Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ် ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

နွယ်ပင်November 26, 20101min52021

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“စနေနေ့ ကလေ ဗမာစစ်သားက ကောင်မလေးကို ဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက်စလုံးကို သေနတ်နဲ့ ပစ်တော့ ပွဲချင်းပြီးသေတာ။ ကောင်မလေးကို ဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်း ကောင်မလေးက ထွက်ပြေးပြီး ရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့ သွား တိုင်တယ်” – ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏ အိမ်ပေါ် ညအချိန် အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လို) ဖြစ်သူအား အဓမ္မပြုကျင့်ရန် ကြံစည်စဉ် ဖခင်က ဝင်တားရာ ဖခင်အား ဦးစွာပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီး ချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

“အခု အဲ့ဒီ့ကလေးမ ရွာမှာရှိတဲ့ သူ့ အဒေါ်အိမ်မှာဘဲရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ တပ်ဘက်သတင်း အရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့ သူ့ကို သတ်ပစ်လိုက်ပြီ လို့လဲ ဆိုပြီး နအဖတပ်ကအရပ်ထဲ သတင်း လွှင့်ထားတယ်” – အမည်မဖေါ်လိုသည့် လင်းခေးဈေးသည်တဦးက ပြောပါသည်။

နိုဝင်ဘာ ၂၂ ရက်တွင် (ယခင်လင်းခေးဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူးချုပ် တင်ရွှေက သတင်းမပေါက်ကြားရန် နစ်နာကြေးနှင့် အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂ ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူရွာသားများ လင်းခေး ဈေးဆင်းဝယ်မှုကိုလည်း ပိတ်ပင် တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက ပြောပြသည်။

မိန်းခလေး၏ ကျန်းမာရေးနှင့် ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန်တဦးနှင့် ဆက်သွယ်မေးမြန်းရာ တစုံတရာမှတ်ချက် ပေးပိုင်ခွင့်မရှိဟု ဆိုကာ ဖုန်းချသွားခဲ့ပါသည်။

အဆိုပါကလေးမ၏ မိဘနှစ်ပါးရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း မိဘအတွက် ရက်လည်ဆွမ်းသွတ်ရန် ဆေးရုံမှဆင်းကာ ဆွေမျိုးများထံ သွားရောက် ခိုလှုံနေကြောင်း နီးစပ်သည့်အသိုင်းဝိုင်းက ပြောပြပါသည်။

အခုဖြစ်စဉ်သည် နိုဝင်ဘာ ရ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်း ကျင့်မှုဖြစ်သည်။

ငွန်ငယ်မိုး ” မှကူးယူဖော်ပြထားပါသည် ။ သတင်း…ဒီမိုဝေယံ..။

21 comments

  • eros

    November 26, 2010 at 6:59 am

    မိုက်ရိုင်းလိုက်တာကွာ။ လူမှဟုတ်ရဲ့ လား။ မိဘကိုသေနတ်နဲ့ ပစ်သတ်ပြီးမှ မုဒိမ်းကျင့်တတ်တယ်ဆိုတော့စိတ်မနှံ့ တာမဖြစ်နိုင်ဘူး။

  • yaunglone

    November 26, 2010 at 7:16 am

    ကြားရတဲ့ သတင်းတွေကတော့ မကြားဝံ့စရာတွေ ကြည့်ပါလားနော် တော်တော် မိုက်ရိုင်းကြတဲ့ လူတွေပါလား။ အဝီစီ ရောက်မှာ မကြောက်ဘူးထင်တယ်နော်။ အဲဒီစစ်သားက စိတ်မနှံ့ သတ်ပစ်လိုက်ပြီ ဆိုတာကတော့ သတင်းကို မပေါက်ကြားစေချင်လို့ လုပ်တယ်ဆိုတာ အသိအသာကြီးနော် ။

  • etone

    November 26, 2010 at 8:42 am

    စစ်တပ်ကဟာတွေ အကုန်လုံးကုန်းကုန်းလုပ်ထားမှကောင်းမယ် ။
    ဘာစိတ်မနှံ့တာလဲ အမှားလုပ်တော့အရူးတဲ့..
    ဟွန်း…. အရူးမှ တဏှာရူးအစစ် ၊ အရူးပါး ။ ဒီလောက်ငတ်ပြတ်နေရင်လဲ အခပေးပျော်ပါးလို့ရတဲ့အမျိုးသမီးတွေရှိပါတယ် ။ ပိုက်ဆံမရှိလည်း အကြွေးညှိကြည့်ပေါ့ … ။ အလကားကောင်တွေ အားအားရှိ အမျိုးကောင်းသမီးတွေကိုပဲ လိုက်ပြစ်မှားနေတယ် ။

