Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိဘနဲ့တူသောအစိုးရ အပိုင်း ( ၁ )

introDecember 11, 20101min37510

မိဘနဲ့တူသောအစိုးရ အပိုင်း ( )

( ရေးသားသူမောင်မောင်ဝမ်း)

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

ကျနော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။တော်တော်များများရင်းနှီးနေကြလိမ့်မယ်လို့ထင်ပါတယ်။မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ဝတ္တရားများပေါ့၊ လောကမှာမိဘတော်တော်များများဟာ သားသမီးအပေါ်မှာမေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ်မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သောချွှင်းချက်များတော့ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊ မိဘတွေက သားသမီးကိုသတ်ပစ်တာတို့၊ ပြည့်တံစာလုပ်ငန်းအတွက်ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာမဟုတ်သလို ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြမှာအမှန်ပါပဲ။

လူတိုင်းမှာ ကိုယ့်ကိုမွေးထုတ်ခဲ့သူတွေဟာမိဘတွေဖြစ်သလို ၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့မိဘပါ ၊ မိဘအစစ်တွေမဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာရှိနေရတဲ့သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ကောင်းမွေ၊ဆိုးမွေများကိုမိဘများကခံကြရသလို သားသမီးများအပေါ်တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ်တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ကောင်းမွေဆိုးမွေများကို ခံကြရပါမယ်။ ပြည်သူလူထုအပေါ်တာဝန်ကျေဘို့လိုပါလိမ့်မယ်။ ဒါမှ မိဘနဲ့တူသောအစိုးရဖြစ်နေမှာပါ။ ဘယ်ပြည်သူလူထုမဆို မိဘနဲ့တူသောအစိုးရကို အလိုရှိကြမှာအမှန်ပါ။

တနေ့ .. ကျနော်အင်တာနက်ပေါ်မှာ G- talk ဖွင့်ထားတုန်း ၂ ပတ်ကျော်လောက်လိုင်းပေါ်မှာပျောက်နေတဲ့ မြန်မာပြည်က ကျနော့်တူတစ်ယောက်နဲ့ အဆက်သွယ်ပြန်ရပါတယ်။ သူက အခုမှ ၁၆ နှစ်သား ဆယ်တန်းတက်နေတယ်  ကျနော်က အမေရိကံပြည်ထောင်စု နယူးရောက်ပြည်နယ် ၊ ဘတ်ဖဲလိုးမြို့မှာနေတာပါ၊

“ ဦးဝမ်း… မြန်မာပြည်က ..အင်တာနက်တွေ..ရွှေးကောက်ပွဲနီးလို့လားမသိဘူးဖြတ်ထားတယ်”

“ဟုတ်လား……….”

“နောက်ပြီး လိုင်းတွေကလည်း.. အရမ်းနှေးတယ်ဗျာ.. အင်တာနက်သုံးရတာ အဆင်ကိုမပြေဘူး မီးကလည်းလာလိုက်မလာလိုက်နဲ့ ဦးတို့ဆီမှာရော အဲဒါမျိုးလိုင်းဖြတ်တာတွေ.. လိုင်းတွေနှေးတာတွေဖြစ်လား”……ကျနော်တချက်ပြုံးမိလိုက်တယ်.. ဒါပေမဲ့ ကျနော့်ရင်ထဲမှာတော့ တော်တော်လေးကိုထိခိုက်သွားပါတယ်။ သူက သူအမြင်နဲ့ကြုံနေရတဲ့ အခက်ခဲကိုလှမ်းငြီးကြည့်လိုက်တာပါ…..

—- ဘယ်ရှိမလည်း သားရဲ့.. ဦးတို့ဆီမှာ မီးပျက်တယ်ဆိုတာ.. လည်းမရှိဘူး.. အင်တာနက်လိုင်းတွေဖြတ်ထားတာတို့.. နှေးတာတို့ဆိုတာမရှိဘူး……ကျနော့်တူလေးရဲ့သက်ပြင်းချသံကိုတချက်ကြားလိုက်ရအပြီး သူ့ဘက်က အင်တာနက်လိုင်းက ပြတ်သွားပြန်ပါတယ်။ နောက်တခါ တတူတူနဲ့လှမ်းခေါ်ပြီးစကားဆက်ပြောမယ်ကြံတော့ စကားသံကပြောရလိုက်မရလိုက်နဲ့…… ကျနော်တော်စိတ်မကောင်းဖြစ်သွားတယ်။ သူငြီးမယ်ဆိုလည်းငြီးလောက်ပါတယ်။ မြန်မာပြည်မှာ အခု အင်တာနက် ဝန်ဆောင်မှု့လုပ်ပေးတဲ့ ကုမဏ္ဍီဘယ်နှစ်ခုရှိလည်းမသိဘူး ဒီမှာတော့ ကျနော်တို့မြို့သေးလေးမှာတောင်မှ .. ကုမဏ္ဍီ ၅ ခုအပြိုင်ရှိပါတယ်။ သုံးစွဲရာမှာလည်း စာအုပ်တအုပ်က စာရွှက်တွေကိုလှန်ဖတ်နေသလိုမျိုး မြန်ဆန်ပါတယ်။လွတ်လပ်တဲ့ဒီမိုကရေစီ ( Liberal Democracy )ကျင့်သုံးနေတဲ့နိုင်ငံရဲ့အနှစ်သာရဟာဒါမျိုးပါ့လားစဉ်းစားနေတုန်း.. တခါ တူလေးဆီကလှမ်းခေါ်သံကြားလို့ လက်ခံနားထောင်လိုက်တော့ စကားနည်းနည်းပြောရပြန်တယ်……

“ ဦးဝမ်း.. အလုပ်နားနေရတယ်ဆို.”

