ရော့၊ အင့်လို့မရ
အသက် (၃၅) နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက်
ဘုရားရှင် (၄၅) နှစ်ကြာ တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်။
ငါးပါးသီလ၊ ရှစ်ပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊
သတိပဋ္ဌာန် စသဖြင့် အကြောင်းအရာ မျိုးစုံဘဲ။
နောက်ပိုင်းမှာ ဘုရားဟောတရားတော်တွေဟာ
ပိဋကတ်သုံးပုံအဖြစ်ထင်ရှားလာတယ်။
ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေဟာ ဘာမှ တီထွင်ကြဆပြီး
ဟောခဲ့တာမပါဘူး။ အရှိတရားတွေကို ဟောတာ။
ဘုရားရှင်က အရှိတရားကို ပြန်လည်ထုတ်ဖော်ပြောဆိုပြတာ။
ဆိုကြပါဆိုစို့။
ဘုရားရှင်က ပါဏာတိပါတ၊ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါလို့ ပြောတယ်။
သူ့တပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ အသက်တိုတတ်တယ်၊
အနာရောဂါထူပြောတတ်တယ်။
သူ့တပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်သာ
အသက်ရှည်တတ်ပြီး အနာရောဂါကင်းရှင်းတတ်တယ် လို့ ဘုရားရှင်ပြောပါတယ်။
ဒီမှာနားလည်ရမှာက
သူတပါးအသက်သတ်တတ်တဲ့ပုဂ္ဂိုလ်ဟာ ဘုရားရှင်ဟောလို့ အသက်တိုတတ်ပြီး
အနာရောဂါထူပြောတာမဟုတ်ဘူး။
ဘုရားရှင် ဟောဟော မဟောဟော၊ သူတပါးအသက်သတ်တဲ့သူ
ဒီအကျိုးတရားတွေနဲ့ ရင်ဆိုင်ရမှာပဲ။
ကုန်ကုန်ပြောရရင်
ဘုရားရှင် ပွင့်ထွန်းခဲ့သည်ဖြစ်စေ၊ မပွင့်ထွန်းခဲ့သည်ဖြစ်စေ၊
သူတပါးအသက်သတ်ရင် သတ်ခြင်းကြောင့် သဘာဝတရားဖြစ်တဲ့
အသက်တိုခြင်း အနာရောဂါထူပြောခြင်း အကျိုးကတော့ ပေးနေမှာ။
ဒါက သဘာဝ သဘောတရားတွေ၊ ဘုရားရှင်နဲ့ မဆိုင်ဘူး။
ဒီပါဏာတိပါတလို့ခေါ်တဲ့ သူတပါးအသက်သတ်လို့ ရလာမဲ့အကျိုးတရားတွေကလဲ
ဗုဒ္ဓဘာသာအတွက်တင် မဟုတ်ဘူး။
မြန်မာလူမျိုးအတွက်တင် မဟုတ်ဘူး။
ပါဏာတိပါတ (သူတပါးအသက်သတ်ခြင်း) ကို
ကုလားကဘဲ ကျူးလွန် ကျူးလွန်
တရုတ်ကဘဲ ကျူးလွန်ကျူးလွန်၊ အင်္ဂလိပ်ကဘဲ ကျူးလွန် ကျူးလွန်။
ကျူးလွန်တဲ့သူ အကျိုးအပြစ်ရနေမှာဘဲ။
ဒီလိုဘဲ။
ခရစ်ယာန်ဘာသာဝင်ကဘဲ ကျူးလွန်ကျူးလွန်၊
ဟိန္ဒူဘာသာဝင်ကဘဲ ကျူးလွန် ကျူးလွန်၊
အစ္စလာမ်ဘာသာဝင်ကဘဲ ကျူးလွန်ကျူးလွန်
ကျူးလွန်သူ အကျိုးအပြစ်ရနေမှာ။
ဒါ့ကြောင့်
ပါဏာတိပါတ (သူတပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း သီလ) အပါအဝင်
ငါးပါးသီလဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့တင် ဆိုင်တာ မဟုတ်ဘူး။
မြန်မာလူမျိုးတွေနဲ့တင် ဆိုင်တာမဟုတ်ဘူး။
လူသားအားလုံးနဲ့ဆိုင်တာ။
လောကထဲမှာ ရှိနေတဲ့ အရှိတရား၊ သဘာဝနိယာမတရားကြီးဖြစ်နေတာကိုး။
ဒါပေမဲ့ ဒီအရှိတရား၊ သဘာဝနိယာမ တရားကြီးကို
ဘုရားရှင်က မပြောပြရင် ဒို့တတွေ သိမှာ မဟုတ်ဘူး။ သိခွင့်ရမှာ မဟုတ်ဘူး။
သူတပါးအသက်ကို သတ်ရင် ဒီလိုဖြစ်တတ်တယ်လို့
အရှိသဘောတရားကို ဘုရားရှင်ကသာ မပြောပြခဲ့ရင်
ဒို့တတွေ သူတပါးအသက် သတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။
အခုတော့
သူ့သက်သတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည် လို့
ဘုရားရှင်ပြောပြခဲ့လို့ ဒို့တတွေ နားလည်ပြီး ကျင့်သုံးခွင့် လိုက်နာခွင့်ရတာ။
အခြားတရားတော်တွေဖြစ်တဲ့ သစ္စာလေးပါးတို့၊ မဂ္ဂင်ရှစ်ပါးတို့ကိုလဲ
ဘုရားရှင် ဟောကြားပြောကြားခဲ့လို့ သိရတာ။
ကုသိုလ် အကုသိုလ် ကောင်းတာ မကောင်းတာတွေကို
ဘုရားရှင် ခွဲခြားပြခဲ့တော့ သိလာရပြီး ဆောင်တတ် ရှောင်တတ်လာတာ။
ဒီတော့ ဒီလို ဆောင်တတ် ရှောင်တတ်ကျင့်ကြံတတ်အောင်
ပြောပြဟောပြညွှန်ပြခဲ့တဲ့ ဘုရားရှင်ကို ဒို့တတွေ ဗုဒ္ဓဘာသာဝင်တွေက
ဆရာတစ်ဆူအဖြစ်မှတ်ယူပြီး ကျေးဇူးတင်လွန်းလို့
ကျေးဇူးတင်တဲ့အနေနဲ့ အလေးပေးရတာ။
ကိုးကွယ်ရတာ၊ ဆည်းကပ်ရတာ၊ ပူဇော်ရတာ။
ဘုရားရှင်ကို ဆွမ်း၊ ပန်း၊ ရေချမ်းစသည်ကပ်လှူတာကလဲ
ဘုရားရှင်က တစုံတခု ပေးနိုင်လို့
ဘုရားရှင်ထံမှ တစုံတခု မျှော်လင့်ချက်နဲ့ ကပ်လှူရတာမဟုတ်ဘူး။
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ဝ ကျော်က
ဘုရားရှင် ပရိနိဗ္ဗာန်စံ (ကွယ်လွန်) သွားပြီဖြစ်တဲ့အတွက်
ပရိနိဗ္ဗာန်စံသွားပြီဖြစ်တဲ့ ဘုရားရှင်က လာပြီး
‘ရော့၊ အင့်’ လို့
ဘာမှ ပေးနိုင်မှာ မဟုတ်ပါဘူး။
အထက်က ပြောခဲ့သလို ဘုရားရှင်ကို
လောကီအရေး၊ သံသရာအရေး ဆောင်ရန် ရှောင်ရန်တွေကို
လမ်းညွှန်ပေးတဲ့ဆရာအဖြစ်မှတ်ယူပြီး ကျေးဇူးတင်လွန်းလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်ဆည်းကပ်ကြတာပါ။
ကိုးကွယ်ဆည်းကပ်ရမှာပါ။
23 comments
kai
December 25, 2010 at 8:46 am
အရှင်ဘုရား..
