စံလွဲနေသောအတွေးများ

naywoon niDecember 21, 20101min13811

အတွေးတွေခဏ ခဏစံလွဲနေတယ်။ ခုလည်း အတော်ကြာကြာ စံလွဲနေခဲ့မိတာ။ စာတောင်မရေးနိုင်အောင်။ ကော်နက်ရှင်ကြောင့်လည်း ပါတာပေါ့။ အကြောင်းအရာတစ်ခုပေါ်မှာသာမဟုတ်ပဲ အကြောင်းအရာပေါင်းစုံ ပေါ်မှာဖြစ်နေတာဆိုတော့ ကိုယ့်အတွေးနဲ့ကိုယ်မနေနိုင်တော့ဘဲ ရွာထဲလည်ပြောလိုက်တာပါ ။
အပြင်မှာ သွားပြောလည်း အရိုက်ပဲခံရမလား အရူးလို့ပြောမလား မသိဘူးနော့။ဒီလိုပါ ကျွန်တော့ရဲ့ စံလွဲနေတဲ့ အတွေးများဆိုတာက………
အတွေး-၁
မနက်မနက်ဈေးထဲဆိုင်ခင်းလို့မပြီးသေးဘူး သူတို့တွေက ရောက်လာကုန်ပြီ အလှူခံကြွလာတဲ့ ဆရာလေးတွေပါ ။”ဒါလေးများကွာ ဘာစံလွဲ အတွေးတွေးစရာ ရှိလို့လဲ” မမေးကြပါနဲ့ဦး ဆက်ပြောပါ့မယ်။ ကိုးနာရီလောက်ကျတော့ဈေးခြင်းလေတွေဆွဲလာတဲ့ ဆရာလေး သုံးပါးရောက်လာရော။ စောစောကအလှူခံနေတဲ့ဆရာလေးတွေ ဆီက အလှူခံရတာတွေသိမ်း ဈေးဝယ် ဈေးဝယ်ရင်းလဲဈေးဆစ်ပြီးအလှူခံသေးတာပဲ ။ အဲဒိတော့ ဒီသာသနာ(အဲဒိလိုပဲပြောပါရစေ) ကဘုရားရှင်လက်ထက်ကခွင့်ပြုတော်မူခဲ့တဲ့ သာသနာမဟုတ်ပါဘူး။ အင်းဝခောတ်မှပေါ်ပေါက်လာတယ်လို့ သီလဝဘာသာရေးစာစောင်မှာလားမသိဘူး ဖတ်ခဲ့တယ်။ အင်းဝခောတ်ဘုရင်တစ်ပါးရဲ့ သမီးတော်လေးက ပူဆာလို့ ဘုန်းတော်ကြီးကျောင်းရဲ့ နံဘေးလေးမှာ ကျောင်းတစ်ဆောင်ဆောက်လုပ်စေပြီး သီလရှင် (အဲဒိတုန်းကတော့ ဘယ်လိုခေါ် ကြလဲမသိဘူး )ကျောင်းစတင်ခဲ့တာပါတဲ့။ ဘုရားရှင်ရဲ့ သာသနာနဲ့ ကင်းလို့ ဝါမဆို သိမ်မဝင် ကိုယ့်ထမင်းကိုချက်စားခွင့်လဲရှိနေ ဝိနည်းလဲလိုက်နာဖို့မလိုနဲ့ လွတ်လပ်ပါတယ်။ပြီးတော့ ကြားဖူးကြမှာပါ သူတို့နဲ့ ပတ်သက်တဲ့ အပြေင်အပျက်စကားတွေ ×××ဆန်မရ၊ ခွေးလိုက်ခံရ ….. တို့ဘာတို့ ။ဘုရင်ကလုပ်ပေးခဲ့တာဆိုတော့လည်းဟိုတစ်ခေတ်က တော်တော်လေး မျက်နှာသာ အပေးခံရပုံပါ။ နောက်လူတွေက မသိဘဲ လိုက်လုပ်ရရင်းနဲ့ ………အဲဒိလိုသာ အခုအချိန်မှာပေါ့ နော့ အရင်က ဝန်ထမ်းတွေ လစာနဲ့မလောက်လို့ လာဒ်စားကြတာက နာမယ်ပျက်ရုံလောက်ပါ..။ အဲဒါကိုအကျင့်ပါပြီး နောက်ကလိုက်လုပ်ကြတာ ခုစီးပွားဖြစ်လုပ်နေကြကုန်ပြီ။ အစိုးရသာ ပြောင်းသွားခဲ့တာ အောက်ခြေ ဝန်ထမ်းတွေမှ မပြောင်းလဲခဲ့တာနော့ .။ကျွန်တော့ဖာသာ အတွေးအံလွဲ ကြည့်နေတာပါ.။
အတွေး-၂
အစိုးရသာ ပြောင်းသွားခဲ့တာ အောက်ခြေ ဝန်ထမ်းတွေမှ မပြောင်းလဲခဲ့တာနော့………..ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော် ထိုင်နေကြ လ္ဘက်ရည်ဆိုင်နှစ်ဆိုင်အကြောင်းပြောချင်သေးတယ်။ နှစ်ဆိုင်လုံး အလုပ်သမားအပေါ် ညှာပါတယ်။ အဲဒိတော့ ဘာဖြစ်လဲ မြန်မာအလုပ်သမားတွေရဲ့ ထုံးစံအတိုင်းပဲ အလုပ်ကိုမလေးစားဘူး ခိုတယ် ကပ်တွက်တယ် ခေါ်ရင်မကြားချင်ယောင်ဆောင်နေတယ်။ ကောင်မလေးတွေလာထိုင်ရင် အဲဒိစားပွဲမှာပဲ ဝိုင်းပြီး ဘာစားမလဲဘာသောက်မလဲနဲ့။ ကျန်တဲ့သူဂရုမစိုက်တော့ဘူး။ အဲဒတော့ဆိုင်ရှင်က စားပွဲထိုးတွေကို လဲပါတယ်။ တစ်ယောက်ချင်းနှစ်ယောက်ချင်းပေါ့။ လဲထားတဲ့အသစ်ကလည်းခဏပဲ အရင်အဟောင်းနဲ့ရောသွား ပြီး သုံးမရတော့ဘူး ဖြစ်သွားတာပဲ။ အဲ့ဒိတော့ ကျွန်တော်က ဝင်ပြိးအကြံပေးပါတယ်။ နှစ်ဆိုင်လုံးကိုပါ။ အဟောင်းတဟ်ယောက်မှမထားခဲ့ဘဲနဲ့ လ္ဘက်ရည်ဖျော်တဲ့သူနဲ့မုန်လုပ်တဲ့ခေါင်းဆောင်က လွဲပြိးပေါ့ အကုန်လုံးကိုလဲပစ်ဖို့ပါ။ တစ်ဆိုင်ကတော့အလုပ်သမားတွေဆီက လစာကြိုတွေ ရစရာရှိတယ်ဆိုပြီးမလုပ်သေးဘူး။ တစ်ဆိုင်ကတော့ အားလုံး အသစ်လဲလိုက်ပြီး စည်းကမ်းတင်းကြပ်လိုက်တာ အားလုံးကောင်းသွားပါပြီ။ ဘယ်အချိန်ထဖောက်မလဲတော့မသိဘူးပေါ့လေ။ အလုပ်သမားအသစ်ဆိုတာ ရှေ့ကအရင်လူဟောင်း ဘာလုပ်သလဲကြည့်ပြီးနေတာ သူတို့လုပ်သလို လိုက်လုပ်တာပဲ။။ မလုပ်ရမှန်း မလုပ်သင့်မှန်းလဲသိတာပဲ ဒါပေမဲ့ မြန်မာစိတ်ဓါတ်လေ သိတယ်မဟုတ်လား ဆိုင်ရှင် ဆူကာမှဆူရော အရင်လူဟောင်းနဲ့ ပေါင်းလုပ်လိုက်တာပဲ အခုလည်းဝန်ထမ်းတွေ အားလုံးအသစ်လဲပစ်လိုက်ရင်လို့ အတွေးစံလွဲ ကြည့်မိပါတယ်..။
အတွေး-၃
အတွေးတွေစံလွဲနေရင်းနဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်က ကိစ္စ ခေါင်းထဲပေါ်လာပြန်ပါတယ်။ ရွာတစ်ရွာမှာပေါ့။ ဘုန်းတော်ကြီးကျောင်း မိုးမလုံဘူးမိုးရွာရင် အောက်က ၊ရှိတဲ့ ခွက်တွေခံထားရတယ်လို့ကြားတော့ ကျွန်တော့အမေက သွပ်မိုးဖို့လှူပါ့မယ်လို့ပြောပြီး ရွာကလူကြီးတွေနဲ့ တွေ့ပါတယ်။ အဲဒိမှာ ဒီကျောင်းကိုစပြီးဆောက်ခဲ့တဲ့ ကျောင်းဒကာရဲ့ သားသမီးတွေက လက်မခံဘူးလို့ပြောပါတယ်။ သူတို့မလှူနိုင်သေးလို့ ခေါင်းမိုးမမိုးပေးသေးတာပါတဲ့။ ရွာလူကြီးတွေက သူ့တို့စီးပွားရေးအကြောင်းကိုသိလို့ လက်သင့်ခံဖို့ပြောကြပါတယ်။ သူတို့က လက်သင့်မခံလို့ မလှူခဲ့ရပါဘူး။ လှူပြီးသား ကျောင်းပဲ ဒါငါ့ကျောင်းဆိုတဲ့ အစွဲထားသင့်ပါသေးလား။ ဘုရားပြင်တာလဲဒီလိုပဲ ။ သူတည်တဲ့ဘုရားသူသာပြင်ခွင့်ရှိတယ်တဲ့လေ။ အစွဲကြီးလိုက်တာနော်။ အဲဒါကြောင့် နောက်ပိုင်းဘုရားပြင်ဖို့အတွကတို့် ကျောင်းဝေယျာအတွကဆို်ပြီးတော့တို့ ရပ်ကွက်တွေထဲ အလှူလာခံရင် ထည့်ဖို့စိတ်မပါတော့ဘူး ။ ပုဂံ ဘုရားတွေပြုပြင်ခဲ့တုန်းက အရင်က တည်ထားတဲ့ ဘုရားဒကာတွေရဲ့ ခွင့်ပြုချက်ကော ယူကြရဲ့လား လို့မဆီမဆိုင် အတွေးစံလွဲ မိဘူးပါတယ် ။
အတွေး-၄
နောက်တစ်ခုကမြို့ထဲမှာလိုက်တောင်းတဲ့ အဇားကြီးတစ်ယောက်ရှိပါတယ်။ အဘွားကြီးဆိုပေမဲ့ အသက် သိပ်မကြီးသေးပါဘူး ၅ဝကျော်လောက်ပဲရှိဦးမှာပါ။ တစ်နေ့တော့ မြို့ထဲမှာ တရားပွဲလုပ်ပါတယ်။ အဲဒိအချိန်မှာ စောစောကအဘွားကြီးက ခေါင်းစဥပြောင်းပြီး တောင်းပါတယ်။
သူ တရားသွားနာချင်လို့ 500လောက်လှူပါတဲ့။ ဘဲ့နဲ့ တရားပွဲဆိုတာ ပိုက်ဆံပေးပြီးမှနာလို့ရတာမှမဟုတ်တာ စောစောစီးစီးနေရာသွားဦးပေါ့နော့
ဒါနဲ့ ဆိုင်ရှင်က ဘာပြောလိုက်သလဲဆိုတော့”အဒေါ်ကြီးကလည်း တရားနာတာများ ပိုက်ဆံ မလိုပါဘူး နေရာသွားဦးပြီးနာပေါ့ ဘယ်နဲ့ ရွှေမန်းတင်မောင် ပြန်ရှင်လာပြီး ညီညကမှာမို့ ပွဲကြည့်ချင်လို့ ငါ့ပိုက်စမ်းပေးပါဆိုပြီးလိုက်တောင်းရင်ပေးချင်သေးတယ် အဲဒိလို ဆို အတောင်းခံရတဲ့သူ ပေးချင်ဦးမယ်”လို့ဝင်ပြောပါတယ် ။ ဟုတ်သားပဲ … တရားနာတယ်ဆိုတာ ဘယ်နေရာ ဘယ်အချိန်မှာပဲနာနာ ကိုယ့်စိတ်သန့်ရှင်းနေမှ ..နို့မဟုတ်ရင် တရားနာတယ်လို့ဘယ်ပြောရမလဲ? ကိုယ့်စိတ်ထဲမှာ အခြားအကြောင်းတွေ ဖယ်မထားပဲ နာနေရင် တရားက ဘယ်လိုလုပ်ရင်ထဲရောက်မလဲ ။
ဒါတွေဟာကျွန်တော်ကပဲ အတွေးစံလွဲနေတာလား? ပတ်ဝန်းကျင်ကပဲ စံလွဲ နေသလား ? ပြောကြည့်ကြပါဦး။။။