“ အေးကွ.. ငါအလုပ်ကနားနေရတယ်”

“ ဟင်.. ဒါဆို ဦးဝမ်း ဝင်ငွေမရှိတော့.. ဘယ်လိုလုပ်မလည်း.. ဘာနဲ့စားကြမလည်း”

“ အစိုးရကကြွေးတယ်.. အစိုးရကပေးတယ်ကွ ”

“ ဟာ.. ဦးဝမ်းကလည်း.. သားက အတည်ပြောနေတဲ့ ဥစ္စာ.. နောက်နေတယ် ”

“ ဘယ်ကလားနောက်ရမှာလည်း.. ဦးအလုပ်ကနားနေရတော့.. အစိုးရက စားဘို့ဆိုပြီး တလ.. မိသားစု ၃ ဦးကို ဒေါ်လာ ငါးရာကျော်ပေးတယ် .. နောက်ပြီး တပတ်ကို ဒေါ်လာ ၂၅ဝ ပေးတယ်ကွာ.. တလ ၁၀၀ဝ ပေါ့ .. ငါမနောက်ပါဘူးကွာ.. တကယ်ပြောနေတာပါ ”

“ တကယ်….”

“ တကယ်ပေါ့သားရဲ့.. ဦးဝမ်း.. သားကိုဘယ်တုန်းကလိမ်ပြောဘူးလို့လည်း ”

“ အစိုးရက.. တလကို ဒေါ်လာ ၁၅၀ဝ ကျော် အလကားထောက်ပံ့ထားတယ်ဆိုတာ မြန်မာငွေနဲ့ဆို ၁၃သိန်းလောက်ရှိတယ်.. သားဖြင့် ဦးဝမ်းပြောလို့သာယုံရတယ်.. ကြားတောင်မကြားဘူးဘူး.. သားသူငယ်ချင်းတယောက်အဖေဆို..စစ်တပ်ထဲကနေပင်စင်နဲ့ထွက်လာတာတောင်မှ.. တလတလ.. စားဘို့ အလျှဉ်မမှီဘူးဗျာ.. သနားပါတယ်..” သူရဲ့အသံတွေထဲမှာ ကရုဏာနဲ့ရောစွက်နေတဲ့ မကျေနပ်သံတချို့ကိုလှမ်းမြင်လိုက်သလို ခံစားလိုက်ရတယ်။ အမေရိကားမှာ အလုပ်လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်ရာ ကုမဏ္ဍီက အကြောင်းအမျိုးမျိုးကြောင့်ရပ်နားလိုက်ရတယ်ဆို.. အဲဒီကုမဏ္ဍီနဲ့ အစိုးရပေါင်းပြီး ဝန်ထမ်းတွေကိုထောက်ပံ့ရပါတယ်။ တပတ်ကိုဘယ်လောက်ဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘူး ( သူ အလုပ်လုပ်လို့ရလာတဲ့ ဝင်ငွေအပေါ်တည်မှီပြီးဆုံးဖြတ်တယ်) ၊ ပြီးတော့ အစားအသောက်အတွက် မိသားစုဦးရေ အပေါ်တည်မှီပြီးပေးတယ်..အလုပ်လက်မဲ့ထောက်ပံ့ကြေးကို ပျမ်းမျှအားဖြင့် ၂ နှစ်လောက်အထိပေးပါတယ်။ ဒီအတောအတွင်း အလုပ်တခုရအောင်ရှာပေါ့ ။ မရခဲ့ရင်ရောဆိုရင် အစိုးရကနေ တခါ လူမှု့ထောက်ပံ့ရေးအသွင်သဏ္ဍန်တမျိုးနဲ့ ထပ်ပေးပြန်တယ်။ ဒါကတော့ အမေရိကားမှာရှိတဲ့ ဘယ်သူမဆို.. လ ၆ဝ ( ၅ နှစ် ) ခံစားခွင့်ရှိတယ်၊

