ကလေးအတွေး
(၁)
အိမ်ပြောင်းတာ မကြာသေးတဲ့ အမျိုးသမီးတစ်ဦးက သူ့အိမ်ဘေးမှာ
ဆင်းရဲသားအိမ်လေး တစ်အိမ်ရှိနေတာကို သတိထားလိုက်မိတယ်။ ဆင်းရဲသားအိမ်မှာ
မုဆိုးမနဲ့ ကလေးနှစ်ယောက်နေတယ်။
တစ်ညမှာ ရပ်ကွက်တစ်ခုလုံး ရုတ်တရက် မီးပြတ်သွားခဲ့တယ်။ မီးပြတ်တော့
အမျိုးသမီးက ဖယောင်းတိုင်ထွန်းပြီး နေတယ်။ သိပ်မကြာဘူး…
တစ်စုံတစ်ယောက်ရဲ့ တံခါးခေါက်သံကို သူကြားလိုက်တယ်။ တံခါးဖွင့်ကြည့်တော့
ဘေးအိမ်က ကလေးငယ်တစ်ယောက် စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ..
အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။
အမျိုးသမီးက ” အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလား?
ခဏခဏ လာတောင်းနေမှာစိုးတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး”
လို့ အသံမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်က မျက်နှာချိုလေးနဲ့ “အန်တီက အိမ်ပြောင်းလာစမို့
ဖယောင်းတိုင် မရှိဘူးဆိုတာ သမီးတို့သိတယ်။ မှောင်မဲမဲထဲမှာ
အန်တီကြောက်နေမှာစိုးလို့ သမီး ဖယောင်းတိုင် လာပို့တာ” လို့ ပြောပြီး
အကျင်္ီအိတ်ထဲ ထည့်ထားတဲ့ ဖယောင်းတိုင်ကို ထုတ်ပေးလိုက်တယ်။
အမျိုးသမီးမှာ ဘာမှပြန်မပြောနိုင်ဘဲ ကလေးငယ်ကို တင်းတင်းကျပ်ကျပ်
ပွေ့ဖက်ထားလိုက်တော့တယ်။
(၂)
ရုံးပိတ်ရက် တစ်ညနေမှာ ဇနီးနဲ့ ကလေးကိုခေါ်ပြီး မြစ်ဆိပ်နား ကျွန်တော်တို့
ရောက်လာခဲ့တယ်။ နေမဝင်ခင် ဆိပ်ကမ်းတစ်လျှောက် အပျော်သဘောင်္စီးဖို့
ကျွန်တော်လက်မှတ် ဝယ်လိုက်တယ်။ စီးတဲ့လူတွေများလို့ လက်မှတ်ဝယ်ပြီး
ကမ်းစပ်မှာ ကျွန်တော်တို့ သဘောင်္အလာကို ထိုင်စောင့်နေခဲ့ကြတယ်။
ညနေဆည်းဆာမှာ လမ်းမီးတွေ ဟိုတစ်ခု ဒီတစ်ခု လင်းလာကြတယ်။
သဘောင်္စောင့်နေတုန်း ကလေးငယ်တစ်ချို့က မီးအလင်းရောင်နဲ့ ဆွဲဆောင်ခံရတဲ့
ပိုးဖလံတွေလို ဓာတ်မီးတိုင်အောက် ဆော့ကစားဖို့ စုဝေးရောက်ကုန်ကြတယ်။
တစ်ချို့က မီးရောင်အောက်မှာ ဆော့ကစားနေကြတယ်။ တစ်ချို့က ခါးကုန်းပြီး
တစ်ခုခုကို ရွေးကောက်နေကြတယ်။
