ဖတ်မိသမျှ ယနေ ့သတင်း-December 21,2010
မလေးရှား ခရီးသွားကားမှောက်၊ ၃ဝ နီးပါး သေဆုံး
ထိုင်းနိုင်ငံက ခရီးသွားတွေကို သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ မလေးရှားနိုင်ငံ အဝေးပြေးလမ်းမ တခုပေါ်မှာ တိမ်းမှောက်ပြီး စုစုပေါင်း ခရီးသွား ၂၆ ဦး သေဆုံးခဲ့တယ်လို့ မလေးရှားအစိုးရ အရာရှိတွေက ပြောလိုက်ပါတယ်။
မလေးရှားနိုင်ငံရဲ့ လူသိများ ထင်ရှားတဲ့ အပန်းဖြေ ဒေသတွေထဲက တခုဖြစ်တဲ့ ကမ်မရွန်း ဟိုက်လန်းခေါ် ကုန်းမြင့်ဒေသကို သွားရောက်လည်ပတ်ပြီး ကွာလာလမ်ပူမြို့တော်ကနေ လေယာဉ်စီးပြန်ဖို့ အပြန်လမ်းမှာ ဘတ်စ်ကား တိမ်းမှောက်ပြီး ခရီးသွားတချို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ယာဉ်မောင်းသူက အဝေးပြေးလမ်းလယ်မှာ ကာရံထားတဲ့ အကာအရံကို ဝင်တိုက်ပြီး အရှိန်မထိန်းနိုင်တဲ့အတွက် အဲဒီ နှစ်ထပ်ဘတ်စ်ကား တိမ်းချော်ပြီး မှောက်သွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်တဲ့အတွက် ခရီးသည် ၂၂ ယောက် ပွဲချင်းပြီး သေဆုံးပြီး ၄ ယောက်ကတော့ ဆေးရုံကို ပို့တဲ့လမ်းမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ယာဉ်မောင်းသူနဲ့ ခရီးသွား ကုမ္ပဏီဝန်ထမ်း မလေးရှားလူမျိုး ၂ ယောက်လည်း ပါဝင်တယ်လို့ သိရပြီး နောက်ထပ် ခရီးသည် ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာချက်အရ အရှေ့တောင်အာရှမှာ ယာဉ်သွားလာရေး အထောက်အကူ အမြင့်ဆုံးပေးထားတဲ့ မလေးရှားနိုင်ငံမှာ ဘတ်စ်ကား တိမ်းမှောက်မှုတွေဟာ ဖြစ်ရိုးဖြစ်စဉ် တရပ်လို ဖြစ်နေတယ်လို့ သိရပါတယ်။
voa http://www.voanews.com/burmese/news/malaysia-bus-accident-112218594.html
နယ်စပ် တိုက်ပွဲ အခြေအနေများ (From dawn man hon’s blog)
ထို်င်းမြန်မာနယ်စပ် မြဝတီမြို့နဲ့ အနီးတဝိုက်တွေဖြစ်တယ် ဖလူး၊ ဝေါ်လေ ဒေသတွေမှာ နေ့စဉ်ဆက်တိုက်ဆိုလို တိုက်ပွဲတွေ
ဖြစ်နေလျက်ရှိပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့ ၉ နာရီခွဲလောက် ဝေါ်လေဘက်မှာ တိုက်ပွဲတပွဲ ဖြစ် ပွားခဲ့ပါတယ်။ ကနဲလေးနဲ့ ဝေါ်လေကြားမှာ နအဖ စစ်ကြောင်းကို ဒီကေဘီအေ ဘက်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နအဖ ဘက်မှ ၈ ဦး ကျဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့က ၉ နာရီခန့်ကလည်း မြဝတီမြို့တောင်ဘက်ရှိ ဖလူးရွာနားမှာ နအဖ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၄ရ တပ်နှင့် DKBA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ နအဖ ဘက်က ရ ဦး ကျဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိပါတယ်။ DKBA ဘက်မှ ၁ ဦး ကျဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရတယ်လို့ ကြားသိရပါတယ်။
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး သရုပ်ဆောင်ထားသည့်ဒေါ် အောင်ဆန်းစုကြည် ၏ဘဝအကြောင်းရိုက်ကူးထားသော“The Lady” ဇာတ်ကားမှဇာတ်ဝင်ခန်းတချို့from ဒေါင်းမာန်ဟုန်




Nldဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်ဦးဟန်သာမြင့်၏သားမင်္ဂလာဆောင်အခမ်းအနားသို့ တတ်ရောက်သော ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်လူကြီးများဓာတ်ပုံမှတ်တမ်း




မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ချုပ်လူကြီးတချို့ အင်ယားလိပ်ဟော်တယ်မှာပြုလုပ်သည့်
ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်၏ သားမင်္ဂလာဆောင်အခမ်းအနားသို့ တတ်ရောက်
ချီးမြှင့်ပေးသည့်ဓါတ်ပုံအချို့ဖြစ်ပါသည်။
dawn man hon’s blog
One comment
pan pan
December 22, 2010 at 3:21 am
မီရှဲလ်ယိုးကို ချီးကျူးပါတယ်။ အမေစု နေရာမှာ သရုပ်ဆောင်တယ်ဆိုတာ တော်ရုံအရည်အချင်းမျိုးနဲ့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ မျက်နှာမှာ တည်ကြည်အေးချမ်းမှု၊ ဉာဏ်ပညာရင့်ကျက်မှု စသည်စသည်တွေ ထင်ဟပ်နေရမှာပါ။