တစ်နှစ်စာအလွမ်း

naywoon niNovember 30, 20101min32314

မနှစ်က 2009 နိုဝင်ဘာလကုန်ရက်..။ နေဝန်းနီတို့ ဘာလုပ်နေတာတယ်ထင်သလဲ။ အွန်လိုင်းပေါ်တက်ချင်လွန်းလို့
ကီးဘုတ်ပေါ်မှာစာရိုက်လေ့ကျင့်နေရတုန်း။ ကွန်ပြူတာဆိုတာကိုလည်း တွေ့သာတွေ့ဖူးတာ ။ ခလုပ်တစ်ချက်မှမနှိပ်ဖူးဘူး..။
ဒီလိုနဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက် ကအွန်လိုင်းပေါ်ကအကြောင်းလေးတွေကို စိတ်ဝင်စားအောင် ပြောပြောနေတော့ ကျွန်တော်လည်းအားကျမခံ အရင်က ဖတ်ထားဖူးတဲ့ ကွန်ပြူတာအကြောင်းလေးတွေ စာအုပ်လေးတွေ ပြန်ရှာပြီး သိလိုရာရာလေးတွေ မေးလို့ ………။ဒီလိုနဲ့အသက်လေးဆယ်ပြည့်မဲ့အချိန်နဲ့ အင်တာနက်သင်တန်းပေးတဲ့ ရက်နဲ့သွားတိုက်ဆိုင်နေလေတော့ နေဝန်းနီရဲ့ဘဝကိုအဲဒိမှာ စခဲ့လိုက်တာပေါ့။ ခင်ဗျားတို့ ပြောဖူးမှာပေါ့။ ဒါမှမဟုတ်ကြားဖူးနေ မှာပေါ့။ ဘာတဲ့ “အသက်လေးဆယ်ပြည့်မှ ဘဝစတယ်” ဆိုတာလေး ဟေးဟေး ။