အဝေးက သဘောင်္ဥဩဆွဲသံကို ကျွန်တော်တို့ ကြားလိုက်ရတယ်။ မိခင်တစ်ချို့က
ကလေးငယ်ကို ပြန်လာခဲ့ဖို့ အော်ခေါ်နေကြတယ်။ ကလေးတွေရဲ့ ရယ်မောသံ
အော်ဟစ်ပြေးလွှားသံတွေက ကမ်းစပ်တစ်ခုလုံး ပြည့်လျှံသွားခဲ့တယ်။
ကျွန်တော်တို့ တန်းစီပြီး သဘောင်္ပေါ် တက်နေတုန်းမှာ မိခင်တစ်ဦးရဲ့
ကြိမ်းမောင်းသံကို ကျွန်တော်ကြားလိုက်မိတယ်။
“ပစ်ထုတ်လိုက်.. အကုန်ပစ်ထုတ်လိုက်… ကြည့်စမ်း တစ်ကိုယ်လုံး
ညစ်ပတ်နေတာပဲ။ မထိုင်ချပါနဲ့… မထိုင်ချပါနဲ့လို့ ပြောတာကို
နားမထောင်ဘူး”
ကျွန်တော်လှည့်ကြည့်လိုက်တော့ ကမ်းစပ်ဘေးမှာ ရပ်နေတဲ့ ကလေးငယ်ကို
မျက်နှာငယ်လေးနဲ့ တွေ့လိုက်တယ်။ ဒါပေမယ့် လက်ဖဝါးတစ်ခုကို တင်းတင်း
ဆုတ်ကိုင်ထားတုန်းပဲ။ သဘောင်္ပေါ်မှာ လူတွေများသထက် များလာခဲ့တယ်။
သဘောင်္ကလူတွေ ကျွန်တော့်လိုပဲ အဲဒီသားအမိကို စိတ်ဝင်တစား ကြည့်နေကြတယ်။
“ငါပြောနေတယ်.. ပစ်ထုတ်လိုက်” အသံမာလိုက်၊ ပျော့လိုက်နဲ့ မိခင်က
ကလေးလက်ထဲက ဆုတ်ကိုင်ထားတဲ့ အရာကို ပစ်ထုတ်ဖို့ ပြောပေမယ့်
အရာမရောက်ခဲ့ဘူး။ နောက်ဆုံး မိခင်က ကလေးငယ်ရဲ့ တင်းတင်းဆုတ်ထားတဲ့ လက်ကို
ဆွဲဖြဲလိုက်တယ်။ လက်ထဲမှာ ဆုတ်ကိုင်ထားတာက အပြာရောင် ကျောက်စရစ်ခဲလေးတွေ၊
ကောင်းကင်ပေါ်က ကြယ်လေးတွေ ကြွေကျလာသလိုပဲ ကမ်းခြေမှာ ကျောက်စရစ်ခဲတွေ
ဟိုဒီလှိမ့်ဆင်းကုန်တယ်။
“ဝါး… သားက မေမေ့ကို ဆွဲကြိုးလုပ်ပေးမလို့ ကောက်လာတာ” လို့
အော်ငိုတော့တယ်။ ကလေးငိုသံက သဘောင်္အင်ဂျင်သံထက် ပိုကျယ်လောင်နေခဲ့တယ်။
သဘောင်္ကမ်းက ခွါပြီ။ သူတို့သားအမိ သဘောင်္ပေါ် တက်မလာခဲ့ဘူး။
ကျွန်တော်လှည့်ကြည့်တော့ အမေက သားကို တင်းတင်းလေး ပွေ့ဖက်ထားတာ
တွေ့လိုက်တယ်။ ကျွန်တော်ဘေးမှာ ရပ်နေတဲ့ ဇနီးက အခုန သားလေးပေးခဲ့တဲ့၊
ညစ်ပတ်တယ်လို့ ထင်ခဲ့တဲ့ ကျောက်စရစ်ခဲတွေကို စိတ်ပါလက်ပါ ရေတွက်နေခဲ့တယ်။
စိတ်ပညာရှင်တွေရဲ့ ပြောချက်အရ ကလေးငယ်တစ်ယောက်ရဲ့ အတင်းအဓမ္မ၊
ကြမ်းတမ်းခြင်းတွေရဲ့ အရင်းခံက အများအားဖြင့် မိခင်ကနေ လာတယ်လို့
ဆိုပါတယ်။ အဓိကအားဖြင့် အပြောအဆို ရိုင်းစိုင်းခြင်းကို အများဆုံး