အစားအသောက်အတွက်ကတော့ တော်တော်ကြာကြာထိကိုထောက်ပံ့ပါတယ်။အစိုးရဟာ လူထုကိုဘယ်တော့မှအငတ်မခံဘူး။ ဒါဆို နအဖပြောသလိုမျိုး အိုးမဲ့ အိမ်မဲ့တွေအများကြီးဆိုတာကို ကျနော်နည်းနည်းလေးရှင်းပြခြင်တယ်။ အမေရိကားမှာ လူတွေကို ခရက်တစ် ( credit ) ဆိုတာနဲ့ ချုပ်ထားတယ် ခရက်တစ်ဆိုတာ အကြွေးဝယ်စနစ်နဲ့ပေးထားတဲ့ ကဒ်ကလေးတွေကိုတင်ပြောတာမဟုတ်ပါဘူး..လူတစ်ယောက်ရဲ့ရာဇဝင်ဆို ပိုမှန်မလားမသိဘူး၊ လူတယောက်ရိုးသားတာ၊ အပြစ်မရှိတာ၊အလုပ်ကြိုးစားလုပ်တာ၊ ပစ္စည်းတွေကိုအကြွေးစနစ်နဲ့ဝယ်ရင်မှန်မှန်ပြန်ပေးတာ၊ရာဇဝတ်မှု့ကင်းတာ၊စသဖြင့် ကျန်တာတွေလည်း အများကြီးရှိသေးတာပေါ့ အဲဒါတွေကို အမှတ်ပေးစနစ်နဲ့ ပေးတယ်။ မေးစရာတစ်ခုရှိမယ်.. ခင်ဗျားက လိုခြင်တဲ့ ပစ္စည်းတခုကို အကြွေးနဲ့ဝယ်ပြီး ပြန်မဆပ်ဘူးဆိုရင်ရော ( ဗမာပြည်မှာဆို အကြွေးရရင်ဆင်တောင်ဝယ်စီးမဲ့သူများအတွက်)၊ ရတယ်။ မဆပ်နဲ့ ၊ အချိန်တန်လို့ လစဉ်ပေးရမဲ့ အကြွေးကို မပေးတော့ဘူးဆိုရင်.. အဲဒီပစ္စည်းကို ပိုင်ရှင် ကုမဏ္ဍီတွေက လာသိမ်းမှာပဲ မပူနဲ့ ၊ မော်တော်ကားဆို ကြိုက်တဲ့နေရာမှာဖွက်ထား သူတို့ကသိတယ်.. ရေဒါစနစ်တွေနဲ့လုပ်ထားတာ။ ပြီးရင် ခင်ဗျား ခရက်တစ်ကဆိုးသွားပြီ ၊ ခရက်တစ်ဆိုးတော့ဘာဖြစ်မလည်း၊ ခင်ဗျားဘာမှအကြွေးဝယ်လို့မရတော့ဘူး၊ ဘဏ်တွေကလည်း ပိုက်ဆံချေးလို့မရတော့ဘူး၊ အနိမ့်ဆုံး အိမ်တောင်ဌားနေလို့မရတော့ဘူး၊အလုပ်တွေက လက်မခံဘူး၊ ခရက်တစ်ကောင်းရင်ရောဘာဖြစ်မလည်း အိမ်ဝယ်ခြင်တယ် ဒေါ်လာတသိန်းတန်လောက်အိမ်တောင်မှ အရစ်ကျဝယ်လို့ရတယ် တလခြင်းနည်းနည်းဆပ်သွားရတယ် ခင်ဗျားပေးတာမှန်လေ ခရက်တစ် အမှတ်ကတက်လေပဲ။ စဝယ်ဝယ်ခြင်း တစ်ပြားမှမကုန်ဘူး ကျနော်နေတဲ့ နယူးရောက်ပြည်နယ်မှာဆို ပထမဆုံးအိမ်ဝယ်မဲ့သူအတွက် အစိုးရက ဒေါ်လာ ၈၀၀ဝ လောက်အထိ အလကားပေးတယ် ။ ခင်ဗျား အလုပ်သာရှိ ( အနည်းဆုံး ၂ နှစ်လောက်ပေါ့ ) နောက်တခါ ခရက်တစ်လည်းကောင်းဆို အိမ်တလုံးတပြားမှမကုန်ပဲဝယ်လို့ရတယ်။ ပြီးမှ တစ်လခြင်း နည်းနည်းပြန်ဆပ်ပေါ့၊ ကျနော်ပြောခဲ့တဲ့အတိုင်း ခရက်တစ်ဆိုးတဲ့သူတွေအတွက် အိမ်ဌားနိုင်တဲ့ပိုက်ဆံရှိလည်း အိမ်ရှင်တော်တော်များများက ခရက်တစ်စစ်ဆေးကြည့်လို့ဆိုးတယ်ဆိုရင်.. မဌားဘူး။ အဲဒီတော့ အိုးမဲ့ အိမ်မဲ့တွေဖြစ်ကုန်ရော၊ နောက်မေးစရာရှိနိုင်တာက.. အစိုးရက အမြဲထောက်ပံ့နေတော့.. ဗမာတွေးနဲ့ဆို အလုပ်မလုပ်ပဲထိုင်စားနေမယ်ဆိုရင်ရော… ဖြစ်တယ် ထိုင်စား။ ခင်ဗျား ခရက်တစ်ဆိုးနေမှာပဲ။ ခင်ဗျား အခွင့်ရေးတွေ အကုန်ဆုံးရှုံးမယ်.. ဒါပေမဲ့ ဘယ်တော့မှမငတ်ဘူး၊ အစိုးရကခင်ဗျားကိုကြွေးထားမယ်။ ခရက်တစ်ကောင်းရင် ခင်ဗျားလုပ်ငန်းတခုထူထောင်ခြင်တယ်ဆိုပါဆို့ . ဘဏ်တွေက ခင်ဗျားကို ပိုက်ဆံချေးခြင်ကြမှာ အလုအယက်ပဲ.. ဘာလုပ်ခြင်လုပ်ခြင်. သူတို့ထုတ်ချေးမယ်။ အမေရိကားမှာ အလုပ်လုပ်ခြင်းဟာလည်း ကောင်းမွန်သော ခရက်တစ်ကိုဖြစ်စေတယ်။ ပျင်းလို့မရဘူး၊

