မြန်မာနိုင်ငံသားများ အစိုးရသစ်အောက်တွင် စစ်မှုမထမ်းမနေရ

ၾကယ္ေလးJanuary 9, 20111min30448

မြန်မာစစ်အစိုးရရဲ့ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်ကြားရှိ အမျိုးသား အမျိုးသမီး အားလုံး စစ်မှု မထမ်းမနေရ ဥပဒေ မူကြမ်းတစ်ခုကို ဂျပန်NHK သတင်းဌာနက ရရှိထားကြောင်း ကြေငြာလိုက်သည်။

အမျိုးသားများမှာ အသက် ၁၈နှစ်နှင့် ၄၅ နှစ်ကြားဖြစ်ပြီး၊ အမျိုးသမီးများမှာ အသက်၁၈ နှစ်နှင့် ၃၅ နှစ်ကြား ဖြစ်သည်။ စစ်တပ်ထဲ နှစ်နှစ် သို့မဟုတ် သုံးနှစ် အမှုထမ်းရမည်။ ခန္ဓာကိုယ် မစွမ်းမသန်သူများ မှလွဲလို့ အသက်ပြည့်မှီသူ အားလုံး မြို့နယ်အသီးသီးရှိ အာဏာပိုင်များထံ စာရင်းပေးသွင်း ရမည့်အကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။ စာရင်း ပေးသွင်းဖို့ ပျက်ကွက်သူနှင့် စစ်မှုထမ်းဖို့ တိမ်းရှောင်သူများမှာ ထောင်ဒဏ် ငါးနှစ်အထက် ကျခံရမည်ဟု ဆိုသည်။

အဆိုပါ စစ်မှု မထမ်းမနေရ ဥပဒေကို မကြာမီ ကျင်းပတော့မည့် လွှတ်တော်တွင် အတည်ပြု ပြဌာန်းသွားမည် ဖြစ်ကြောင်း NHK သတင်းဌာနမှ ၂၀၁၁ ခု၊ ဇန်နဝါရီလ ရ ရက်၊ ဂျပန်စံတော်ချိန် ည ရ နာရီ ၂၈ မိနစ်တွင် ထုတ်လွှင့်သွားခဲ့သည်။

သတင်း NHK (http://www.nhk.or.jp/daily/english/07_27.html )

Credit to :  မောက္ခပြည်တွင်းသတင်း

48 comments

  • 24 yr ,female, doctor, mandalay, burma.

    January 9, 2011 at 12:00 pm

    ကောင်းပါတယ် ဒီလိုဥပဒေ ရှိလာတော့ စစ်တပ်ကလူတွေ သိ်ပ်ထောင်လွှားလို့မရတော့ ဘူးပေါ့ လိုအပ်ရင် အားလုံးတိုင်းပြည်အတွက် ထမ်းဆောင်နိုင်တာပေါ့

  • Hello Everyone

    January 9, 2011 at 12:02 pm

    လုံးဝ ကန့်ကွက် ပါတယ်။ ဒီဥပဒေ ကို။ မဖြစ်သင့် ပါဘူး။ ခုတောင် လူတွေ အလုပ် မရှိလို့ ဒုက်ခ ရောက် နေတာ၊စစ်မှုပါ ထမ်း လိုက်ရင် ၄ဝ ကျော်မှ အလုပ်လုပ် ရမယ်။

  • Hello Everyone

    January 9, 2011 at 12:06 pm

    အကို ရေလူ များတွေသိ အောင် ဖြန့် ဝေ ခွင့် ပြု ပါ။

  • ကြယ်လေး

    January 9, 2011 at 12:10 pm

    ကျ နော် လဲ ကူး လာ တာ မူရင်း link ကော credit ပါ ပေးထားတယ် အဒီ အတိုင်း သာ ကူး ယူ ဖော်ပြလိုက်ပါ 🙂

