Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မကြာမီရေးဆွဲ တော့မည် မြန်မာ.ဘောလုံးအဖွဲ.ချုပ်၏ ဥပဒေသစ်များ

bouzourNovember 24, 20101min48611

မြန်မာအားကစား ကမ်ဘာကိုလွှမ်းစေရမည် ဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်

ဖေါ်ရန် MNL ဘောလုံးအသင်းပိုင်ရှင်သူဌေးတို့သည်ဘောလုံးစည်းမျဉ်းစည်းကမ်းတွေ

ကိုလည်းစိတ်ကူးတည့်ရာလျှောက်ပြင်ဆင်ဖို့ကြိုးစားလာကြသည်။

Ancient Soccer

အသင်းပိုင်ရှင်တယောက်က သူသည် အလုပ်များလွန်းသဖြင့် ဘောလုံးပွဲတွေကို အချိန်ပေးပြီးမကြည့်နိုင်။ ထို့ကြောင့်

  • ဘောလုံးကစားချိန်ကို ပထမပိုင်း၊ ဒုတိယပိုင်း လေးဆယ့်ငါးမိနစ်အစား ဆယ့်ငါးမိနစ်သာ ကစားရန်အဆိုပြုသည်။
  • တစ်ယောက်ကတော့ ဘောလုံးပွဲမှာ ဂိုးဝင်တာတစ်ခုတည်းနဲ့ မဆုံးဖြတ်ဘဲ အမှတ်ပေးစနစ်သုံးဖို့ပြောသည်။
  • တစ်ဂိုးသွင်းနိုင်လျှင် ဆယ်မှတ်ရမည်။ တိုင်ထိလျှင် ငါးမှတ်ရမည်။ ထောင့်ကန်ဘော တစ်ခါရလျှင် တစ်မှတ်ရမည်။
  • အဝါကတ်အပြခံရလျှင် ငါးမှတ်လျှော့၊ အနီကတ်ဆို ဆယ်မှတ်လျှော့။ ပွဲပြီးတော့ အမှတ်တွေပေါင်းပြီး အနိုင်အရှုံး ဆုံးဖြတ်ပေါ့။
  • နောက်တစ်ဦးက အဝါကတ်၊ အနီကတ် ပြဿနာကို တစ်မျိုးအကြံပြုသည်။ အဝါကတ်ပြခံရသူအနေဖြင့် ပြစ်ဒဏ်ကိုအမြဲသတိပြုမိနေစေရန်  အဝါကတ်ကို ကြိုးနဲ့သီပြီး လည်ပင်းမှာဆွဲလျက် ဆက်ကစားရမည်။ တကယ်လို့ သူပြန်ချခံရလျှင်ကင်းလွတ်ခွင့်ရပြီး တစ်ဖက်က လူချတဲ့ဘောလုံးသမားဆီ လွှဲပြောင်းချိတ်ဆွဲပေးရမည်။
  • အနီကတ်အပြခံရလျှင်တော့ ကွင်းပြင်ထွက်မလား၊ ဂိုးတစ်ဂိုးပေးမလား ရွေးချယ်ရမည်။
  • ဒါတွင်မက ဘောလုံးတစ်ရာသီအတွင်းအနီကတ်သုံးကြိမ်ပြခံရလျှင် အနက်ကတ်အဖြစ် သတ်မှတ်ပြီး ရာသီကုန်တဲ့ပွဲအထိ ပွဲပယ်ခံရမည့်အပြင်ကြိမ်ဒဏ်ဆယ်ချက်နှင့် ထောင်ဒဏ်သုံးလပါ အပြစ်ပေးခံရမည်။
  • ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးတစ်ဦးတည်းထားသဖြင့် လက်ထိဘောကို မမြင်လိုက်ရတာတို့၊ သူ့ဘာသာ ခြေခေါက်လဲတာကိုပြစ်ဒဏ်ဘောပေးမိတာတို့ဖြစ်တတ်သည်။ ထို့ကြောင့် ဒိုင်လူကြီးကိုဝိုင်းကြည့်ပေးဖို့ ဒိုင်လူကလေးဆိုတာထားသင့်သည်ဟုတင်ပြသူကလည်း ရှိသေးသည်။
  • သူဌေးတစ်ဦးကတော့ ဘောလုံးဝါသနာပါသူမဟုတ်။ ဘောလုံးအကြောင်း နားမလည်။ သူက ဂိုးပေါက်ကိုခုလိုတိုင်တွေနဲ့မလုပ်ဘဲ တွင်းကြီးတစ်တွင်း တူးထားဖို့အကြံပြုသည်။ တွင်းထိပ်မှာ ဂိုးသမားကစောင့်။ ဘောလုံးကိုတွင်းထဲ ဝင်အောင်ကန်နိုင် လျှင်ဂိုးဝင်သည်ဟုသတ်မှတ် ရမယ်ဆိုပဲ။