သင်တန်းရောက်တော့ဘာသင်သလဲမမေးနဲ့။ ဘာမှမသင်ပါဘူး။ ပြောထားတယ်လေ။ နက်ပေါ်ကစာအုပ်ဝက်ဆိုဒ်တွေ အကြောင်းသိရရင်တော်ပြီလို့ ။ဒါပဲ ။ဒီလိုနဲ့ စာရိုက်တာပြန်ကျင့်ပေါ့..။ ပြန်ကျင့်ပေါ့ဆိုတာက အရင်ရုံးတစ်ရုံးမှာလုပ်ခဲ့တုန်းက လက်နှိပ်စက်ကို ကျွမ်းကျင်အဆင့်မဟုတ်ပေမဲ့ တန်းဝင်အောင်တော့ရိုက်တတ်ခဲ့တယ်လေ။ ကီးဘုတ်ပေါ်ကခလုပ်တွေကြည့်ပြီး အဟဲ ဘာခက်တာလိုက်လို့ပေါ့။ ရတယ်။တစ်ကယ်တမ်းလိုက်လုပ်ကြည့်တော့မှ စာရိုက်တဲ့ပုံစံက ပြောင်းပြန်ဖြစ်နေတာ အဟီး ရပါတယ် သင်တန်းချိန်စာရိုက်တာပဲကျင့်ပေါ့။ ဘာဖြစ်လဲနော့။ ဒီလိုနဲ့ ယောင်ဝါးဝါးအကောင့်လေးတစ်ခုရ ။လိုင်းပေါ်တက်။ အကောင့်လေးဖွင့် ။ ဟိုဟိုဒိဒီအကောင့်လေးတွေလိုက်တောင်း အင်ဗိုက်လုပ် ဒီဇင်ဘာလသာကုန်ရော သူငယ်ချင်းဆိုလို့ တစ်ယောက်မှမရှိ။ ဒီတော့ကျွန်တော့သူငယ်ချင်းလုပ်တဲ့သူကဘာပြောသလဲဆိုတော့ MCO ကနေသူငယ်ချင်းရှာတဲ့ အဲဒါနဲ့သူပြောတဲ့ဝက်ဆိုဒ်ကိုဝင် တော်တော်နဲ့မှတ်ပုံတင်လို့မရ ။(အ,တာကိုလူသိအောင်ပြောလိုက်ဦးမယ်) ။ဒီလိုနဲ့လုပ်ပေးထားတဲ့ အကောင့်လေးပျောက်သွားပါရောလား။ ဘာလို့လဲ သင်န်းပေးတဲ့သူက လွယ်ကူတဲ့ ဂလက်ဇီ ဒေါ့ကွန်းကနေ အကောင့်လုပ်ပေးခဲ့တာကိုး။ ဒါနဲ့ဆိုင်မှာသောင်တင်နေတော့ ဆိုင်ကကလေးတစ်ယောက်က အခု နေဝန်းနီ အကောင့်လေး ထုတ်ပေးရှာတယ်။ သနားလို့နဲ့တူရဲ့။ ဒီလိုနဲ့ စောစောက ဝက်ဆိုဒ်မှာ ကလေးတွေနဲ့ရောပြီး ကြာပေါ လုပ်နေလိုက်တာ သူငယ်ချင်းတွေလည်းရပါတယ်။ ပထမဆုံးရလိုက်တဲ့သူငယ်ချင်းက ခုထိ သူ့ဆီမသိတာ မေးနေရတုန်း။ နက်ဆိုင်မှာထိုင်တာဆိုတော့ ဘယ်အချိန်သွားသွားတွေ့နေတာ။ တောင်ကြီးကတဲ့ ။
သူကတတိယဆရာမ။ ဒုတိယဆရာမက မန္တလေးက ။ မြန်မာဖင်မလီမှာတွေ့တာ။ သူငယ်ချင်းရှာတာထက် စကားပြောရင်း ကျွန်တော်က ကိုယ့်အကြောင်းကို အမှန်အတိုင်းပဲပြောပြတော့ သူတို့ပိုပြီးခင်တယ်နဲ့တူပါရဲ့။ အသက်ကိုလည်းလျော့မပြောခဲ့ပါဘူး။ ခုချိန်ထိ လိုင်းပြောမှာတွေ့ခဲ့တဲ့သူတွေ အားလုံးကို အသက်အမှန်အတိုင်းပဲ ပြောခဲ့တာပဲ။ တစ်ချို့ကအဲ့ဒိလိုမဟုတ်ဘူးလေ။ သူရို့က စကတည်းက ရိုးသားမှုမှ မရှိတာ။ ဟိုဟိုဒီဒီအီစကလီ ချင်တာ ။ကျွန်တော်ဒီလိုလိုင်းပေါ်တက်လာတာကိုက ဒါတွေက အဓိက မဟုတ်ဘူး။ ဒီပေါ်မှာတင်ထားထားတဲ့စာတွေဖတ်မယ် ။ ပြီးရင် အရင်ကထဲက ဝါသနာပါခဲ့တဲ့အတိုင်း စာရေးမယ် ဒါပဲ။
နောက်တော့ ဝက်ဆိုဒ် ပေါင်းစုံမှာ နေဝန်းနီ မရှိတဲ့ဝက်ဆိုဒ်ရယ်လို့ မရှိတော့ဘူး။ အကုန်ရောက်တာပဲ။ ဖရင့်ဆိုတာတွေလည်းပေါမှပေါ ။အဲ ဘာလဲ ရည်းစားလား ဘယ်နေလိမ့်မလဲ ရှိဖူးတာပေါ့ ။အွန်လိုင်းပေါ်မှာလေ။ ဟားဟား အဲဒါတွေနဲ့ 2010 ဧပြီလ ကုန်အထိအချိန်ကုန်နေတာ။ အဲအဲဒါတွေသာပြောနေတာ။ အဲဒိအချိန်ထိ ဒေါင်းလုပ် မဆွဲတတ်သေးဘူး။ naing.com မှာweb.page လေးတစ်ခုလုပ်သေးတယ်။ နောက် ငွေမသွင်းနိုင်တော့ပျောက်။ တော်တော်စိတ်လေသွားတယ်။ နောက်မာတီ မလုပ်တ်တ်လုပ်တတ်နဲ့လက်တည့်စမ်း ပြီးတော့ဟောဒိရွာကလေးကို ရောက်လာတော့တာပဲ။ ဒီကိုရောက်တော့ကော ကွန်မန့်ရေးတာက လွဲလို့ ပိုစ့်မတင်တတ်။ ဟိုလျှောက်နှိပ် ဒီလျှောက်နှိပ်နဲ့ မန္တလေးဂဇက်တက်ဟာ ကျွန်တော်လက်တည့်စမ်းတာကို တော်တော်ခံရပါတယ်။ ဒါတောင်အဆင်ပြေပြီလား ဆိုတော့မပြေသေးဘူး။ မင်ဘာတွေနဲ့ အက်ဒမင် ကိုယ်တိုင် ကော်မန့်ပေးပြီး ဩဘာပေးခြင်းခံလိုက်ရပါတယ်။ ကျွန်တော်တစ်ကယ့်ကို နားမလည်တာပါ။ ဒီလိုသင်ပြပေးတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ် ။ဆရာအဖြစ်လည်း သတ်မှတ်ပါတယ်။ စာလုံးတွေကြားမှာ စပေ့ ခြားပေးရတယ်ဆိုတာ ဒီနေ့မှသဘောပေါက်တာပါ။ ဒီလိုပဲ လိုင်းပေါ်ကတွေ့တဲ့သူတွေက တစ်ယောက်တစ်မျိုးစီ သင်ပေးကြတာနဲ့ပဲ ကျေနပ်နေရတာပါပဲ။ တွေ့တဲ့သူတိုင်း ဝင်ခဲ့တဲ့ဝက်ဆိုဒ်တိုင်းဟာ ကျွန်တော့ ဆရာတွေဖြစ်နေခဲ့တာ ခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ ။ အားလုံးကိုကျေးဇူးတင်ရမဲ့ သူတွေချည့်ပါပဲ။ နောက်လည်း ဒီလို ကျေးဇူးတင်စရာ သင်ဆရာ မြင်ဆရာ ကြားဆရာတွေ ကြားမှာပဲ နေဝန်းနီ တစ်ယောက် ပျော်ရွှင်စွာ ဖြတ်သန်းလိုပါတယ်။