  • naywoonni

    January 9, 2011 at 1:41 pm

    တစ်ခုတော့ကောင်းပါတယ်
    အားလုံးစစ်သားဖြစ်သွားတော့…..
    စစ်သားကွ.. ဆိုပြီး ဘိုကျလို့မရတော့ဘူးပေါ့ (မှတ်ချက်- တမင်ကလာစာလုံးပေါင်းလွဲလိုက်တာနော် မသိလို့မဟုတ်ပါ)
    နို့မို့ဆို တစ်ခုခုဖြစ်လိုက်တာနဲ့ ဒါနဲ့ကိုင်ပေါက်နေတတ်တာ ဘာတဲ့ သူတို့ပြောနေကြစကား
    စစ်သားတိုင်းယောက်ျား…ယောက်ျားတိုင်းစစ်သားမဟုတ်ဘူးတဲ့ ခုတော့ဘာတတ်နိုင်သေးလဲ မိန်းမတွေပါ စစ်ထဲဝင်ကြတော့ ဟင်းးးးးး
    မှတ်ပြီလား

    • etone

      January 10, 2011 at 7:25 am

      တပ်ထဲမှာ မုဒိမ်းမှူတွေပိုများလာမယ်လို့ထင်မိပါကြောင်း ။

  • ကြယ်လေး

    January 9, 2011 at 1:53 pm

    မထင်ပါ နဲ့ အဒီ ဥ ပဒေ ထဲ က ပြဌန်း ချက်တွေ က ဘယ်နိုင် ငံမှာမှမရှိ တဲ့ ပြဌန်း ချက်တွေ ဖြစ်နေမှာပါ

    သူ တို့ ပြောတဲ့စစ်မှူထမ်း ဆို တာ အရာရှိ ကတော် ထမီရှော် ပါ

    ကောင်း တာ တခု ရှိ တယ် များ များ ကြပ် လေ ပေါက်ကွဲ ဖို့ အားကောင်းလာလေပဲ

  • ဆူး

    January 9, 2011 at 2:32 pm

    စစ်မှုထမ်း ဆိုတော့.. ၁၈ က နေ ၄၅ ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ လူတွေ များမယ် ထင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 9, 2011 at 2:44 pm

    လုပ်မယ်ဗျို ့
    ရဲဘော်လည်းရတယ် ထမင်းချက်လဲရတယ်
    ဂိတ်စောင့်လဲရတယ် လခမယူဘူး
    နေပြည်တော်မှာ လက်ပစ်ဘုံး အလုံးရှစ်ဆယ်လောက်ပိုက်ပြီး
    ဗိုလ်ချုပ်ကြီးတွေရဲ ့လုံခြုံရေးကို ယူခြင်စမ်းပါဘိတော့
    ဟင်းဟင်းဟင်း ( မာန်ဖီသံ)

  • Hello Everyone

    January 9, 2011 at 3:01 pm

    ကိုကြယ်လေး ပြောသလို ”မထင်ပါ နဲ့ အဒီ ဥ ပဒေ ထဲ က ပြဌန်း ချက်တွေ က ဘယ်နိုင် ငံမှာမှမရှိ တဲ့ ပြဌန်း ချက်တွေ ဖြစ်နေမှာပါ

    သူ တို့ ပြောတဲ့စစ်မှူထမ်း ဆို တာ အရာရှိ ကတော် ထမီရှော် ပါ

    ကောင်း တာ တခု ရှိ တယ် များ များ ကြပ် လေ ပေါက်ကွဲ ဖို့ အားကောင်းလာလေပဲ” ပါပဲ၊

    ပညာ တတ်တွေကို ဘာမှ မတတ်တဲ့ တပ်ကြပ် ဆိုတဲ့ ကောင်တွေ ကအာဏာ ပြကြ မယ်။

    မိန်းကလေး တွေဆို အပိုင်ကြံမယ်( သူတို့ ဘာသာ ဆို ပညာ တတ်မိန်းမရဖို့မလွယ်၊ )
    ယောက်ကျား ဆိုရင် ”The Hell”ဆိုရင် တော့သေပြီနော်။ Jean-Claude Van Damme ကားလေ ၊သိတယ်မလား။

  • ဆူး

    January 9, 2011 at 3:09 pm

    ဟင်းဟင်းဟင်း.. မာန်ဖီသံလို့ မထင်.. ထမင်းချက်ရင်း ဟင်းခိုးစားချင်လို့.. ဟင်းတောင်းစားတဲ့ အသံ

  • unclegyi1974

    January 9, 2011 at 3:09 pm

    ကိုကြယ်ရေ အန်ကယ်တော့မထင်ဘူးကွယ်
    တိုင်းပြည်ကိုအရေးရှိတိုင်းကယ်တင်နေတဲ့
    စစ်သားတွေက်ို ဒီလိုပေါပေါလောလောလုပ်လိုက်ရင်
    vip လူတန်းစားပျောက်သွားမှာပေါ့ကွယ်

  • The Reds

    January 9, 2011 at 4:23 pm

    ဝင် မယ် ဝင် မယ် … သေ နတ် ရ လို က တော. သန်း ရွှေ ရေ ဗိုလ် သင် တန်း ဆင်း ပွဲ မ တက် နဲ. တက် လို က တော. အ သေ ပဲ .. ပစ် မှာ ..

