အနောက်ကိုတဲ့ မျှော်ရင်း အရှေ့ကို လျှောက်ပါလို့

kaiJanuary 6, 201111min2315

..yesterday is but a dream,
And tomorrow is only a vision;
But today, well lived,
Makes every yesterday a dream of happiness,
And every tomorrow a vision of hope.
Look well, therefore, to this day.
– from The Salutation to the Dawn based on a Vedic Hymn. (By Aung San Suu Kyi)

http://mdn.mainichi.jp/mdnnews/news/20110101p2a00m0na001000c.html

Looking Back, Looking Forwards

Following her release from house arrest this past November, Myanmar’s pro-democracy leader Aung San Suu Kyi has once again begun contributing her “Letter from Burma” column to the Mainichi, ending a 13-year absence from its pages.

In her column, Suu Kyi intends to suggest how to press forward with Myanmar’s pro-democracy movement, which faces major challenges in the authoritarian state.

She agreed to resume her monthly column when a Mainichi correspondent interviewed her after she was freed from house arrest.

Another reporter and a photographer met with Suu Kyi at her residence in Yangon in late December, and she handed them the first of her new “Letter from Burma” columns along with a message to the readers.

The beginning of the year is a time for renewal, reinvigoration, resolutions and remembrance of things past.

I look back on 2010 and find that parts of the year were so little memorable as to have disappeared wholly into the lost wastes of time. How did I spend the first day of 2010? I cannot remember.

I can say, however, that it could not have been comfortable. Renovations to my house had been started in December 2009 and stopped a few weeks later by order of the municipal authorities.

While my lawyers worked to get the order reversed, I spent several months living in the midst of cardboard boxes, thick woven blankets wrapped around unidentifiable objects, assorted suitcases and leaning towers of books.

Looking up from my bed, which was wedged between a high bookshelf, odd tables and a number of lumpy bundles, I had a good view of a peeling chunk of ceiling that afforded me many moments of contemplation on the nature of decrepitude and decay.

While the weather was cool, the jam-packed room seemed cozy, and the urban jungle camp-style of existence could be seen as something of an adventure. As the weather got hotter and hotter, however, the romance wore off, particularly as the scaffolding that had been erected against the outside walls was in such a position that the windows of the bedroom could not be opened and large parts of the night were passed in sleepless swelter. I did not feel in the best of health.

အဲဒီအပေါ်ကစာတွေက ဒေါ်အောင်ဆန်းစုကြည် မအိနိချိရှင်းဘွန်း ဂျပန်သတင်းစာမှာရေးတာ။
အဲဒါကို မိုးမခမှာ ဘာသာပြန်ပြီးတင်ထားတာတွေ့လို့ မြန်မာပြည်တွင်းကသူတွေဖတ်လို့ရအောင် တင်ပေးတာပါ။
ခွင့်မတောင်းတော့ပါဘူး။ ပေးနေမှာစိုးလို့..။  🙂

Looking Back, Looking Forwards

အနောက်ကိုတဲ့ မျှော်ရင်း အရှေ့ကို လျှောက်ပါလို့
ဒေါ်အောင်ဆန်းစုကြည်
(ဘာသာပြန်သူ – ဇာဝါရီ (မယ်ရီလန်း)
ဇန်နဝါရီ ၆၊ ၂၀၁၁
လွန်ခဲ့တဲ့ ၂၀၁ဝ နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နေအိမ်အကျယ်ချုပ်ကြောင့် ၁၃ နှစ်ကြာ ပျက်ကွက်ခဲ့တဲ့ မြန်မာပြည်မှပေးစာ (Letters from Burma) ဆောင်းပါးအခန်းကဏ္ဍကို မိုင်နီချိ (Mainichi) ဂျပန်သတင်းစာ ပေးစာကဏ္ဍမှာ လစဉ်ပုံမှန် ပြန်လည်ရေးပို့သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလက ရေးပို့ခဲ့တဲ့ ပထမဦးဆုံးဆောင်းပါးကို ၂၀၁၁ ဇန်နဝါရီလ ၁ ရက်နေ့မှာ မိုင်နီချိ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ မိုးမခ စာချစ်သူများအတွက် ဆီလျော်သလို မြန်မာဘာသာ ပြန်ဆိုပေးလိုက်ပါတယ်။