14 comments

  • weiwei

    November 30, 2010 at 12:58 pm

    အခုမှပဲ ဖတ်လို့အဆင်ပြေသွားတော့တယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 30, 2010 at 3:00 pm

    အိမ်းအိမ်းအိမ်း
    ခုလို ဆရာ့ကျေးဇူးကို သိတတ်တာ ကောင်းသကွယ် တပည့်ကြီး ကြီးပွားချမ်းသာဦးတော့မှာဘဲ
    ( ကန်တော့နော် အရကား ကိုယ့်အတိုကြီးကို ချစ်ရို ့စတာ 🙂 )

  • kopauk mandalay

    November 30, 2010 at 3:36 pm

    ဒီအတွက်စိတ်မပျက်ပါနဲ့ ကိုနေဝန်းနီ
    ကျနော်လဲ အသက်က သချင်္ိုင်းထဲ ခြေတစ်ဖက်ရောက်နေတာတောင် ခုခေတ်ကလေးတွေသင်ပေးတာကို ခွေးအိုကြီးလက်ပေးသင်သလို အသင်ခံနေရတုန်းပါဗျာ။
    ခုခေတ်ကလေးတွေကတော်ကြတယ်ဗျာ။
    ပညာတွေလဲ အကုန်တတ် ကျနော်တို့ အသက်သုံးဆယ်လောက်အရောက်မှာ စာတွေဖတ်ကောင်းတုန်း အိမ်ထောင်တာဝန်ဆိုတာကြီးကို ထမ်းဘို့လုပ်နေတုန်း ထမင်းစားဘို့ကြိုးစားနေတုန်းဗျာ။(အခုခေတ်ကလေးတွေက တရားဘာဝနာစီးဖြန်းလို့ ကမ္မဌာန်းတရားတွေကိုတောင် သူများကိုတောင်တရားတွေ ပြန်သင်ပေးနိုင်နေပြီဘုရားတရားလုပ်ဘို့ နားချနေနိုင် သတိပေးနိုင်နေပြီ)
    မိဘက ပညာသင်ပေးနိုင်ရုံကလွဲလို့ အမွေအနှစ်ချန်မထားနို်င် လုပ်ငန်းထူထောင်မပေးနိုင်တော့ သူများအလုပ်ဝင်လုပ်ရတာပေါ့ဗျာ။အခုထိလဲ သူများဆီမှာအလုပ်လုပ်နေရတုန်းပါဘဲ။အရင်းအနှီးမှ မရှိတာကိုးဗျ။ ညံ့တယ်လိုဘဲ ဆိုပါတော့ ဗျာ။
    အခုခေတ်ကလေးများက သူများဆီအလုပ်လုပ်ရတာကို အောက်ကျနောက်ကျနို်င်တယ် သူများ ဩဇာခံရတယ် (ခပ်ရိုင်းရိုင်းပြောရရင် သူများကျွန်ခံရတယ်ပေါ့ဗျာ)။
    ဒါပေမယ့် ကျနော်ကတော့ အခုအချိန်ထိသင်ယူနေတုန်းပါဗျာ။
    အခုဒီအင်တာနက်လဲ အတူူတူပါဘဲ။ သင်တန်းသွားတက်ဘို့ သင်တန်းကြေး မတတ်နိုင်ဘူးဗျာ။
    သူများလခစားဆိုတော့ လည်း ပိုက်ဆံအပိုအကုန်မခံနိုင်ဘူးလေ။ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူဆိုရင်တော့ ကိုယ့်ပိုက်ဆံ ကိုယ်ကြိုက်သလိုသုံးနိုင်တယ်(သခင်ကိုးဗျ)။အဲတော့ အလုပ်ထဲက အင်တာနက်တတ်တဲ့ကလေးကို ချော့ပြီး သင်ခို်င်းရတာပေါ့။ ဂျီတော့ဘယ်လိုဝင်ရတယ်။အကောင့်ကတော့ တစ်ခုကို 200ကျပ်ပေးရင် ဆိုင်တွေက ဖွင့်ပေးတယ်လေ။
    နောက်တစ်ယောက်က တော့ မေးလ်ဖွင့်တာ ပို့တာသင်ပေးတယ်။
    နောက်တစ်ယောက်ကတော့ စာရေးချင်တယ်လို့ပြောတော့ အသင်းဝင်မှရေးလို့ရတယ်ပြောတော့ အသင်းဝင်ဘို့အတွက် အကူအညီတောင်းရပြန်ပါတယ်။ ပြန်စဉ်းစားကြည့်ရင် အသက်50ရောက်မှ အရူးထတယ်လို့ပြောရင်ခံရမှာဘဲ။နောက်တော့ အသင်းဝင်လို့ ရပြန်တော့ စာတွေရေးဖြစ်သွားပါတယ်။နောက်တော့ ဖတ်တဲ့လူတစ်ချို့က ကော်မင်းတွေပေးပြီးအားပေးကြတော့ ဆက်ရေးဖြစ်သွားပါတယ်။အခုတော့ လက်ဖက်ရည်သောက်မယ့်ပိုက်ဆံကို အင်တာနက်ဆိုင်မှာထိုင်ဘို့အတွက် အကုန်ခံလိုက်ပါတယ်။
    ဒါတောင် အိမ်နားက ဆိုင်မှာက တစ်နာရီ 300ဆိုတော့ တစ်ရက်ကို 2နာရီလောက်တော့ ကုတ်ကပ်ပြီးထိုင်ဖြစ်ပါတယ်။အိမ်ထောင်သယ်ဆို်တော့လဲ ထမင်းစားဘို့ ချန်ရသေးတာကိုးဗျ။
    အလုပ်ထဲမှာရှိတဲ့ အင်တာနက်ကို အလုပ်အားတုန်းလေးထိုင်မယ်ဆိုရင်လဲ သူများဝန်ထမ်းလခစားဆိုတော့ ပိုင်ရှင်မျက်နှာကို ကြည့်ရသေးတယ်။သူက ခိုင်းစရာမရှိဘူးဆိုမှ နောက်လျှပ်စစ်မီးလဲ လာမှ ဖွင့်သုံးရဲတာဗျ။နောက်သူကဆိုင်ပိတ်တော့ဆိုပြန်ရင်လဲ ကိုယ်နဲ့စကားပြောတဲ့သူနေ ဘယ်လောက်ဘဲပြောလို့ ကောင်းနေနေ စက်ပိတ်လိုက်ရပြတာပါဘဲ။
    သူများလို ကိုယ်အိမ်မှာကိုယ်အင်တာနက်တတ်နိုင်လောက်အောင်လဲ စီးပွားရေးက မပြည့်စုံတော့ ဖြစ်သမျှအကြောင်းအကောင်းလို့ ဘဲအောက်မေ့လိုက်ပါတယ်။
    ရှေးအဖိုးကြိးလဲဖြစ် မန်းလေးကတောသားလဲဖြစ်ပြန်ဆိုတော့ အရေးအကြောင်းဆို ရင် ကို်ယ်ခေတ်က သီချင်းလေးတွေကိုဘဲ သတိရမိလိုက်တာပါဘဲ သီချင်းကတော့ မန်းလေးသား ရွှေမန်းတင်မောင် ဆိုခဲ့တာပါ ဘယ်သီချင်းထဲကလဲတော့ မသိဘူးစာသားကတော့ တစ်ပိုင်းတစ်ဘဲရပါတယ်။
    (မောင်တင် ဘယ်သူ့ကိုမှ အပြစ်မတင် ကိုယ့်ကိုကိုယ်ပင် သနားလှချည်ရဲ့…………………………….)ပါဘဲဗျာ။
    ကြု့လို့ ကော်မင်းဝင်ပေးတာက ပိုစ်တပုစ်စာလောက်ဖြစ်သွားတယ်။
    စိတ်တော့ မရှိပါနဲ့ ကျနော်က လူကသာ တယ်အသုံးမကျတာ စကားပြောရင်ဖြစ်ဖြစ်စာရေးရင်ဖြစ်ဖြစ်လေကြောက တယ်ရှည်သကိုးဗျာ။
    အကျင့်ဆိုးကို မဖျောက်နိုင်တာတော့ မတတ်နို်င်ဘူးဗျာ။

