Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မလေးရှားမှာ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့လား

ၾကယ္ေလးDecember 21, 20101min61314

ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။

ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့

ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတေ ွ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ………………..

ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။

အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။

လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ………………

ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။

တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁ဝ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်မကလည်း ပီနန်ထဲမှာပါ။ သိပ်မကြာလိုက်ပါဘူး။၁၁.၁၂.၂၀၁ဝ ည(၉)နာရီလောက်ကြီး သူတို့ကျွန်မဆီရောက်လာပါတယ်.။ သူတို့အသိ အမျိူးသားတစ်ယောက် က လိုက်ပို့ပါတယ်။အလုပ်က ပင်ပန်းလို့ မလုပ်နိုင်တော့ဘူး ( ဝ )လိုက်ပြီတဲ့။ အဆင်ပြေမယ်ဆိုရင် ဒီမှာ ခဏနေပြီး အလုပ်ရှာချင်တယ်တဲ့။ကျွန်မကလည်း နေပေါ့။အလုပ်လည်း ဝိုင်းပြီးရှာပေးမယ်လို့။

အဲဒီမှာ စတော့တာပဲ။လာလိုက်တဲ့ဖုန်းက တခုမှ အချိုးမပြေ။ဒီကြားထဲ သူတို့က ဖုန်းစပီကာဖွင့်ပြောတော့ အကုန်ကြားနေရတော့တာပဲ။တစ်ယောက်ကဆိုရင် ညီမလေး  အခု( ဝ )သွားတော့ အဆင်မပြေဘူး မဟုတ်လား။ အကို့ဆီ လာနေပါလား။ဒါပေမဲ့ လာမယ်ဆိုရင် မြန်မြန်လာပါ။( ၂ဝ )ရက်နေ့အထိပဲ စောင့်နိုင်မယ် ( ၂ဝ )ရက်နေ့မှ မလာဘူးဆိုရင် တခြားကောင်မလေးတစ်ယောက် ကု ိပဲ ခေါ်လိုက်တော့မယ်တဲ့။ကြည့်ပါဦး  ပြောပုံကို။ နောက်တစ်ယောက်ဆိုရင် ( သူက ဖုန်းဝယ်ပေးထားတဲ့သူပါ ) ညီမ အခုဘယ်မှာလဲ လာခေါ်မယ်ဆိုတာချည်းပဲ။ကောင်မလေးက အဲဒီလူကို သိပ်မကြည်ဘူး ထင်ပါတယ် အခုရောက်နေတဲ့နေရာကို မသိဘူးပဲ ခံငြင်းတာ။အဲဒါနဲ့ အဲဒီလူက ညီမ မသိရင်လည်း အိမ်ရှင် အစ်မကို ပေးလိုက်ပါတဲ့။အဲဒီညီမက အစ်မ မပြောနဲ့နော်ဆိုပြီး ခေါင်းတခါခါ လက်တခါခါနဲ့ ကျွန်မဆီကို ဖုန်းအတင်းထိုးပေးပါတယ်။ကျွန်မလည်း မပြောဘူး။ဟိုလိုလို ဒီလိုလိုနဲ့ လိပ်စာအတိအကျ မပြောတတ်ဘူးလို့ ပြောလိုက်တယ်။အဲဒီမှာ အဲဒီအကောင်က ကျွန်မကို ဘာပြောတယ်ထင်လဲ။အစ်မပဲ စဉ်းစားကြည့်ပါ ကျွန်တော့်ဆီက ဖုန်းတော့ယူပြီးတော့ ကျွန်တော့်ရှောင်နေလို့ရမလားဗျ ဘာပဲပြောပြော ကျွန်တော့်လူ ဖြစ်သွားပြီပဲ တဲ့။တောက် ဒီ……………………. စိတ်ထဲမှာတော့လေ ကောင်းချီးပေးလိုက်တာ စုံသွားတာပဲ။အပြင်မှာတော့ ဘာမှပြောတော့ပါဘူး။ ဖုန်းပဲချလိုက်တယ်။