  • Hello Everyone

    January 9, 2011 at 5:27 pm

    ဒီ ဥပဒေ သာ တကယ် ဖြစ်လာရင်၊ နိုင်ငံ အကျိုး ပြုဇာတ်ကား တွေ ရိုက်အုံး မှာ ပေါ့၊ခါတိုင်း လိုပဲ။ ပေါက်ကရ တွေပြော ပေါက်ကရ တွေ လုပ်။

    Nowadays in the army, most of the low-rank soldiers are uneducated and have no brain.
    They will bully the well educated ones.
    Moreover, they haven’t seen such nice girls like the educated women and consequently , there may be sexual offenses.

  • Gipsy

    January 9, 2011 at 5:41 pm

    ကျွန်တော်ကြားတာတော့…..အမျိုးသမီးအသက် ၁၈နှစ်နဲ့ ၂ရနှစ်ကြား၊ အမျိုးသားအသက် ၁၈ နှစ်နဲ့
    ၃၅ နှစ်ကြား လို့ ကြားမိပါတယ်….

  • zaw min

    January 9, 2011 at 6:03 pm

    ကျွန်တော်ကတော့ ဒီကောင်တွေပြည်သူတွေကို လက်နက်တတ်စင်ပေးလိမ့်မယ်လို့ မထင်ပါဘူး၊ပြည်သူတွေရဲ့လက်ထဲကို ဂျင်ကလိတို့၊လေးဂွတို့တောင်မပေးရဲပါဘူး၊ပြည်သူလက်ထဲလက်နက်ပေးလိုက်လို့ကတော့ သူတို့လည်ပင်းကြိုးကွင်းစွပ်ပြီသာမှတ်။အသက်ကလည်း လေးဆယ်မပြည့်သေး၊မိန်းမကလည်းမရသေး တွေ့ကြသေးတာပေါ့ကွာ။

  • kai

    January 9, 2011 at 8:21 pm

    ဘုရားသား၊ စစ်သား၊ ကျောင်းသား သားသုံးသား မှာ အပြန်အလှန် ဝင်ရောက်စွက်ဖက်ခွင့်အာဏာ တခုကိုရယူထားသူ အာဏာရပြီးစစ်သားတွေ ဒီလိုအခွင့်အရေးကို … ကျောင်းသားကိုပေးမယ်တော့မထင်..။
    တကယ်လို့ပေးလိုက်ရင်တော့ .. မြန်မာပြည်တိုးတက်ဖို့လမ်းပေါ်ရောက်ပြီ တဖက်လှည့်နဲ့ သုံးသပ်ပြောရမှာပဲ..။

  • koyinmaung

    January 9, 2011 at 10:18 pm

    ပေါ်တာဆွဲရတာနံမည်ပျက်လွန်းလို့တမျိုးကြံတာပါ… စစ်တပ်အတွက်လဲလပ်စားလို့ရတာပေါ့

  • bigcat

    January 10, 2011 at 5:41 am

    မကြာခင် ကိုကြယ်လေးရဲ့ ပုခုံးထက်မှာ ကြယ်ပွင့်တွေ တွေ့ရတော့မှာပေါ့။ အလေးပြုပါတယ် ဗိုလ်ကြီးကျယ်။

  • ashinindaka

    January 10, 2011 at 6:20 am

    သီဟိုဠ်မှာ တောင်ကိုးရီးယားက ကိုရင်တစ်ပါးနဲ့အတူနေတုန်း သူစစ်မှုထမ်းရအုံးမှာမို့ ပြန်ရမယ်လို့ပြောပြီး နောက်တစ်ပတ်လောက်အကြာမှာပြန်သွားတယ်။ ဒကာတို့ရေ၊ ဒါနဲ့ပတ်သက်လို့ ဒို့နိုင်ငံမှာရော။ ပြောပြကြပါအုံး။