  • weiwei

    November 30, 2010 at 4:30 pm

    ကိုခိုင့်ကို သနားပြီး ပွိုင့်တိုးပေးအောင် ရေးနေတာလားမသိဘူး …

  • kai

    November 30, 2010 at 11:26 pm

    သူ့တော့ မပေးနိုင်ပါဘူး..။ ကိုနီရေးတဲ့စာတွေကို အရင်ထဲက ကြုံတိုင်းဝင်ပြင်ပြင်ပေးနေရတာ .. သူ့မှာ အလိုလို ..ကွန်ပြူတာကလုပ်နေတယ်များ ထင်သလားမသိ..။
    အလျှော်တောင် ပြန်တောင်းမလို့..။ 🙂

    • weiwei

      December 1, 2010 at 3:18 am

      ကိုပေါက်ကိုပြောတာ ကိုခိုင်ရ … ညည်းပြထားလို့ …

  • ဆူး

    December 1, 2010 at 2:30 am

    အိမ်မှာတော့ အီးမေးဆိုတာလေး လုပ်ထားတာ ကြာပေါ့.. အင်တာနက် သုံးလို့ရတယ်ဆိုတာ ၂၀၀၅ မှ သိတာ.. အဲဒီတော့ စပြီး အင်တာနက်သုံး.. ဟိုမေး ဒီမေး ဟိုနိပ် ဒီနိပ်.. ဝင်ရင်းနဲ့ တက်သွားတာဘဲ..