11 comments

  • kai

    December 21, 2010 at 9:14 am

    စာက … တန်းလန်းကြီးဖြစ်နေတယ်..။
    ကြည့်ရာတာ ..အင်တာနက်စံလွဲသွားသလား.. လူပဲအုန်းလွဲသွားသလားမသိ…။

    သီလရှင်ဆိုတာ… မယ်ကင်းကစတယ်လို့မှတ်ဖူးတာပဲ..။ “သီလရှင်အစ မယ်ကင်းကတဲ့..”မှန်မမှန်တော့ မသိ..။
    တကယ်တော့ .. မိထွေးတော်ဂေါတမီက စခဲ့တဲ့ ဘိက္ခူနီမ ရဟန်းမ .. သာသနာ မြန်မာပြည်မှာ မရှိတော့တာတော်တော်ကြာနေပါပြီ။
    ကွယ်ခဲ့ပါပြီ..။

    ပြောချင်တာက..
    ဆရာလေး(မယ်သီလရှင်)တွေဟာ .. (အရွယ်ကောင်းတွေဆိုရင်).အခုလို “ဒါနရှင်များရှင်”လုပ်နေတာဟာ သာသနာကို အမှီပြုလို့ ..တိုင်းရေးပြည်ရေးအခြေအနေအရ .. အဆင်ပြေသလိုလုပ်ကိုင်နေသူများလို့သာ မြင်မိပါတယ်..။
    ရက်ရက်စက်စက်ပြောရရင်တော့ … စံနစ်ရဲ့ သားကောင်များပေါ့..
    =========
    စကာကြုံ၊ စာတည့်လို့ … အင်တာနက်ထဲက.. မယ်ကင်းနဲ့..ဗန်းမော်ဆရာတော် စာပေတိုက်ပွဲလေးကူးတင်ပေးလိုက်ပါတယ်..။
    ပြုံးရယ်နိုင်ကြပါစေ..။
    http://maungmaungmfs.blogspot.com/2010/12/blog-post_19.html

