ဖနွမ်းပင်မြို့တော် မှ နန်းတော် အပိုင်း ၁

ဆူးJanuary 20, 20111min720


အရှေ့တည့်တည့်မှ ဝင်ပေါက်.. အထဲမှာ ဘုရင်ညီလာခံ ဝင်တဲ့ အချိန် အခန်းအနားပါတီ လုပ်တဲ့ အချိန်မှာ ဖိတ်ကြားတဲ့ ပရိတ်သတ်များ ဧည့်ခံတဲ့ နေရာဖြစ်ပါတယ်။ နန်းတော် ပွဲသဘင် ညီလာခံ စတာတွေ လုပ်ပါတယ်။ အထဲကိုတော့ ဓါတ်ပုံ ရိုက်ယူလို့ မရပါဘူး။




အတွင်းမှာ ရှိတဲ့ အရုပ်ကလေးတွေဖြစ်ပါတယ်။


Silver Pagoda ငွေစေတီ အပြင်က မြင်ရတဲ့ ပုံ ဖြစ်ပါတယ်။ အတွင်းကို ဓါတ်ပုံ ရိုက်ယူ ခွင့် မရှိပါဘူး
အတွင်းမှာတော့ ငွေကို အပြားခတ်ပြီး ခင်းထားပါတယ်။ ဘုရားဆင်းတုများစွာ ရှိပြီး ရွှေဆင်းတုများ စိန်ချယ်သပြီး သပ္ပါယ်ကြည်ညိုဖွယ် မြင်ခဲ့ရပါတယ်။ စိန်လုံးရေ ၉၈၅၄ လုံး ရှိတယ်လို့ ဆိုပါတယ် ငွေပြားကလည်း ၅၀၀ဝ ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးပြီးမှ နိုင်ငံတော် ချစ်ကြည်ရေး အနေနဲ့ စကြင်ကျောက် ဆင်းတုကိုလည်း လက်ဆောင် အနေနဲ့ ပေးထားတာ မြင်ခဲ့ပါတယ်။ သူတို့ဆီက ဘုရားတွေကတော့ ယိုးဒယား စတိုင် ဦးအချွန်နဲ့ ဖြစ်ပြီးတော့ မြန်မာပြည်က လှူထားတဲ့ ဘုရားကတော့ ဦးအချွန်မပါတဲ့ အတွက် ရွေနဲ့ လုပ်ပြီး ခေါင်းတော်မှ ထပ်တင်ထားတာ မြင်တော့ ရုတ်တရက် မြန်မာ ဘုရားတောင် မမှတ်မိဘူး။ နောက်မှ စာဖတ်ကြည့်မှ မြန်မာ လက်ရာ ဘုရား ဖြစ်နေမှန်း သတိထားမိတယ်။
တခြား သတိထားမိတာကတော့ ရွှေနဲ့ လုပ်တဲ့ အသုံးအဆောင်တွေ ဖြစ်ပါတယ်။ ဘုရားဆွမ်းတော်ကပ် တဲ့ သပိတ် တွေ နောက်ပြီး ရွှေနဲ့ နှင်းဆီပန်း ပုံစံ ခတ်ထားတာ အပြားကို ခတ်ထားတာ အရွယ် ခပ်ကြီးကြီးဘဲ.. နှင်းဆီးပန်း ပုံနဲ့ တူတော့ လက်ရာမြောက်တယ် ပြောလို့ရပါတယ်။

ထိုနန်းတော်ကို ယခင်က ခမာနီတွေ ကြီးစိုးစဉ်က ပိုပေါ့က သူရဲ့ ဧည့်သည်များ ဧည့်ခံရန်အတွက် ထားတဲ့အတွက် အကောင်းအတိုင်း ကျန်ရှိနေတာ ဖြစ်ပါတယ်။ ထိုခေတ်အခါက ရှိသမျှ ပစ္စည်း အကောင်း မှန်သမျှ ဖျက်ဆီးပြစ်တာ ဆိုတော့ အကောင်း အတိုင်း ကျန်ရှိပြီး နေတာ တော်တော် အံဩစရာပါဘဲ။ Norodom Sihanouk နိုရိုဒမ် သီဟာနု ၁၉၄၁ မှ ၁၉၅၅ အထိ ဘုရင် အဖြစ် ထီးနန်းစိုးစံ ခဲ့ပါတယ်။ အစွန်းရောက် ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးချိန်မှာ ထွက်ပြေးခဲ့ပါတယ်။ တရုတ်ပြည်မှ ပုန်းခိုနေပြီးတော့ ၁၉၉၃ မှာ ပြန်လာပြီး တိုင်းပြည်က အစွန်းရောက် ကွန်မြူနစ် ဝါဒီတွေ လက်ချက်နဲ့ မြေပုံ ဖြစ်နေတဲ့ အတွက် အနီးအနားက နိုင်ငံတွေ အကြံပေးချက်အရ နန်းတော်ကို ဖွင့်လှစ်ပြီး ပြတိုက်ပြု လုပ်ခဲ့ရင်ဖြင့် တိုင်းပြည် ဝင်ငွေ တခု ပိုရနိင်တယ် ဆိုတဲ့ အဆိုကို လက်ခံပြီး နန်းတော်ကို ဖွင့်လှစ်ပြီး ပြသခဲ့တာဖြစ်ပါတယ်။