  • bigcat

    December 1, 2010 at 6:38 am

    တိုက်ဆိုင်လိုက်တာ ဦးနီရယ်။ ဦးနီအသက်လေးဆယ်ပြည့်တဲ့နေ့ပဲ သားလည်း၁၆နှစ်ပြည့်သွားတယ်။ အခုဆိုသားမှာ ဦးဦးဒေါ်ဒေါ် ကိုကိုမမ သူငယ်ချင်းတွေ အများကြီးရနေပြီ။ ပျော်လိုက်တာ။

  • weiwei

    December 1, 2010 at 6:41 am

    ဪ .. ကိုကြောင်ကြီးရဲ့ သားတောင် ၁၆ နှစ်ကျော်ပြီပေါ့ … 🙂

  • naywoonni

    December 1, 2010 at 8:42 am

    အင်း.. ဝိုင်းပြီးဩဘာပေးလိုက်ကြတာ တားတားလေးကို သိပ်ချစ်ကြတယ်ထင့်ပါ့..။
    ငယ်ငယ်တုန်းက သီချင်းလေးတစ်ပုဒ် အမှတ်ရသဗျ ဘာတဲ့” အဖေရယ် အမေရယ် အကိုရယ် မောင်ရယ် ဘိုးရယ် ဖွားရယ် သားသားလေးကိုသိပ်ချစ်ကြပါတယ် သားသားလှလို့လား ဝါး” ဆိုးတာလေးလေ ကိုပေါက်တော့ကောင်းကောင်း မှတ်မိလောက်တယ် မို့လား ကိုkai ရေ.. အလျောတောင်းမှာဆိုလဲ ခုထဲကနှုတ်ထားနော် နောက်ကျမှ နှုတ်ရင်တော့ ရဝူး ရဝူး ဒါပဲ
    ဟုတ်တယ်ဗျ ခုမှ စာရိုက်ရတာအဆင်ပြေလာတယ် တစ်နှစ်ပြည့်မှ ဆရာ နောက်တိုးက (နောက်မှထပ်တိုးတဲ့ ဆရာမို့ ပါ)ငေါက်သင်လို့ စောစောက ဒီလိုဆရာမျိုးနဲ့ တွေ့ရင် ………….

  • kopauk mandalay

    December 1, 2010 at 11:44 am

    (ကိုပေါက်ကိုပြောတာ ကိုခိုင်ရ … ညည်းပြထားလို့ …)
    မဝေရေ ညည်းပြထားတာမဟုတ်ဘူးဗျ။
    စာရှည်ရှည်ရေးရင်ဖတ်ရတာပျင်းတယ်ဆိုသူများအတွက် ပါ အားလို့လာရေးနေတယ်ထင်မှာစိုးလို့။
    ဖတ်တဲ့သူက ပိုက်ဆံပေးပြီးမှ အင်တာနက်မှာစာရေးသူက အချိန်ပိုကုန်တယ်ဆိုတာ သိစေချင်လို့ပါ။
    ဒီစာရေးတယ်ဆိုတာ က စိတ်ထွက်ပေါက် အပန်းဖြေစရာတစ်ခုအနေနဲ့ရေးတာပါ။
    ဒီမန်းလေးဂေဇက်ဆိုက်က ပိုက်ဆံပေးတယ်ဆိုတာအရင်က မသိဘူး။
    ကျနော်ဆီကိုအသင်းဝင်စာရောက်လာလို့ ရေးဖြစ်တာ။
    ဒီမှာမရေးခင်ကတည်း ဘာမှမပေးတဲ့ဆိုက်တွေမှာရေးနေတာ။
    ပိုက်ဆံရလို့ ပိုက်ဆံတိုးပေးအောင်လို့ ညည်းပြီးရေးပြတာမဟုတ်ဘူး။
    လူငယ်များအတွက်အဆင်ပြေလွယ်ကူပေမယ့် အလုပ်တစ်ဖက်နဲ့လူကြီးတွေမှာ ဝါသနာတစ်ခုအတွက် အပင်ပန်းခံပြီးလုပ်တာ။
    စာလေးတပုဒ်ဖြစ်လာဘို့ ဘယ်လိုအခက်အခဲရှိတယ်ဆိုတာကိုသိစေချင်လို့ရေးပြရတာပါ။
    အောက်မှာကျနော်ရေးခဲ့တဲ့စာတွေ နဲ့နေ့စွဲတွေတင်ပြပေးလိုက်ပါတယ်။
    အရင်ဆုံး မြန်မာသူငယ်ချင်းများ ထာဝရမိတ်ဆွေများမှာစရေးတာပါ။
    ပိုက်ဆံပေးတဲ့ မန်းလေးဂေဇက်မှာ(2010 အေပရယ်လ)မှာမှာစရေးဖြစ်တာပါ။