  • ဆူး

    November 26, 2010 at 9:37 am

    မိန်းခလေး တော်တော် ဝဋ်ကြီးတာဘဲ.. သနားပါတယ်။ မိန်းကလေး အခု တော်တော် စိတ်ညစ်နေမှာဘဲ. အရူးတပိုင်းများ ဖြစ်နေမလား.. အသက် ၁၆နှစ်ဆိုတော့.. အတွေးအခေါ်နဲ့ ဘဝ အတွေ့အကြုံ နုသေးတယ်။ အရွယ်ကောင်းလေး မိဘလည်း မရှိတော့ဘူး.. အားကိုးရတဲ့ ဦးလေး အဒေါ်ကလည်း ကြင်နာ သနားစိတ်နဲ့ မညိုမညင် အမြဲ စောင့်ရှောက်နိုင်ပါစေ။

  • Danny

    November 26, 2010 at 9:44 am

    စစ်သားတွေများ အမမှန်ရင် ခွေးမတောင်မချန်တဲ့ကောင်တွေ … သူတို့ တပ်ချုပ်ကြီး အချိုးအတိုင်းပဲ။

  • kooo

    November 26, 2010 at 11:18 am

    စိတ်မနှံတဲ့ အရူးလို့ပြောတိုင်း………ခွင့်လွတ်လို့ရမှာလား
    သူတို့သမီးတွေကို အဲလိုလုပ်ပြပြီး …..သူတို့ကိုပြချင်တယ်ဗျာ….
    တော်တော်အရသာရှိမှာဘဲ……
    ကောင်မတွေကတောင့်တောင့်ဖြောင့်ဖြောင့်တွေ……..
    လက်စားချေခြင်ရင် ……နမူနာလုပ်ပြလိုက်ကြ….ဟားဟား…..ဟား…
    ဒါမှမဟုတ်ရင် အဝှာလေးကို ဖြတ်လိုက်ကြ…

  • သီဟ

    November 26, 2010 at 12:02 pm

    လုပ်တုံးကတော့လုပ်ချင်တာတွေလုပ်တယ် ပြီးမှစိတ်မနှံ့ဘူးတဲ့

  • paukpauk

    November 26, 2010 at 1:15 pm

    အမောင်စစ်သည်ရေ….
    တောက်!!!

  • viruskyee

    November 27, 2010 at 5:23 am

    ဒီ သတင်း အမှန်သာဆိုရင် မိုက်ရိုင်းယုတ်မာလွန်းတယ်….ကိုယ့်ညီမလေး ကိုယ့်မိသားစုသာဆိုရင်ဆိုပြီး ကိုယ်ချင်းစာမိလေ အဲဒီအကောင်တွေကို သတ်ပစ်ချင်လေပဲ….ေXွးမသားတွေ !!!!!!!!!!!!!

  • နီလေး

    November 27, 2010 at 9:56 am

    နှမချင်းကိုယ်ချင်းမစာဘူးနော် တော်တော်ယုတ်မာတယ် ဝတ်ပြန်လည်မှာပါ

  • cobra

    November 27, 2010 at 2:54 pm

    ရွံဖို့ကေင်းလိုက်တဲ့ကောင်တွေ…စောက်ရမ်းလည်းရှက်ဖို့ကောင်းပါတယ်ကွာ…။

  • thans for website

    November 28, 2010 at 2:52 am

    ကျွှန်တော်တို့ရှမ်းပြည်မှာ အစ်ုးရစစ်သားတွေ အနိုင်ကျင့်တဲ့ကိတ်စတွေဖြစ်နေတာ ခေတ်အဆက်ဆက်ပါဘဲ ပေါတာနဲ့မပေါ်တာဘဲ ကွာမယ် တိုင်းရင်းသားသတင်းငှာနတွေ ပေါ်လာတာ ကောင်းပါတယ် တောင်ပေါ်သားတစ်ယောက်က စစ်သားတွေက်ု မုန်းတာထက် ပ်ုတဲ့ ခံစားမှုမျိုး ကျွှန်တောလည်းခံစားရပါတယ် ချောဆွဲ ပေါ်တာဆွဲ သေနတ်နဲ့အချိန်ခံရတာ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးရတာ မဆန်းပေမယ့် မတရားခံရတာတော့ လက်နက်နဲ့ပြန်တိုက်တာအမှန်ဆုံးပါ

  • khinmintatthu

    November 28, 2010 at 8:29 am

    တော်တော်ရုပ်ဆိုးတာပဲ….

  • sayargyi

    November 28, 2010 at 2:50 pm

    ဖြစ်နှိင်ပါတယ် စိတ်မနှံတဲ့သူတွေလက်ထဲအာဏာနဲ့လက်နက်ရောက်သွားရင် သူတို့ယုတ်မာချင်သလိုယုတ်မာတော့တာဘဲ…
    ဒါ ကျွန်တော်ပြောတာမဟုတ်ဘူးနော်…ဒီပို့စ် အရပြောတာပါ

  • etone

    November 29, 2010 at 3:51 am

    ဟိတ် သိပ်မပြောကြနဲ့ဦး တော်ကြာ ဒီအကျင့်မကောင်းတဲ့စစ်သားကို အားလုံးက ဝိုင်းပြောတာကို တို့ရွာသားတွေ ဝိုင်းဆော်တယ်လို့ ဒီဇင်ဘာလ သုံးသပ်ချက်ကြရင်ထပ်ပါနေဦးမယ် ။

