Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်းအစုံအလင်ပါ-December 08,10

ဂ်စ္စူDecember 8, 20103min3545

အားတော့နာပါတယ်..ဒီပို ့စ်လေးထဲမှာပဲ နောက်ထပ် Latest News လေးတွေ ဖော်ပြခွင့်ပြုပါ။တိုလီမုတ်စ သတင်းများဖြစ်ပါတယ်။ချင့်ချိန်စဉ်းစားပြီး ယုံချင်ယုံ၊မယုံချင်လဲနေကြပါခင်ဗျာ။ယုံပါလို ့လဲ ပြောဘူး၊မယုံနဲ ့လို ့လဲ ပြောချင်ဘူးနော်။ကိုယ့်ဦးနှောက်နဲ ့ကိုယ်၊ကိုယ့်ခံယူချက်နဲ ့ကိုယ်ပါခင်ဗျ၊

1-ဝီကီလိခ် တာဝန်ခံကို လန်ဒန်မှာ ဖမ်းဆီးလိုက်ပြီ

ဆွီဒင်နိုင်ငံက ဖမ်းဝရမ်း ထုတ်ထားတဲ့ ဝီကီလိခ် (WikiLeaks) ဝက်ဘ်ဆိုက် စာမျက်နှာကို တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ကို ဒီကနေ့ ဗြိတိန်နိုင်ငံမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို မုဒိမ်းမှု၊ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်မှုနဲ့ အတင်းအဓမ္မ ဖျားယောင်း သွေးဆောင်မှုတွေအတွက် ဆွီဒင်အစိုးရက အလိုရှိနေတာ ဖြစ်ပါတယ်။ သူကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

အခုလို သူ့ကို ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး သူနဲ့ ဆွေးနွေးနိုင်ဖို့အတွက် ဗြိတိသျှ ရဲတွေနဲ့ ပြောဆိုနေတယ်လို့ ဂျူလီယန် အာဆန်းရှ်ရဲ့ ရှေ့နေက မနေ့က ပြောကြားခဲ့ပါတယ်။

ဆွီဒင်နိုင်ငံကနေ သူ့ကို အမေရိကန်နိုင်ငံကို ပြန်ပို့နိုင်တာမို့ ဒီကိစ္စအတွက် သူ ရင်ဆိုင်ဖြေရှင်းဖို့ လုပ်နေပါတယ်လို့လည်း ရှေ့နေဖြစ်သူက ပြောပါတယ်။

ဝီကီလိခ် ဝက်ဘ်ဆိုက် စာမျက်နှာတွေကနေ အမေရိကန် သံတမန်တွေရဲ့ ထိပ်တန်း လျှို့ဝှက် ဆက်သွယ် ပြောကြားချက်ပေါင်း ၂၅၀,၀၀ဝ လောက် ပေါက်ကြားခဲ့ပါတယ်။

Source:voa-http://www.voanews.com/burmese/news/wikileaks-julian-assange-arrested-111444959.html

1.2-WikiLeaks chief refused bail

WikiLeaks founder Julian Assange was remanded in custody until December 14 by a London court on Tuesday after saying he would fight his extradition to Sweden on suspicion of rape and molestation.

Bangkok Post မှာ ဆက်ဖတ်ပါ

http://www.bangkokpost.com/breakingnews/210141/wikileaks-chief-refused-bail

2.အရေးကြီးတယ် ဆက်ပြီး share ပေးပါ

aungsansukyi.youth@gmail.com add လာပါက
လုံးဝလက်မခံပါနဲ့မိမိတို့အကောင်

့များပျေက်ဆုံးသွားပါလိမ့်မည်..
ခင်ညွန့်အပိုင်း ၃ ဆြိုပီး zip ဖိုင်နဲ့ပို့လာတာဟာ VIRUS ပါ
ကွန်ပျူတာကိုလုံးဝ ပျက်သွားစေပါတယ် လုံးဝဖွင့်မကြည့်ပါနဲ့