    ှဗန်းမော်ဆရာတော် နှင့် သီလရှင် မယ်ကင်း ( မေမြို ့မိုးကြည် )
    သီလရှင် ဆရာကင်း
    ဗန်းမော်ဆရာတော်ကြီးသည် ဘုန်းကြီးလောကသာ မဟုတ်ဘဲ နန်းတွင်း နန်းပြင်
    မကန် အုတ်အုပ်သဲသဲ နှင့် ကြဲချင်တိုင်း ကြဲနေသည့် အချိန်တွင် သီလရှင် မယ်ကင်းမှာ
    လည်း သီလရှင် လောကတွင် ဆရာတဆူ အဖြစ်နှင့် ဂုဏ်ရှိန် တထိန်ထိန် ညီးနေသည့်
    အချိန်ဖြစ်ပေသည်။ ကသည်း လူမျိုး ဖြစ်သည့် သီလရှင်မယ်ကင်း မှာ ငယ်စဉ်က စ၍
    သီလရှင်ဝတ်ဖြင့် နေခဲ့သဖြင့် လူ မှု ့ကိစ္စအဝဝ တို ့ဖြင့် ကင်းကွာနေခဲ ့ပေသည်။ထို ကိစ္စ
    အဝဝ နှင့် အနှောင်အဖွဲ ့တို ့ကင်းရှင်းသည်နှင့် အမျှ ပင် ဆရာကင်းတွင် တာဝန်ဝတ္တရား
    နည်းပါးခဲ ့သည်။ ရှိသည့်တာဝန်မှာ လည်း စာပေပရိယတ္တိ လေ့လာလိုက်စားခြင်းပင်ဖြစ်
    ပေသည်။ အချိန်နှင့် အမျှ လေ့လာလိုက်စားခဲ ့ခြင်း၍လား မပြောတတ် ဆရာကင်းမှာ ထို
    ခေတ် ထိုအခါတွင် စာတတ်ပေတတ် စာရင်းတွင်ပါဝင်သူ ဖြစ်လေသည်။
    ဆရာကင်းမှာ ငယ်စဉ်အခါက ပညာကို အထူးတလည် လေ့လာသင်ကြားခဲ ့ဟန်
    ရှိပေသည်။ ဆရာကင်း ပညာသင်ကြားခြင်း နှင့် ပက်သက်၍ သိရသလောက်မှာ လေး
    စားအပ်လေသည်။
    “ ဆရာကင်း သည် သီလရှင်ဖြစ်သော အခါမှစ၍ ငယ်ဆရာဖြစ်သော သီလရှင်
    ဆရာ ( အမည် မထင်ရှား ) ထံ၌ ကစ္စည်း သဒ္ဒါကြီး ၊ သင်္ဂဟ နှင့် ဋီကာကျော်များကို သင်
    ကြားကြောင်း ထို ့နောက် စစ်ကိုင်း တောင်ရိုးတွင် ရဟန်းလူထွက် ဆရာကြီး တစ်ဦးထံ ၌
    ပါဠိတော်များ၊ အဌကထာများ နှင့် သမ္မောဟဝိနောဒနီ အဌကထာများ ကို သင်ကြားခဲ ့
    ကြောင်း၊ စစ်ကိုင်း ဂူတလုံးချောင်တွင် တောရ ဆောက်တည် နေထိုင်၍ ထွတ်ခေါင်
    ဆရာတော်ထံ ၌ ညဝါနှု့် အဌကထာများ ကို သင်ကြားခဲ့ကြောင်း မျှသာ သိရ၏။ ”
    ( ရဝေထွန်း “သီလရှင်များ သမိုင်း” ၁၅၆-၁၅၇)
    ဤမျှဖြင့်ပင် ဆရာကင်းသည် စာကြီးပေကြီးများ ကို သင်ယူခဲ ့ပြီး အခြေခံ ကြီး
    မားကြောင်း ကားထင်ရှားလှပေသည်။ ဆရာကင်း နှင့်တွဲဖက် ထင်ရှားသည့် ဆရာတဦး
    မှာ မယ်နတ်ပေး ဟူသော သီလရှင်ကြီးပင် ဖြစ်၏။ဆရာမယ်နတ်ပေး က ပဋိပတ္တိကမ္မဌာန်း
    ဘာဝနာဘက်၌ ကြိုးပမ်းအားထုတ်သလောက် ဆရာကင်း မှာ ပရိယတ္တိ စာပေသင်ကြား
    လေ့လာပို့ချမှု ့ဘက်၌သာ အားသန်ခဲ ့လေသည်။
    ထို ့ကြောင့် နောက်ပိုင်းတွင် ဆရာကင်းသည် အပါးဝစွာလေ့လာတတ်သိခဲ ့သည့်
    ပညာရပ်များ ကို သီလရှင်တပည့်များ နှင့် ဝါသနာပါသူ လူဝတ်ကြောင် မိန်းခလေးများ
    ကို စာပေ ပို ့ချ ဖြန့်ဖြူး၍သာ နေခဲ ့လေသည်။ ကျောက်ထီးတန္တု အလေးပြုအပ်သည့်
    ဆရာကြီးတစ်ဆူ အနေဖြင့် သီလရှင် အများအပြား ကို မွေးထုတ်ကာ စံနစ်တကျ လည်း
    အုပ်ချုပ်၍ အမြုံ အဖွဲ ့လိုက်သည်မှာ သီလရှင်လောကကြီး ဝေစည် ပြန့်ပွား ထွန်းကား
    ၍ပင် လာခဲ ့တော့သည်။
    ဆရာကင်း၏ ကြိုးပမ်းမှု ့ ခေါင်းဆောင်မှု ့တို ့ကြောင့် တစတစ ဆရာကင်းသ
    တင်းသည် နေပြည်တော်ဘက်သို ့သင်းလာလေသည်။ ယင်းသည်ကား အခြားမဟုတ်
    ဆရာကင်း၏ မောင်အရင်းဖြစ်သူ ရှမ်းကလေး ကျွန်းဆရာတော် အရှင်နန္ဒာနှင့်လည်း
    ပက်သက်လေသည်။
    အရှင်နန္ဒာမှာ မင်းတုန်းမင်းခေတ်တွင် သုဓမ္မာဝင်ဖြစ်သည့် အပြင် ထိုသုဓမ္မာ
    ထဲတွင်လည်း ကျော်စောထင်ရှားသည် နှင့် အမျှ တတ်ကျွမ်းနားလည်သည့် ပုဂ္ဂိုလ်
    တစ်ဦးလည်း ဖြစ်နေပေသည်။ ထို ့ကြောင့် မင်းတုန်းမင်း တရားကြီး လေးစားကြည်
    ညိုမှု ့ကို အများဆုံး ခံယူကိုးကွယ်မှု ့ရှိသည့် ဆရာတော်ကြီး ဖြစ်လေသည်။ တနွယ်ငင်
    တစင်ပါ ဆိုသကဲ ့သို ့ ရှမ်းကလေး ကျွန်းဆရာတော် ကို အကြောင်းပြု၍ ဆရာကင်းကို
    လည်း မင်းတုန်းမင်းတရားသည် ရင်းနှီးကျွမ်းဝင်ကာ ဦးညွှတ်မှု ့၊ လေးစားမှု ့ပြုလာ
    လေတော့သည်။