ကျန်းမာရေးနဲ့ပတ်သက်လို့ကလည်း ဝင်ငွေနည်းမိသားစုများကို အစိုးရကထောက်ပံ့တယ် နေထိုင်မကောင်း ကျန်းမာရေးချို့တဲ့ရင် အစိုးရကကူတယ် ( ကုန်ခြင်သလောက်ကုန်ပါစေ ) ကျနော်တို့ မြန်မာနိုင်ငံသားတွေထဲမှာ ဆေးကုလိုက်ရတာ ဒေါ်လာ သိန်းနဲ့ချီကုန်တဲ့သူတွေရှိတယ်။ အစိုးရက ကူတယ်။ ဒီမှာ ဆေးခန်း၊ ဆေးရုံတွေဆိုတာ ပုဂ္ဂလိကပိုင်တွေချည်းပဲ ဆေးကုသစရိတ်ကလည်းဈေးကြီးတယ်။( ဒါပေမဲ့ ခင်ဗျားမှာ ဝင်ငွေကောင်းတယ်ဆိုရင်တော့ အခမဲ့ဆေးကုသခွင့်မရဘူး၊) ကိုယ်ပိုက်ဆံနဲ့ကိုယ်ကုရတယ်။ အဲဒီ ကုမဏ္ဍီတွေကို ခင်ဗျားဆေးကုလို့ ကုန်ကျစရိတ်အတွက် အစိုးရကပေးတယ်။ဘာမှပူစရာမလိုဘူး၊ အလကားဆေးသွားကုရတာဆို သိမ်ငယ်စရာမလိုဘူး ၊ တကယ်တော့ အလကားကုတာမဟုတ်ဘူး ၊ ခင်ဗျားကုန်ကျမဲ့ငွေကို အစိုးရကပေးတာ။

တပ်မတော်သားတွေ ကဏ္ဍပြောပြဦးမယ်၊ ဒီမှာ နိုင်ငံရပ်ခြားကနေရောက်လာပြီး နေထိုင်ခွင့်တရားဝင်ရှိတဲ့သူတွေဆို စစ်ထဲဝင်ခြင်ကြတာအများကြီး ဘာလို့လည်းဆိုတော့ ဘဝအာမခံချက်အပြည့်ရှိတယ်။ ရပိုင်ခွင့်တွေအများကြီးပဲ။ တိုက်ပွဲမှာ ကျဆုံးသွားမယ်ဆိုရင်တောင်မှ ဒေါ်လာ သိန်းချီ ( မြန်မာငွေ သိန်းထောင်ချီပြီး ) ပေးတယ်။ မိဘ၊သားသမီး၊မိန်းမ၊လင်ယောကျာင်္း သူတို့အတွက်တောင်မှ အားလုံးနေဘို့ ထိုင်ဘို့က အစအားလုံး အစိုးရက တာဝန်ယူပေးတယ်၊ သူတို့တတွေ အလုပ်လုပ်ခြင်တယ်ဆိုရင်တောင်မှ အလုပ်လုပ်ခွင့် အခွင့်ရေး သူများထက်သာတယ် (  ဒါ စစ်သားမဟုတ်သေးဘူး စစ်သားဆွေမျိုးပဲရှိသေးတယ်)။ စစ်သားတွေပင်စင်ယူမယ်ဆို ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက်ကြည့်ပြီးလစာရကြတယ် ( အနည်းဆုံး ဒေါ်လာ ၂၀၀ဝ နဲ့ အထက်မှာရှိတယ် ) ဒါသာမန်စစ်သားအဆင့် အရာရှိတွေဆို အများကြီး ပင်စင်လစာရတယ်။သူတို့ အလုပ်လုပ်လိုသေးတယ်ဆိုရင် ချက်ခြင်း အလုပ်သမားရှာဖွေရေးဌာနတွေက အလုပ်ရှာပေးတယ်။ စစ်သားဘဝမှာလည်း အလုပ်ချိန် ဒါမှမဟုတ် တာဝန်ထမ်းဆောင်ချိန်မဟုတ်ပဲ အထက်အရာရှိက အောက်လက်ငယ်သားကို အမိန့်ပေးပိုင်ခွင့်၊ အာဏာပြပိုင်ခွင့်မရှိဘူး၊ သွားပြလို့ကတော့ ပြသနာတက်ပြီသာပြင်ပေတော့ အဲဒီလို၊ စစ်သားက စစ်သားအလုပ်ပဲလုပ်တယ် တခြားအလုပ်မှာဝင်မပါဘူး ဝင်မရှုတ်ဘူး၊ အဓိကထူးခြားတာက စစ်သားတွေ၊ရဲတွေကိုလူထုကချစ်တယ် လေးစားကြတယ်။ ဗမာပြည်နဲ့မကွာလားဗျာ၊

