Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝါဒဖြန့်တယ်ဆိုလို့

search123November 22, 20101min78027

ဒေါ်စု ဓါတ်ပုံ နဲ့ ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံ ကိုတွေ့လို့ ရေးလိုက်တဲ့ Post ကိုတော်တော်လေး ကို Comments ပေးကြတာတွေ့ရပါတယ်။
ရေးတဲ့ အကြောင်းအရာ နဲ့ မသက်ဆိုင်စွာပဲ နိုင်ငံရေး အကြောင်းတွေ ပါရေးလာတာတွေ့ရပါတယ်။
ဆိုင်လား၊မဆိုင်လားတောင် မတွေးတော့ပဲ ပြောချင်ရာပြောနေတဲ့ သူတွေ တောင် ပါပါတယ်။
သေချာပေါက်ပြောနိုင်တာက နိုင်ငံရေးလုံးဝ စိတ်မဝင်စားဘူးဆိုတာပါ။
ဒီ Post ကိုလည်းနိုင်ငံရေး စကားလုံးတွေနဲ့ ဝေဖန်ကြဦးမှာပါပဲ။
ဒေါ်စုဆိုတာတွေ့ တာနဲ့ ဘာမှကို မစဉ်းစားပဲ နိုင်ငံရေး အကြောင်း comments တွေ ပဲ တွေ့ရတာတော့ တော်တော် စိတ်ပျက်စရာကောင်းပါတယ်။
ရေးတဲ့ သူကပဲ ဘာမဆိုင်၊ညာမဆိုင် ဝါဒဖြန့်တယ်ဖြစ်ရသေးတယ်။
သတိထားမိတာတော့ comments ပေးနေတဲ့ သူတော်တော် များများ ကပဲ ဝါဒဖြန့်နေကြတာပါ။
ကိုယ့် Post ကိုနိုင်ငံရေး နဲ့ လာမရောကြဖို့ တောင်းဆိုပါတယ်။
နောက်တစ်ခေါက် ထပ်ပြောချင်ပါတယ်။
နိုင်ငံရေး ကို လုံးဝလုံးဝ စိတ်မဝင်စားပါဘူး။

27 comments

  • bigcat

    November 22, 2010 at 5:00 am

    ဝါဒဖြန့်တယ်လို့ မပြောရဘူးကွဲ့၊ အမှန်တရားကို သင်ကြားပေနေတယ်လို့ခေါ်တယ်။ ကဲကဲ..ပြောနေကြာတယ် ညဏ်အလင်းလေးပွင့်သွားအောင် မိုးမခမီဒီယာက စာလေးတပိုဒ်လောက် အော်ဖတ်လိုက်ပါအုံး။

    ဒေါ်အောင်ဆန်းစုုကြည်က ဝါရင့်နိုုင်ငံရေးသမားကြီးများအား ဂါရဝပြု
    တိုုင်းရင်းသားနဲ့ နိုုင်ငံရေးအင်အားစုုများက ဒုုတိယပင်လုုံ ကိုု အတည်ပြုကြ
    တာရာဝေယံ
    နိုုဝင်ဘာ ၂၁၊ ၂၀၁၀
    မြန်မာဒီမိုုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုုကြည်ဟာ ယမန်နေ့ နံနက်ပိုုင်း ၉ နာရီက ပါရမီလမ်းမှာ ရှိတဲ့ သခင်သိန်းဖေနေအိမ်မှာ ဝါရင့်နိုုင်ငံရေးသမားကြိးများကိုု ဂါရဝပြု တွေ့ဆုုံကန်တော့ခဲ့ပါတယ်။

    ဂါရဝပြု တွေ့ဆုုံပွဲမှာ ဦးခင်မောင်ကြည်က ဝါရင့်နိုုင်ငံရေးသမားကြီးများကိုု တဦးချင်းစီ မိတ်ဆက်ခဲ့ပေးပြီး “အမျိုးသားပြန်လည်သင့်မြတ်ရေး လိုုလားသူများနဲ့ ဒီမိုုကရေစီအင်အားစုုများ” ရဲ့ “သက်ကြီးဝါရင့် နိုုင်ငံရေးသမားများသိုု့ အကြံပေးတင်ပြ မေတ္တာရပ်ခံချက်” ကိုု ဖတ်ကြားခဲ့ပါတယ်။
    (ဖြိုးမင်းသိန်း၊ တိုုက်ပုုံနှင့်၊ အောက်ဆုုံး၊ လက်ယာဒေါင့် ဓာတ်ပုုံ)
    ဗကသကျောင်းသားခေါင်းဆောင်၊ ၂၀၁ဝ ရွေးကောက်ပွဲ ကျောခိုုင်းခဲ့သူ၊ ကိုဖြိုးမင်းသိန်းက သက်ကြီးဝါရင့် နိုုင်ငံရေးသမားများအား ကန်တော့ကြိုးကိုု ဖတ်ကြားခဲ့ပါတယ်။
    အင်န်အယ်ဒီ ဒုုဥက္ကဋ္ဌ ဦးတင်ဦးက ဇိုုမီးအမျိုးသားကွန်ဂရက် ၂၂ နှစ်မြော် မွေးနေ့ ကျင်းပစဉ်က တိုုင်းရင်းသားအင်အားစုုများ၊ အင်န်အယ်ဒီပါတီဝင်များ ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအတွက် လုိုအပ်နေဆဲဖြစ်တဲ့ ဒုုတိယပင်လုုံညီလာခံ ဆောင်ရွက်ရန်အတွက် ကလေးမြို့ကြေညာစာတမ်းပါ အချက်များ အတုိုင်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း အားလုုံးပါဝင် ဆောင်ရွက်ကြဖိုု့ တိုုက်တွန်း ပြောကြားသွားပါတယ်။
    ဝါရင့်နိုုင်ငံရေးသမားကြီးများကိုုယ်စား သခင်သိန်းဖေက အမှာစကားပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုုကြည်က အမှာစကားပြောကြားရာမှာ
    အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒုုတိယပင်လုုံညီလာခံ ဆောင်ရွက်နိုုင်ရေးကိုု ဦးတည်ပြီး ဆရာကြီးမင်းသုုဝဏ်ရဲ့ “သူ့မှာတမ်း” ကဗျာထဲကလိုု တော်လှန်ရေးသမားကြီးတယောက်ရဲ့ တော်လှန်ရေးအပေါ်မှာ ထားတဲ့သဘောထားမျိုး (သူရဲ့ နောက်ဆုုံးအချိန်မှာ တော်လှန်ရေးကိုု ကိုုယ်လုုပ်ခဲ့တာတွေကိုု မပြောဘဲ၊ သူလုုပ်နိုုင်ခဲ့သလာက် လုုပ်ခဲ့တာအတွက်၊ မပြီးသေးတဲ့ တော်လှန်ရေးတာဝန်တွေကိုု ပြီးဆုုံးအောင် မဆောင်ရွက်နိုုင်တဲ့အတွက် ခွင့်လွှတ်ဖိုု့) ဆိုုတဲ့ သဘောထားမျိုး ရှိဖိုု့ လုိုကြောင်း ပြောကြားသွားပါတယ်။
    (ခရီးမတ်တပ် လမ်းခုုလပ်မှာ ကိုုယ်လွတ်ရှောင်ခွာ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ)