The beginning of the year is a time for renewal, reinvigoration, resolutions and remembrance of things past.
နှစ်သစ်ဆိုတာ ပြန်လည်စတင်ခြင်း၊ ခွန်အားသစ်တွေ ဖြည့်ဆည်းခြင်း၊ ဆုံးဖြတ်ချက် (သံနိ္နဌာန်) တွေချခြင်း နဲ့ အတိတ်ကာလ အကြောင်းအရာတွေကို ပြန်လည်တမ်းတကြတဲ့ အချိန်ကာလဖြစ်ပါတယ်။

I look back on 2010 and find that parts of the year were so little memorable as to have disappeared wholly into the lost wastes of time. How did I spend the first day of 2010? I cannot remember.
ကျမ ဖြတ်သန်းခဲ့တဲ့ ၂၀၁ဝ နှစ်ကာလကို ပြန်ကြည့်လိုက်တော့ ဘာမှအကျိုးမရှိ အလဟဿ ကုန်ဆုံးသွားတာကလွဲလို့ မမေ့နိုင်စရာ လွမ်းစရာဆို အနည်းငယ်လောက်ပဲ တွေ့ရတယ်။ ၂၀၁ဝ ရဲ ့ ပထမနေ့ကို ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ကျမ မမှတ်မိတော့ဘူး။

I can say, however, that it could not have been comfortable. Renovations to my house had been started in December 2009 and stopped a few weeks later by order of the municipal authorities.
ဒါပေမဲ့ ကျမပြောနိုင်တာကတော့ အတော်လေး စိတ်သက်တောင့်သက်သာ မဖြစ်ခဲ့တဲ့ နှစ်တနှစ် ဖြစ်တယ်။ ကျမရဲ ့ နေအိမ်ကို ၂၀၀၉ ဒီဇင်ဘာမှာ ပြန်လည်ပြင်ဆင်ဖို့ စတင်ခဲ့တယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ မြို ့တော်စည်ပင် အုပ်ချုပ်ရေးအာဏာပိုင်က ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့လို့ ရပ်နားခဲ့ရတယ်။

While my lawyers worked to get the order reversed, I spent several months living in the midst of cardboard boxes, thick woven blankets wrapped around unidentifiable objects, assorted suitcases and leaning towers of books.
ကျမရဲ ့ ရှေ ့နေတွေ တားမြစ်အမိန့်ကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြချိန်မှာ ကျမမှာတော့ စက္ကူကတ်ထူပြားတွေ၊ ဘာတွေမှန်မသိတဲ့ စောင်ကြမ်းထူတွေနဲ့ ပတ်အုပ်ထားတဲ့ ပစ္စည်းတွေ၊ ခရီးဆောင်အိတ်မျိုးစုံတွေ နဲ့ ယိမ်းယိုင်နေတဲ့ စာအုပ်စင်တွေကြားထဲမှာ လပေါင်းများစွာ နေထိုင်ခဲ့ရတယ်။

Looking up from my bed, which was wedged between a high bookshelf, odd tables and a number of lumpy bundles, I had a good view of a peeling chunk of ceiling that afforded me many moments of contemplation on the nature of decrepitude and decay.
စာအုပ်စင်ကြီးတစင်၊ အရွယ်မတူ စားပွဲခုံတွေ နဲ့ ဖရိုဖရဲ အထုပ်အပိုးတွေကြားမှာ ရှိနေတဲ့ အိပ်ယာပေါ်ကနေ ကြည့်လိုက်ရင် အချပ်လိုက် အလိပ်လိုက်ကွာကျနေတဲ့ မျက်နှာကြက်ကို ကောင်းကောင်းမြင်ရတယ်။ အဲဒါကိုမြင်တွေ့ပြီး ကျမအနေနဲ့ အိုမင်းပျက်ဆီးခြင်း နဲ့ ယိုယွင်းပျက်ဆီးခြင်း တရားသဘောကို ဆင်ခြင်ကြည့်ရှု နိုင်ခဲ့တယ်။

