ချက်တစ်ခု ၊ သူထားရှိလိုက်တဲ့ စိတ်ထားလေး တစ်ခုက လူတစ်ယောက်ရဲ့ တန်ဖိုး ကိုဆုံးဖြတ်လို့ရမယ်ထင်တယ် ။ဒါတောင် အတိအကျကြီး ဆုံးဖြတ်လို့ရတာမျိုးမဟုတ်ဘူးနော် . တန်ဖိုးဆိုတာက ဘေးနားက တန်ဖိုးထားသတ်မှတ်ပြီး ဆုံးဖြတ်တဲ့ အများရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာကွဲပြားသွားမယ်ထင်ပါတယ် .

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 15, 2010 at 10:19 am

    အောင်မြတ်လေး
    နဲတာကြီးဟုတ်ဘူး
    ဘရာ ကိုပြောပါတယ်

  • tunaung

    November 15, 2010 at 11:18 am

    ် မော်ဒယ် အန်ဒရီယာနာ လီမာနဲ့ဒေါ်လာ ၂သန်းတန် ဘရာစီယာ တခုခုပေးမယ်ဆိုဘာကိုယူမလဲ ဘော်ဒါတို့…….

  • mG

    November 15, 2010 at 1:19 pm

    ဒီ ဘရာစီယာကလေ တော်တော်လေးမှာပဲနော်……..။ကျောက်တွေအဲ့လောက်များတာ…….။ဒါပေမဲ့ သူဝတ်ထားတာလေးကတော့ လှတယ်နော်။အဲ့ဒါကို ဘယ်လို Idea နဲ့များ လုပ်လိုက်ပါလိမ့်ဗျာ……..။
    @tunaung > > အကိုမေးတာလေးကို ဖြေကြည့်ပါ့မယ်နော်။မော်ဒယ် အန်ဒရီယာနာ လီမာ……ကိုယူဖို့များပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ သူ့ကိုယူလိုက်ရင် ဘရာစီယာကိုပဲ တပြိုင်ထဲ မဲပေါက်မှာ မို့လို့ပါ။ ဟီး ဟိး ……….

  • michaeljonnykabyaraungpu

    November 15, 2010 at 1:47 pm

    ur ansure was grate I love u n I gived u A right.

  • The Reds

    November 15, 2010 at 3:40 pm

    အော် ဘရာ ထက် .. လူ ပုံ လယ် မှာ ပိုက် ဆံ ရှာ တဲ. သူ ကို ချီး ကျူး ရ မ လာ ဘဲ ဟီး ဟီး ..

  • nay phonehlan

    November 15, 2010 at 4:38 pm

    တခါတေလကြရင် ပေးတဲ့ လူနဲ့ ယူသူကြားမှာ အမြင်တွေအမျိုးမျိုးမြင်အောင်ကြည့်ကြတာ လူသားတွေရဲ့အလုပ်ပါမီဒီယာကပေးတဲ့ သတင်းပေါ် comment တွေ့ဖတ်ပြီး ကျွန်တော် ကဒီလိုမြင်မိတယ် ဘရာစီယာတော့ဟုတ်ပါတယ် ဒါကိုစိန်တွေနဲ့ လုပ်ထားတော့ အဖိုးတန်ပြီးသား ကဲထားတော့ အဲဒီအရာဝတ္ထုကြီးကိုဖယ်လိုက်ရင်လဲ ဒီအမျိုးသမီးက တန်ဖိုးရှိပြီးသားဘဲလေ တန်ဖိုးရှိအောင်တန်ဖိုးထားစဉ်းစားရင် တန်ဖိုးရှိပါတယ်ဗျာ အမျိုးသမီးတိုင်းရဲ့ ရင်သားဟာ အနာဂဏ် အတွက် ကောင်းခြင်းဆိုးခြင်းနှစ်သွယ်ပေးနှိူင်တဲ့ကလေးတွေအတွက် တန်ဖိုးအရှိဆုံးလေ ဘုရားဟောထားတာကြည့်လေ နို့တလုံးဖိုးတဲ့နည်းတဲ့ တန်ဖိုးလား အရာအရာတိုင်းမှာ တန်ဖိုးရှိပြီးသားပါ တန်ဖိုးထားသတ်မှတ် စံချိန်ထားတဲ့ လူတွေအပေါ်မှာဘဲ တိုက်ရိုက်သက်ရောက်စေတယ်…..။