    စီအာရ်ပီပီ အဖွဲ့ဝင် ဇိုုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုုကျဉ်ရှင်းခန်က ဒုုတိယပင်လုုံညီလာခံ သဘောတူညီချက်ကိုု ဆက်လက်အကောင်အထည်ဖော်နိုုင်ရန် လုုပ်ငန်းတာဝန်များကိုု ဒေါ်အောင်ဆန်းစုုကြည်အား လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
    သခင်ချန်ထွန်း၊ သခင်သိန်းမောင်

    နိုုင်ငွေသိန်း၊ ဦးဝင်းတင်
    သက်ကြီး ဝါရင့် နိုုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲမှာ လူကြီး ၂၈ ဦးကိုု ဖိတ်ကြားခဲ့ရာ အဝေးရောက်နဲ့ ကျန်းမာရေးကြောင့် မလာနိုုင်သူ ၈ ဦး ရှိပါတယ်။ လူကြီး ၂ဝ ဦး လာရောက်ခဲ့တာကိုု တွေ့ရပါတယ်။
    တက်ရောက်ခဲ့ကြသူတွေထဲမှာ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်း၊ နိုုင်ထွန်းသိန်း၊ နိုုင်ငွေသိန်း၊ မြောင်းမြဘဆွေ၊ ဦးအုုန်းမောင်၊ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးထွေးမြင့် အစရှိသူများ ဖြစ်ကြောင်း သိရပါတယ်။

    သက်ကြီး ဝါရင့် နိုုင်ငံရေးသမားကြီးများ ပူဇော် ကန်တော့ပွဲအတွက် နိုုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုုင်ငံရေးအင်အားစုု အသီးသီးက စုုစည်း ကျင်းပတာဖြစ်တယ်လိုု့ သိရပါတယ်။ မတက်ရောက်နိုုင်တဲ့ လူကြီးများဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဆရာဒဂုုန်တာရာတိုု့ထံ နိုုင်ငံရေးအကျဉ်းသားများက လိုုက်လံ ပိုု့ဆောင် ကန်တော့ကြမယ်လိုု့ သိရပါတယ်။

    ဆရာဒုဂုုန်တာရာက ပြောဆိုုရာမှာ …
    “ဒေါ်အောင်ဆန်းစုုကြည် ဆောင်ရွက်မယ့် ဒုုတိယအကြိမ်ပင်လုုံညီလာခံကိုု ကျနော်က သဘောတူတယ်။ နိုုင်ငံအတွက် ဒါဟာ ငြိမ်းချမ်းရေးလုုပ်ငန်းကိုု ဆောင်ရွက်တာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ရဖိုု့ဆိုုတာ ညီညွတ်ရေး ရှိမှ ဖြစ်တာ။ ညီညွတ်ရေး ရရှိဖိုု့ ဆောင်ရွက်တာဟာ နိုုင်ငံအတွက် ကြီးမားတဲ့ လိုုအပ်ချက်ကိုု ဖြည့်ဆည်းတာ ဖြစ်တယ်” လိုု့ ပြောလိုုက်ပါတယ်။

  • moethidasoe

    November 22, 2010 at 5:24 am

    မှတ်ပလား ..
    အများက လေးစားတဲ့လူကို ခင်ဗျား ရေးလိုက်တာဟာ .. လူလူချင်း မလေးစားရာရောက်လို့ ခင်ဗျားကို ဝိုင်းဗြင်းကြတာ ..
    ဦးသန်းရွှေကို အဲသလိုရေးကြမယ်ဆိုရင် .. ခင်ဗျား ဘာပြန်ရေးမလဲ ..
    တစ်ခါက ဦးသန်းရွှေသည် ယိုးဒယားသား .. နောက်မှ ကျောက်ဆည်က လက်ရှိ မိဘတွေ မွေးစားထားတာ .. ဒါကြောင့် မြန်မာပြည်အတွက် ကောင်းတာတွေ လုပ်ဖို့ နှောင့်နှေးနေတာ ဆိုပြီး ဘုရားမျက်နှာတော်ကို ပုံတူရိုက်ခဲ့တဲ့ အချိန်က အချို့ ဆိုဒ်တွေမှာ ရေးထားတာ တွေ့ခဲ့သေးတယ် .. ဒီဆိုဒ်မှာ အဲဒီလို ပြန်ရေးရင် ရှာ-၁-၂-၃ ဘာပြန်ဖြေရှင်းချင်သလဲ လို့ သိချင်ပါတယ် ..