ဖုန်းချပြီးတော့ ဟဲ့ နင်တို့လူက မလွယ်ပါလား။သူ့ဖုန်းပြန်သာပေးလိုက်ပါတော့လား ဆိုတော့ မပေးနိုင်သေးပါဘူး ဖုန်းတစ်လုံးနည်းတာမှတ်လို့ သူတို့ဝယ်ပေးတော့ ကိုယ်ဖုန်းဝယ်မယ့် ပိုက်ဆံကို မြန်မာပြည် ပို့လို့ရတာပေါ့တဲ့။ ဒါပေမဲ့ နင်တို့လူက သားပြောမယားပြော ပြောနေတာလေ ဆိုတော့ အစ်မရယ် အခုရှောင်နေလိုက်ရင် ပြီးတာပဲ သူဘာတတ်နိုင်တာမှတ်လို့ မလေးရှားမှာက ဒီလိုပါပဲ ညီမတို့ ရောက်ခါစကဆို အဲဒီလိုပဲ လူတစ်ယောက် ဖုန်းဝယ်ပေးပြီးတော့ အဖြေအတင်းတောင်းတာ ညီမကလဲ စဉ်းစားဦးမယ်ချည်း ပြောတာ (၁၀)ရက်လောက်ကြာတော့ ငါ့မကြိုက်နိုင်ရင်လည်း ဖုန်းပြန်ပေးဆိုပြီး ပြန်ယူသွားတယ်။ဒါပေမဲ့ ညီမကလည်း မမှု့ပါဘူး။ဖုန်းဝယ်ပေးချင်တဲ့လူတွေများ တန်းစီနေတာပဲ။ညီမပြောနဲ့ ဟိုအစ်မ မှာတောင် ဝယ်ပေးချ့င်တဲ့လူတွေ အများကြီးဆိုပြီး အိမ်ထောင်ရှိတဲ့ တစ်ယောက်ကို လက်ညှိုးထိုးပြပါတယ်။

အဲဒါနဲ့ကျွန်မက ဟဲ့နင်အိမ်ထောင်ရှိတာ ပြောမပြဘူးလားဆိုတော့ ပြောပြတယ် ကလေးဓာတ်ပုံတောင် ထုတ်ပြသေးတယ်တဲ့ သူတို့က မြန်မာပြည်မှာ အိမ်ထောင်ရှိရှိ မရှိရှိ စိတ်မဝင်စားဘူး အစ်မကိုပဲ စိတ်ဝင်စားတယ်ဆိုပဲ။ငါလဲ ( မရိုမသေစကား ) ငါ့ကိုယ် မပါသွားရင်ပြီးတာပဲ ဆိုပြီး အလိုက်သင့်နေ နေရတယ်။  ဒီရောက်မှ ငါ့လဲ စန်းတွေပွင့်နေလိုက်တာများ အံ့တောင်ဩတယ်တဲ့။ သူပြောတာ ကြားရတော့ ဟိုတလောက အင်တာနက်မှာ ဖတ်လိုက်ရတာလေး သွားသတိရပါတယ်။ရေးတဲ့လူနာမည်တော့ မမှတ်မိတော့ပါဘူး။ မိန်းကလေးတွေလည်း မလေးရှားရောက်မှ ငါ အရမ်းစန်းပွင့်နေပါလား လို့ မထင်ပါနဲ့ဆိုတဲ့ စာသားလေးပါ။