  • kai

    November 15, 2010 at 8:20 pm

    အသက် ၂၁နှစ်ပဲရှိသေးတဲ့ ဘရာဇီးမိုဒယ် Andriana Lima ဟာ ..၂သန်းကို တနှစ်နဲ့အေးဆေးရှာလို့ရပါတယ်..။
    တချိန်ချိန်တယောက်ယောက်နဲ့ လက်ထပ်ခဲ့ရင် … သန်းရာဂဏန်း အေးဆေးရှိတဲ့သူနဲ့ပဲ… လက်ထပ်ဖြစ်မှာပေါ့..။
    ဆိုတော့..
    သူ့တကိုယ်လုံးက … ငွေထုတ်စက်ပဲ..။ သူ့အလှကငွေထုတ်စက်ပဲ..။
    မိန်းမတို့ ဥစ္စာသည် အဆင်းတဲ့.. ဆိုရိုးရှိတာကိုး..။

    အင်း… သန်း ၃-၄ရာ သေချာပေါက်တန်တယ်ထင်ပါကြောင်း..။

  • ဆူး

    November 16, 2010 at 3:45 am

    ဦးလေး ခိုင်ပြောတော့လည်း တန်တာပေါ့နော်.. သူ ကိုယ်တိုင် အတွက် သူက တန်မှာပေါ့။
    ဆူး တို့လို ရွာသူတွေ အတွက်ကတော့ ဘာမှ တန်ဘူး.. ဆူး တို့ ရွာအတွက် ဘာမှ အကျိုးတစုံ တရာ မပြုဘူးလို့.. အဲလို ပြောရမလား.. ရွာထဲက ကလေးတွေ ထမင်း တလုပ် တဆုပ် ဝေငှ ကျွှေးတဲ့ လူကို ဆူးတို့ တန်ဖိုးထားတယ်။ တန်ကြေး နားမလည်တဲ့ ခေးမလေးလိုဘဲ သဘောထားချင် ထားပေါ့လေ.. လူတိုင်းမှာတော့ မတူညီတဲ့ စံသတ်မှတ်ချက်တွေ ရှိတော့.. ကြိုက်နှစ်သက်သလို သဘောထားကွဲလွဲနိုင်တာပေါ့။

  • cherrywine

    November 16, 2010 at 3:46 am

    သူများတွေများ 21 နှစ်ပဲရှိသေးတယ် တစ်နှစ်ကို 2 သန်းလောက်ကတော့ အေးဆေးပဲတဲ့ .. တို့များ တစ်လ 2 သိန်းရဖို့တောင် မနည်းကြိုးစားနေရတုန်း။
    ကုသိုလ်ကံများ ကွာလိုက်တာ ။

  • intro

    November 16, 2010 at 6:01 am

    Model အလုပ်ကိုက ကိုယ်ဟန်ပြဖို့ပဲလေ… သူလည်း သူ့အလုပ်သူလုပ်တာပါ… အခုဟာက ဘရာစီယာပြပွဲမို့လို့ ပွဲနဲ့ လိုက်ဖက်အောင် ဝတ်လာတာ နေမှာပေါ့ဗျာ… သူ့အလုပ်သူလုပ်တာပဲလေ… Model အလုပ်ဆိုတာလဲ လူတိုင်း လုပ်နိုင်တာမှ မဟုတ်တာ… ကိုယ်က လုပ်ချင်တာတောင် ကိုယ့်ကို အလုပ်လာပေးမယ့်လူက ရှိဦးမှ