  • etone

    November 22, 2010 at 6:25 am

    search123က ယခုရေးတဲ့ပို့စ်အပါအဝင်ပို့စ် 21ခုပဲရေးရသေးတော့ တို့ရွာသားတွေ စိတ်ကို နားမလည်သေးဘူးပဲ ။ ပို့စ်ပေါင်း 123 ခုလောက်ဖြစ်လာရင် မင်းနားလည်လာလိမ့်မယ် ။

  • တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

    November 22, 2010 at 6:39 am

    ပို့သခိုးမ နင်ဘဲသူများပို့၁၂၃ ခူလောက်ခိုးပီးရေး
    ကဘာမျာ
    စစ်တတ်ကိုနိုင်တာဘာ်ယ်သူရှိလို့လဲ အရူးမ

    • search123

      November 22, 2010 at 8:07 am

      ယဉ်ကျေးတဲ့ စကားလုံး ကိုသုံးပြီး ဝေဖန်ပါ။

  • mG

    November 22, 2010 at 7:03 am

    Post တိုင်းမှာ အကြောင်းပြချက်နဲ့ရှင်းလင်းချက်လေးတွေ..လေးနက်တဲ့အဓိပ္ပါယ်သက်မှတ်ချက်လေးတွေပါနေတယ်ဗျ…။
    အခုတင်ပြထားတဲ့ Post တာဝန်ယူသူ ရေးထားတာကလည်း မှန်ပါတယ်။ဒါဟာလည်း သူ့အမြင်ပါ။အောက်က အကိုကြီးတွေ ပြောထားတာကလည်းမှန်ပါတယ်။ဒါကလည်း သူတို့အမြင်ပါ။ကျွန်တေ်တခုလောက်ပြောပါရစေ။
    မြန်မာစကားဟာ အရမ်းကိုလေးနက်ပြီးတော့ အဓိပ္ပါယ်ရှိတယ်ဆိုတာကို လက်ခံဖို့ပဲလိုပါတယ်။မြန်မာနိုင်ငံဟာလည်း
    အရမ်းကိုတန်ဖိုးရှိတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကိုလည်း လက်ခံဖို့လိုပါတယ်။ဒီလိုပါပဲ. . . . . ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့
    တိုင်းလူတွေက ဘာလို့နိုင်ငံရေးပဲ အားတာသွားကျတာလည်းဆိုတော့ နိုင်ငံရဲ့ တန်ဖိုးရှိတဲ့လူတွေ၊တိရိစ္ဆန်တွေ၊အရင်း
    အမြစ်တွေအားလုံးကို(သို့) နိုင်ငံမပျက်စီးသွားအောင် ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြလို့ လူတိုင်းဟာ ဒေါ်စု ကိုတွေ့တိုင်း နိုင်ငံရေးပဲသိတော့တာပါ။ဒါပေမဲ့ အခုခေတ်မှာတော့ အချို့အချို့သော Media မှာ မသိမတာလေးတွေ
    အမြင်တွေပြောင်းလာအောင်ရေးလာတာမို့…လူတွေနားလည်လာတယ်။သဘောပေါက်လာတယ်။ဟုတ်ပီ….အဲ့ဒါဆိုရင် အခုလူတွေ အတော်များများမေ့နေလောက်တဲ့ နိုင်ငံရဲ့ကြယ်တပွင့်ဖြစ်တဲ့ (ဦးဇာကဏာ)ရဲ့အဖြစ်တွေကိုကော လူတွေ ဘယ်လိုလုပ်ကြမလည်း။အန်ကယ်ဟာ….နိုင်ငံရဲ့အတော်ဆုံးဟာသ ပညာရှင်လည်းဖြစ်သလို (နအဖ) အစိုးရ၏ အကျဉ်းထောင်အတွင်း အကျဉ်းချခံထားရတဲ့ အချိန်အတွင်းမှာ ပညာရည်ထူးချွန်ဆု နှင့် ဘွဲ့ကိုပါရခဲ့သော
    မြန်မာနိုင်ငံရဲ့ အလင်းလက်ဆုံးသော ကြယ်တပွင့်ပဲဖြစ်ပါတယ်။ဒါဟာလည်း မြန်မာနိုင်ငံအတွက် အားထားရမဲ့ ကြယ်ပွင့်ပါ……..။

  • တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

    November 22, 2010 at 7:31 am

    ဟုတ်တယ်
    ဗမာ့လါပ်လပ်ရေးကို ဗိုလ်ချုပ်တစ်ရောက်ထဲ လုပ်တာမဟုဘူး
    တိုင်းရင်းသားပြည်သုတေါများကြီးလုထားတဲ့ဟာ ဗိုလ်ချ့ပ်ဘဲကျေးဇူးတင်လို့မရဘူး
    တခြားခေါင်းစောင်းတေပါ ကျေးဖူးတင်ရမယ်
    ခုလဲဒော်အောင်ဆန်းစုကြည်ကိုဘဲ အားကိုးလို့မရဘူး
    တခြားခေါင်းဆောင်တေလဲ အါတယ်
    ရဲဘော်mg ပြေးတာ ကျုပ်လက်ခံတယ် မျန်တယ် very good very very good

  • koyinmaung

    November 22, 2010 at 9:43 am

    နိုင်ငံရေးလုံးဝ စိတ်မဝင်စားဘူး တဲ့လါး ?.. ဒါဆိုလဲနိုင်ငံရေးနဲ့ပါတ်သက်တဲ့လူတွေရဲ့အကြောင်း ကောင်းသည်ဆိုးသည်ဘာမှလါမရေးတာကောင်းလိပ်မယ် ဝိုင်းဝေဖန်တော့လဲမင်းကမခံနိုင် နောက်ရေးချင်ယင်နိုင်ငံတော်ဆိုက်တွေရှိတယ်အဲဒီမှာသွားရေပါ…

  • search123

    November 22, 2010 at 9:58 am

    ရေးတာ၊မရေးတာ ကိုယ့် ကိစ္စပါ။
    မင်းကဟိုလိုရေးပါ၊ဒီလိုရေးပါ ဆရာ လုပ်ခွင့်မရှိပါဘူး။
    ဆရာ မလုပ်ခင် ကိုယ့် မြန်မာစာလုံးပေါင်း သတ်ပုံကို အရင်စစ်လိုက်ပါဦး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 22, 2010 at 11:20 am