3-ဆုံဆည်းရာ၊ ၈ ရက် ဒီဇင်ဘာလ ၂၀၁၀
သတင်း
နံနက်(၈ နာရီ ၃ဝ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃ဝ မှ စစ်သားတွေက နိုဝင်ဘာလ ၃ဝ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇ရ က ရဲဘော် ၆ ဦးရဲ့အလောင်းကို ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် တွေ့ရှိကြောင်းသိရှိရသည်။ နအဖ စစ်တပ်၏ ဖမ်းဆီးပစ်သတ်ခံရသည့် ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် ၆ဦးမှာ စောပီလင်း၊ စောနိုင်းနိုင်း၊ စောအဝင်း၊ စောထူးထူး၊ စောရန်ကုန်နှင့် စောသံခဲတို့ ဖြစ်ကြောင်း သိရှိရသည်။

4-မဲ့ကူကင်းရွာမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ခိုင်း

ဟုတ်ကဲ့ပါခင်ဗျား…“ကူညီတယ်၊ ကယ်ဆယ်တယ်၊ လူသားချင်း စာနာထောက်ထားတယ်” စသဖြင့် လူ့အခွင့်အရေးစာမေးပွဲ ကြီးမှာ အမှတ်ပြည့်နီးပါးရခါနီးတဲ့ ထိုင်းစစ်တပ် အပါအဝင် ထိုင်းပြည်သူ့စစ်၊ ထိုင်းဒေသခံ မြို့စောင့်တပ်ဖွဲ့၊ ထိုင်းအာဏာ ပိုင် အဖွဲ့အများဟာ ငါ့သမီး လေးတော်လှချည့်၊ ယောက်မမြင်း စီးထွက်ဆိုသလို၊ လူအခွင့်အရေးချိုးဖောက်ခဲ့ကြပါပြီ။

ဒီဖြစ်ရပ်ကတော့ မဲ့ကူကင်းရွာ ယာယီကယ်ဆယ်ရေးစခန်းထဲကလက်ရှိ နေထိုင်သူ စစ်ပြေးဒုက္ခသည် ၁၀၀ဝ လောက်ကို ဒီကနေ့ နေ့လည် ၁၂ နာရီမှာ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ညှိနှိုင်းပြီးပြီ၊ ဒါကြောင့် နေရပ်ရင်း ကျေးရွာတွေကို ပြန်လို့ရပြီ ဘာညာနဲ့ ဆက်သွယ်ဖြစ်ကြပုံရပါတယ်။

ဒီလိုနဲ့ပဲ ၁၂ နာရီမှာ မဲခေါင်ကင်းရွာ ကယ်ဆယ်ရေးစခန်းကနေ စစ်ပြေးဒုက္ခသည်တွေ က အထုပ်အပိုးကိုယ်စီနဲ့ သောင်ရင်းဖြစ်ကမ်းနား ၁၀-ဘတ်ဂိတ် ကိုပဲ ဆင်းခါရှိသေး တယ်။ ၁၂း၃ဝ နာရီမှာ ဖလူးလေးရွာဘက်က လက်နက်ကြီးသံတချက်ကြားရပြီး ရေ လယ်ကိုရောက်နေတဲ့ စက်လှေတွေကလည်း အခုပဲ နောက်ပြန်လှည့်ရတော့ မလိုလို၊ ၁၀-ဘတ်ဂိတ် ကူတို့ဆိပ်မှာ ထိုင်းစစ်တပ်ခြံရံပြီး လိုက်ပါလာတဲ့ စစ်ပြေးဒုက္ခသည်တွေ မှာလည်း အထိတ်တလန့်နဲ့ ပေါ့ဗျာ။