အပိုင်း ၂ ဆက်ပါဦးမည်

ကျနော့်ရေးသားထားသော “ မိဘနဲ့တူသောအစိုးရ ” ဆောင်းပါးကိုပေးပို့အပ်ပါသည်။ အစဉ်ပြေသလို အသုံးပြုလို့ရပါသည်။ မည်သူမဆိုလွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။
လေးစားစွာဖြင့်
မောင်မောင်ဝမ်း

10 comments

  • thethtet87

    December 18, 2010 at 8:49 am

    ကောင်းတာပေါ့။Internet ကိစ္စကစပြောရအောင်။ဒီမိုကရေစီကလွတ်လပ်စွာ
    ပြောဆိုခွင့်ပေါ့။လူတိုင်းလွတ်လွတ်လပ်လပ်နေထိုင်ပြောဆိုနိုင်တယ်လေ။
    အဲလိုပြောရာမှာလည်းမှန်ကန်ဖို့လိုတာပေါ့။မမှန်တဲ့စကားကိုဘယ်သူကဂရုစိုက်
    ပြီးနားထောင်မှာလည်း။ဥပမာ-ကမ္ဘာကြီးပြားတယ်လို့ပြောကိုယ်ပြောတာဘယ်သူ
    ကယုံမှာလည်း။ဟုတ်တယ်မလား။နေချင်သလိုနေလေ။ပါတ်ဝန်ကျင်ကိုထိခိုက်ရင်
    ဘယ်သူကလက်ခံမှာလည်း။ဟုတ်တယ်မလား။လူတွေရဲ့လွတ်လပ်ခွင့်ကိုလူတွေ
    ကဘဲပြန်ပြီးထိန်းချုပ်နိုင်ပါတယ်။လူလူချင်းယဉ်းကျေးမှုနဲ့ထိန်းချုပ်တာကို
    ဒီမိုကရေစီလိုခေါ်မှာပေါ့။ကျွန်တော်မြန်မာနိုင်ငံမှာဒီမိုကရေစီဆိုတဲ့စကားလုံး
    ကိုလွဲမှားစွာဘာသာပြန်နေကြတာဆိုးတာဘဲလေ။ဒါကဖိနှိပ်မှုနဲ့ထိန်းချုပ်နေတာကို။
    နောက်တချက်အစိုးရပေါ့။လူလူချင်းယဉ်ကျေးမှုနဲ့ထိန်းချုပ်မှတော့။လူလူချင်း
    စနာထောက်ထားမုှတွေ။ကူညီရှိုင်းပင်းတာတွေပေါ်လာမှာပေါ့။အစိုးရကပြည်သူ
    ကိုပြည်သူကပြည်သူချင်း၊နိုင်ငံတစ်နိုင်ငံကတစ်နိုင်ငံချင်းစသဖြင့်ပေါ့။ဒါကလူ
    လူချင်းလွတ်လပ်ခွင့်အပေါ်မှာအခြေခံပြီး။ဘက်စုံဖွံ့ဖြိုးတိုးတက်လာမှာပေါ့။
    လူတွေတိုးတက်လာတော့အများစုကအသိပညာအဆင့်မြင့်မယ်လေ။အဆင့်
    မြင့်လူတွေကြားမှာမဟုတ်တာဘယ်လိုမဟုတ်တာလုပ်မလဲ။ကျွန်တော်ဆီမှာ
    ကမဟုတ်တာလုပ်ချင်တယ်လေ။ဒါကြောင့်လူထုကိုအဆင့်နိမ့်ထားတာပေါ့။
    အဲတော့တစ်ယောက်နဲ့တစ်ယောက်စာနာထောက်ထားမှုဆိုတာမရှိတော့ဘူး
    လေ။ပြသနာကတော့မုန့်လုံးစက္ကူကပ်နေတာပေါ့။ကျွန်တော့အမြင်ပါ။မှားရင်ခွင်လွှတ်ပါ။ဆောင်းပါလေးကတကယ်ဗဟုသုတရပါတယ်။ကျေးဇူးတင်ပါတယ်။

  • kai

    December 18, 2010 at 9:03 am

    ကျုပ်ထင်တာပြောရရင်လေ…
    အစိုးရလို့ သုံးနှုန်းနေတာကိုက မဟုတ်သေးဘူးထင်တာပဲ..။
    ဒီမိုကရေစီစံနစ်မှာ .. လူတွေက ကိုယ့်အုပ်ချုပ်မဲ့သူကို အများဆန္ဒအရ ရွေးရတယ်..။ အဲဒီရွေးထားတဲ့သူတွေရဲ့ အသုံးစရိတ်တွေကို လူတွေကပဲ .. အခွန်ငွေအဖြစ်နဲ့ပေးကြတယ်..။
    ကိုယ်ကရွေးပြီး ကိုယ်ကငွေပေးခိုင်းထားရတဲ့ကိစ္စမှာ… သူက အစိုးရဆိုပြီး အထက်စီးအမည်ကြီးယူထား(ရထား)ဖို့မသင့်တော်ဘူးထင်တာပါပဲ..။

