ရယ်စရာမောစရာအပိုင်းအစများ
ကျယ်လာမှာပါ
သူဌေးကတော်ကို ပလပ်စတစ် ခွဲစိတ်မှုလုပ်သည်။ ပိုနေသော အဆီများကို ထုတ်ပစ်သည်။ နှာခေါင်းပုံသဏ္ဌာန်ကို ပြောင်းပေးသည်။
ခွဲစိတ်မှုပြီးသောအခါ မှန်ထဲ မိမိကိုယ်မိမိ ကြည့်ရင်း သူဌေးကတော်က ပြောသည်။
“ခွဲစိတ်မှုကို ယေဘုယျအားဖြင့် ကျေနပ်ပါတယ်၊ မျက်လုံးတစ်ခုပဲ….”
“ဘာကို ဆိုလိုတာလဲခင်ဗျာ”
“ဪ ကျွန်မရဲ့ မျက်လုံးကို နည်းနည်းချဲ့ပေးလိုက်ရင်များ ပိုကောင်းသွားမလားလို့ပါ”
“ဒီအတွက်တော့ စိတ်မပူပါနဲ့၊ ခွဲစိတ်ခဘောက်ချာကို မြင်တဲ့အခါမှာ အစ်မကြီးရဲ့ မျက်လုံးတွေ အလိုလို ကျယ်လာပါလိမ့်မယ်”
ပထမအကြိမ်ဆိုတော့
ခွဲစိတ်ဆရာဝန်နှစ်ယောက် စကားပြောနေကြသည်။
“သိလား၊ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လူနာရဲ့ခြေထောက်ကို ဖြတ်တုန်းက စိတ်လှုပ်ရှားမှုကြောင့် အမှားတစ်ခုကို လုပ်လိုက်မိတယ်”
“ကြီးကျယ်တဲ့ အမှားတော့ မဟုတ်ဘူး မဟုတ်လား”
“ဟင့်အင်း၊ မကြီးကျယ်ပါဘူး၊ ခြေထောက်ကို မှားပြီး ဖြတ်လိုက်မိရုံပါပဲ”
ပျားရည်မဟုတ်ပါ
အဖေလုပ်သူ ဗော့ဒ်ကာပုလင်းကို တစ်ဦးတည်း ဖြိုနေသည်။ သားငယ်က ခပ်လှမ်းလှမ်းမှနေ၍ ခါးထောက်ပြီး ရွံရှာစွာ ကြည့်သည်။
“ဟေ့ကောင်၊ ငါ့ဆီလာစမ်း”
“အဖေ၊ မလာပါရစေနဲ့”
“လာလို့ ငါ ပြောနေတယ်၊ ရော့ သောက်စမ်း”
“ဟာ အဖေ၊ မလုပ်ပါနဲ့”
“သောက်လို့ ငါ အမိန့်ပေးနေတယ်”
အဖေပေးသောခွက်ကို ချာတိတ် သောက်ချလိုက်သည်။
“ထွီ၊ ခါးလိုက်တာ”
“အေး၊ မင်းအမေက ငါ ပျားရည်သောက်နေတယ်လို့ ထင်နေတယ်၊ ဟင်း”
အလိမ်မိခြင်း
ကြက်သားလေးတစ်ကောင်ကို ဝံပုလွေမ ဖမ်းမိသည်။ စားမည်ပြုရာ ကြက်သားလေး ရှိုက်ကြီးတငင် ငိုယိုပြီး တောင်းပန်သည်။
“ကျွန်တော့်ကို လွှတ်ပါဗျာ၊ ကျွန်တော့် မေမေနဲ့ ဖေဖေကို ခေါ်လာပေးပါ့မယ်”
ကြက်သားလေး၏ စကားကို ဝံပုလွေမ ယုံပြီး လွှတ်ပေးလိုက်သည်။ ကြက်သားလေး အိမ်ခေါင်မိုးပေါ်တက်ပြီး အားရပါးရ ရယ်သည်။
“ဟဲ ဟဲ၊ ဝံပုလွေကို တစ်ပတ်ရိုက်ရတာ ဝမ်းသာလိုက်တာ။ မှတ်ထား၊ ငါ့မှာ အဖေအမေ မရှိဘူး။ ငါဟာ ဥဖောက်စက်နဲ့ မွေးတဲ့ကြက်၊ နားလည်လား၊ ဟားဟား”
ဓာတုဗေဒပညာရှင်
ပါမောက္ခ – “၁ရ ရာစုနှစ်က ဓာတုဗေဒပညာရှင်တွေအကြောင်း တစ်ခုခု ပြောပြနိုင်မလား”
ကျောင်းသား – “ဟုတ်ကဲ့၊ သူတို့အားလုံး သေသွားပါပြီ”
တော်သေးတယ်
သွားကုဆရာဝန်က အားနာသံဖြင့်ပြောသည်။
“ဆောရီးပဲ။ ကောင်းတဲ့သွားကို ကျွန်တော်နှုတ်မိတယ်။ နာနေတဲ့ ခင်ဗျားသွားကို ထပ်နှုတ်ရလိမ့်မယ်ဗျာ”
ရှုံ့မဲ့နေရာက လူနာပြန်ပြောသည်။
“ဘယ်တတ်နိုင်မလဲ။ နှုတ်ပေါ့။ အင်း ဒေါက်တာသာ မျက်စိဆရာဝန်ဆိုရင် ဒုက္ခ”
ယုံစမ်းပါ
ယောက်ျားဖြစ်သူ ည ၁ နာရီတွင် အိမ်ပြန်ရောက်လာသည်၊ မိန်းမက အိပ်ခန်းထဲမှနေ၍ လှမ်းမေးသည်။
“ဘယ်နှနာရီ ရှိပြီလဲ”
“၁ဝ နာရီ”
တိုက်တိုက်ဆိုင်ဆိုင် တိုင်ကပ်နာရီမှ “ဒင်” ဟု တစ်ချက်တီးသည်။
“ရှင် ကျွန်မကို လှိမ့်ပြန်ပြီလား၊ နာရီတစ်ချက်တီးသံ ကျွန်မကြားရတာပဲ”
“ဟေ့၊ သုညကိုပါ မင်းက တီးစေချင်လို့လားကွ ဟေ”
အပြန်အလှန်ယဉ်ကျေးမှု
ဧည့်ခံပွဲတစ်ခုတွင် ၁၅-နှစ်သား လူပျိုပေါက်က မိမိနှင့် တွဲကပါရန် အမျိုးသမီးတစ်ဦးအား သွားဖိတ်သည်။
“ကျွန်မ ကလေးနဲ့ မကဘူး”
“တောင်းပန်ပါတယ်၊ ခင်ဗျား ကိုယ်ဝန်နဲ့ဆိုတာ ကျွန်တော် မသိလို့ပါ”
Good Idea