    • bigcat

      January 10, 2011 at 6:56 am

      အနောက်နိုင်ငံကတပ်တွေမှာတော့ တပ်ရင်းတပ်ခွဲအလိုက် စစ်သားဘုန်းကြီးတွေ ထားပေးတယ်။ စစ်တိုက်ဖို့ထက် ဘာသာရေးအခမ်းအနားတွေ လုပ်ပေးရတယ်။ ကြုံရင်လည်း ကြုံသလို ဝင်ဆော်ကြမှာပေါ့နော်၊ ရန်သူမိတော့ ဘုရားသခင်အစေအပါးပါပေါ့။ ကိုရီးယားစစ်တပ်မှာလည်း အဲလိုများလုပ်မလားမသိဘူးနော်။ မြန်မာရာဇဝင်မှာလည်း ထိုင်းကိုစစ်သွားတိုက်တဲ့ ဘုရင်တပါး (အလောင်းဘုရားလားမသိဘူး) ရတနာသုံးပါကို ကြည်ညိုလွန်းလို့ စစ်တိုက်တာတောင် ဘုရားတရားသံဃာဦးထိပ်ထားပြီး (ပြောတာပဲ လောကီအစီအရင်လည်းဖြစ်နိုင်ပါတယ်) ဘုရားဆင်းတု၊ ပိဋကတ်သုံးပုံ၊ သံဃာတော်တွေကို ဆင်နဲ့ပင့်သွားတယ်ပြောတယ်။ အခုလည်း မြန်မာစစ်တပ်မှာ အဲသည်လို လုပ်ချင်လုပ်နေမှာ။

    • ဆူး

      January 10, 2011 at 1:15 pm

      မဲပေးတာတောင် ဘုန်းကြီး မပါတာဘဲ.. သံဃာဖြစ်ရင် စစ်တပ်မဝင် ရလောက်ပါဘူး

  • eros

    January 10, 2011 at 6:48 am

    လစာ၊ ရိက္ခာ၊ ခံစားခွင့် (တရားဝင်)၊ ယူနီဖောင်းတွေက ဖွံ့ဖြိုးတိုးတတ်နေတဲ့ နိုင်ငံတကာ (စင်ကာပူ၊ ကိုရီးယား၊ အမေရိကား၊) တို့လိုမျိုုးပေးနိုင်ရင်ဘာမှမပြောလိုပါဘူး။

  • R Ga

    January 10, 2011 at 9:12 am

    ဝင်လိုက်ရင်ဘယ်သူကိုမှ (သရက်သီးသေနပ်)ကလွဲလို့ လက်နက် ပေးကိုင်မှာမဟုတ်ဘူး.ဝါးရင်တုတ် တစ်ယောက်တစ်ချောင်းနဲ့….မိုင်းကွင်းတွေ ကိုရှေ့ကဖြတ်ပြေးခိုင်းမှာအသေချာပဲ…။ ..ဒါကို တရားဝင်ပေါ်တာဆွဲခြင်းလို့ပဲမြင်မိတယ်။

  • timothy

    January 10, 2011 at 9:38 am

    မကောင်းတာအားလုံးဖြစ်မယ်လို့ဘဲမှတ်သားမိကြောင်းပါ။ကောင်းတာတခုမှမဖြစ်နိုင်ကြောင်းထပ်မံပြီးမှတ်သားမိပြန်ပါတယ်။

  • ဆူး

    January 10, 2011 at 1:16 pm

    လူတွေလည်း ဒုက္ခ များလိုက်တာ..
    မသူတော် ဘေးမှ ကင်းဝေးပါစေ။
    သူတော်ကောင်းတရားများ ထွန်းကားပါစေ။