    ၁၂၂၁ ခုနှစ်တွင် ရှမ်းကလေး ကျွန်း ဆရာတော် နှင့် အကျွမ်းတစ်ဝင်ရှိလှသည့်
    ရွှေကျင် ဆရာတော်ကြီါ် ကို ပင့်ဆောင်ပြီး မရှေးမနှောင်းပင် စစ်ကိုင်းတွင် နေထိုင်ကြ
    သည့် ဆရာကင်း နှင့် မယ်နတ်ပေး တို ့ကိုလည်း နေပြည်တော် သို ့သီတင်းသုံး ရန်ပင့်
    ဆောင် လေသည်။
    မင်းတုန်းမင်း တရားကြီါ် ပထမအကြိမ် ပင့်စဉ်ကပင် ကတိသုံးချက် တောင်း၍
    ရပါမှ လိုက်ပါမည်ဟု ဆိုလေသည်။ ကတိသုံးချက်မှာ –
    ၁။ မိမိသည် မိန်းမသား ဖြစ်၍ ဆရာတော်၊သံဃာတော် များအား လေးစားရိုသေ
    ရမည် ဖြစ်၍ ပြဿာဒ်ဆောင် ဘုံဆင့် ပါသည့် ဇရပ် ဆောက်လုပ်လှူဒါန်းခြင်း
    မပြုရ။
    ၂။ မည်သည့် ဘွဲ ့တံဆိပ် မှ ဆက်ကပ် လှူဒါန်းခြင်း မပြုရန်၊
    ၃။ ဆွမ်းဝတ်၊ ဆွမ်းအိုး မလှူဒါန်းရန်၊
    တို ့ဖြစ်သည်ဟု ဆိုသည်။ ထိုသုံးချက် တောင်းပြီးနောက် နေပြည်တော်သို ့
    လိုက်ပါ သီတင်းသုံးခဲ ့လေသည်။ နေပြည်တော် ရောက်သော အခါတွင်လည်း စာပေ
    ကျမ်းဂန်များ ပို ့ချ၍သာ အချိန်ကို ကုန်လွန်စေခဲ ့လေသည်။ နန်းတွင်း မိဖုရား သမီး
    တော်များ နှင့် နန်းတွင်း သူများ ၏ ယဉ်ကျေး လိမ္မာမှု ့ စာပေ တတ်ကျွမ်းနားလည်မှု ့
    အတွက် ဝါယမစိုက်ထုတ်လျှက် သင်ကြား ပြသ ဆုံးမ ခဲ ့လေသည်။
    ဆရာကင်း နှင့် ပက်သက်၍ ဆိုရလျှင် မင်းတုန်းမင်း ထံ တောင်းဆို ခဲ ့သည့်
    အချက် သုံးချက် ကိုကြည့်ခြင်းအားဖြင့် ရိုးသားမှု ့ ကြွားဝါပလွှား မှု ့ကင်း၍ သာသနာ
    ရေး၍ သာစိတ်ဝင်စားမှု ့ ရှိကြောင်းထင်ရှားပေသည်။ မိန်းမသား ပင်ဖြစ်သော်ငြား
    လည်း သူတော်စင် ပီသသည့် သဘော လက္ခဏာများ ဆရာကင်းတွင် ပြည့်ပြည့်ဝ၀
    ရှိ၏ ။
    သို ့ရာတွင် ဆရာကင်းတွင် မာန အနည်းငယ် ကြီးဟန်ရှိသည်။ ထိုမာနကား
    ပညာမာန်၊ မာန်သုံးမျိုး အနက် ကောင်းမွန် သည့် ပဏီတမာန်မျိုးသာ ဖြစ်ပေသည်။
    ဤမာန်မျိုးလောက်တော့ ရှိပေမည်။ ထို အချိန်က ဆရာကင်း အနေမှာ မိန်းမလောက
    ၏ မီးရှူးတန်ဆောင်ပင် မဟုတ်ပါလော။ သူ ့အခြေ အနေ ၊သူ ့ပညာ ၊ သူ ့အရှိန်အဝါ
    သူ ့ဩဇာ၊သူ ့ရပ်တပ်မှု ့ အတိုင်းအတာကား မသေးလှ။ ကြီးမားလှပေသည်။ ထို အခြေ
    အနေ ပေးတို ့ကြောင့် အထိုက်အလျှောက် မာန်တက်သည်ကို ကား အပြစ်ဟူ၍ ဆို
    ဖွယ်ရာမရှိပါပေ။
    သို ့သော်လည်း ဟန်တလုံး၊ပန်တလုံး သူ ့ကမ္ဘာ၊သူ့လောကတွင် ထူထူထောင်
    ထောင် နှင့် ခေါင်းဆောင်ကြီး လုပ်နေသည့် ဆရာကင်း အဖြစ် ကိုမူ မနှစ်သက်သည့်
    ဆရာတော် သံဃာတော် အနည်းအကျဉ်းရှိလေသည်။
    ထိုအထဲ တွင် ဗန်းမော် ဆရာတော်သည် ထိပ်ဆုံးမှ ပါဝင်လေသည်။ ဗန်းမော်
    ဆရာတော် ၏ မယ်ကင်း ကို မုန်းတီးခြင်း နောက်အကြောင်း တခု ရှိနိ်ုင်သည် ဟု ယူ
    ဆရသောအချက်မှာ ရှမ်းကလေးကျွန်းဆရာတော်၏ နှမ ဟူသော အစွဲ အပြစ်ပင်ဖြစ်
    ၏။ ရှမ်းကလေး ကျွန်း ဆရာတော်ကိုမူ ဗန်းမော်ဆရာတော်က ပြန်တမ်း ကိစ္စ နှင့်ပက်
    သက်၍ ကျေနပ်တော် မမူခဲ ့ပေ။ ထို အစွဲ ရှိမှု ့ကြောင့်သဲသဲမဲမဲ ရေးစရာ ရှိလျှင် ရေး
    ၍ ပြောစရာရှိလျှင် ရက်ရက်စက်စက် ပြောလေသလော ဟု စဉ်းစားဖွယ် ဖြစ်လေသည်။
    နောက်တကြောင်းမှာလည်း ဗန်းမော် ဆရာတော်၏ ပင်ကိုယ် သဘောကြည့်ရှူ ့သည်မှာ
    တဆောင်တယောင် ဝင့်ဝင့်ထယ်ထယ် နေသည့် သဘော ဘုရင်နှင့် နီးနီးကပ်ကပ်
    နေပြီး ဘုရင့် အကြိုက် အလိုက်သင့် နေကြသည့် လောကွတ်သဘော တို ့ကို တူးတူး
    ခါးခါး မုန်းတီးဟန်ရှိပေသည်။
    ထို ့ကြောင့် ဆရာကင်းနှင့် ပက်သက်၍ ဗန်းမော်ဆရာတော် က နဲနဲမျှ အလျော့
    ပေးခဲ့သည် ဟူ၍မရှိခဲ ့၊ အကွက်ဝင်လျှင် တချက်ပင် ငုံမခံ ရက်ရက်ရောရော ပြောလိုက်
    ရေးလိုက်သည်သာ ဖြစ်၏။
    တခါတွင် ဆရာကင်း က သံဝေဂ တေးထပ် တပုဒ် ကို ရေးလေသည်။ ထိုတေးထပ်
    မှာ –
    “ ဘိက္ခူနီ ဆရာကင်းက၊ တဏှာကွင်း ပစ်ပယ်၊