While the weather was cool, the jam-packed room seemed cozy, and the urban jungle camp-style of existence could be seen as something of an adventure. As the weather got hotter and hotter, however, the romance wore off, particularly as the scaffolding that had been erected against the outside walls was in such a position that the windows of the bedroom could not be opened and large parts of the night were passed in sleepless swelter. I did not feel in the best of health.
အေးမြတဲ့ ရာသီချိန်မှာ ရှုပ်ထွေးနေတဲ့အခန်းက နွေးနွေးထွေးထွေး ရှိသလို ဆန်းသစ်တဲ့ မြို ့ပြတောစခန်းလေးတခုလို ဖြစ်နေပေမယ့် ရာသီဥတု တဖြည်းဖြည်း ပူပြင်းလာတာနဲ့အမျှ စိတ်ကူးယဉ်ကြည်နူးစရာလေးတွေလည်း ပျောက်ကွယ်သွားခဲ့တယ်။ အထူးသဖြင့် အခန်းအပြင်ဖက်ကနေ ပြတင်းပေါက်တွေကို ကန့်ပိတ်ထားတဲ့ ငြမ်းတွေကြောင့် အခန်းပြတင်းပေါက်တွေကို ဖွင့်လို့မရတာကြောင့် ကျမအဖို့ ပူလောင်အိုက်စပ်နေတဲ့ အခန်းထဲမှာ အိပ်မရတဲ့ညပေါင်းများစွာကို ဖြတ်သန်းခဲ့ရတယ်။ ကျမအဖို့ အတော်လေး မကျန်းမမာ ဖြစ်ခဲ့ရတယ်။

The first quarter of 2010 was not just a period of physical discomfort, it was also one of intense mental activity. My lawyers would visit me on occasion to discuss the appeal that we had lodged against the sentence that had been meted out to me at the Insein Jail court the previous year. I found the whole legal process fascinating and learnt much from my highly experienced and able lawyers.
၂၀၁ဝ အစောပိုင်း လေးလကတော့ အတော်လေး စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ မရှိ၊ ပင်ပမ်းဆင်းရဲ ဖြစ်ခဲ့ရတဲ့အချိန်ကာလ ဖြစ်တယ်။ ကျမရဲ ့ ရှေ ့နေများ အခါအခွင့်သင့်သလို ကျမကို လာရောက်တွေ့ကြပြီး ပြီးခဲ့တဲ့နှစ်က အင်းစိန်အကျဉ်းထောင်တရားရုံးက ကျမအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ကန့်ကွက်၊ အယူခံတင် လျှောက်လွှဲလုပ်ဆောင်နေမှုတွေကို ဆွေးနွေးရှင်းလင်း ပြောဆိုကြတယ်။ အတွေ့အကြုံများ ဝါရင့်သမာရင့်၊ အရည်အချင်းပြည့်ဝကြတဲ့ ကျမရှေ ့နေများဆီမှ တရားဥပဒေ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေရေးရာ လုပ်ငန်းစဉ်များကို လေ့လာသိရှိခဲ့တယ်။

I felt immense pride in them and in the Legal Committee of the National League for Democracy (NLD) that had been working hard since 1995 to uphold the rule of law and to defend the rights of prisoners of conscience in our country. As one of the lawyers, U Nyan Win, was a member of the Executive Committee of the NLD, I also learnt much of what was happening in the political world outside my house and was able to participate to some extent in the decision making process of the party.
၁၉၉၅ ခုနှစ်ကတည်းက တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံရေးအကျဉ်းသားများရဲ ့ ရပိုင်ခွင့်များအတွက် မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ရှေ ့နေကြီးများ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ ကော်မတီတို့ရဲ ့ လုပ်ဆောင်နေမှုတွေကို ကျမအနေနဲ့ အထူးဂုဏ်ယူနေမိပါတယ်။ ရှေ ့နေကြီးများအနက် အမျိုးသားဒီမိုကရေစီ ဗဟိုအလုပ်အမှုဆောင် ကော်မတီတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း မှ တဆင့် ပြင်ပနိုင်ငံရေးဆိုင်ရာ အခြေအနေ အဖြစ်အပျက် အပြောင်းအလဲများ လေ့လာနိုင်ခဲ့သလို၊ (အန်အယ်လ်ဒီ) ပါတီရဲ ့ လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များအတွက်လည်း အထိုက်အလျောက် ဝင်ရောက်ဆုံးဖြတ်နိုင်ခဲ့တယ်။