    ဒေါက်တာမောင်နဲ ့ဟိုကျေးဇူးရှင်ကိုတော်မြတ်ကြီးက တော်တော်အတိုင်ဖောက်ညီတာဘဲ
    ကျုပ်ချာတိတ်လေးအရွယ် စစ်အာဏာသိမ်းတုန်းက မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးပေါင်း
    တစ်ရာကျော်ကျော်ရှိတယ်ဆိုပြီးကြေငြာချလိုက်တော့ မြန်မာပြည်ကြီးဒီမိုကရေစီရရင်
    မြန်မာပြည်ကြီးကဘဲ အစိတ်တစ်ရာရာကျော်ကျော် ကွဲသွားတော့မလို လူတွေ တောင်ထင်မြောက်ထင် ထင်ကြဘူးတယ်ဗျ
    အခုလည်း ဒေါ်အောင်ဆန်းစုကြည် အပြင် တစ်ခြားခေါင်းဆောင်လိုလိုဘာလိုလို
    ကြယ်တွေကို ဖေါ်ထုတ်ပြနေတာတော့မဟုတ်ပါဘူးနော်
    ဒါပေမယ့်ဒေါက်တာမောင်ပြောသလို အန်ကယ်ဇာဂနာကလည်း ကြယ်ပါဘဲ

  • ကြယ်လေး

    November 22, 2010 at 12:04 pm

    ခိ ခိ ဝါဒဖြန့်တာမ ဟုတ်ဘူးတဲ့ ဟ 😀

    အထက်ကညွှန်ကြားချက်ကို တာဝန်ကြေပြွန်စွာ ထမ်းဆောင်နေသည်ပေါ့ နော်
    😛

    ခိ ခိ မောင်ယဉ်ကျေး တွေ မင်း တွေဘာတွေဖြစ်လာပြီ နောက်ခဏနေ ငါနဲ့ကိုင်တုတ်တော့မယ်

    နောက်ခေါင်းစဉ် ဖွင့်ပြီး post ထပ်မတင်နဲ့တော့နော် တခြားစာဖတ်သူတွေ အနှောက်ရှက်ဖြစ် နေပြီ

    သူတင်ကိုယ်တင်ပြောဖို့ group တခု လုပ်လိုက် ပြီး ကိုယ် မကြေနပ်တဲ့သူတွေကို အင်ဗိုက် လုပ်လိုက် နော် လာခဲ့မယ်

  • seaman

    November 22, 2010 at 12:12 pm

    ကတီ္တပါ လက်အိပ် ဝတ်ထားပါလား search 123 ရယ်။

  • seaman

    November 22, 2010 at 12:16 pm

    madre hijo de puta တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

  • mty

    November 22, 2010 at 1:48 pm

    နိုင်ငံကြီး ဒီလောက်စုတ်ပြတ်သတ်နေတာတောင် နိုင်ငံရေးစိတ်မဝင်စားသေးဘူးဆိုရင် မင်းဟာလူမဖြစ်သေးလို့ပဲ ပြီးတော့စိတ်မဝင်စားရင် မြန်မာ့နိုင်ငံရေးနယ်ပယ်က အထင်ကရ ခေါင်းဆောင်တွေပုံတွေ တင်ပြီး လျှောက်ပြောနေစရာလိုသလားလို့ပဲမေးချင်တော့တယ်

  • koko

    November 22, 2010 at 2:56 pm

    အမှတ်မရှိပြန်ပဲနဲ့ ထပ်ရေးပြန်ပြီ။
    လူကြီးရှက်တော့ရီတာလား၊ ကလေးရှက်တော့ငိုတာလား၊
    ကိုယ်ရေးတဲ့စာသွားက ဘယ်ကိုဦးတည်မှန်းမသိအောင်ကိုပဲဖြစ်နေရအောင်ကို internet ပေါ်တက်လာပြီး ယဉ်ကျေးပါတယ်ဆိုတဲ့ပုံစံနဲ့ ရေးပြီး သူများအကြောင်းကို ရိစောင်းရေးတာကို post အမျိုးတင်ပြီး မဟုတ်ရပါဘူူးဆိုတဲ့ပုံစံ ဆင်ဝေ့ရန်ရှောင်လုပ်မနေနဲ့ ကိုယ့်လူရေ့။
    တာ့တာပဲ။ ကိုယ်ဘယ်သူ ဘယ်ဝါှလဲဆိုတာ ပြပြီးမှ ဖြေရှင်းချက်တောပေးမနေပါနဲ့။
    ရေးတဲ့စာကိုယ် ဖတ်မိတဲ့လူတိုင်းက ဘာကိုဆိုလိုချင်သလဲဆိုတာ နားလည်ကြပါတယ်။ အားလုံးမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ်။ အရိပ်ပြတာနဲ့ အကောင်မြင်တယ်။
    ဖတ်တဲလူအားလုံးက မင်းဘာကောင်လဲဆိုတာ သိတယ်။

  • myatmoe

    November 22, 2010 at 5:16 pm

    ကိုယ့်ကိုယ်ကို ဘာကောင်မှန်းတောင်မသိ.. ရေးပြီးမှဟိုလိုလိုဒီလိုလို .. ဟိုပြောဒီပြောနဲ့ … ရှက်သင့်ပါပြီဗျာ … ထပ်ပြီးပေါက်ကရမရေးပါနဲ့တော့ ..

    • search123

      November 23, 2010 at 2:55 am

      ရေးလိုက်တဲ့ အထဲမှာ ပေါက်ကရ လုံးဝမပါဘူး။
      အမှန်တရား ဖြစ်နေလို့ ဆင်ခြေတွေ အမျိုးမျိုးကို ပေးနေကြတာ မဟုတ်လား။

      • koko

        November 23, 2010 at 10:17 am

        နွားခြေရာခွက်ထဲကဖားလေးအမြင်နဲ့ကြည့်ရင် မင်းပြောတာ အမှန်တရားပါ လက်ခံပါတယ်။
        ဒါပေမယ်. သိန်းငှက်တစ်ကောင်းရဲ့ အမြင်နဲ့ကြည့်ရင်တော့ မှားယွင်းမှု့တွေပြည့်နေလို့ အားလုံးရဲ့ ဆန့်ကျင်မှုတွေကို မင်းရင်ဆိုင်နေရတာပေါ့ကွာ၊

  • shwe

    November 22, 2010 at 5:56 pm

    လူယုတ်မာဆိုတာ အချင်းချင်းမှ ပင်းသတဲ့။
    ရှာ ၁၂၃ရေ၊ မင်းပါးစပ်ဟတာနဲ့ အူတစ်ခွေလုံး ကုန်အောင် မြင်ပြီးကြပြီ။ မင်းတို့လိုကောင်မျိုးတွေကြောင့် တိုင်းပြည်ရှက်စရာကောင်းနေတာ။