ဘုရားရှင်လက်ထက်တော်က..ဂေါတမဘုရားရှင်ကို ကြည်ညိုလွန်းလို့ .. အနားမှကပ်နေတဲ့ရဟန်းတပါးကို ..ဘုရားရှင်မောင်းထုတ်တာမှာ.. အဲဒီရဟန်းဟာ ဝမ်းနည်းလွန်းလို့ကျောင်းပြန်ပြီး ဆွဲကြိုးချ သတ်သေတယ်လို့ ဖတ်ဖူးပါတယ်ဘုရား..။
အဲဒီရဟန်းဟာ ဝက္ကလိရဟန်းဟုတ်မဟုတ်.. မဟုတ်ရင်လည်း ဘယ်ရဟန်းလည်း နည်းနည်းရှင်းပြပေးပါဘုရား..။
ashinindaka
December 25, 2010 at 8:56 am
ဘုရားရှင်မောင်းထုတ်လိုက်လို့ ဝမ်းနည်းပြီး ကျောင်းပြန်သွားတယ်။ နောက် တောင်ပေါ်တက်ပြီး စိတ်ညစ်ညစ်နဲ့ သေကြောင်းကြံဘို့စဉ်းစားတယ်။ နောက်ဆုံး သေကြောင်းကြံတယ်ဆိုပါတော့။ ဒါပေမဲ့ ဘုရားရှင်သိလို့ တရားဟောပေးတာ အကျွတ်တရားရသွားပါတယ်။ ရဟန္တာဖြစ်သွားပါတယ်။ အဲ့ဒါ ဝက္ကလိပါ။
ashinindaka
December 25, 2010 at 9:01 am
အရှင်ဝက္ကလိအကြောင်း ဘိုလိုတင်ပေးလိုက်အုံးမယ်။
Vakkali Thera. He belonged to a brahmin family of Sávatthi and became proficient in the three Vedas. After he once saw the Buddha he could never tire of looking at him, and followed him about. In order to be closer to him he became a monk, and spent all his time, apart from meals and bathing, in contemplating the Buddha’s person. One day the Buddha said to him, “The sight of my foul body is useless; he who sees the Dhamma, he it is that seeth me” (yo kho dhammam passati so mam passati; yo mam passati so dhammam passati) (Cp. Itv. sec. 92). But even then Vakkali would not leave the Buddha till, on the last day of the rains, the Buddha commanded him to depart. Greatly grieved, Vakkali sought the precipices of Gijjhakúta. The Buddha, aware of this, appeared before him and uttered a stanza; then stretching out his hand, he said: “Come, monk.” Filled with joy, Vakkali rose in the air pondering on the Buddha’s words and realized arahantship. AA.i.140f.;
kai
December 25, 2010 at 9:39 am
အရှင်ဘုရား.. အတွန့်တက်တာ မဟုတ်ရပါ..။ အရှင်ဘုရားဘိုလို ရေးလိုက်တော့ .. ရဟန်းနာမယ်ဘိုလိုရပြီး အင်တာနက်ထဲ … ရှာတွေ့တာလေးပါ.. မူကွဲဆိုပါတော့ ..။ ဒါပေမဲ့.. မှတ်တမ်းကျန်ရစ်အောင် တင်ထားပါရစေဘုရား..။
ဒီထဲ မှတ်သားချင်တာလေးတခုက .. ကိုယ့်ကိုယ်ကို်ယ်သတ်သေရင် ..အဖန်ငါးရာ ငါးကမ္ဘာလို့ .. ဘုရားမဟောခဲ့ဘူး..အဓိပါယ်ရောက်စေလို့ပါ..။
The Samyutta account (S.iii.119ff.; SA.ii.229) gives more details and differs in some respects from the above. There, Vakkali fell ill while on his way to visit the Buddha at Rájagaha, and was carried in a litter to a potter’s shed in Rájagaha. There, at his request, the Buddha visited him and comforted him. He questioned Vakkali, who assured him that he had no cause to reprove himself with regard to morals (sílato); his only worry was that he had not been able to see the Buddha earlier. The Buddha told him that seeing the Dhamma was equivalent to seeing him, and because Vakkali had realized the Dhamma, there would be no hereafter for him. After the Buddha had left, Vakkali asked his attendants to take him to Kálasilá on Isigili. The Buddha was on Gijjhakúta and was told by two devas that Vakkali was about to “obtain release.” The Buddha sent word to him: “Fear not, Vakkali, your dying will not be evil.” Vakkali rose from his bed to receive the Buddha’s message, and sending word to the Buddha that he had no desire or love for the body or the other khandhas, he drew a knife and killed himself. The Buddha went to see his body, and declared that he had obtained Nibbána and that Mára’s attempt to find the consciousness of Vakkali would prove useless.
The Commentary adds that Vakkali was conceited and blind to his remaining faults. He thought he was a khínásava, and that he might rid himself of bodily pains by death. However, the stab with the knife caused him such pain that at the moment of dying he realized his puthujjana state, and, putting forth great effort, attained arahantship.
His resolve to become chief among the saddhádhimuttas had been made in the time of Padumuttara Buddha, when he saw a monk also named Vakkali similarly honoured by the Buddha. Ap.ii.465f.; AA.i.140.
ashinindaka
December 25, 2010 at 12:57 pm
ဟုတ်တယ်။ ဒကာတွေ့တာလဲ မာလလာ ဆေကရ ရေးတဲ့ Pali Proper names ထဲကပဲ။ မှတ်သားရတာပေါ့လေ။
According to the Theragáthá, Commentary (ThagA.i.420), when Vakkali was dismissed by the Buddha he lived on Gijjhakúta, practising meditation, but could not attain insight because of his emotional nature (saddhá). The Buddha then gave him a special exercise, but neither could he achieve this, and, from lack of food, he suffered from cramp. The Buddha visited him and uttered a verse to encourage him. Vakkali spoke four verses (Thag.350 4) in reply, and, conjuring up insight, won arahantship. Later, in the assembly of the monks, the Buddha declared him foremost among those of implicit faith (saddhádhimuttánam) (cp. A.i.25; also Dvy.49 and VibhA.276; Vsm.i.129). In the Páráyanavagga (SN. vs. 1146) the Buddha is represented as holding Vakkali up to Pingiya as an example of one who won emancipation through faith.