    ဗလာကျင်းခေတ်နှယ်၊ ချစ်စဖွယ်ဟန်နွဲ ့၊
    ဂူမွေ ့လို ့ လူတွေ ့ရှောင်တယ်၊ မြူရွှေ ့တောင် အားသစ်ခဲလို ့၊
    ကမ္မဌာန်း နှင့် မဂ်ငြမ်းချူတယ်၊ တက်လမ်းမူသနဲ ့၊
    မတတ်သာ စိတ်ရဲလို ့၊ မိတ်ဖော်လဲမပါ၊
    ဘဝနာ ဘိညာဉ်ကွန် ့၊ တိမ်ယဉ်ညွန် ့ စီးတော့မည့်ခါ၊
    ပုတီး နှင့် အမြီးပါတယ်၊ မငြီးရာ ဈာန်ရိပ်နှင့်၊
    ပန်စိတ်တဲ ့ သီလသယ်၊ ထူးပေ ့ အံ့ဖွယ်၊
    တောခလို ့ လောဘဖယ်တယ်၊ မောဟဝယ် ရှိဘူးတင့်လေး။”
    ( ဤလေးထပ် ကို အမည်မသိ နန်းတွင်းသူ တစ်ဦးရေးသည်ဟုလည်း အဆိုရှိသည်။)
    ဆရာကင်း ရေးသည့် တေးထပ် ကို ဗန်းမော်ဆရာတော် တွေ ့ရသော အခါ
    အရွဲ ့တိုက်၍ ဤသို ့လျှင် တေးထပ်တစ်ပုဒ် ရေးထုတ်လိုက်လေသည်။ ဆရာတော်
    တေးထပ်မှာ –
    “ ဘိက္ခူနီ ဆရာကင်း တဏှာကွင်းစွပ်မယ်၊
    ဗလာကျင်းဝတ်ထည် ကို၊ ချွတ်ပယ်မယ်ကုန်ဖွင့်၊
    ကူပွေ ့လို ့လူတွေ ့ခံတယ်၊ မြူရွှေ ့ဟန်ဆိုးတဲ့ အကျင့်၊
    ပြာတဆုပ် နှင့် မဂ်သုတ်သင်တယ်၊ စက်ဆုပ်ချင်သထင့်၊
    မန်းသေလာတောင်မြင့်မှာ၊ ဖေါ်မလင်ဧကစာ၊
    လင်မျှော်ကာ ပန်ရည်ရိပ်ကယယ်နှင့် ကြံစည်စိတ်များလှတော့သာ၊
    ပုတီးသုံးလို ့ လူပုန်းရှာတယ်၊ သူနှုန်းကာ ငြိမ်သက်နှင့်၊
    ကြံရက်တဲ ့ သီလသယ်၊ ထူးပေ့ အံ့ဖွယ်၊
    လောဘနှင့် မောဟ တွယ်သည်၊
    တောခတယ် မယ်ကင်းတဲ ့လေး ” ဟူ၍ ဖြစ်သည်။
    တခါလည်း ဆရာကင်း က သူ ့ကျောင်းတွင် သီးနေသည့် လုံးလုံးချောချော ရှိလှသော
    သင်္ဘောသီးကြီး တစ်လုံး ကို ဗန်းမော် ဆရာတော်ထံ အကပ်ခိုင်းလေသည်။ အပို ့ခိုင်း
    သည့် တပည့် သီလရှင်လေး နှစ်ဦး ကိုလည်း အမှာ စကားပါးလိုက်လေသည်။ “ဗန်းမော်
    ဆရာတော် ကများ မင်းတို ့ ဆရာက သင်္ဘောသီးကြီးလှူပြီး ဘာဆုတောင်းလိုက်သလဲ
    မေးခဲ ့လျှင် “ဘုရားဆု ကိုတောင်းသည်” ဟု လျှောက်ပါဘိ။”
    သီလရှင် ကလေးနှစ်ဦး လာကပ်သည့် အခါ ထင်သည့် အတိုင်း ဆရာတော်ကမေး
    တော့သည်။ ဤတွင် သီလရှင် နှစ်ဦးသည်လည်း မှာလိုက်သည့် အတိုင်း ပင်လျှောက်တင်
    လိုက်လေသည်။ ဆရာတော်၏ စိတ်တွင် ကြီးကျယ်သည်ဟု ထင်တော်မူ၍ လောမပြောနိုင်၊
    ရုတ်ချည်း ပြန်လည် မိန် ့ဆိုလိုက်သည်မှာ – “ အိမ်း ဘုရားဆု မတောင်းမီ ငါ့ ပေါင်ကြားထဲ
    က ဟာ ကို နင့်ပေါင်ကြား အလျှင်ရောက်အောင်ဆုတောင်း ဦး လို ့ ပြောလိုက်” ဟု မိန် ့မှာ
    တော် မူလိုက်လေသည်။ ဆရာတော်၏ အပြောမှာ အပေါ်ယံ ကြည့်လျှင် ကြမ်းသယောင်
    ထင်ရသော်လည်း အနှစ်သာရှိသော စကားဖြစ်၏။ “ဘုရားဆု မတောင်းသေးဘဲ ယောက်ျား
    ဆု ကို အလျှင်တောင်ဦး ” ဟု ဆိုလိုရင်း ဖြစ်၏။ ယင်း သဘောကို မစောကြော မိသော
    ကြောင့် ဆရာကင်းလည်း ရိုးရိုးသားသား ဆုတောင်း လိုက်သည်ကိုပင် အပေါ်စီးမှ အယုတ်
    တမာ မိန့်တော် မူလိုက်ကောင်း သလားဟု အခဲမကျေ နိုင် ဖြစ်လေသည်။ ဒွေးချိုး တစ်ပုဒ်
    ပြန်ရေးလိုက် လေ၏။ ဒွေးချိုး မှာ –
    “ အဖျားရည်ပေ၊ အနားခွေမခိုင်ပြတ်ခါမှ၊ မြိုင်ရပ်ကို မှီး၊
    စိတ်ပုတီး နှင့်၊ ယပ်ကြီးကို ကိုင်၊ မဂ်လမ်းဘယ်လိုဆိုင်ပါ့မယ်၊
    ဝတ်သင်းပိုင် မုန် ့ရည်ကွက်ကယ်နှင့် တောထွက်ခင်ကြီး ”
    ဆရာကင်း စာကို ဗန်းမော် ဆရာတော် ဖတ်ရှူ ့ရသော အခါ နောက်တချီ မလှန်ရဲ
    အောင် နှံခွဲမှပဲ ဟူသော သဘောပိုက်ကာ နှစ်နှစ် ရစ်ရစ် ပစ်ပစ်ခါခါ ပြန်လည်ရေးသား
    လိုက်သည့် စာမှာ-
    “ နှုတ်သီးရယ်စွာ၊ ( ပုတ်) ကြီး အာတာတာ နှင့် ဖာမယ်သီလ ၊
    အကျင့်ရယ်တန် မသင့်တာ အမြင်သန်လို ့၊ နင့် အကြံ ဝသီဆိုးတယ်၊
    ( ယိုး ) လိုက်ချင်လှ ” ဟူ ၍ ဖြစ်ပါသတည်း။
    အချုပ်အား ဖြင့် ဆရာတော်ကြီး နှင့် ဆရာကြီး တို ့ ပဋိပက္ခမှာ အခြား အရေး
    တို ့ထက် အတ္တမာန မှ မြစ်ဖျားခံ၍ ဖြစ်ပေါ်လာသော တိုက်ပွဲသာ ဖြစ်ပေသည်။