တွေ့ရလေ့ရှိတယ်။ ဥပမာ.. မိခင်က အမြဲတမ်းလိုလို ကလေးငယ်ကို တုံးအတယ်လို့
ဆဲဆိုခဲ့ရင် ကလေးငယ်ဟာ တကယ်ပဲ တုံးအမှာကို ဝန်မလေးတတ်ကြတော့ဘူး။
အိမ်ရောက်ပြီးနောက် ကျောက်ခဲတွေကို ပုလင်းတစ်လုံးထဲ ကျွန်တော်တို့
သေသေချာချာ ထည့်လိုက်ပြီး မြင်သာတဲ့ နေရာမှာ တင်ထားလိုက်တယ်။ အဲဒီနောက်
မိသားစုကြားက ဆက်ဆံရေးတွေဟာ သိသိသာသာ တိုးတက်လာခဲ့တယ်။ ကလေးငယ်တွေရဲ့
လုပ်ရပ်တစ်ချို့ကို အပြစ်မြင်လာတဲ့အခါ ကျွန်တော်နဲ့ဇနီးက ပုလင်းထဲက
ကျောက်ခဲလေးတွေကို ကိုင်လှုပ်ကြည့်တတ်တယ်။ ကလေးငယ်ရဲ့ ရူထောင့်ကနေ
ဝင်ရောက် ခံစားကြည့်ပြီး ပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲလို့
စဉ်းစားကြတယ်။ ဒီကျောက်စရစ်ခဲလေးတွေကြောင့် ကလေးငယ်တွေရဲ့ အပြစ်ကင်းတဲ့
ရိုးသားမှုတစ်ချို့ကို ကျွန်တော် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်။
*** နိုင်းနိုင်းစနေ ဘာသာပြန်သည်။
4 comments
Zaw Tun
November 30, 2010 at 9:10 am
ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက် စဉ်းစားတတ်ရင်တော့ ကောင်းတာပေါ့ဗျာ။
char too lan
November 30, 2010 at 9:38 am
ဒီစာလေးဖတ်ရတာ ရင်ထဲမှာတော်တော်ထိသွားတယ် အဲဒါမျိုးမြင်ဖူးတယ် ကိုယ်တိုင်လဲခံစားဖူးတယ် အမေကြောင့်တော့ မဟုတ်ဘူး ဆရာမကြောင့် လူတွေအများကြီးရှေ့မှာ တော်တော်သိမ်ငယ်သွားတယ် ခုထိလဲမမေ့ဘူး ဒဏ်ရာတစ်ခုလိုကြီး ကျန်နေတော့တာပဲ ~~ 🙁 လူကြီးတွေ ရာထူးကြီးတွေ ကြီးကဲတဲ့နေရာက လူတွေ ကိုယ်ထက်အငယ် ငယ်ရွယ်တဲ့သူတွေကို နားလည်နိုင်ပါစေ~~~~
အာဖျံ ကွီး
November 30, 2010 at 11:43 am
ကောင်းလိုက်တဲ့ပိုစ်လေးပါပဲဗျာ …
လူကြီးတွေမှာမရှိတဲ့ ကိုယ်ချင်းစာမှု/စဉ်းစားပေးမှု ကလေးလေးမှာရှိတရ်ဗျာ့။ သိပ်ကိုလေးစားအတုယူဖို.ကောင်းတရ်။
ကြိုက်တရ်ဗျာ ။
* အသက်ငယ်တရ်ဆိုပီး အထင်မသေးကြနဲ.။ ကလေးက ကိုယ့်ကိုအပြန်ဆုံးမသွားမရ်နော။ ဟဟဟ ။ 🙂
paukpauk
November 30, 2010 at 11:54 am
နိုင်းနိုင်းစနေဟာ ဒီလို ဇာတ်လမ်မျိုးရှာဖွေတဲ့အခါမှာ
အရမ်းကို တော်တယ်…။
ချီးကျူးတယ်ဗျာ။
အားပေးစောင့်ဖတ်နေပါမယ်။