    နောင်ဒီမိုကရေစီခေတ်မှာ ..“အစိုးရ”ကို .. “လူထုကျွန်”လို့ကို နာမ်နှိမ်အမည်ပေးသင့်တယ်ထင်မိပါတယ်..။
    ပညက်သွားရာ…ဓါတ်သက်ပါတယ်ဆိုတော့လေ..။
    အဲဒါမှ … လူထုကိုအလုပ်အကြွေးပြုချင်တဲ့ကျွန်စိတ်ဝင်လာကြမှာ…။

    အခုကတော့..အစိုးရတောင်မှ… မိဘနဲ့တူတဲ့အစိုးရဆိုတော့ … အင်း..။
    စိတ်ဓါတ်အရကို တော်တော်အောက်တန်းရောက်အောင်ကျကုန်ပြိ..။
    ထားပါလေ..ဒီလိုမှမဟုတ်လဲ.. မရေးလဲ.. သူက (အစိုးရဆိုသူများက) ဖနောက်နဲ့လာပေါက်… ခံရယုံရှိတာမို ့…ဆက်တင်ပါလေ..။ဆက်ဖတ်ပါ့မယ်..။

    • thethtet87

      December 19, 2010 at 9:02 am

      ဟုတ်ပါတယ်။တကယ်ကောင်းတဲ့ဆောင်းပါလေးပါ။ဗဟုသုတရပါတယ်။နောက်လည်းဆက်ရေးပေးပါ

  • intro

    December 18, 2010 at 9:36 am

    ဒါကတော့ ကျွန်တော့် Inbox ထဲကို ဝင်လာတဲ့ Mail ကနေ ဖတ်မိပြီး မူရင်းစာရေးသူရဲ့ ခွင့်ပြုချက်လဲ ရလို့ တင်ပေးလိုက်တာပါ… US က လူနေမှု အဆင့်အတန်း၊ အုပ်ချုပ်သူ လူတန်းစားအကြောင်းကို သိတ်နားမလည်ပါဘူး၊ ဒါပေမယ့် ဒီ ဆောင်းပါးလေးထဲကအတိုင်း တကယ်လား ဆိုတာကို သိချင်မိတာက တစ်ကြောင်းရယ်… US က လူ့အခွင့်အရေးတွေက ဒီအတိုင်းတကယ်လား ဆိုတာကိုလဲ သိချင်မိလို့ပါ… ကျွန်တော်ဟာ မြန်မာနိုင်ငံသားတစ်ယောက်ပါ… လက်ရှိလဲ မြန်မာပြည်ထဲမှာပဲ နေထိုင်ပါတယ်… နိုင်ငံရေးကိုတော့ သိတ်ဝါသနာ မပါပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်နေတဲ့ လူတန်းစားကတော့ ကျွန်တော်တို့ ကိုယ်တိုင် လိုလိုချင်ချင် တင်မြှောက်ထားတာ ဟုတ်လား မဟုတ်လား သူတို့ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ… ကျွန်တော်တို့ နိုင်ငံမှာ internet သုံးရတာ ဈေးကြီးပေးပြီး ဆန့်ငင်ဆန့်ငင် ကော်နက်ရှင်ပဲ ရတယ်ဆိုတာ အားလုံးသိကြပါတယ်… ခဏခဏ လိုင်းနှေးတာ၊ ပြတ်တာတွေလဲ ဖြစ်တတ်ပါတယ်… Phone သုံးရင်လဲ Sim Card တစ်ခုကို ဈေးကြီးပေး ဝယ်ရပါတယ်… ဒါတောင် ကန့်သတ်ချက်တွေ အမျိုးမျိုး ရှိနေပါသေးတယ်… ကားဝယ်စီးချင်ရင်လဲ Model အဟောင်းတွေကို ဈေးကြီးပေးပြီး ဝယ်စီးရပါတယ်… လူထု အများစုကလဲ တစ်နေ့လုပ်မှ တစ်နေ့စား ဆိုတဲ့ ဘဝတွေ အများကြီးပါ… အလုပ်မလုပ်နိုင်ရင် ထမင်းမှန်မှန်စားရဖို့က မသေချာပါ… ဒါက ကျွန်တော်တို့ နိုင်ငံသား အားလုံးလဲ သိကြပါတယ်… ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အထက်ဆောင်းပါးပါ အုပ်ချုပ်သူ လူတန်းစားတစ်ရပ်သာ ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရခဲ့ရင်၊ မိမိလိုချင်တာကို မိမိတောင်းဆိုခွင့် (ရသင့်ရထိုက်သော အခွင့်အရေးကို ဆိုလိုပါသည်) ရခဲ့ရင် ကျွန်တော်တို့ ဒီနိုင်ငံမှာ လူဖြစ်ခွင့်ရတာ ကံအကောင်းဆုံးလို့ ထင်မြင်မိမှာပါ…