မြန်မာ့ဘောလုံးအဖွဲ.ချုပ်အနေဖြင့် အသင်းပိုင်ရှင်များအဆိုပြုချက်များကို လက်ခံလိုက်ပြီဲဖြစ်ရာ မကြာမီကာလအတွင်း မြန်မာ့ ဘောလုံးအဆင့်အတန်း ကမ်ဘာနှင့် အပြိုင်ရင်ဘောင်တန်းလာနိုင်မည်ဖြစ်ပြီးယခုမှစကာ ကျောက်ခောတ် နည်းပြ တဦးကိုရာဇဝင်ထဲမှ ခေါ်ယူလေ့ကျင့်လျှက်ရှိကြောင်းသိရှိရပါသည်

11 comments

  • thidar

    November 24, 2010 at 7:51 am

    ကိုဘူဇွာအား မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ်ခန့်အပ်ပါမည်။

    • I'm new member

      November 24, 2010 at 8:01 am

      ဒီအတိုင်းတော့ ရာထူးကိုလက်မခံနိုင်ဘူးဗျာ လုပ်ငန်းလေးဘာလေး မစမှပေါ့ ်ဥက္ကဌ လုပ်ရင်ခေါင်းစားတယ်ဗျ ခင်ဗျားတို.လည်းသိပါတယ် ကန်လိုက်တဲ့ရာသီ ကန်လိုက်တဲ့ပွဲတိုင်းလိုလို ကွန်းပလိန်းမရှိတဲ့ ပွဲဆိုတာခက်ရှားရှားဗျ ဘယ်အသင်းဘက်မှလည်း ဘက် မလိုက်ရဲဘူး သူ.ထက်ငါ အကောင်ကြီးတွေဆိုတော့ဗျာ သိတယ်မဟုတ်လား …

  • intro

    November 24, 2010 at 12:24 pm

    ဘူဇွာ ယူနိုက်တက်ဆိုပြီး အသင်းသစ်ထောင်ဖို့ရော အစီအစဉ် မရှိဘူးလားဗျ

    • I'm new member

      November 25, 2010 at 2:52 am

      စပွန်ဆာပေးမယ့်သူရှိရင်တော့ အသင်းထောင်ဖို.စဉ်းစားမယ်ဗျာ…စပွန်ဆာရှာပေး

  • ကြယ်လေး

    November 24, 2010 at 12:42 pm

    ဘောလုံးသမား တိုင်း ကစ်ဘောက်စင် ကို ကျွမ်းကျင်စွာတတ်မြောက်ရမည် လို့မပါဘူးလား

    ပွဲတိုင်းလို ထိုးကြိတ် နေရတာလေ 😛

    • I'm new member

      November 25, 2010 at 3:00 am

      ဟုတ်ကဲ့ပါခင်ဗျာ နောက်ပိုင်းဘောလုံးနည်းပြတွေထဲမှာ တွေ.မရှောင်တို. ဝါးရင်းတုတ်ဖိုးကေတို.ထည့်သွင်းသွားပေးဖို.ဘောလုံးအဖွဲ့ချုပ် ကို တင်ပြကြည့် ပါမယ် အဖွဲ့ချုပ်ဥက္ကဌ လက်ခဲ့ရင်တော့ ဒီထက်ကြည့်ကောင်းတဲ့ ပွဲတွေ ဖြစ်လာဦးမှာပေါ့ဗျာ..