  • kopauk mandalay

    December 1, 2010 at 11:50 am

    ဒီဆိုက်မှာ စိတ်ညစ်စရာကောင်းတာက စာရေးရင်ပိုက်ဆံပေးတော့
    တစ်ခါတစ်လေ အခက်အခဲလေးများပြောမိရင ်ပိုက်ဆံလိုချင်လို့ ပြောတယ်လို့
    အထင်မှားခံရတယ်။
    ပိုက်ဆံလိုချင်ရင် အပြင်မှာ စီးပါွးရေးလုပ်မှာပေါ့ ။
    တပုဒ်လုံးပြီးမှ 80ဘဲရတဲ့အလုပ်ဘယ်လာလုပ်မလဲဗျာ။
    ကိုယ်သ်ိတာ မြင်တာလေးကို မျှဝေချင်လို့ စာရေးနေတာပါ။

  • weiwei

    December 1, 2010 at 11:52 am

    နားလည်ပါတယ် ကိုပေါက်ရယ် …
    ဒီမှာ စာရေးရတာ ပိုက်ဆံရတာ မရတာနောက်ထား အချိန်က အရင်ကုန်သွားတာပဲ … ကိုပေါက်က ဈေးနှုန်းတွေ အသေးစိတ်တွက်ပြထားလို့ စချင်စိတ်နဲ့ ပြောလိုက်တာပါ … ကိုပေါက်ကတောင် လက်ဖက်ရည်ဖိုးကို မသုံးပဲ အင်တာနက်ဆိုင်ထိုင်နိုင်သေးလို့ ကျွန်မထက် အခြေအနေ ကောင်းပါသေးတယ်… ပြောပြလိုက်ရင် အကုန်သနားကုန်မှာစိုးလို့ မပြောတော့ပါဘူး … ကျွန်မ စာရေးတာတွေ မတွေ့တော့ရင် အင်တာနက်ဖိုးတောင် မတတ်နိုင်လို့လို့ သာ မှတ်လိုက်ကြပါတော့ ..

  • naywoonni

    December 1, 2010 at 3:02 pm

    ဒီလိုပါပဲ မဝေနဲ့ ကိုပေါက်ရေ
    အရင်က ဝါသနာပိုးကိုပဲ အပြစ်တင်ရမလား နည်းပညာဆိုတာကြီးကိုပဲ…………………ဟင်းးးးးးးးးးပြောတော့ပါဘူး
    ချက်ချင်းကိုရေးထားတာလေးကိုယ်ပြန်ဖတ်လို့ရနေတော့
    ဘယ်သူမှဖတ်ဖတ်မဖတ်ဖတ် ကိုယ့်ဖာသာ ကိုယ်ဖတ်ဆိုသလိုပဲ ဗျ
    ဟီးးးးးးးးဒီလိုဆော့စရာကလည်း ခုမှပေါ်လာတာဆိုတော့ ကြီးတောင့်ကြီးမ တွေနဲ့ ဟီးးးးးးးး
    ပြောရမှာတောင်ရှက်တယ်

Leave a Reply