  • kai

    December 18, 2010 at 9:42 pm

    မူရင်းစာရေးသူရဲ့ ခွင့်ပြုချက်ရထားတယ်ဆိုရင် ဆက်တင်ပါခင်ဗျား..။
    ယေဘူယခြုံပြောရင်တော့ …အပေါ်က ရေးထားတဲ့ အခွင့်အရေးတွေက .ယူအက်စ်မှာတကယ်ရပါတယ်..။
    ယုအက်စ်မှ မဟုတ်ပါဘူး..။ ဖွံ ့ဖြိုးပြီးနိုင်ငံတွေအားလုံးလိုလို အဲဒီလိုရကြပါတယ်..။ ရအောင်လည်း အဲဒီဆိုင်ရာနိုင်ငံရဲ့ လူထုတွေက ဖြစ်အောင်လုပ်ခဲ့ကြကြိုးစားခဲ့ကြတာပဲ မဟုတ်ပါလား..။
    မြန်မာလူထုကလည်း ထိုင်မနေပဲ..တတ်နိုင်သလောက်..ကြိုးစားပြုပြင်နေကြတယ်ဆိုတာ ..အသိသာကြီးပါ..။

    အခုစာကို ဝေဖန်ပြောတာက ..ယူအက်စ်နဲ့နှိုင်းပြောသလိုဖြစ်နေတာမို ့ … စာတင်သူစိတ်အနှောက်အယှက်မဖြစ်စေလိုပါ..။
    အချက်အလက်ကိုသာ ဝေဖန်ဆန်းစစ်ကြည့်နေတာဖြစ်ပါတယ်..။ အဲဒီလိုနဲ့… အဖြေလေးတွေထွက်လာမှာမဟုတ်ပါလားနော..။ 🙂

  • kopauk mandalay

    December 19, 2010 at 3:40 pm

    ကိုကို ကိုင်ရေ
    ဒီနိုင်ငံမှာတော့ နိုင်ငံသား လူတစ်ယောက်ခြင်းဆီကနေ ဝင်ငွေခွန်ကောက်တာ သတ်သတ်မှတ်မှတ်သိပ်မရှိပါဘူး။
    တိတိကျကျ ဖြတ်တာလဲ မတွေ့ပါဘူး။
    အဲဒီနိုင်ငံမှရော နိုင်ငံသားတစ်ဦးချင်းစီကနေ ဝင်ငွေခွန်ဘယ်လိုဖြတ်လိုက်တယ် ဖြတ်လိုက်တဲ့ငွေကို ဘယ်လိုအသုံးချတယ်ဆိုတာကို ဗဟုသုတရအောင် သိသူက တင်ပေးစေလိုပါတယ်။
    ကျနော်ပို့တဲ့စာရော ရပါသလား ကိုကိုကိုင်ရေ

    • kai

      December 20, 2010 at 10:42 pm

      http://en.wikipedia.org/wiki/Income_tax_in_the_United_States

      Federal Income Tax Brackets For 2010 – Based On Taxable Income Ranges
      Tax Rate
      Married Couples Filing Jointly
      Most Single Filers
      10% Not over $16,750 Not over $8,375
      15% $16,750 – $68,000 $8,375 – $34,000
      25% $68,000 – $137,300 $34,000 – $82,400
      28% $137,300 – $209,250 $82,400 – $171,850
      33% $209,250 – $373,650 $171,850 – $373,650
      35% Over $373,650 Over $373,650

      ယူအက်စ်အစိုးရက ..အခွန်နဲ့သူဌေးဖြစ်နေတာပေါ့..။
      သူ့ဖြတ်တာတွေကရှုပ်ရှက်ခတ်နေတာပါပဲ..။ ဝင်ငွေကို .. ပြည်နယ်။ ဖယ်ဒရယ် အခွန်ဆိုပြီးဖြတ်တယ်.။
      ပစ္စည်းဝယ်တိုင်းလည်း .. ၁ဝရာနှုန်းလောက် ထပ်ဖြတ်တယ်..။
      စာရင်းချုပ်တော့ .. ၁၀ဝ မှာ ၄-၅ဆယ်လောက် အသာလေး ယူသွားတာပါ..။
      တိကျသလားမမေးနဲ့..လိမ်တာမိလို့ကတော့ ..ဘဝပျက်သလောက်ပါပဲ..။

      ဆိုတော့.. အခုလို မန်းလေးဂေဇက်က .. မြန်မာပြည်ကို ငွေပြန်ထုတ်ပေးရင်.. ကရှ်ဒေါ်လာ ၁၀ဝ ဆိုတာ အခွန်ဆောင်ပြီးငွေဖြစ်တာမို ့.. တကယ်က.. ၁၅ဝလောက်အသာလေးတန်တဲ့ငွေပေါ့..(ဤကားစကားချပ် ) 🙂