အခုတော့ မြန်မာမိန်းကလေးဆိုရင် ကိုယ့်မြန်မာအချင်းချင်းသာမက တခြားလူမျိုးတွေကပါ စော်ကားချင်လာကြပြီ။ မြန်မာအမျိုးသားတွေကလည်း မြန်မာမိန်းကလေးတွေကို နှမချင်းစာနာပြီးတော့ (တချို့ကပြောပါတယ်။သူတို့မှာ နှမ မရှိပါဘူးတဲ့။နှမ မရှိရင်တောင်မှ အမေဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ် တူမဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲကပဲဖြစ်ဖြစ် နောက်ဆုံး သံယောဇဉ် တွယ်ဖူးတဲ့ မိန်းကလေးတော့ ရှိမှာပဲ)ကျေးဇူးပြုပြီးတော့ စာနာပေးကြပါ။မိန်းကလေးတွေကလည်း ကိုယ့်အားကိုယ်ကိုးစိတ်လေး မြှင့်တင်ပေးကြပါ။ငါဒီမှာ ဘာလုပ်လုပ် မြန်မာပြည်က ဘယ်သူမှသိမှာ မဟုတ်ဘူးဆိုပြီး ထင်ရာမစိုင်းလိုက်ကြပါနဲ့။နောင်တစ်ချိန်ကျရင် နောင်တရပြီး စိတ်ဆင်းရဲရမှာကို စိုးရိမ်လို့ပါ။

ဒါမျိုးအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို ရင်မောပါတယ်။ ဟိုတလောက အင်တာနက်မှာ ပြည်ပမှ သူရဲကောင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ စာသားလေးကို လူတော်တော်များများ ဖတ်လိုက်ရမှာပါ။ မိဝေးဖဝေး ကိုယ့်တိုင်းပြည်နဲ့ ဝေးပြီးတော့ စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ စွန့်စွန့်စားစား ငွေရှာနေရတဲ့ ပြည်ပက အလုပ်သမားတွေ အားလုံးဟာ သူရဲကောင်းတွေတဲ့။ဘာပဲပြောပြောပေါ့လေ အားလုံးဟာ တမျိုးမဟုတ် တမျိုးတော့ အခက်အခဲရှိကြပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ဝေးပြီး ရေခြားမြေခြားကို ရောက်နေတဲ့ အချိန်မှာ ကိုယ့်မြန်မာလူမျိုုးအချင်းချင်း ရေနစ်သူကို ဝါးကူထိုးတာမျိုး မလုပ်ဘဲနဲ့ ဖေးဖေးမမ စာစာနာနာနဲ့ ကူညီစောင့်ရှောက်ကြမယ်ဆိုရင် ယုံကြည်ပါတယ်။ မြန်မာလူမျိုးဆိုရင် ဘယ်သူက နှိမ့်ချရဲမှာလဲ။စော်ကား ရဲမှာလဲ။

http://freebumarndf.multiply.com/journal/item/14

14 comments

  • search123

    December 21, 2010 at 12:05 pm

    မိန်းကလေးတွေ အနေနဲ့ အဆင်မပြေမှုတွေရှိရင် အခြားနည်းလမ်းနဲ့ ဖြေရှင်းသင့်ပါတယ်။
    အလွယ်လမ်းတော့ မလိုက်သင့်ပါဘူး။

  • Saw Yan Naing

    December 21, 2010 at 12:08 pm

    ကိုယ့်ကိုကိုယ်ဖျက် သံချေးမတတ်ခံကြစေချင်ဘူးဗျာ
    အယူလွဲရင်တော့ အပယ်လားတတ်တယ်ဆိုတာ သိစေချင်တယ်ဗျာ

  • intro

    December 21, 2010 at 1:26 pm

    အဆင်မပြေတာက တစ်ကြောင်းပေါ့ဗျာ… နားလည်ပါတယ်… ဒါပေမယ့်ဗျာ… အချောင်လိုချင်တဲ့ စိတ်ကိုတော့ ပြင်ရမှာပေါ့ဗျာ… အစ်မတို့ အဲ့လို နိုင်ငံရပ်ခြားမှာ နေနေရတာကို ဒီကလူတွေသိရင် ဘယ်လိုမှ မြိုကျမှာ မဟုတ်ဘူးလေ… သိတ်အဆင်မပြေလွန်းရင်လဲ တစ်နည်းနည်းနဲ့ ပြန်လာပေါ့ ဗျာ… အကြွေးတင်ပေမယ့်လဲ တစ်သက်လုံး ဆပ်လို့ မကုန်အောင် များမဲ့ ပမာဏတော့ မဟုတ်တန်ကောင်းပါဘူး…