The Samyutta account (S.iii.119ff.; SA.ii.229) gives more details and differs in some respects from the above. There, Vakkali fell ill while on his way to visit the Buddha at Rájagaha, and was carried in a litter to a potter’s shed in Rájagaha. There, at his request, the Buddha visited him and comforted him. He questioned Vakkali, who assured him that he had no cause to reprove himself with regard to morals (sílato); his only worry was that he had not been able to see the Buddha earlier. The Buddha told him that seeing the Dhamma was equivalent to seeing him, and because Vakkali had realized the Dhamma, there would be no hereafter for him. After the Buddha had left, Vakkali asked his attendants to take him to Kálasilá on Isigili. The Buddha was on Gijjhakúta and was told by two devas that Vakkali was about to “obtain release.” The Buddha sent word to him: “Fear not, Vakkali, your dying will not be evil.” Vakkali rose from his bed to receive the Buddha’s message, and sending word to the Buddha that he had no desire or love for the body or the other khandhas, he drew a knife and killed himself. The Buddha went to see his body, and declared that he had obtained Nibbána and that Mára’s attempt to find the consciousness of Vakkali would prove useless.
bigcat
December 25, 2010 at 7:27 pm
ဆြာခိုင်ပေးထားတဲ့ အင်္ဂုလိလိုစာထဲမှာ ရဟန်းက မသေခင်အချိန်လေးမှာ ညဏ်ဖြစ်ပြီး နိဗ္ဗာန်ကို ကျွတ်တန်းဝင်သွားတယ်လို့ ဘုရားကပြောတယ်ဆိုပြီးတွေ့ပါတယ်။ အဲဒီအတိုင်းဆို အဖန်ငါးရာငါးကမာ္ဘနဲ့ အဲဒီဖြစ်ရပ်နဲ့ သိပ်မဆိုင်လို့ထင်ပါသည်။ အကယ်၍ဘာညဏ်မှမဖြစ်ဘဲ သေသွားမှသာလျင် ပုထုဇဉ်သေနည်းအတိုင်းသေလို့ အဖန်ငါးရားဇာတ်ကရမည်ထင်ပါသည်။ တဆက်ထဲမှာ Dr. Ashin Indaka အား အဖန်ငါးရာငါးကမာ္ဘဆိုတာကို ဘုရားဟောခဲ့မဟောခဲ့ ဆိုသည်ကို အတည်ပြုနိုင်မပြုနိုင် လျောက်ထားလိုပါသည်။
ashinindaka
December 26, 2010 at 5:09 am
အဖန်ငါးရာငါးကမာ္ဘဆိုတာကို ဘုရားဟောတဲ့ထဲ မတွေ့ပါဘူး။ ဆိုတော့ ဘုရားဟော မဟုတ်ဘူးပေါ့။
bigcat
December 26, 2010 at 5:16 am
အဲဒါဆို ဘယ်လိုလုပ် အဖန်ငါးရာ ငါးကမာ္ဘဆိုတဲ့ စကားပေါ်လာပါသလဲ ဘုရား။ ထေရဝါဒ ပိတဋ္ဋတ်တော် မှာမရှိသလို မဟာယနဘုရားစာမှာရော အတူတူပါပဲလား။
ashinindaka
December 26, 2010 at 5:51 am
မြန်မာစကားထဲမှာ ဘာသာရေးအဆိုအမိန့်မဟုတ်တဲ့ ဘာသာရေးအဆိုအမိန့်ယောင်ယောင်တွေ အတော်ရှိမယ်လို့ထင်ပါတယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ ဘယ်က ဘယ်လို ပေါ်လာတဲ့စကားတော့ မသိဘူး။ ထေရဝါဒပိဋကတ်စာပေထဲမှာ မတွေ့လို့ ထေရဝါဒ ဗုဒ္ဓဘာသာအယူအဆတော့ မဟုတ်ဘူး။
char too lan
December 27, 2010 at 7:40 am
ဒါဆို အဖန်ငါးရာ ငါးကမ္ဘာဆိုတာ မရှိဘူးပေါ့ ။ခုမှပဲရှင်းတယ်။ တကယ်ပဲဘုရားဟောထင်နေတာ~~ 🙂
ကျေးဇူးတင်ပါတယ် ဆရာတော်၊ လေးခိုင်၊ ဦးကြောင်ကြီး
ashinindaka
December 27, 2010 at 7:48 am
မြန်မာစကားတွေထဲမှာ တစုံတခုသော ဆိုးကျိုးတွေ့မှာစိုးလို့ (မကျူးလွန်စေလိုလို့) ဒီလိုမျိုးစကားလေးတွေ လူတွေကြား ရောက်နေတယ်ထင်ပါတယ်။
kai
December 27, 2010 at 8:07 am
အရှင်ဘုရား..