  • cobra

    January 10, 2011 at 2:45 pm

    တကယ်ပဲစစ်တပ်ထဲမှာတပ်သားတွေလိုနေပီလား……..
    ဒါမှမဟုတ်တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့တိုက်ပွဲမှာအသုံးချမလို့လား………။
    ကျွန်တော်ကတော့သိပ်လက်မခံချင်ဘူး………။
    အိမ်ထောင်စုတစ်ခုမှာအားထားရတဲ့လူတယောက်
    မဟုတ်ရင်တယောက်ကတော့ရှိသင့်တယ်အခုဟာက
    အကုန်ဝင်ရမယ်ဆိုတော့သူတို့မိသားစုကိုဘယ်သူကရှာကျွေးမှာလဲ
    နအဖအစိုးရလား……
    တကယ်ကောပြည်သူတွေကသေနပ်ကိုင်ရမှလား…….
    ကျွန်တော်တို့လိုလူငယ်တွေတော့ဒုက္ခရောက်ပီ……
    စစ်တပ်ကိုအာရုံနောက်လို့၁ဝတန်းအောင်တာတောင်အိမ်ပေါ်ကဆင်းပီး..ဗိုလ်လောင်းဝင်မဖြေတာကို
    အခုမှစစ်မှုထမ်းရမယ်တဲ့…ထောင်၅နှစ်အကျခံလိုက်မယ်………
    စစ်မှုတော့မထမ်းတော့ဘူး………။

  • naywoonni

    January 10, 2011 at 2:46 pm

    တို့ကတော့ လွတ်တယ်
    မလွတ်တာကချူးတို့တစ်တွေ
    ယူနီဖောင်းကြီးနဲ့ တော်တော်လှမှာ ဟီးး

  • juezinko

    January 11, 2011 at 2:09 am

    ငါကတော့ စစ်ဆိုရင် ရေတောင် စစ်သောက်တာ မဟုတ်ဘူး…အခုတော့ စစ်မှုမထမ်းမနေရတဲ့ မနေနဲ့ဆိုတော့လည်း
    မနေဘူးပေါ့……………….

  • တညင်သား

    January 11, 2011 at 4:16 am

    တောင်ကိုရီးယား ကစစ်မူ့မထမ်းချင်ရင် စစ်တပ်က လွတ်တဲ့သဘောမျိုး ကုမ်မဏီ တစ်ခုမှာ အလုပ် လုပ်လို့ရတယ် ဒါပေမဲ့ ၆ လ တကြိမ် တစ်လကြာ စစ်တပ် ကိုသွားပြီး သင်တန်းတက်ရတယ် ၃နှစ် ပြည့်ရင်တော့ စက်လုပ်လို့လဲရတယ် မလုပ်ချင်ရင်လဲ ထွက်ပြီး တခြား အလုပ်လုပ်လို့ရတယ် သဋ္ဌေးရဲ့ သားတွေကတော့ နီးစပ်ရာ ဆွေမျိုး သားချင်း စက်ရုံ တွေမှာ အနေချောင်တဲ့ အလုပ် လုပ်တယ် ပေါ့ အနုပညာရှင်တွေ ကတော့ ၃နှစ်စလုံး စစ်မူ့ထမ်းတာများတယ် လူလပ် တန်းကတော့ များသော အားဖြင့် အလုပ်ထဲဝင်တာများတယ် မြန်မာအခေါ် ဒါရိုက်တာရင်တို့ စစ်မူ့ထမ်းပြီးသွားပြီ

  • နွယ်ပင်

    January 11, 2011 at 4:35 am

    စစ်မူမထမ်းမနေရဆိုတော့ စစ်မူထမ်းစဉ်ကာလမှာ လခရောပေးမှာလား အပြင်မှာ တစ်လကို (2) သိန်းလောက်ရနေတဲ့သူက အိမ်စရိတ်ကို သူ့ဆီက အများဆုံးမှီခိုနေရတယ်ဆိုရင် အဲ့ တစ်ယောက်စစ်မူထမ်းနေတုန်း အိ်မ်စရိတ်ကို လောက်ငအောင် သူတို့က ထုတ်ပေးမှာလားဟင် မသိလို့မေးကြည့်တာနော် …

  • phantom

    January 11, 2011 at 4:41 am

    သူတို့က အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတော့မယ် ဒါမှမဟုတ် မဟုတ်တာ တစ်ခုခု လုပ်ထားလို့ သူများလာတိုက်ရင် အချောင်သေခိုင်းဖို့ လူစုထားတာဖြစ်မယ် မတရားဘူး သူတို့စစ်တပ်ထဲဝင်လို့ မိသားစုစားဝတ်နေရေးကို သူတို့က ထောက်ပံ့ပေးမှာလား သေစရာရှိရင်တော့ ထိပ်ဆုံးက ပို့မှာသေချာတယ် မယုံရင် နေရွှေသွေးကို ပို့လိုက် စစ်တိုက်ရမယ့်နေရာဆို နေရမှာမဟုတ်ဘူး တကယ်လုပ်ရင် ဘဘကြီးတွေရဲ့ သားသမီးတွေကို စစ်တပ်ထဲအရင်ပို့ ပြီးရင် တပ်သားအဖြစ်နဲ့ နယ်စပ်တိုက်ပွဲဖြစ်တဲ့နေရာပို့ရဲလားလို့ ပြောရင်းနဲ့ စိတ်တိုလာပြီ