  • OQ23

    May 8, 2011 at 3:43 pm

    ယခုတင်ပြထားသောသတင်းကဟုတ်သည်ဖြစ်စေ၊
    မဟုတ်သည်ဖြစ်စေမဖြင်သင့်သောအရာလို့ပဲထင်သည်။
    ဖြစ်တတ်ပါသည်စစ်သားအများစုကရောက်ရာအရပ်ဒေသတွင်
    မျိူးစေ့ချတတ်သည်။မုဒိန်းကျင့်တာဗမာစစ်သားတော့မဖြစ်နိူင်ဘူး။
    တခြားတိုင်းရင်းသားတွေထဲကဖြစ်ဖို့များပါသည်။မဖွံ့ဖြိုးသေးသော
    အရပ်ဒေသများတွင်ဒီလိုအဖြစ်ကဖြစ်လေ့ဖြစ်ထရှိသောအရာတွေပါပဲ
    ဘယ်သူတဦးတယောက်ကိုမှအပြစ်မမြင်ချင်ပေမဲ့တာဝန်ရှိသောလူများ
    ကအသေအချာကြပ်မတ်ပေးဖို့ပြောချင်ပါသည်။

  • nature

    May 8, 2011 at 4:05 pm

    အရူးကတမူးသာတဲ့။အဲဒီစကားပုံကိုပြောင်းရမလိုဖြစ်နေပြီ၊ -အရူးကလူသတ်လက်မှတ်ရ -လို့၊ ရူးနေရင်လည်းအရူးထောင်ထဲမှာပဲထားပေါ့၊ ကောင်းလို့ပြန်လွှတ်လိုက်ရင်ရူးတယ်လို့ မဆိုနိုင်ဘူး။

  • manawphyulay

    May 9, 2011 at 3:41 am

    မိုက်ရိုင်းတဲ့သူတွေ ဘယ်လောက်တောင် များပြားလာနေပြီလဲ။ တဖြည်းဖြည်းနဲ့ လူတွေ စရိုက်၊ ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြတာ နေရာတိုင်းမှာ ဖြစ်လာသလိုပါပဲ။ ဒီလိုကောင်ကို သတ်ပစ်တာ ပိုကောင်းတယ်။ သမီးနာမည်မထည့်ပဲနဲ့ မိဘနာမည်ကျတော့ ထည့်တာ ကောင်းပါ့မလား….

  • susunosuki

    May 9, 2011 at 6:17 am

    ဒီလိုကိစ္စတွေက မဖွံဖြိုးသေးတဲ့နိုင်ငံတိုင်းမှာ ဖြစ်နေကျပါပဲ။ တို်င်းပြည်ချစ်သူကလည်းတပ်ထဲဝင်တယ်။ ကလေကချေကလည်းတပ်ထဲဝင်တယ်။ အချိန်တန်တော့လက်ထဲကို သေနတ်ကိုယ်စီရောက်လာတော့ သံမဏိစည်းကမ်းနဲ့ စစ်သားပဲဖြစ်ဖြစ် နဂိုစိတ်ဝင်းမာန်တက်လာတယ်။

    အားနည်းသူကို အနို်င်ကျင့်တက်လာတယ်။ တစ်ယောက်ကမှားလို့ ဘေးကဝို်င်းထိန်းရင် ပြဿနာမရှိပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်တာများနေတော့ ဖြစ်နေကျကိစ္စတစ်ခုလို သဘောထားသွားကြတယ်။ ဒါမှ တကယ့်ပြဿနာ။

    တရားခံကို အတိအကျသိရရင်တော့ မီဒီယာကိုပဲအားကိုးပြီး ရှင်းရမှာပဲ။

  • paukpauk

    May 9, 2011 at 1:28 pm

    (သတင်းမှန်ကန်တယ်ဆိုရင်ဆို တဲ့ခံစားချက်ပေါ်မူတည်ပြီးပြောတာပါ။)
    ပိုက်ဆံလာပေးတယ်ဆိုတဲ့ တင်ရွှေဆိုတဲ့ ဗိုလ်မှူးချုပ် ဆိုတဲ့ သကောင့်သား သတင်းထိန်ချန် လူမိုက်အားပေးကိုကော ဘာမှ Action မယူဘူးပေါ့။
    လူမဆန်တဲ့ကောင်တွေ။
    ဘာမှ အပြစ်ဆိုတာ ပေးရမယ်မသိတော့ ဒီလိုဖြစ်နေကြတာ။
    ခွေးတောင် အဲဒီလိုမလုပ်ဘူးကွ။

  • paukpauk

    May 9, 2011 at 1:33 pm

    တရားခံကို ပစ်သတ်လို့ရတယ်ပေါ့လေ။
    စနစ်တကျ ပြစ်ဒါဏ်ပေးလိုက်ရင် ကျန်တဲ့သူတွေ
    ဒီလို အောင်တန်းစားအကျင့်တွေ ဆက်ပြီး မလုပ်ရဲတော့မှာစိုးလို့လား။

Leave a Reply