ရဟန်းတွေ ..သတ္တဝါအသက်(လူအသက်မပါ)သတ်တာမှာ … ရဟန်းတွေအတွက်ထားတဲ့ ဝိနည်းနဲ့.. အပြစ်ကို ရေးပြပါဦးဘုရား..။
မှတ်မိသလောက်..
ဗုဒ္ဓဘုရားရှင်က .. ဝါတော်တော်ကြာမှ အဲဒီဝိနည်းချခဲ့တယ်.. မှတ်ပါတယ်..။
ဖြစ်ပုံကလည်း ..ရဟန်းတပါးက .. ကျီးကန်းတွေ အမြင်ကတ်လို့ ..လောက်လေးနဲ့ပစ်ပြီး .. ခေါင်းတွေဖြတ်.. စီချထားတာကို .. အမြင်မတော်လို့ ..လူတွေ ဘုရားရှင်သွားတိုင်မှ ..ဝိနည်းချလိုက်တယ်.. ဖတ်ဖူးပါတယ်.။
အပြစ်ကလည်း သိပ်မကြီးပဲ.. အာပါတ်နဲ့ဖြေလို့ရတယ်. ..ကြားဖူးပါတယ်..။
ဟုတ်မဟုတ်နဲ့..
အင်္ဂလိပ်လို..နည်းနည်းပါညွှန်းပါဦးဘုရား..။
ashinindaka
December 27, 2010 at 9:55 am
ရဟန်းတော်တွေ တိရိစ္ဆာန်အသက်သတ်ရင် ပါစိတ်အာပတ်သင့်ပါတယ်။ ခပ်သေးသေးအာပတ်ပေါ့။ အာပတ်ဖြေလို့ရတဲ့အာပတ်ပေါ့။ အာပတ်ဖြေတယ်ဆိုတဲ့နေရာမှာလဲ နောင် ဒီအမှုမျိုး မကျူးလွန်တော့ပါဘူးဆိုတဲ့ စိတ်မျိုးနဲ့ အာပတ်ဖြေရတာပါ။
ဘုရားရှင် ဝါတော် ၂ဝ ကျော်မှ (ဘုရားရှင်သက်တော် ၅၅ နှစ်လောက်မှ) စပြီး ဝိနည်းသိက္ခာပုဒ်သီလတွေကို စတင်ပညတ် ပြဌာန်းတာပါ။
ရဟန်းတစ်ပါး အဲ့ရဟန်းကလဲ ရဟန်းမဝတ်ခင်လေးသမားဖြစ်ခဲ့ဘူးတယ်။ သူဘုန်းကြီးဖြစ်လာတော့ ကျီးကန်းတွေကို အတော်အမြင်ကပ်တာနဲ့ လိုက်ပစ်ချပြီး ခေါင်းဖြတ်ကာ တန်စို့မှာ ထိုးသီထားတယ်တဲ့။
အဲ့ဒီရဟန်းတစ်ပါးဆိုတာ တခြားတော့ မဟုတ်ဘူး။ ဇာတ်လို်ကကျော် အရှင်ဥဒါယီဖြစ်တယ်။ အရှင်ဥဒါယီဆိုတာ ဝိနည်းနဲ့ပတ်သက်လို့ မဟုတ်တာလုပ်တဲ့နေရာမှာ နာမည်ကြီး။
ဝိနည်းသိက္ခာပုဒ်မှာ ၂ မျိုးရှိတယ်။ (၁) တစ်ခုက ဒီလိုမျိုး၊ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် သူ့တပါးအသက်သတ်ရင် အပြစ်ရှိတာ
(၂) နောက်တစ်ခုက တစ်ခုခုကို ကျူးလွန်ရင် လူမှာတော့ အပြစ်မရှိပဲ ရဟန်းမှာသာ (ဘုရားရှင်က မလုပ်နဲ့လို့ ပညတ်ထားလို့သာ)အပြစ်ရှိတာမျိုး။ ဥပမာ၊ မြေတူးတာ၊ မြက်ပင်ဖြတ်တာ စသည်မျိုး။
ဗဟုသုတပေါ့။
ဒီသိက္ခာပုဒ်နဲ့ပတ်သက်ပြီး အင်္ဂလိပ်လိုအကျဉ်းက ဒီလို
Should any bhikkhu intentionally deprive an animal of life, it is to be confessed.