  • အာဖျံ ကွီး

    November 23, 2010 at 4:20 am

    သူငယ်ချင်းက နိင်ငံရေးစိတ်မဝင်စားဘူးလို.ပြောတော့လဲ မင်းပြောသလိုပဲပေါ့ကွာ …

    ဒါပေမဲ့ အခြေအနေအရ အခေါ်အဝေါ်တွေ ပြောင်းသွားတာပါကွ။ အမှန်တော့ အများအကျိုးဆောင်ရွက်တာပဲကွ။ Group / Organization သေးသေးလေးမှာ အာဏာသုံး (မတရား) တဲ့ခေါင်းဆောင်ကို အများကောင်းကျိုးအတွက် ဆန်.ကျင်ရင်တော့ သပိတ်မှောက်တရ် / တော်လှန်တရ်ပေါ့ကွာ ။ အဲ … ဆန်ကျင်ရမဲ့ အာဏာရှင်က နိင်ငံတစ်ဝှမ်းလုံးနဲ.ဆိုင်တဲ့သူဖြစ်နေရင်တော့ အများကောင်းကျိုးဖြစ်ဖို. ကြိုးစားရတဲ့သူက အလိုလိုနိင်ငံရေးသမားလို. နာမယ်တွင်သွားရော …

    အခေါ်အဝေါ် / အသုံးအနှုန်းတွေကို ဘေးချိတ်ပီး အနှစ်ချုပ်လိုက်ရင်တော့ အများအကျိုးဆောင်ရွက်သူများပေါ့ကွာ။

    ဒီတော့ကွာ … သူငယ်ချင်းက ကြောက်စရာကောင်းတဲ့ နိင်ငံရေးဆိုတဲ့ အသုံးအနှုန်း ကိုစိတ်မဝင်စားရင်တောင် အများအကျိုးကို ကိုယ်တတ်နိင်သလောက်သယ်ပိုးဖို.တော့ စိတ်ဝင်စားမှာပါနော်။ ဒါပေမဲ့ … ကိုယ်ကဦးဆောင်ပီး အများအကျိုးသယ်ပိုးဖို. အခြေအနေမပေးတာတွေ၊ ပေးလို.မရတာတွေရှိတရ်ကွ။ အဲဒီအခါမှာတော့ ကိုယ်မလုပ်နိင်တဲ့အလုပ်ကို အနစ်နာခံပီးလုပ်နေတဲ့သူတွေကို အားပေး/တတ်နိင်သလောက် ကူညီပေးရတရ်။ မင်းအတွက် အကူအညီတောင်ပေးဖို. ခက်ခဲတရ်ပဲထားအုံး။ မနှောင့်ယှက်ရဘူးကွ။ (သူတပါးအမြင်စောင်းအောင် / အတွေးမှားအောင် မလုပ်ရဘူး)

    အမေစုရဲ.ခင်ပွန်းက နိင်ငံခြားသားဆိုတာ တကမာ္ဘလုံးသိပီးသား။ (တမင်တကာ လျှို.ဝှက်ထားတာမဟုတ်လို. တမင်တကာ အပြစ်တင်နေစရာမလိုတော့ဘူး) သူ.ရဲ. ကောင်းမွန်တဲ့ နောက်ဆက်တွဲအလုပ်တွေကို ကြည့်ပီး အားလုံးကခွင့်လွှတ်ပီးသား။

    မင်းကိုစွပ်စွဲတာတော့ မဟုတ်ဘူး။ မင်းတင်ခဲ့တဲ့ ပို.စ်ရဲ.အဓိပ္ပါယ်တွေက အပေါ်ကအတိုင်းပဲဖြစ်နေတရ်။ အခုပို.စ်ကိုထပ်ဖတ်ကြည့်တော့ မင်းကိုယ်တိုင်မင်း ဘာလုပ်မိခဲ့တရ်ဆိုတာ အခုချိန်ထိ မရှင်းလင်းသေးတဲ့ပုံပဲ Search123 ရ။ Comment တွေကိုကြည့်ပီး ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ပေါ့ကွ။

    ဘာပဲဖြစ်ဖြစ်ကွာ အမှားကိုအမှားမှန်းသိရင် ပြင်စေချင်တရ်။ တို.တွေက Welcome ပါကွာ။

  • တိုင်းပြည့်ကျေးဇူးရှင်အမောင်စစ်သည်

    November 23, 2010 at 4:33 am

    အပိုတွေပြောမနေနဲ့နို်ငံခြားသားနဲ့ယူတာသမတ ကဘာမှာမချိဘူး

    • etone

      November 23, 2010 at 8:49 am

      အောင်မလေး စောက်ကျိုးနည်း ပေးထားတဲ့ nick ကိုက တိုင်းပြည့်ကျေးဇူးရှင် အမောင်စစ်သည်တဲ့လား အဲ့ဒါမြင်ရုံနဲ့ပါးရိုက်ချင်တယ် ။ နင်တို့လိုကောင်တွေ ပါးစပ်ကသာ သူများကို နိုင်ငံခြားသားယူတယ်ဘာညာပြောနေတာ နင်တို့ကတောင် နိုင်ငံခြားသားယူထားတဲ့ အမျိုးသမီးတယောက်ရဲ့ ခြေဖျားတောင် မှီလို့လား ။ နင်တို့က အမေကျော်ဒွေးတော်လွမ်းပြီး ၊ ပထွေးကို ဖအေတော်ချင်တဲ့ ကောင်တွေ ။

  • moethidasoe

    November 23, 2010 at 6:03 am

    ပါးစပ်က မဟုတ်တရုတ်ပြော .. လုပ်တာ တစ်ခြား ဆိုတာ လက်ရှိ လူကြီးဆိုတဲ့လူတွေ ..
    မိန်းမ သမ္မတ ဆိုတာ ကမ္ဘာပေါ်မှာ အများကြီး ..
    အမောင်စစ်သည် ဆိုတာ တိုင်းပြည့်ကျေးဇူးရှင်လို့ ကိုယ့်ကိုယ်ကိုယ် နာမည် ယူတာကိုက အံ့ချက် ကမ်းကုန်ရော .. တကယ်က တစ်ယောက်သောသူရဲ့ ကျွန် ဖြစ်နေတာပါ .. တိုင်းပြည်အတွက် အလုပ်အကျွေးပြုသူ မှန်ရင် ဒီစာ ထွက်လာမှာ မဟုတ်ဘူး .. မှားတယ်ဆိုရင်လဲ သည်းခံပေးပါ ..