ဒီလိုနဲ့ အခြေအနေအရပ်ရပ်အပေါ် နားလည်သွားပုံရှိတဲ့ ထိုင်းအာဏာပိုင်တွေဟာ မွန်း လွဲ ၁း၃ဝ နာရီကစပြီး ကယ်ဆယ်ရေးစခန်းအနီးက ဝပ်မဟာဝုန်ဘုန်းကြီးကျောင်း နဂါး နှစ်ကောင်ကျောင်း အတွင်းမှာရော၊ အပြင်မှာပါ ရစ်သီရစ်သီနဲ့ မြန်မာပြည်ဘက်ကမ်း ဖလူးလေးရွာ၊ မင်းလက်ပန်ရွာတွေဆီ မပြန်ဘဲ နေကြသူတွေကို ပြန်ခေါ်ပါတယ်။

ကဲ… ပြောတဲ့စကားက ကြည့်ပါဦး။ ဟိုဘက်ကမ်းမပြန်ရဲ့တဲ့သူတွေ၊ စခန်းထဲပြန်ဝင်ကြတဲ့ ခင်ဗျ။

ဒီလိုနဲ့ လူ ၃၀ဝ လောက်ပြန်လာကြပြီး လူ ၁၀၀ဝ ကျော်ရှိတဲ့အထဲက လူ ၃၀ဝ လောက် ပဲ ယာယီကယ်ဆယ်ရေးစခန်းမှာ လက်ရှိ ရှိပါတော့တယ်။

သတင်း၊ ဓါတ်ပုံ JACBA

Source:နေ ့သစ်-http://www.naytthit.net/?p=5012

မြန်မာ့လေကြောင်းလိုင်းပိုင် MA 60 လေယာဉ်သစ် ဒီဇင်ဘာလ ရ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းဘေးသို့ ချော်ကျမှုဖြစ်ပွားခဲ့ကြောင်း

မြန်မာ့လေကြောင်းလိုင်းပိုင် MA 60 လေယာဉ်သစ် ဒီဇင်ဘာလ ရ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းဘေးသို့ ချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံမှ အသစ်ဝယ်ယူခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြည်တွင်းခရီးစဉ်များစတင်ပြေးဆွဲခဲ့သော MA 60 လေယာဉ်သည် ထားဝယ်လေဆိပ်မှ ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လေယာဉ်က လေဆိပ်ကို ဆင်းတုန်း ပြေးလမ်းပေါ်မှာ ဘရိတ်ဖမ်းလို့မမိတော့တဲ့အတွက် ပြေးလမ်းပေါ်ကနေ ညာဖက်ကိုကွေ့ပြီးပြေးလမ်းဘေးမှာရပ်လိုက်ရတာတဲ့။ ထိခိုက်ဒဏ်ရာရမှုတွေ မရှိဘူးလို့တော့ ကြားတယ်။ နံနက် ၁ဝ နာရီလောက်ကဖြစ်တာပါ” ဟု လေဆိပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။

MA 60 လေယာဉ်များသည် တရုတ်နိုင်ငံမှ စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြည်တွင်းခရီးစဉ်များကိုစတင်ပြေးဆွဲခဲ့သည်။ တရုတ်နိုင်ငံမှ MA 60 လေယာဉ်သုံးစင်းဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်များတွင် ခရီးသည် ၅၂ ဦးလိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်ဟု news-eleven. ဂျာနယ်တွင် ဖော်ပြပါရှိသည်.။
Source:မြတ်လေးငုံဘလော့ဂ်
http://myatlayngon.blogspot.com/2010/12/ma-60.html

ကြားဖြတ်သတင်း၊ ၊စစ်ဘက်နယ်ဘက် အရာရှိ များ ပြည်ပထွက်ခွာခွင့် ခေတ္တရပ်ဆိုင်း(နေပြည်တော်)

တိုင်းမဂ္ဂဇင်း ၏ တစ်နှစ်တာ ထူးခြားမှု အရှိဆုံး ပုဂ္ဂိုလ် ဆုရွေးချယ်ခံရရန် တစ်ပြေးနေသည့် ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်ငယ်(ယခု တစ်ပတ် ထုတ် Time မျက်နှာဖုံး)