There are five factors for the full offense here.
* 1) Object: a living animal.
* 2) Perception: One perceives it to be a living animal.
* 3) Intention: One knowingly, consciously, deliberately, and purposefully wants to cause its death.
* 4) Effort: whatever one does with the purpose of causing it to die.
* 5) Result: It dies as a result of one’s action.
R Ga
December 27, 2010 at 8:15 am
သူများအသက်သက်လို့ အသက်တိုတယ်ဆိုတာ ကြားရတော့ ဝမ်းသာမိပါတယ။်
ဒါပေမဲ့ စိတ်ထဲမကျေလည်တာက မောင်ဖိုးရွှေကြီးတို့ များ သတ်လိုက်တဲ့အ သက်တွေသောက်သောက်လဲ…ဒါတောင်ဒင်း ဘာကြောင့်များ အသက်ရှည်နေသလဲ ဆိုတာ စဉ်းစားလို့ကိုမရဘူး။
ဆူး
December 27, 2010 at 9:02 am
အကုသိုလ် ပြုတိုင်း ချက်ချင်း လက်ငင်း အကျိုးပေးသူများ ရှိသလို အကျိုးမပေးသေးသူများ ရှိပါသည်။
အကြောင်းမှာ ကံတခု ပြုလိုက်တိုင်း ကံစေတနာ ဇောစိတ် ရချက် ကျပါတယ်။
ပထမဇောသည် ရနှစ် ရလ ရရက် အတွင်းအကျိုးပေးပါတယ်။ ထိုအချိန်အတွင်းမှာ အကျိုးမပေးခဲ့သော် ထိုကံများ ပျက်ပြယ်ပါတယ်။ သတ္တမဇော စိတ်ကတော့ နောက်ဖြစ်မဲ့ ဘဝမှာ အကျိုးပေးပါတယ်။ တနည်းအားဖြင့် သေလွန်ပြီးတာနဲ့ နောက်တဘဝမှာ အကျိုးပေးပါတယ်။ နောက်ဘဝမှာ အကျိုးမပေးနိုင်ခဲ့ရင်တော့ ထို အကျိုးပေး ပျက်ပြယ်ပြီး ကျန်တဲ့ အလယ် ဇော ၅ချက်ကတော့ မပျောက်မပျက် ဘဝ တွေမှာ လိုက်ပြီး အခွင့်သာရင် အကျိုးပေးပါတယ်။
ပထမဇော အကျိုးမပေး သတ္တမံဇော အကျိုးမပေးသူများဟာ အတိတ်ဘဝတွေမှာ အားထုတ်ပြုကျင့်ထားတဲ့ ကုသိုလ် အကုသိုလ်အဟုန်တွေ ရှိနေလို့ပါ။
ဦးအာဂ သူငယ်ချင်း ကတော့ ပထမဇော ကိုကျော်လွန်နိုင်ပေမဲ့ သတ္တမဇော ကိုတော့ ကျော်လွန်နိုင်မည် မဟုတ်ပါ။ ရနှစ် ရလ ရရက် ဆိုတော့ ရလ ကျော်လို့ ရနှစ်ကိုလည်း စောင့်ကြည့်သင်ပါသည်။
ashinindaka
December 27, 2010 at 9:37 am
ဆူး ဖြေသွားတဲ့အဖြေနဲ့ မောင်ဖိုးရွှေကြီးတို့ ဘာကြောင့်များ အကျိုးပေးသန်နေတယ်ဆိုတာ ဒကာတော် R ga သဘောပေါက်လောက်ပါဘီနော်။
bigcat
December 28, 2010 at 12:40 am
အရှင်ဘုရား