This, in a year crucial to the political scene in Burma, posed intellectual challenges which, for me, were of far greater importance than health considerations.
မြန်မာ့နိုင်ငံရေးအတွက် အထူးအရေးကြီးတဲ့ နှစ်ကာလဖြစ်နေတာကြောင့် ကျမအဖို့ ကျန်းမာရေးဆိုင်ရာထက် များစွာပိုအရေးကြီးတဲ့ အသိဉာဏ်ပညာပိုင်းဆိုင်ရာ စိမ်ခေါ်မှုများလို့ ပြောရပါလိမ့်မယ်။

Around the time of the Burmese New Year that falls in mid-April, the court decreed that the renovations to my house could be continued. Overnight, what had been an enclosure cut off from the sounds and movements of the world outside became a place of constant noise and action as workmen swarmed all over the place.
ဧပြီလလယ် မြန်မာ့နှစ်သစ်ကူးချိန်ကာလမှာ တရားရုံးတော်က ကျမရဲ ့ အိမ်ကို ဆက်လက်ပြင်ဆင်ဖို့ ခွင့်ပြု အမိန့်ချလိုက်တယ်။ နောက်တရက်မှာပဲ ပြင်ပကမာ္ဘ အသံလှုပ်ရှားမှုတွေကင်းကွာပြီး တိတ်ဆိတ်နေတဲ့နေရာဟာ ရုတ်ခြည်း ဆူဆူညံညံ ဖြစ်လာပြီး အလုပ်သမားတွေ သွားလာလှုပ်ရှားမှုတွေနဲ့ ရှုပ်ထွေးလာခဲ့တယ်။

There was so much to be done. A major project was repairs to the roof. For some years I had spent the monsoon months moving my bed, bowls, basins and buckets around my bedroom like pieces in an intricate game of chess, trying to catch the leaks and to prevent the mattress (and myself, if I happened to be on it) from getting soaked. Now that the roof would be made sound. I could look forward to the next rains with equanimity. In Burmese, a sound roof is a metaphor for security, a reflection of the notion that if all was well at the very top, all would be well throughout an edifice.
ပြင်စရာလုပ်စရာတွေ တပုံတပင်ကြီး ကျန်ရှိပါသေးတယ်။ အဓိက ပြင်ရမှာကတော့ အိမ်ခေါင်မိုး ဖြစ်တယ်။ နှစ်ပေါင်းများစွာ မိုးတွင်းကာလ မိုးရွာချိန်ဆို ခေါင်မိုးက ယိုကျလာတဲ့ မိုးရေမစိုအောင် အိပ်ယာကို ဟိုရွှေ ့ဒီရွှေ ့၊ ပန်းကန်ဇလုံတွေ၊ ရေပုံးတွေနဲ့ အခန်းပြည့် ရေခံထားလိုက်ရတာ စစ်တုရင်ကစားကွက် ချထားသလိုု ဖြစ်နေတော့တယ်။ အခုတော့ အမိုးလုံဖို့ လုပ်ရပါမယ်။ ဒါမှ နောက်တကြိမ် မိုးရွာလာရင် စိတ်အေးလက်အေးနဲ့ နေနိုင်လိမ့်မယ်။ မြန်မာစကားမှာတော့ ခေါင်လုံမှ (စိတ်ချ)လုံခြုံတယ်လို့ ပြောဆိုယုံကြည်ကြတယ်။ ဆိုလိုရင်က အထက်ခေါင်းထိပ်က လုံခြုံစိတ်ချရမှ အောက်ခြေပိုင်းတလျှောက် (အဆောက်အဦးတခုလုံး) ကောင်းမွန်မယ်ဆိုတဲ့ သဘောဖြစ်တယ်။