  • Maung Dae`

    January 11, 2011 at 6:07 am

    လုပ်လိုက်လေ ကြာသလားလို့.. တို့လက်ထဲ လက်နက်ရောက်လို့ကတော့ ရဲဘော်တွေ ဘာလုပ်ရမယ်ဆိုတာသိတယ်ဟုတ်..
    အခွင့်အရေးကောင်းကြီးကိုလက်မလွတ်စေနဲ့…

    ပြည်သူတွေလက်ထဲကို လက်နက်ထည့်ပေးရဲတယ်ဆိုတော့… နည်းတဲ့သတ္တိတော့မဟုတ်ဖူး…

    ရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချရမယ်…

  • stonecold

    January 11, 2011 at 7:30 am

    ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီလောက်အခြေအနေထိမလို့ပါဘူး လက်ရှိကျွန်တော်တို့နိုင်ငံမှာ စစ်အင်အားတော်တော်ကောင်းပါတယ် နောက်ပြီစစ်ပညာသင်ပြီကျွန်တော်တို့ဘာလုပ်ရမှာလဲ
    ဒီဘက်ခေတ်မှာ ကျူးကျော်စစ်ကမရှိတော့ပါဘူး အရေးအကြီးဆုံးတစ်ခုပြောချင်တာကတော့
    စစ်ပညာသင်ပြီ ကိုယ်နိုင်ငံသားအချင်းချင်းသတ်ရမဲ့အဖြစ်တော့ မလို့လားပါဘူး

  • ကျွန်တော် သေချာစဉ်းစားပြီးပြောတာ။ ဒီအကြံဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြံလို့ထင်ပါတယ်။ တိုင်းပြည်မှာ စစ်မှုထမ်း ဥပဒေထုတ်ဖို့ဆိုတာ အင်မတန် ဘက်ဂျက်ကောင်းမှဖြစ်တာလို့ ကျွန်တော်ဖတ်ဖူးပါတယ်။ နယ်တွေမှာ NLD စိတ်ဝင်စားတဲ့လူစာရင်းကို တိတ်တဆိတ်ပြုစုထားပါတယ်။ သတင်းပေးတွေ အများကြီးပဲ။ စာရင်းကို ကျွန်တော် မထင်မှတ်ဘဲ မြင်လိုက်ရတာ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘာဖြစ်လို့ လွှတ်ပေးလိုက်သလဲ။ အကြောင်းမဲ့ဖြစ်နိုင်ပါ့မလား။ ကြူပင်ငုတ်လေးတွေ ထွက်လာအောင်လို့လေ။ အဲဒီလူတွေ စာရင်း သူတို့ဆီမှာ ရှိတယ်။ ဒီလူတွေကို အပြုတ်သုတ်သင်ဖို့နဲ့၊ ပေါ်တာ ကိစ္စ အဆင်ပြေအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ယုတ်နည်းပါ။ အရှည်ကြီး မတွေးကြပါနဲ့။ သူတို့က လက်ငင်းကိစ္စကိုပဲလုပ်တယ်။ NLD ကို အရမ်း မျက်မုန်းကျိုးနေတာဆိုတော့ NLD ကြည်ညိုတဲ့လူတွေကို အပြုတ်သုတ်သင်ဖို့ လို့ ထင်ပါတယ်။

  • Thaw Zin Loikaw

    January 11, 2011 at 8:17 am

    တကယ်တမ်းတာ ဒီဥပဒေက အတည်ဖြစ်လာရင် မလွယ်ဘူးလို့ထင်ပါတယ် အိမ်တစ်အိမ်မှာ အဓိက ဝင်ငွေရှာနေသူက စစ်မှုထမ်းရမယ်ဆိုရင် ကျန်ရစ်တဲ့ မိသားစုကို ထောက်ပံ့ကြေးပေးနိုင်ရဲ့လား ဆိုတော့ မတွေးတတ်တာတော့ အမှန်ပါပဲ….