ရဟန်းတော်များ တိရစာ္ဆန်အသက်သတ်ရင် ဘုန်းကြီးဖြစ်လို့ ပါစိတ်အာပတ်သင့်မယ်၊ လူဖြစ်လို့ ပါဏာတိပါတာကံလည်း ထိုက်မှာပါလား။ ဘာကြောင့် သူ့အသက်သတ်တာကို ဘုရားက သေးငယ်သော ပါစိတ်အာပတ်သင့်စေလို့ ပညတ်ခဲ့ရပါသလဲဘုရား။
ashinindaka
December 28, 2010 at 1:54 am
သေးငယ်တဲ့ပါစိတ်အာပတ်ဆိုတာ အပြစ်သေးသေးလေးလို့ပြောတာတော့ မဟုတ်ပါဘူး။ ကြီးတဲ့အာပတ်များဖြစ်တဲ့ လူသတ်မှု၊ ခိုးမှု၊ မေထုန်မှီဝဲမှု၊ ဈာန် မဂ် ဖိုလ်တွေ မရဘဲနဲ့ အလိုဆိုးနဲ့ လိမ်ငြာမှုတွေနဲ့ ယှဉ်လိုက်ရင် တိရိစ္ဆာန်အသက်သတ်တာဟာ သေးသွားတာပါ။ ဝိနည်းရှုဒေါင့်က မဟုတ်ပဲ အဘိဓမ္မာရှုဒေါင့်က ပြောရရင် လူရော ဘုန်းကြီးရော တိရိစ္ဆာန်ကို သတ်တဲ့အချိန် ဘယ်လောက် လောဘစိတ်ဖြစ်နေသလဲ၊ ဘယ်လောက် ဒေါသစိတ်ဖြစ်နေသလဲ၊ ဘယ်လောက် မောဟစိတ်ဖြစ်နေသလဲ။ ကိုယ်ဖြစ်နေတဲ့စိတ်ပေါ်မူတည်ပြီး အကျိုးအပြစ် ကွာသွားတာပါ။ ဒါမျိုးက လူကျတော့ အပြစ်ကြီးပြီး ဘုန်းကြီးကျ အပြစ်သေးတယ်မျိုး မရှိပါဘူး။ အတူတူပါဘဲ။
kai
December 28, 2010 at 6:36 am
ပါစိတ်အာပါတ်က .ဖြေရလွယ်ပါတယ်.. ။ ဒါပေမဲ့… အင်မတန်မွန်မြတ်တဲ့ အပြစ်ဖြေနည်းတခုပါပဲ..။
ခရစ်ယန်တွေ ဖါသာ၊ပါစတာဆီမှာ ကွန်ဖက်စ်လုပ်တာနဲ့တူပါတယ်..။
ဒါကို .. ဗုဒ္ဓဘာသာမှာ လွန်ထဲ့တဲ့ နှစ် ၂၅၀ဝကျော်ကတည်းက .. လုပ်နေကြတာပါ..။
ဂေါတမဘုရားရှင်က .. ရဟန်းတော်တွေ … တိရိစ္ဆာန်အသက်သတ်တာကို.. သစ်ပင်ခုတ်တာနဲ့ တန်းတူ ထားထားတာ.. တွေးကြဖို့.. စဉ်းစားကြဖို့ကောင်းတယ်..။
ရဟန်းဟာ လူသတ်ရင်..ပါရာဇိကကျပါတယ်..။ မနှိုင်းနိုင်အောင်ကို ကွာပါတယ်..။
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာမှာ … ဝိနည်းကသာ ..နှစ်၂၅၀ဝကျော်လုံးလုံး … ဖြည့်စွက်ပြင်ဆင်တာအနည်းဆုံးနဲ့ .. ဘုရားဟောနီးပါးအတိုင်းကျန်နေတယ်လို့.. သမိုင်းပညာရှင်တွေက သုံးသပ်ထားကြတာပါ..။
သာမန်လူတွေနဲ့သိပ်မဆိုင်တာမို ့.. လူတွေ သိပ်ပြီးဝင်မရှုပ်ထားဖူးလေ..။ 🙂
ဆိုလိုချင်တာက.. ဗုဒ္ဓဘာသာမှာ ..အကောင်ဘလောင်တွေ သတ်လို့ရတယ်လို့ .. ယူစေချင်တာပါပဲ..။
လူကိုဒုက္ခပေးနိုင်တဲ့..ခြင်ယင်ပိုးဟတ် စတဲ့ ပိုးမွှားတွေ။ လူတွေစားနပ်ရိက္ခာကိုဖျက်စီးတတ်တဲ့.. ပိုးမွှားတွေ ကြွက်တွေ၊ မြွေတွေ၊ ..
လူတွေအသက်ခြွေနိုင်တဲ့ .. အေအိုင်ဒီအက်စ်ဖြစ်စေတဲ့..ဗိုင်းရပ်စ်တွေ။ ..
..