  • thidar

    November 25, 2010 at 3:14 am

    ဒါဆို နိုင်ငံခြားသားဘောလုံးသမားငှားတာထက် ရပ်ကွက်ထဲက လူမိုက်တွေငှားတာက ဈေးလဲ သက်သာမယ် ပိုလဲ သင့်တော်မယ်ထင်တယ်နော်။

    • I'm new member

      November 25, 2010 at 3:35 am

      ma thidar အကြံပေးတာနောက်ကျသွားပြီဗျာ ရပ်ကွက်ထဲက လူမိုက်တွေ

      အားလုံး ကို အဖွဲ.အစည်းတခုက ဈေးကောင်းပေးပြီး ငှားသွားလို.

      မရနိုင်တော့ဘူး….ဗျာ

  • thidar

    November 25, 2010 at 6:19 am

    အင်း သူတို့ က ဦးသွားတာကိုး..ရှိစေတော့

  • bigcat

    November 25, 2010 at 6:39 am

    ကန်တဲ့ဘော်လုံးကလုံးနေလို့ ကျုပ်တို့မြန်မာတွေ နိုင်ငံတကာပွဲတွေမှာ ရှုံးရတာ။ ဒါကြောင့် ပြည်တွင်းပွဲအတွက် ဘော်လုံးကို လေးထောင့်ဖြစ်ဖြစ် တြိဂံပုံဖြစ်ဖြစ်ပြင်သင့်ပါတယ်။ ပြည်တွင်းမှာလုပ်မဲ့ နိုင်ငံတကာပွဲဆိုရင်တော့ ပြောင်းဖို့မလွယ်လို့ လေလျော့ပြီး အလုံးအတိုင်းထား ကန်သင့်ပါတယ်။

    • I'm new member

      November 25, 2010 at 7:19 am

      ကို ဘစ်ကတ် ပြောတဲ့ ဘောလုံးကို တြိဂံပုံ လေးထောင့်ပုံလုပ်ဖို.ပေးတဲ့အကြံက သူတို.လက်ခံဖို.ခက်ခဲမယ်နဲ.တူတယ်ဗျ ဘာလို.လဲဆိုတော့ဗျာ မူလရှိ တဲ့ ဘောလုံးရဲ. shade နဲ. Totally Different ဖြစ်နေတယ်ဗျ ကျွန်တော်တို.မြန်မာလူမျိုးဆိုတာကလည်း ခက်သားလားဗျ အပြောင်းအလဲဆို သိပ်လက်မခံချင်ကျဘူးလေဗျာ အဲ့ဒီတော့ဗျာ တဖြည်းဖြည်းခြင်းသွားကြတာပေါ့ဗျာ ပထမဦးဆုံး ဘောလုံးကို ဘဲဥပုံ လုပ်ဖို.အကြံပေးကြည့်မယ် နောက်တဆင့်တက်ပြီးမှ တြိဂံပုံ လေးထောင့်ပုံ လုပ်ကြတာပေါ့ဗျာ တဖြည်းဖြည်းခြင်းလုပ်မှရတဲ့လူမျိုးဗျ ဥပမာပေးရရင်ဗျာ

      ဖားတကောင်ကို အပူချိန်နည်းနည်းပေးထားတဲ့ရေထဲမှာထည့်ထားကြည့်ဗျ
      အဲ့အပူချိန်ကို တဆင့်ပြီးတဆင့်တိုးပြီး ဆက်ပြီးနေခိုင်ကြည့်ဦး သူနေချင်အောင်လို.တော့ အစားလေးဘာလေးကျွေးထားပေါ့ဗျာ

      အပူချိန်ကို နောက်ဆုံး တဖြည်းဖြည်းတိုးသွား အဲ့ဒီဖားက သူမခံနိုင်တဲ့ အပူချိန်ရောက်လာတာတောင်သတိမထားမိတော့ဘူး အစာကိုဆက်စားနေပြီး သူလွှတ်မြောက်ဖို.ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး နောက်ဆုံးဗျာ သူအဲ့ထဲမှာဘဲစားရင်းသောက်ရင်းသေသွားမှာဘဲ

      ဆိုလိုရင်းကတော့ဗျာ မြန်မာလူမျိုဆိုတာ ချက်ချင်းပြောင်းလဲတာထက် တဖြည်းဖြည်းခြင်းပြောင်းလဲပေးတာကို ပိုနှစ်သက်တယ်လိုဆိုချင်တာပါဗျာ …

Leave a Reply