    မေမြို ့ မိုးကြည်

  • naywoonni

    December 21, 2010 at 10:11 am

    ပို့တစ်ခုတင်ဖို့အကြာကြီး စောင့်ရပြီး ရီလုပ် ဒ် ပြန်ပြန်လုပ်နေရတာ ပို့စ်က မပေါ်သေးဘူး ကော်မန့်က ရောက်လာပြီ အဲဒီတော့မှ ကိုယ်တင်တဲ့ပို့စ် ဝင်သွားပြီဆိုပြီ ပျော်လိုက်ရတာ ပြီးတော့ အကုန်မပါဘူးတဲ့ ပြန်စိတ်ညစ်သွားပြန်ရော ……..တစ်နေကုန်ဒါလေးပဲတင်လိုက်ရတယ် မွဲပါပြီ

  • kai

    December 21, 2010 at 10:15 am

    အပေါ်မှာ ကိုနေက ဆက်တင်တော့ ..ကျုပ်မန်းတာ အူကြောင်ကြောင်ဖြစ်နေတာပေါ့..။
    အရင်က အတွေး၁ နဲ့ရပ်နေလို့ ..မန်းလိုက်တာပါ..။
    ဒါနဲ့.. မယ်သီလရှင်ကြီး မယ်ကင်းက ..ကသည်းလူမျိုးလို့ရေးထားလို့ပါ..။
    အခုမှသိတယ်..။ ကသည်းဆိုတာ.. အာသံ၊မဏိပူရ မြန်မာပိုင်နယ်က လာတာလို့ထင်မိပါတယ်..။
    ဆိုတော့ ..အခုခေတ် အိနိ္ဒယသားတွေပေါ့..။

  • ဆူး

    December 21, 2010 at 12:11 pm

    အဘနီ အတွေးတွေ ကောင်းတယ် အားပေး သွားပါတယ်။
    ဆိုင်ဝန်ထမ်းများကလည်း ဒီလိုဘဲ.. အရှေ့လူဆီက နောက်လူ သင်တာ.. ထုံးစံဘဲ.. ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုတာ အမှန်ဘဲ။ စေတနာ မေတ္တာ မပျက်ထားနိုင်ရင်တော့.. စိတ်ထား မကောင်းတဲ့ ကောင် သူ့ အလိုလို လိမ့်သွားကော.. ကိုယ်က အမုန်းခံ ထုတ်စရာ မလိုဘူး။
    အလှူတွေမှာလည်း ဒီလို အစွဲတွေ ကြီးနေလို့.. အလှူရှင်တွေ သေတော့ ပြိတ္တာဘဝနဲ့ ဘုရားစောင့် ကျောင်းစောင့် လုပ်နေရတာပေါ့.. စိတ်မထားတတ်တော့ ခံပေါ့.. သွန်သင်လို့ မရတာလား.. သွန်သင်ဆုံးမမဲ့သူ မရှိတာလား.. ဆုံးမ တဲ့လူ ညံတာလားတော့ မသိဘူး။

    သီလရှင် အကြောင်းတော့ သိပ်မပြောချင်ဘူး။ သာသနာ နဲ့ ဆိုင်နေတယ်။
    အပြောတချက်က သူများ အကြည်ညို တိုးပွားစေနိုင်သလို အကြည်ညို ယုတ်လျော့ သွားနိုင်တဲ့ အတွက်.. ဒီမှာ တော့ မဝေဖန်ပါ။
    ပုံ
    သီလရှင် ဆရာကြီး
    ဒေါ်ဆူး 😉

  • unclegyi1974

    December 21, 2010 at 1:34 pm

    ကိုနီရေ လက္ဘရည်ဆိုင်ကိုကွက်ပြီးပြောတာသေချာ
    တယ်နော်
    ရွာဘုန်းကြီးကျောင်က အလှူရေစက်ချပြီး
    သားမို့သံဃိကဖြစ်သွားပြီမဟုတ်လား
    နဂိုလ်အလှူရှင်နဲ့မဆိုင်တော့ပါဘူး
    သူပြန်ပြင်နိုင်ရင်တော့သူ့ကိုဦးစားပေး
    ရမှာပေါ့ သူမပြင်နိုင်ရင်ကျောင်းထိုင်ရဲ့ဆန္ဒအ
    တို်င်းဖြစ်ရမှာပ

  • naywoonni

    December 21, 2010 at 1:37 pm

    ဒီနေ့ ဒီစာတင်ရတာ လေးနာရီမကဘူး …စာရင်လို့မရလို့ပြန်မယ်လုပ်နေတာ ကိုခိုင့်ကကွန်မန်း ရောက်လာလို့ပျာ်သွားတာ ဒါပေမဲ့ အပြည့်ပျော်မရဘူး အစလေးပဲပေါ်တာကိုး လူလည်ကျပြီး ကွန်ပိုစ့်မေးလ်မှာ အရင်ရေးပြီးမှကော်ပီလုပ်လိုက်တာ ဒီတစ်ခါအသုံးဝင်သွားတယ်..။ ဒီလိုလေး ကျွန်တော်ရေးတဲ့စာလေးကို စိတ်ဝင်တစားဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

  • weiwei

    December 21, 2010 at 2:30 pm

    မှားတာများရင် မှန်သွားတတ်တယ်တဲ့ …

  • winkyawaung

    December 21, 2010 at 4:03 pm

    ဒီပို့စ်ကို ဖတ်ရတာ ရေးသူကိုလည်းကျေးဇူးတင်ပါတယ်။
    ကိုခိုင် နဲ့ ကွန်မန်းပေးသူများကလည်း တော်တော်လေးကို ပြည့်စုံကောင်းမွန်ကြပါတယ်။

  • char too lan

    December 22, 2010 at 10:09 am

    မလွဲပါဘူး တဲ့လွန်လွန်းလို့ နေရခက်သွားတာ
    အဲ့ဒီဆရာလေးတွေအကြောင်းလဲ ပြောချင်တော့ပါဘူးဂျာ အမေပြုထားသမျှကုသိုလ် ကျနော့်ကြောင့် လျှော့သွားမှာစိုးတယ်။
    မြင်သမျှ ဘဝင်မကျတာတော့အသေအချာ ~~~~