  • Danny

    January 11, 2011 at 10:20 am

    စစ်တပ်လို့ကြားလိုက်တာနဲ့ ရင်ထဲ၊ အသည်းထဲ၊ ကလီစာထဲကနေ အော့နှလုံးနာရပါတယ်။ စစ်တပ်ထဲ ကိုယ်တိုင်များရောက်ခဲ့ရင်ဆိုတဲ့ ခံစားချက်က … ပြောမပြတတ်တော့ဘူးဗျာ …

  • moethidasoe

    January 11, 2011 at 10:45 am

    အဟေး း း ၅ဝ ကျော်သွားပြီ .. လွတ်ပြီ ..
    နိုင်ငံခြားမှာ ဒီဥပဒေ ရှိတယ် .. တကယ်ကျင့်သုံးတယ် .. အင်္ဂလန်မှာ ဘုရင်မရဲ့ မြေး ကိုယ်တိုင် စစ်ထဲ လိုက်တယ် .. အမေရိကန်မှာ စစ်တပ်က ခေါ်တာကို ငြင်းဆန်လို့ မိုဟာမက်အလီ ထောင်ကျတယ် .. ကိုးရီးယားမှာ ရုပ်ရှင်မင်းသားတွေတောင် တပ်ထဲ ဝင်ရတယ် . . အလှည့်ကျပေါ့ .. ထိုင်ဝမ်သွားတဲ့ သူတွေဆီကလဲ ဒီလို ရှိတယ် ဆိုတာ ကြားမိပါတယ် ..
    ဒါပေမယ့် မြန်မာပြည်မှာ လုပ်စားကွက် ဖြစ်လာမှာ စိုးတယ် ..
    အမြင်ကပ် ပုဒ်မနဲ့ ဟဲ့ .. နင့်အလှည့် .. နင် မလိုက်ရင် ထောင်ထဲဝင် ဆိုတာ ဖြစ်လာမှာတစ်ခုပဲ စိုးရိမ်ပါတယ် ..
    စံပြအနေနဲ့ ဖိုးလပြည့်ကို စစ်ထဲ ဝင်စေဖို့ ကောင်းတယ် .. ဒါလဲ သူတို့ သားသမီး ဆိုရင် အရာရှိ .. လယ်သမား သားသမီးတွေဆိုရင် တပ်သား ဆိုရင်လဲ မဟုတ်သေးဘူးလို့ မြင်ထားပြန်တယ် .. မြင်ယောင်မိပါသေး ..

  • wrongman

    January 11, 2011 at 11:38 am

    ဗိုလ်အရမ်းများတဲ့ခေတ်မှာ ခိုင်းစရာတပည့်မရှိတော့လို့ ဥပဒေနဲ့ကိုင်ပေါက်တယ်လို့ထင်တယ်…။

  • ကြယ်လေး

    January 11, 2011 at 11:55 am

    မြန်မာနိုင်ငံတွင် မိသားစုများသည် အရွယ်ကောင်း သားသမီးတို့ ၁ ယောက် သို့ နှစ် ယောက်၏ လုပ်ကိုင် ကျွေးမှုများအပေါ်တွင်သာ ကျန်မိသားစုဝင်အားလုံးမှီခိုနေရသည်မှာ များပါသည်။ မလုပ်မနေရ၊ မဝယ်မနေရ၊ မလာမနေရ၊ မပါမနေရ အပြင် ယခုအခါ မထမ်းမနေရ အစရှိသည့် အဓမ္မ အကြပ်ကိုင် အကြမ်းဖက်မှုတွေ ကြောင့် မှီခိုနေရသည့် အဘိုး အဘွား၊ ကလေး သူငယ်၊ ကျောင်းနေမောင်မယ်၊ ကိုယ်ဝန်ဆောင် သားသည်မိခင်၊ မိသားစုဝင်တွေ ဒုက္ခဆင်းရဲ ရောက်ကြရပါတော့မည်။ စစ်မှု့မထမ်းမနေရ အမိန့်ကို တနိုင်ငံလုံးဆန်ကျင့်ကြပါစို့။

Leave a Reply