  • Maung Dae`

    November 23, 2010 at 6:47 am

    သောက်ရူး မောင်စစ်သည်ရဲ့… အမေစုကို သမ္မတပါလို့ ဘယ်သူကပြောနေလို့လဲ… အေး.. နိုင်ငံတကာမှာမရှိပဲ….မြန်မာပြည်မှာရှိလာမယ် ဆိုရင်တောင်.. အမေစုလိုလူမျိုးကို ငါတို့ထောက်ခံတယ်.. သူ့ဖာသာ နိုင်ငံခြားသားကိုယူထားတာမကလို့ ဘာပဲဖြစ်ဖြစ်ကွာ.. မင်း ပထွေး.. စစ်အာဏာရှင်တွေကတော့ နိုင်ငံခြားသားကိုတော့မယူပါဘူး.. ဒါပေမယ့် ခါးကိုဆီပုလင်းချိတ်ပီး နိုင်ငံတကာကိုလှည့်သွားနေတာတော့ မင်းသိမှာပါ…

  • timothy

    November 23, 2010 at 11:10 am

    Search 123 နဲ့ အလိုပါအကြံတူ၊ညစ်ပတ်အရှက်ကင်းမဲ့တဲ့ စစ်သည်သန်းရွှေတို့ရေ။
    ခင်ဗျားတို့ရဲ့အမြင်၊အယူအဆ၊အတွေးအခေါ်တွေ၊ဒီweb site ပေါ်မှာ လူတွေကကခွက်ခွက်လန်အောင်ကိုဆော်လိုက်နှက်လိုက်တာဗျာ။
    တဦးကဆိုခင်ဗျားတို့နိုင်ငံခြား တရုပ်ပြည်၊ကလားပြည်သွားတော့လုပ်ကိုင်ရတာအလောတော်လေးဖြစ်အောင်စေတနာဗလဝနဲ့၊ခါးမှာဆီပုလင်းလေးတောင်ချိတ်ပေးလိုက်ပြီလေ။
    အဲဒါခင်ဗျားတို့ကိုအတိုင်းတိုင်းအပြည်ပြည်ကဝိုင်းပြီးဆု(စုပြီး)ချကြတော့အပွန်းအပဲ့နဲအောင်ခါးမှာချိတ်ပေးလိုက်တာလေ။
    ဒါလောက်ကောင်းချည်းအမင်ဂလာပေးတာတောင်လာလာပြီးရေးနေတုန်းဘဲလား။
    နောက်ဆိုဆီကိုဗုံးလိုက်ခင်ဗျားတို့ခါးမှာလူတွေကချိတ်ပေးလိမ္မယ်။အတိုင်းတိုင်းအပြည်ပြည်ကလဲ
    စောင့်နေ်ကြတယ်။ good luck. cheers.