  • zawana

    December 21, 2010 at 2:12 pm

    နိုင်ငံခြားမှာ ကိုယ့်လူမျိုး အချင်းချင်းပဲ ဆိုပြီး အားကိုးမိတာမျိုး၊ ယုံကြည်မိတာမျိုးကို အခွင့်ကောင်းယူဖို့ ချောင်းနေတဲ့ မြန်မာနိုင်ငံသားတွေ အများကြီးပါ။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားမှာ နေထိုင်လုပ်ကိုင်နေ ရတဲ့ အချိန်တွေမှာ သတိထားနေထိုင်ပါလို့ပဲ ပြောချင်ပါတယ်။ မြန်မာနိုင်ငံက ဘယ်သူမှ မသိနိုင်ဘူးလို့ ထင်ပြီးတော့လည်း စိတ်အလို မလိုက်မိပါစေနဲ့ဗျာ။
    အဓိကကတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးလို့ပဲ ပြောချင်ပါတယ်။

  • unclegyi1974

    December 21, 2010 at 2:31 pm

    ဘယ်လိုလူတွေများအဲဒီရောက်နေကြပါလိမ့်
    မြန်မာအမည်ခံမြန်မာမဟုတ်သူများလို့ဘဲ
    ပြောရမယ်ထင်ပါတယ်
    မြန်မာစစ်ရင်ဒီအပြုအမူမျိုးလုပ်ဖို့ကစိတ်တောင်
    ကူးလို့မရလောက်ပါဘူး
    နောက်တဆင့်တက်ရင်
    လူကုန်ကူတဲ့ဖက်ကိုရောက်ရုံဘဲရှိတော့တယ်

  • winkyawaung

    December 21, 2010 at 3:30 pm

    ဇာတ်တူသားကို စားကြရင် အခြားနိုင်ငံသားတွေကပါ မြန်မာတွေကို အထင်သေးကြမှာပေါ့ကွယ်။ မိန်းကလေးတွေကလည်း ဒီလို လက်ဆောင်မျိုးကို လက်ခံထားတာ လည်း အလိုတူ အလိုပါ ဖြစ်ကြတယ်ပဲ ထင်ကြမှာပါ..။

  • နေ ဘုန်းလျံ

    December 21, 2010 at 3:40 pm

    မလေးမှာရောက်နေတာ မြန်မာမတွေမဟုတ်ပါဘူး စဉ်းစားကြည့်ပါဦး

  • khinmintatthu

    December 21, 2010 at 6:19 pm

    မြန်မာအမျိုးသမီးတွေဖြစ်ချင်မှ ဖြစ်မှာပါ… အဲဒီလိုတော့ မဟုတ်ဘူးလို့ထင်တာပါပဲ။

  • kai

    December 21, 2010 at 11:00 pm

    အဲဒီမှာထုတ်နေတဲ့ ..မြန်မာသတင်းစာဖြစ်ဖြစ်.. စာစောင်ဖြစ်ဖြစ်မှာ ရေးပြီး ဓါတ်ပုံတွေနဲ့ ဖေါ်ပြသင့်တယ်..။
    မီဒီယာဆိုတာ ..ဒါမျိုးတွေအတွက်ရှိနေတာ..။

    ဆိုတော့ ..”မြန်မာပြည်က ဘယ်သူမှသိမှာ မဟုတ်ဘူး” ဆိုတာမျိုးအတွေးတွေ … မရှိတော့ဘူးပေါ့..။

    Big Brother’s Watching You!