အဲဒါတွေသတ်ရင်..ရတဲ့အကုသိုလ်ဟာ..လူအသက်ကယ်နိုင်လို့ရတဲ့ ကုသိုလ်နဲ့စာရင်.. မနှိုင်းနိုင်လောက်အောင်ကွာတာမို ့… ဒါမျိုးတွေရှင်းကြစေချင်တာပါ..။
ဒီလိုစိတ်မျိုးမှသာ.. ၂၁ရာစုနဲ့ကိုက်တဲ့.. ကျမ်းမာချမ်းသာတဲ့..မြန်မာလူနေမှုဘဝ..စံနစ်ကို တည်ဆောက်နိုင်တာပါ..။
ကျန်တာတော့ ချဲ့တွေးပေတော့..။
ashinindaka
December 28, 2010 at 1:56 am
လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် အထက် တစ်နေရာမှာ တင်ခဲ့တဲ့ There are five factors for the full offense here.
* 1) Object: a living animal.
* 2) Perception: One perceives it to be a living animal.
* 3) Intention: One knowingly, consciously, deliberately, and purposefully wants to cause its death.
* 4) Effort: whatever one does with the purpose of causing it to die.
* 5) Result: It dies as a result of one’s action.
ဒီအင်္ဂါရပ်ငါးချက်နဲ့ ညီတယ်ဆိုရင် ပါဏာတိပါတကံ ထိုက်ပါတယ်။
kai
December 28, 2010 at 7:05 am
တလက်စထဲ.. အရှင်ဘုရားကို မေးလျှောက်ပါဦးမယ်..။
အဘိဓမ္မာကျမ်းအားလုံးဟာ… ပထမသံဃာယနာတင်တော့ ..ပါကြတယ်လို့.. အရှင်ဘုရားလက်ခံပါသလားဘုရား..။
အဲဒီသမိုင်းကို .. မြန်မာပြည်ကစာတွေ မှီငြမ်းကိုးကားတာနဲ့…မဟုတ်ပဲ..နည်းနည်းအသေးစိတ်လေး. ရှင်းပြပေးနိုင်မလားဘုရား..။ အင်္ဂလိပ်လို.. နေရာလေးတွေလည်း ညွှန်းပြပါဘုရား..။
ယူအက်စ်မှာ အဘိဓမ္မာကျမ်းနဲ့ပါတ်သက်ပြီး အိနိ္ဒယက . ဒေါက်တာဘွဲ ရထားတဲ့.. မြန်မာတဦးရှိပါတယ်..။ ရဟန်းမဟုတ်..လူပါပဲ.။
သူနဲ့ စကားနည်းနည်းပြောဖူးလို့..အရှင်ဘုရားကို မေးလျှောက်တာပါ ဘုရား.။
တပည့်တော်က..ဝိကီလိခ်ဖတ်ပြီး .. လူတိုင်းဟာ .. အမှန်တွေ အပြည့်အဝသိသင့်တယ်ချည်းထင်နေတာမို ့… မေးလျှောက်ရခြင်းဖြစ်ပါတယ်ဘုရား..။
သာသနာအတွက် ..အကျိုုုုးမများပဲ.. အငြင်းပွားဖွယ်ဖြစ်မယ်ဆိုရင်တော့ .. ထားလိုက်ပါဘုရား..။
ashinindaka
December 28, 2010 at 9:38 am
အဘိဓမ္မာပိဋကတ်အကုန်လုံး ဘုရားဟော ဟုတ်ချင်မှ ဟုတ်မှာ။ ဒါပေမဲ့ အဘိဓမ္မာသဘောတရားတွေကတော့ ဘုရားဟောအစစ်ပဲ။ ဒီလိုပါဘဲ။ ဝိနည်းပိဋကတ်အကုန်လုံးကို ဘုရားဟော အစစ်ချည်းလို့ ပြောဘို့ခက်ပါတယ်။ ဒါပေမဲ့ ဝိနည်းကတော့ ဘုရားဟောထားတာ။ သုတ္တန်လဲ အတူတူပဲ။ နာမည်ကြီးဆရာတော်ကြီးရေးထားတဲ့ အဘိဓမ္မာ ဘုရားဟော ဟုတ်မဟုတ်ဆိုတာနဲ့ပတ်သက်ပြီး အင်္ဂလိပ်လို အကျဉ်းရေးထားတာလေး တွေ့တယ်။ အားရင် ရိုက်တင်လိုက်မယ်။
bigcat
December 29, 2010 at 1:18 am
http://www.sagarwarmyae.org/?p=2823 သို့မဟုတ်
https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0Bwl_hA7bJaAeM2U0ZGJjMDctY2MwYi00NDg0LWFiNWUtMjY0YTI0NzY0MTYx&hl=en စာမျက်နှာ၄၂ (မူရင်း၏စာမျက်နှာ၃၆) သဂျီးမေးသော အကြောင်းအရာနှင့် အနည်းငယ် စပ်ဆက်တယ်ထင်လို့ ဖတ်ရန်လင့်ပေးလိုက်သည်။