  • gwato

    November 23, 2010 at 1:15 pm

    ကျွန်တော်တို့ကတော့ နိုင်ငံရေးဝါသနာမပါပေါင် ၊ ကျွန်မတို့လဲ နိုင်ငံရေးကို စိတ်မဝင်စားဘူး စတဲ့ စကားမျိုးတွေကို မကြာခဏဆိုသလို ကြားနေရပါတယ်။ ဒီလိုပြောတာဟာ ကြောက်လို့လား။ ကြောင်တာလား။ ကြွားတာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။
    ကျွန်တော်တို့ကတော့ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရလို့ ဒါတွေကို လှည့်မကြည့်အားသေးဘူးဗျို့ လို့ ပြောသူကပြောရဲ့။ ဟုတ်ပ။ သူနိုင်ငံရေးကို လှည့်ကြည့်တော်မူအောင် ကိုယ်ကပဲ သူ့ဝမ်းစာ ရှာပေးရဦးတော့မှာလိုလို။
    ကျွန်မတို့ကတော့ ဒီလိုနည်းနဲ့ မထင်ပေါ်ချင်ပါဘူးရှင် လို့ ပြောသူမျိုးလဲမရှားဘူး။ ဪ နိုင်ငံရေးဆိုတာ အားလို့ယားလို့လုပ်ကြတာ။ထင်ပေါ်ချင်လို့ လုပ်ကြတာဆိုပြီး နိုင်ငံရေးလုပ်သူတွေကိုပဲ အထင်အမြင်သေးချင်သလိုလို။ စော်ကားမော်ကားလုပ်ချင်သလိုလို။
    နိုင်ငံရေးဆိုတာ အားယားနေသူတွေရဲ့ ဝါသနာပါ လုပ်ငန်းမဟုတ်ပါ။ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့်ရဲသူတွေရဲ့လုပ်ငန်းပါ။ နိုင်ငံရေးဆိုတာဘာလဲ။ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးပါပဲ။
    လူတိုင်းမှာ မလုပ်မဖြစ် ရှောင်လွှဲလို့မရနိုင်တဲ့ အရေးကိစ္စကတော့ စားဝတ်နေရေးဖြစ်ပါတယ်။ စားဝတ်နေရေးမပြည့်စုံရင် လူ့ဘဝမပြည့်စုံဘူး။ လူ့ဘဝအဆင့်အတန်း နိမ့်ကျတယ်ဆိုရမှာပါပဲ။ ဒါကြောင့်လူတိုင်း(နိုင်ငံသားတိုင်း)ဟာ လူ့ဘဝအဆင့်အတန်းမနိမ့်အောင်၊ စားဝတ်နေရေးပြည့်စုံအောင် အားထုတ်နေကြရတာပါပဲ။
    ပြောင်းဆန်ထမင်းချက်စားနေရတဲ့ဘဝကနေ ပေါ်ဆန်းမွှေးဆန် ချက်စားနိုင်အောင်၊ တဲကုတ်နဲ့နေရတဲ့ဘဝက တိုက်အိမ်နဲ့နေရတဲ့ဘဝရောက်အောင်၊ ဖျင်ကြမ်းချည်ထည်ကို ဝတ်ဆင်နေရတဲ့ဘဝက ပိုးဖဲကတ္တီပါ ဝတ်ဆင်နိုင်အောင် စွမ်းအားကြိုးကုတ် အလုပ်လုပ်နေရမြဲဖြစ်ပါတယ်။
    လူတိုင်းရဲ့စားဝတ်နေရေးဘဝဟာ နိုင်ငံသားတိုင်းရဲ့ဘဝပဲဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် လုပ်ဆောင်လှုပ်ရှားနေတာဟာ နိုင်ငံရဲ့အရေးမှာ တနည်းတဖုံ ပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် စားဝတ်နေရေးအသိဟာလဲ နိုင်ငံရေးအသိပဲ ဖြစ်ပါတော့တယ်။
    ကိုယ့်ဘဝမှာ စားဝတ်နေရေး အဆင်ပြေနေသလား ၊ မပြေသလားဆိုတာ ကိုယ့်ဘာသာသိကြပါတယ်။ လူတိုင်း(နိုင်ငံသားတိုင်း)ရဲ့ စားဝတ်နေရေးအဆင်ပြေနေတယ်ဆိုရင် နိုင်ငံရေးအဆင်ပြေနေတာပဲ ဖြစ်ပါတယ်။ တစ်ချို့က အငတ်ဘုံ၊ တစ်ချို့က နတ်ဘုံ ဆိုတာမျိုးဖြစ်နေရင် နိုင်ငံရေး ကမောက်ကမ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုသိတာဟာ နိုင်ငံရေးအသိတစ်မျိုးပါပဲ။
    ဪ ငါ့ဘဝအဆင်မပြေပါလား။ ငါလဲအလုပ်လုပ်တာပဲ၊ သူလဲအလုပ်လုပ်တာပဲ၊ သူ့ကျတော့ ဘာလို့အဆင်ပြေနေသလဲ။ ဒီလိုဆက်ပြီး အကြောင်းအကျိုးဆင်ခြင်တာလဲ နိုင်ငံရေးအသိတစ်မျိုးပါပဲ။
    လူ(နိုင်ငံသား)တွေ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ငန်းကိုင်ငန်း အဆင်ပြေအောင် အချင်းချင်း ဖြေရှင်းသွားနိုင်တာတွေရှိသလို မဖြေရှင်းနိုင်တာတွေလဲရှိပါမယ်။ ဒီလိုအနှောင့်အယှက်၊ အဟန့်အတား တွေကို နိုင်ငံတော်အစိုးရက တာဝန်ယူဖြေရှင်းရမယ့် ကဏ္ဍအထိ ကျယ်ပြန့် သွားနို်င်ပါတယ်။
    နိုင်ငံသားအများစုကတော့ တရားသဖြင့် လုပ်ကိုင်ရှာဖွေစားသောက်နို်င်ရင် ကျေနပ်နေပြီဖြစ်ပါတယ်။ နိုင်ငံရေးအသိရှိသူတွေကတော့ တဝမ်းတခါးဝရင်၊ လှရင်တော်ပါပြီဆိုတာမျိုးနဲ့ ကျေနပ်ရမှာမဟုတ်ပါ ဘူး။ သူ့ထက်ပိုပြီး စားနိုင်သောက်နိုင်သူတွေ၊ သူ့အောက်နိမ့်ပြီး စားနိုင်သောက်နို်င်သူတွေကို မြင်တွေ့ပြီး အကြောင်းအကျိုးရှာဖွေကြည့်မှာပဲဖြစ်ပါတယ်။
    ဘယ်သူတွေက လုပ်ကိုင်စားသောက်ခွင့်တွေ ပိုမိုရရှိသလဲ။ ဘယ်သူတွေကတော့ လျော့နည်းနေသလဲ။ ဘယ်သူတွေကတော့ မလုပ်မကိုင်ရဘဲ စားဝတ်နေရေး အဆင့်အတန်းတွေ မြင့်မားနေရတာလဲ။ ဘယ်သူတွေကတော့ ဆင်းရဲပင်ပန်း စွမ်းအားကြိုးကုတ် လုပ်ကိုင်နေကြပါလျှက်နဲ့ ဝမ်းမလှ ခါးမလှ ဖြစ်နေရပါသလဲ။ ဘာကြောင့်လဲ။