  • pan pan

    December 22, 2010 at 3:14 am

    ပစ္စည်းပေးပြီး လူယူတဲ့ အဓိပ္ပါယ်ပဲ။ စပွန်ဆာပေးတယ်ပြောရမလိုပေ့ါ။ ကိုယ့်ဘက်က တခုပေးထားရင် သူ့ဘက်ကလည်း ပြန်ပေးရမယ်တိုသလိုဖြစ်နေပြီ။ တကယ်ချစ်လို့ နှစ်သက်လို့မှ မဟုတ်တာ။ အိမ်ထောင်ရှိတဲ့ မိန်းကလေးတောင် စန်းပွင့်တယ်ဆိုတော့ ကောင်းတဲ့စန်းပွင့်ခြင်းမဟုတ်ဘူး။ စန်းပွင့်တယ် လို့တောင်ပြောလို့ မရဘူး။ စပွန်ဆာကလည်း အလွှာစုံ နေရာစုံ ခေတ်စားပါလားနော်။ 🙁

  • လင်းဝေကျော်

    December 22, 2010 at 5:00 am

    မလေးမှာ ဟန်းဆက်က သိပ်ဈေးများတယ်လည်းမဟုတ်ပါဘူး။
    sim ကဒ်ကလည်း DiGi က ၁ဝ ကနေ စဝယ်လို့ရတယ်။
    မြန်မာ အချင်းချင်းပဲ လှည့်ပတ်ခုတ်ပြီး ဒုက္ခပေးနေကြတာကတော့
    အဲဒီမှာ (နိုင်ငံခြားတိုင်းပြည်အများစုမှာ) မြန်မာတွေက မြန်မာကြားမှာပဲ လူရာဝင်တာကိုး။

  • cobra

    December 22, 2010 at 6:52 am

    သူတို ့ကိုယ်ကအလွယ်လိုက်နေကြတာပါ…မဖြစ်သင့်တဲ့ကိစ္စတွေပါ…။
    မိန်းကလေးတွေကတော်တော်တန်ဖိုးနိမ့်လာကြပီ…။

  • နီလေး

    December 22, 2010 at 9:13 am

    ဘယ်လို commentပေးရမှန်းတောင်မသိတော့ပါဘူး ခေတ်ကလဲဘာတွေဖြစ်ကုန်ပြီလဲနော်

  • nyimalay

    December 22, 2010 at 1:23 pm

    မိန်းကလေးကသာ မှန်အောင်နေရင်ဘယ်ယောက်ကျားလေးကမှမစမ်းရဲပါဘူး။
    အနေတည်တည်နေမယ်ဆိုရင် နိုင်ငံခြားသားမပြောနဲ့ မြန်မာအချင်းချင်းတောင် ရိုင်းပင်းကူညီကြပါလိမ့်မယ်လို့ ထင်ပါတယ်။ အခုလိုဖြစ်တယ်ဆိုတာလဲ မိန်းကလေးက ရေလာမြောင်းပေး ဒါမှမဟုတ်ရင် အနေမတတ်လို့ဒီလိုဖြစ်ကြရတာပါ။စဉ်းစားကြည့်ကြပေါ့။ အလှအပတွေဒီလောက်ပေါနေတဲ့ အခုခောတ်မှာ ယောက်ကျားလေးတွေကလည်း ရရင်အမြတ် မရရင်လည်း အရင်းဆိုတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေလည်းရှိတယ်ဆိုတာ ကို မိန်းကလေးတိုင်းသိကြတာပဲလေ။ ဒါကိုမှ မသိသလိုနဲ့ ဘဝကိုဖြစ်သလိုရပ်တည်နေမယ်ဆိုရင်တော့ ဒါက သူ့သမိုင်းသူရေးတာဖြစ်သလို ရှေးဘဝက အကြောင်းကြောင့်လို့ပဲမှတ်ယူလိုက်ကြပေါ့လေ။ ပိစိကွေးပြောသွားတဲ့ထဲမှာအမှားပါရင်လည်း ဝေဖန်ပေးကြပါနော်။ ပိစိကွေးလည်းမိန်းကလေးပါပဲ 🙂

Leave a Reply