  • nyeinwailwin

    November 16, 2010 at 6:27 am

    ကိုခိုင်က အခုစိတ်တိုအောင် နောက်တစ်ခေါက်ပြန်ဆွပေးတာပဲ ဒီအကြောင်းကို Forwarwd မေးလ်တွေက ရတုန်းက တစ်ခါဒေါသတွေ ထွက်ခဲ့ဘူးပြီ .. အခုတော့ ဒုတိယ အကြီမ်ပေါ့ ဘယ်အချိန်ဖတ်ဖတ် ဘယ်လိုမှ ဒေါသမဖြစ်ပဲ မနေနိုင်အောင်ပါပဲ …

  • bigcat

    November 16, 2010 at 6:29 am

    ကျနော်ကတော့ ဒေါသလည်းထွက် ကြည့်လို့လည်းကောင်းလို့ မြန်မြန်ပိတ်လိုက်ရပါတယ်။ အဲဒီရေကူးဝတ်စုံကိစ္စတုန်းက သူတို့တောင်းပန်လိုက်ရတယ်လေ။ ဘယ်ပြောကောင်းမလဲ ကြောင်ကြီးတို့ ဆဲစာတွေပို့ခဲ့တာပေါ့။

  • thettun

    November 16, 2010 at 6:40 am

    ဒီမိန်းမကလည်းကွာ….တော်တော်လေကြောရှည်ပါလား

  • etone

    November 16, 2010 at 7:00 am

    တော်တော်ကြောင်တဲ့လူတွေပဲ တန်ဆာမဆင်သင့်တဲ့အရာကို အရေးလုပ်ပြီးတန်ဆာဆင်ပြသတယ် ။ သူတို့ယဉ်ကျေးမှူအရတော့ ဒီလိုဖက်ရှင်မျိုးက လက်ခံလို့ရပေမဲ့ ဒီမှာ နှစ်ထောင်တန် ဘရာတောင်ဝတ်ပြရဲတဲ့လူမရှိဘူး (အမျိုးကောင်းသမီးများကို ဆိုလိုပါတယ်… ) KTV , club က မြန်မာမလေးတွေ ကင်မရာရှေ့မှာ ဟိုချွတ်ဒီချွတ်ကိုမြင်ခဲ့ဖူးလို့ပါ ။
    ထက်ထက်မိုးဦးပြောသလို ပိုက်ဆံများရှိလို့ကတော့လေ တစ်ကိုယ်လုံးကို စိန်စီထားလိုက်မယ်ဆိုတဲ့ ခေတ်များရောက်လာတော့မလားလို့ ။

  • meengelay

    November 16, 2010 at 9:30 am

    မိန်းကလေးက ပိုလှပါတယ် သူ့အလှကသာ အလှစစ်ပါ

  • အာဖျံ ကွီး

    November 16, 2010 at 10:21 am

    ဒေါ်လာ ၂ သန်းကို အရေးမကြီးတဲ့ဘရာလို အောက်ခံအဝတ်အစား မျိုးမှာတောင်သုံးနိင်လို. ဒါနအကျိုးကြီးတာကိုလေးစားပါတရ်။ ဉာဏ်တော့မရှိကြဘူး။ အနှစ်သာရမရှိတဲ့ဒါနမျိုး။ အလကားအခွံသပ်သပ်။ ဒီကြားထဲ ၂ သန်းတန်ဘရာဝတ်ရလို. တန်ဖိုးမြင့်သွားတရ်လို. ထင်လိုက်သေးတရ်။ လုံးဝသွားပီ။ ၂ ကျပ်ဖိုးလောက်တောင် အသိမရှိဘူး။ တောင်းမှာအကွပ် လူမှာအဝတ် ဆိုတဲ့ စကားပုံရှိပေမဲ့ မိန်းကလေးတွေရဲ. တန်ဖိုးအစစ်က အဝတ်အစားကောင်းမှ မဟုတ်တာ။ လူတိုင်းကို အဓိက သာမည ခွဲခြားတတ်ပီး က္ကဒ္ဒြေရှိစေချင်ပါတရ်။

Leave a Reply