      ် ဖြတ်လိုက်တဲ့ငွေကို ဘယ်လိုအသုံးချတယ်ဆိုတော့ .. အိုဘားမားအစိုးရက ..လွှတ်တော်ကို တနှစ်ကြိုပြီး သုံးမဲ့ဘက်ဂျက်ငွေတင်ရပါတယ်..။အဲဒီမှာ .. ၂၀၁၁ သူဘယ်လိုသုံးမလဲ အသေးစိတ်ပါတယ်..။
      အမတ်တွေက ..ဝိုင်းခုတ်ထစ်ဖြတ်တောက်ပေးကြတယ်ပေါ့..။ အဲဒီမှာ ကျန်တာသုံးပဲ..။
      (တက်လာမဲ့ မြန်မာအစိုးရတော့ ဘယ်လိုလုပ်မလဲမသိ .. အခုထိရှိနေတဲ့ စစ်တပ်ကတော့ ..တိုင်းပြည်ဘက်ဂျက်.. မပြရေးချ မပြ)
      စူစုပေါင်း. ထရီလီယန် ၃.၅၁၈ရှိတယ်ဗျ..။ သန်းထောင်ပေါင်း ၃ထောင်၅ရာပေါ့..။
      ဘယ်လိုသုံးမလဲအကြမ်းတော့ ..အောက်ကလင့်မှာကြည့်ဗျို ့..။
      http://www.nytimes.com/interactive/2010/02/01/us/budget.html

      The 2011 budget, which begins Oct. 1, is more than the current budget of $3.721 trillion, and the 2009 budget, presented by President Bush, of $3.518 trillion.

  • လင်းဝေကျော်

    December 20, 2010 at 8:34 am

    အစိုးရပဲခေါ်ခေါ် လူထုကိုစီမံလုပ်ကျွေးသူပဲသုံးသုံး
    အနှစ်သာရအားဖြင့် အရည်အချင်းပြည့်မီဖို့နဲ့ ဖြောင့်မတ်ဖို့လိုပါတယ်။
    နောက် စနစ်၊ လူမူဖူလုံရေးစနစ်ကစလို့ အုပ်ချုပ်ရေးစနစ် ကို ကောင်းမွန်မှန်ကန်စွာ
    တည်ဆောက်ထားတဲ့ တိုင်းပြည်ဖြစ်ဖို့လိုပါတယ်။
    ဒါမှ အစိုးရဆိုတဲ့ မောင်းနှင်သူတွေ လမ်းမချော်နိုင်မှာပါ။

  • intro

    December 20, 2010 at 9:50 am

    ဟုတ်ပါတယ်ခင်ဗျာ… ပြီးတော့ ကြားဖူးတာ ရှိတယ်… နိုင်ငံသားတစ်ယောက်ဟာ အကြောင်းတစ်ခုခုကြောင့် ဆေးရုံတက်ရတယ်ဆိုရင် ဆေးရုံ၊ ဆေးဖိုးက Free ဆိုတာ ဟုတ်ပါသလား? ကျွန်တော်တို့ဆီမှာတော့ အဲလိုမဟုတ်ဘူး၊ ပိုက်ဆံမရှိရင် ဆေးရုံတက်ဖို့ မလွယ်ပါဘူး၊ ကိုယ်သုံးမယ့်ဆေး ကိုယ်တိုင်ဝယ်ရတာပါပဲ၊ စရိတ်မျှပေးဆိုပေမယ့်လဲ အခမဲ့တော့ မဟုတ်ပါဘူး၊ ကို kai တို့ US မှာရော အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရရင် ဘယ်လိုပေးရပါသလဲ? အခမဲ့လား? အချိန်ရရင် ဖြေပေးစေလိုပါတယ်… သိတဲ့လူတွေ ရှိရင်လဲ ဝင်ပြီး ဖြေပေးစေလိုပါတယ်…

    • kai

      December 20, 2010 at 10:18 pm

      ယူအက်စ်မှာ အလုပ်လုပ်နေတဲ့သူတွေ အများအားဖြင့် ကျမ်းမာရေးအာမခံဝယ်ထားကြပါတယ်..။
      လစဉ်ကြေးသွင်းရတယ်ပေါ့..။
      မဝယ်ထားရင် ဆေးရုံတက်ရတယ်ဆိုရင် ဆေးရုံ၊ ဆေးဖိုး၊ ဆရာဝန်ဖိုးမပေးနိုင်ပါဘူး..။
      အဲဒီတော့ ..အစိုးရက ဝင်စိုက်ပေးတာပေါ့..။
      အစိုုးရကို ပြန်ဆပ်ရမယ်ပေါ့..။ မဆပ်နိုင်ရင် ..ဒေဝါလီခံလိုက်ယုံပါပဲ..။
      အဲဒါဆို တပြားမှပြန်ဆပ်ဖို့မလိုတော့ပါဘူး..။
      ယူအက်စ်ကျမ်းမာရေးစံနစ်က ..စက်ာပူလောက်တောင်မကောင်းပါဘူး..။
      ခပ်ညံ့ညံ့ပါပဲ..။

Leave a Reply