  • kai

    December 22, 2010 at 10:54 am

    ဆရာနီ အချိန်ကုန်ခံတင်ထားတာတန်သွားအောင် .. အတွေး(၂)ကိုဝေဖန်ပြိး ဘရိန်းစထရုန်းလုပ်မယ်ဗျာ..။

    အစိုးရသာ ပြောင်းသွားခဲ့တာ အောက်ခြေ ဝန်ထမ်းတွေမှ မပြောင်းလဲခဲ့တာနော့……ဆိုတာမှာ..
    အစိုးရပြောင်း… သံယံဇာတတွေထုတ်ရောင်းပြီး မြန်မာပြည်ကြီးစီးပွားရေးနည်းနည်းချောင်လည်လာပြီဆိုပါတော့..။
    ဘာဖြစ်လာမယ်ထင်သလဲ…။

    အင်္ဂလိပ်ခေတ်ကလိုပဲဖြစ်မှာဗျား..။
    အဲဒီလိုလက်ဖက်ရည်ဆိုင်တို့..စတိုးဆိုင်တို့.. ကုန်တိုက်တို့။ ဝန်ဆောင်မှုတို့.. ပထမတော့ အောက်ခြေဝန်ထမ်းတွေအကုန်.. အိန္ဒိယက..ဘင်္ဂလားဒေ့ချ်က..တရုတ်ပြည်က..။ယိုးဒယားက..အလုပ်သမားတွေအကုန်ပြန်ဝင်လာကြမှာ..။
    ဘင်္ဂလားဒေ့ချ်က အရင်ဆုံးဖြစ်ဖို့များတယ်..။
    အဲဒီလူတွေဝင်လာပြီး အလုပ်အကိုင်တွေကို ရှယ်ယူလိုက်ရင်..အကုန်အိုကေစိုပြေတာမို ့… အဲဒီလိုဖြစ်သွားပါမယ်..။
    အဲဒီအလုပ်ရှင်တွေကလည်း ..အပြင်လူတွေပဲ..အလုပ်ခန့်တော့မှာဗျား..။ မြန်မာဆို ..မခန့်ရေးချမခန့် ဖြစ်မှာပါပဲ..။
    ..
    ဒုတိယ ..
    တတိယတော့ ဆက်မှန်းဗျို ့..။ သမိုင်းဘီး တပါတ်လည်မယ်လို့..တော်တော်သေသေချာချာ ပြောနိုင်ပါတယ်..။
    မြန်မာတွေ… အခြေခံဓလေ့ထုံးတမ်းတွေ..မပြင်သရွေ ့တော့ … ဒုံရင်းက..ဒုံရင်းပဲဖြစ်နေဦးမှာပဲ..။

    ကံကောင်းထောက်မစွာနဲ့… တက်လာမဲ့အစိုးရက ..ကမ္ဘာအနှံ ့ရောက်နေတဲ့မြန်မာတွေအကုန် ပြန်ခေါ်ခိုင်းနိုင်ရင်တော့ … အခြေခံကစ..ပြောင်းနိုင်တာမို ့.. မျှော်လင့်ချက်ရောင်ခြည်သန်းလာနိုင်ပါတယ်.။
    အနည်းဆုံး ပြည်ပရောက် မြန်မာ၂သန်းလောက် ကမ္ဘာ့အတွေ့အကြုံတွေယူပြိး ပြန်လာလုပ်မှ… အခြေအနေကောင်းမယ်..။

    ဒန်တန်တန်..။

  • naywoonni

    December 22, 2010 at 11:47 am

    ပြည်ပရောက်နေတဲ့ မြန်မာက နှစ်သန်းဘယ်က မလဲကိုခိုင်ရဲ့ ကျွန်တော့စိတ်ထင်တော့ ဆယ်သန်းအထက်မှာရှိလိမ့်မယ် ဘာလို့လဲဆိုတော့ 2000ပြည့်နှစ်မှာ မြန်မာပြည် လူဦးရေ50.125 သန်းရှိပါပြီလို့ ကျေညာထားတာရှိတယ်ဗျ 2010မှာ ကျတော့ လည်း 50.5သန်းလို့ ပြောပြန်ရော ဒီဆယ်နှစ်အတွင်းမှာ ထိုးလာတဲ့ သူတွေကဘယ်ရောက် ကုန်ပြီလဲ မြန်မာပြည်ရဲ့ လူဦးရေ တိုးနှုန်းက 2.32% လားမသိဘူး အဲဒိလောက်ပဲ …ဒီတော့ 10 သန်းအထက်မှာပဲ ရှိမှာ အဲဒိထဲက 2သန်းက ပြန်လာချင်မှာလား လာပြီးတော့ကော ကျန်ခဲ့တဲ့သန်း50ကျော်ကိုဦးဆောင်နိုင်မှာလား ?သန်း50 ကျော်ကကော ဦးဆောင်တာကို လက်ခံမှာလား သူတို့ဟာသူတို့ ဝါးလုံးခေါင်းထဲ လသာ နေကြတာနော့ ငါ့မြင်းငါစိုင်း လုပ်နေကြတာ မြန်မာအတော်များများရဲ့ (ကျွန်တော်အပါအဝင်ပေါ့ဗျာ) မကောင်းတဲ့အကျင့်က ဘာလဲဆိုတော့ ကိုယ်သွားလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်နေတဲ့အပြုအမူတွေကို စွန့်ပယ်ဖို့ ဝန်လေးတတ်တာပဲ ဘယ်လိုလုပ်ရအောင်လို့ အကြံပေးရင်လည်း သူ့စိတ် သဘောထားနဲ့ ဆန့်ကျင်ရင် လက်မခံချင်ကြဘူးဗျ ။ဘယ်လောက်ပဲ ကောင်းတဲ့အကြံဉာဏ်ဖြစ်နေပါစေ သူလုပ်တာဘယ်လောက် လွဲနေပါစေပေါ့ ။ အလွယ်တစ်ကူလက်ခံချင်ကြဘူး။

Leave a Reply