The repairs and renovations meant there would be greater physical convenience and comfort in the future. But much more important than the material considerations were the human contacts that were made possible. Every day for about five months (the work on the house went on from April to September with a break of three weeks in-between), I was able to acquaint myself with the lives and concerns of our workmen, to acquire a better understanding of the difficulties with which the labor force of our country had to cope and to get a clearer idea of their hopes and aspirations.
ပြင်ဆင်ခြင်း၊ ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ခြင်းဆိုတာ ရှေ ့လာမယ့်အနာဂတ်အတွက် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ သက်တောင့်သက်သာ ဖြစ်စေဖို့ပါ။ ဒါပေမဲ့ ဒါတွေထက် ပိုအရေးကြီးတာက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြောင်းလဲမှုထက် လူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်မှုဖြစ်တယ်။ အိမ်ပြင်နေတဲ့ အချိန်ကာလ ငါးလအတွင်း (သုံးပတ်နားချိန်ကလွဲလို့ ဧပြီလ မှ စက်တင်ဘာလအထိ) နေ့စဉ်ဆိုသလို အလုပ်သမား၊ လက်သမားတွေနဲ့ တွေ့ထိစကားပြောခွင့်ရပြီး ကျမတို့နိုင်ငံရဲ ့ အလုပ်သမားလူတန်းစားတွေရဲ ့ ဘဝအခက်အခဲ၊ မျှော်လင့်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ကွက်ကွက်ကွင်းကွင်း ကြားသိ နားလည်းခဲ့ရတယ်။

Another consequence of the renovation project was frequent discussions with the Special Branch and other forces responsible for the security of the premises. The bringing in of men and materials had to be negotiated on an almost daily basis, and we found that obstacles could be smoothed out with reasoning and flexibility on both sides.
အိမ်ပြန်လည်ပြင်ဆင်လုပ်ကိုင်ခြင်းမှ တခြားရရှိတဲ့ အကျိုးရလာဒ်ကတော့ အထူးလုံခြုံရေးအဖွဲ့ နဲ့ အိမ်တဝိုက် လုံခြုံရေး တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေနဲ့ မကြာခဏ ဆွေးနွေးစကား ပြောဆိုခွင့်ရခဲ့တာ ဖြစ်တယ်။ နေ့စဉ်ဆိုသလို အလုပ်သမားတွေ၊ အလုပ်ပစ္စည်းတွေ အသွင်းအထုတ် ရယူဖို့ကိစ္စတွေအတွက် ပြောဆိုဆွေးနွေးခဲ့ရတယ်။ ဒီလိုပဲ အခက်အခဲ အတားအဆီးတွေကို နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် အကျိုးအကြောင်း၊ အတိုးအလျှော့လုပ်ပြီး ဖြေရှင်းကျော်လွှာနိုင်တာကို ကျမတို့ တွေ့ရှိခဲ့တယ်။

2010 was a year that brought many improvements to my house, but what it brought to our country, which is the home of all our people, is a much more serious tale, to be told another time.
၂၀၁ဝ မှာ ကျမနေထိုင်တဲ့အိမ်ကတော့ အတော်လေး တိုးတက်ကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ ပြည်သူပြည်သားတွေ နေထိုင်နေတဲ့ မြန်မာပြည်အိမ်ကြီးအတွက် ဘာတွေပြုပြင်ပြောင်းလဲနိုင်ခဲ့သလဲလို့ မေးစရာရှိတယ်။ ဒီအကြောင်းအရာက အလေးအနက် အရေးကြီးတဲ့ကိစ္စဖြစ်လို့ နောက်တကြိမ်မှ ပြောပါမယ်။

I would like to end this, the first article I have written since my release, by expressing my deep appreciation of the support and friendship the Mainichi Shimbun has given me over two decades and by sharing with its readership an extract from a poem that had a special significance for my late husband and that I cherish for its abiding wisdom:
ကျမလွတ်မြောက်လာပြီးနောက် ပထမဦးဆုံးရေးသားခဲ့တဲ့ ဒီဆောင်းပါးကို နှစ်ပေါင်းနှစ်ဆယ် (ဆယ်စုနှစ် နှစ်စု) ကျော် ထောက်ခံပံ့ပိုးခဲ့တဲ့ မိတ်ဆွေ မိုင်နီချီ ရှင်ဘန် သတင်းစာကြီးကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်းပြောကြားရင် ဒီဆောင်းပါးကို အဆုံးသတ်လိုပါတယ်။ နောက်ပြီး စာဖတ်သူများကို ကွယ်လွန်သွားပြီးဖြစ်တဲ့ ကျမခင်ပွန်းသည်အတွက် အထူးလေးနက် အဓိပ္ပါယ်ရှိခဲ့ပြီး ကျမကိုယ်တိုင်လည်း တမြတ်တနိုး ကြိုက်နှစ်သက်တဲ့ အသိဉာဏ် ဆင်ခြင်တရားပေးတဲ့ ကဗျာတပုဒ်ရဲ ့ ကောက်နုတ်ချက်ကို မျှဝေလိုက်ပါတယ်။