    ဒီလို အခွင့်အရေး နည်း/များမှုကို စီစဉ်ဖန်တီးပေးသူရှိသလား၊ ဒီလို ဖန်တီးတာဟာ တရားသလား/ မတရားဘူးလား။ ဒီလိုဆက်လက် စဉ်းစားတာလဲ နိုင်ငံရေးအသိပါဘဲ။
    လူတိုင်း(နိုင်ငံသားတိုင်း) ကိုယ့်အလုပ်ကိုလုပ်ရင်းက အခွန်ဆောင် ထားရတာတွေရှိပါတယ်။ အခွန်ဆောင်ထားရတာဟာ နိုင်ငံသားအားလုံးအတွက် ကာကွယ်ဖြေရှင်းဖို့တာဝန်(အာဏာ)ကို လူတစ်စုလက်ထံအပ်ဖို့ ဝန်ဆောင်ကြေးပေးတာဖြစ်ပါတယ်။ အဲ့လူတစ်စုကို အစိုးရလို့ခေါ်ပါတယ်။ အစိုးရဟာ အခွန်ဆောင်ထားတဲ့ ငွေတွေကိုစားသုံးပြီး နိုင်ငံသားတွေအပေါ်မှာ တာဝန်ကျေရဲ့လား။ အစရိုးပြီး နောက်တော့တစ်မျိုးဆိုးတဲ့ အစိုးရလား။ ဒီလိုတွေးခေါ်စဉ်းစားတာဟာလဲ နိုင်ငံရေးပါပဲ။ ကိုယ့်အရေးပါပဲ။ ငါ သူတစ်ပါး အားလုံးအရေးပါပဲ။
    အိမ်တစ်အိမ်မှာနေကြတဲ့ အိမ်သားတိုင်းဟာ အိမ်ခေါင်မိုးကမလုံတာ၊ ကြမ်းတွေကျိုးပေါက်နေတာတွေ မြင်ရင် လှစ်လှူရှူမနေသင့်ပါဘူး၊ အိမ်သားတိုင်းမှာ တာဝန်ရှိပါလားဆိုပြီး ပြုပြင်ဖာထေးကြရမှာပါပဲ။ အဲ့လိုပဲ နို်င်ငံထဲမှာ နေကြသူ နိုင်ငံသားတိုင်းမှာလဲ နိုင်ငံရဲ့ အရေးမှန်သမျှ လှစ်လှူရှူ မနေသင့်ပါဘူး။
    လူတိုင်း နိုင်ငံရေးအသိကောင်းကောင်းရှိဖို့၊ လူတိုင်း နိုင်ငံသားတာဝန်သိဖို့ဆိုတာ လူတိုင်း စာတတ်/ စာဖတ် ဖို့လဲ လိုပါတယ်။ ဒီလိုအပ်ချက်ကို ပညာရေးလို့ ခေါ်ပါတယ်၊ ပညာရေးကို ဦးစားမပေးဘဲ ပညာမဲ့ပြီး ကျွန်စိတ် တာရှည်အောင် အားထုတ်တဲ့ လူတွေလဲရှိပါမယ်။ ဒီကျွန်စိတ်၊ အချောင်သမားစိတ်၊ ပညာမဲ့စိတ်မျိုးကပဲ ကျွန်တော်တို့တော့ နို်င်ငံရေးဝါသနာမပါဘူး လို့ ပြောတတ်တာဖြစ်ပါလိမ့်မယ်။
    လူတစ်စုဟာ နို်င်ငံရေးအသိရှိပြီး စကားတုံ့ပြန်မယ့် ဆင်ခြေသမားတွေကို အလိုမရှိပါဘူး။ ဒါကြောင့် နို်င်ငံရေးဆိုတာ မရှိစေချင်သလို နိုင်ငံရေးသမားဆိုသူတွေကို ဖိနှိပ်ဖို့ပဲကြိုးစားပါတယ်။ ဒီအခါမျိုးမှာ လူလည်တွေ လူကြောက်တွေက နိုင်ငံရေးဝါသနာမပါဘူးလို့ ပြောတတ်ပါတယ်။
    တစ်ချို့က နိုင်ငံရေးကို ဝါသနာမပါဘူးလို့ ပြောမိတာဟာ နိုင်ငံရေးပါတီတစ်ခုခုမှာ ပါဝင်ပြီး မလုပ်ချင်တာကို ပြောတာမျိုးလဲဖြစ်ပါ့မယ်။ အများလုပ်နေကြတာပဲ၊ ငါတစ်ယောက် မပါလို့ အရေးမကြီးပါဘူးဆိုပြီး အများရဲ့အားထုတ်မှုကြောင့် ရလာတဲ့ အောင်သီးအောင်နှံကို စောင့်လင် နေသူ(အချောင်သမား)လဲ ဖြစ်နိုင်ပါတယ်။ ငါအချောင်သမားလား၊ အခွင့်အရေးသမားလားဆိုတာလဲ ကိုယ့်ဘာသာသိမှာပါပဲ၊ ဒီလိုသိဖို့ရာ နိုင်ငံရေးလေ့လာစရာမလိုပါဘူး၊ ကိုယ့်အတ္တကိုယ် ပြန်ကြည့်ရုံသာဖြစ်ပါတယ်။
    ((“နောက်တစ်ခေါက် ထပ်ပြောချင်ပါတယ်။
    နိုင်ငံရေး ကို လုံးဝလုံးဝ စိတ်မဝင်စားပါဘူး။” ဟုဆိုထားပါသဖြင့် မောင်စွမ်းရည်၏ ဆောင်းပါးမှ သိသင့်သည်များကိုသာ ကောက်နှုတ်အသိပေးပါသည်။))
    ( ကျင့်ဝတ်တွေမပါပဲ ပြောရရင် လူတိုင်းမှာ မိမိအမြင် မိမိအတွေးဖြင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိပါတယ်။ မိမိက မှန်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်က တခြားတယောက်အတွက် အမှားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတစ်ဦးချင်း တစ်ဦးချင်း မိမိဘဝဖြတ်သန်းမှုကို အခြေခံပြီး အတွေး/အမြင် ကွဲပြားမှာဖြစ်ပါတယ်။ အကောင်းအဆိုး ဆိုတာ နေရာတိုင်းမှာ ဒွန်တွဲနေပါတယ်။ ဘယ်လုပ်ရပ်ကဖြစ်တော့ ကောင်းပါရဲ့၊ ဘယ်ဟာကတော့ဖြစ် အတော့်ကိုဆိုးပါလား စသဖြင့် အတွေး/အမြင်တွေ ဖလှယ်ယူရမှာဖြစ်ပါတယ်။ နေရာတိုင်းမှာ အကောင်းချည်းပဲ မရှိသလို အဆိုးချည်းပဲလဲ မရှိနိုင်ပါဘူး။ အမြင်မတူ အတွေးမတူ သူများအနေဖြင့် မိမိထင်မြင်ယူဆချက်များကို ချေပပြောဆိုပြီး အမြင်ချင်းဖလှယ်ယူရမှာ ဖြစ်ပါတယ်။ အမြင်မတူ/ အတွေးမတူတာကို လက်ခံပြောဆိုခြင်းမပြုဘဲ ငါ့အမြင်ငါ့အတွေးကို အမှန်လုပ်နေခြင်းဖြင့် ဘယ်သူ ဘယ်သူမှာမှ အကျိုးမရှိနိုင်ပါဘူး။ ဖလှယ်ခြင်းဖြင့် ရရှိလာတဲ့ အသိအမြင်တွေကိုသာ မိမိကိုယ့်တွေ့ အဖြစ်အပျက်တွေနဲ့ ဆင်ခြင်သုံးသပ်ရမှာဖြစ်ပါတယ်။ ဒီလိုဖလှယ်ကြရာမှာ တစ်ဦးနှင့်တစ်ဦး ကြမ်းတမ်းတဲ့ စကားလုံးတွေကို ရှောင်ရှားပြီး အသိ/အမြင်များ ဖလှယ်ကြပါလို့ အပြုသဘောဆောင်ပြီး ရေးသားလိုက်ပါတယ် )

Leave a Reply