ဝီကီလိခ် က နိုင်ငံတကာရှိ အမေရိကန် သံရုံးကြေးနန်း စာများ သတင်း ပေါက်ကြားမှုတွင်
ရန်ကုန် မြို ့ရှိ အမေရိကန် သံရုံးမှ ကြေးနန်း ၈၀၀ဝ ကျော် ပါဝင်သည် ဖြစ်ရာ အမေရိကန်
သံရုံး နှင့် လှို ့ဝှက် ဆက်စပ် မှု ရှိသည့် မြန်မာ စစ်အရာရှိ အချို ့ပျောက် ဆုံးနေသည် ဟု
Freedom News Group မှ စုံစမ်းသိရှိရသည်။

Embassy of Phenom pen (ကမော္ဘဒီးယား ) ကြေးနန်း ပေါက်ကြားမှု တွင် အမေရိကန်
သို ့တိတ်တဆိတ် သတင်းပေးသည့် ခမာ စစ်အရာရှိ အချို ့ကို ဖော်ပြထားသည်။

ထပ်မံ ပေါက်ကြား နိုင်သည့် Embassy of Rangoon ကြေးနန်း တွင် အမေရိကန် နိုင်ငံ
ဉ် နိုင်ငံရေး ခိုလှုံ ခွင့်ရရှိရန် ကြိုးစား ခဲ့ဖူးသည့် မြန်မာ စစ်ဘက် ၊နယ် ဘက်အရာရှိ
အချို ့အကြောင်း ပါဝင် နိုင်သည် ဟု မြန်မာ ဝီကီလိခ် တွင် ဖော်ပြထားသည်။

ဝီကီလိခ် က မူ ကာယကံ အရှင် အချို ့ဒုက္ခရောက် နိုင်သည့် နာမည် များ ကို ဖျောက်
ဖျက် ပြီး မှ သာဖော်ပြသည်။ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်ငယ် သည်
TIME မဂ္ဂဇင်း က နှစ် စဉ် ရွေးချယ် သည့် Person of the Year ကို ရရှိ ရန် အလားအလာ
ကောင်းနေသည်။

Ref:Freedom News Group

5 comments

  • LadyLinn

    December 8, 2010 at 6:04 am

    ဟုတ်လို ့လား ? ကျမ add ထားတာ ဘာ မှ မဖြစ်သလို ပဲ.. အဒါ တမင် အဒိ account ကို လူတွေ မ add အောင် လုပ်တာများလား ထင် တာ ပြောတာနော် မယုံရင် test account နဲ ့ add ပြီး test ပေါ့

  • PaukPhaw

    December 8, 2010 at 6:35 am

    aungsansukyi.youth@gmail.com ဆိုတာ
    daw su’s acc ဆိုလဲ ဒေါ်စုက အနော်တို ့ကို လိုုက်အဒ် မလားဂျာ
    အနော်တို ့က အဒ်မှရမှာပေါ့ ဟုတ်ဝူးလား
    ခုက ..
    aungsansukyi.youth@gmail.com add လာပါက
    လုံးဝလက်မခံပါနဲ့ လို ့တော့ပြောတာပဲ…
    Add လာလဲ Don’t care ပဲ

    Google acc ဆိုတာ နလပိန်းတုန်း ချီးပေတွေဖန်တီးထားတာမဟုတ်ဘူး ဆိုတာသိကြစမ်းပါ..ကိုယ်ကိုယ်တိုင်ညံ့ရင်တော့ ခံကြယုံပေါ့

  • koyinmaung

    December 8, 2010 at 7:13 am

    တနေရာထဲမှာသတင်းအစုံအလင်ဖတ်လိုက်ရလို့်ကျေးဇူးဘဲ…..

  • photwenty

    December 8, 2010 at 9:05 am

    ကိုယ်.အတွေးနဲ.ကိုယ်ပေါ.ဗျာ

  • char too lan

    December 8, 2010 at 10:20 am

    သတင်းတွေစုံလွန်းတော့ လည်သွားပီ ဒေါ်စုအကောင့်ကတော့စဉ်းစားစရာပဲ @_@ !!!!

Leave a Reply