…yesterday is but a dream,
And tomorrow is only a vision;
But today, well lived,
Makes every yesterday a dream of happiness,
And every tomorrow a vision of hope.
Look well, therefore, to this day.
–       from The Salutation to the Dawn based on a Vedic Hymn. (By Aung San Suu Kyi)

မနေ့ကဆိုတာ ဘာမှမဟုတ်တဲ့ အိပ်မက်တခု
မနက်ဖြန်ဆိုတာ အတွေးအမြင် တခုသက်သက်
ဒါပေမဲ့ ဒီနေ့မှာ ကောင်းမွန်စွာရှင်သန်ကြရမယ်
မနေ့တိုင်းကို ပျော်ရွှင်စရာအိပ်မက်တွေအဖြစ် ဖန်တီးကြပြီး
မနက်ဖြန်တိုင်းကို မျှော်လင့်ခြင်းတွေနဲ့ပဲ ထားလိုက်ကြ
ဒါကြောင့်မို့ ဒီနေ့ကိုတော့ ကောင်းစွာထိန်းသိမ်း ရှင်သန်ကြရမယ်။
— အေဒီ ၆၀၀-၁၂၀ဝ ရာစုအတွင်း ထင်ရှားခဲ့တဲ့ အိနိ္ဒယကဗျာစာဆိုကြီး ကာလီဒါစ (Kālidāsa [600 – 1200 AD) ရဲ ့ အာရုဏ်ဦးကို ကြိုဆိုနှုတ်ဆက်လိုက်ခြင်း

Source: http://mdn.mainichi.jp/mdnnews/news/20110101p2a00m0na001000c.html

5 comments

  • koyinmaung

    January 6, 2011 at 9:58 am

    ခုလိုဆိုက်ပေါ်တင်ပေးတာကျေးဇူးတင်ပါတယ်..နောက်လဲဆက်တင်ပေးပါအားပေးနေပါတယ်။။

  • MaMa

    January 6, 2011 at 10:28 am

    ပြည်တွင်းကလူတွေအတွက် အသိအမြင်ပိုလာစေလို့ တင်ပြပေးတာကို ကျေးဇူးအထူးတင်ပါတယ်။

  • bigbird

    January 6, 2011 at 2:59 pm

    အားလုံးစုပေါင်းနေထိုင်ကြတဲ့ကျနော်တို ့အိမ်ကြီးကို အမေဦးဆောင်ပြီးအမြန်
    ဆုံးပြင်နိုင်အောင် သားတို ့မျှော်လင့်စောင့်စားလျှက်ပါ အမေ၊၂၀၁၁ ကတော့
    အမေနဲ ့အိမ်သားတွေအားလုံးအတွက် မင်္ဂလာရှိသောနှစ်ဖြစ်ပါစေလို ့ ……….

  • zaw min

    January 6, 2011 at 8:15 pm

    ကျွန်တာ်တို့ တတွေ ဆုတောင်းနေလို့၊မျှော်လင့်နေယုံ့နဲ့ မပြီးသေးပါဘူး။ကျွန်တော်တို့တတွေ ညီညီညွတ်ညွတ်နဲ့လက်တွဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင်အတူတကွ လျှောက်လှမ်းကြပါစို့။ရှေ့သို့ချီတက်ကြပါစို့။

  • etone

    January 7, 2011 at 6:30 am

    လူတွေက ဘာလိုချင်ညာလိုချင်သာဖြစ်တာ တစ်ကယ်တမ်းကြိုးစားအားထုတ်မှူပြုတဲ့အခါကြရင် ဦးဆောင်စလုပ်ဖို့မပြောနဲ့ နောက်ကနေတောင် မလိုက်ရဲကြဘူး ။
    zaw min ပြောတာ ဟုတ်တယ် ဆုတောင်းနေယုံနဲ့ ဘာမှဖြစ်မလာပါဘူး ။ ီညီညွတ်ညွတ်နဲ့လက်တွဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင်အတူတကွ လျှောက်လှမ်းကြပါစို့။ရှေ့သို့ချီတက်ကြပါစို့။ ဆိုတာမျိုးဖြစ်လာအောင်လုပ်ရမယ် ။

Leave a Reply