မစခင်အရင်ဝအောင်ပြောကြရအောင် အပိုင်း(1)

တစ်နေ.မှာ မြန်မာ.အသံက စနေနေ.တိုင်းလာနေကြ မီးနီလင်းတဲ.သီချင်းအဆိုပြိုင်ပွဲလေးမှာ ကောင်လေးတစ်ယောက်က “ငါဝအောင်ငိုမယ် “ဆိုတဲ.သီချင်းကောင်းလေးကို ဆိုသွားပါတယ်။
နောက်နေ.ရုံးရောက်တော. ကလေးတွေဖွင်.ထားတဲ.သီချင်းလေးကလဲ ဒီသီချင်းလေး ဖြစ်နေပါတယ်။
တိုက်ဆိုင်ချင်တော. ငှားဖတ်တဲ.မဂ္ဂဇင်းထဲမှာလဲ ညွှန်းသူအကြိုက်ဆုံးသီချင်းလေးကလဲ ဒီသီချင်းလေးဖြစ်နေပါတယ်။
“ငါဝအောင်ငိုမယ် “ဆိုတဲ.စာသားလေးကိုထပ်ခါထပ်ခါ ကြားလာရတဲ.အခါမှာ ကျွန်တော.အတွေးထဲမှာတော. “ဝအောင်ပြောမယ် “ဆိုတာလေးက ပဲ.တင်ထပ်လာပါတယ်။
ကျွန်တော်တို.မြန်မာနိုင်ငံမှာနေကြတဲ.သူတိုင်းမှာ တူညီတဲ.အချက်ကတော. လွန်ကဲစွာအားနာတတ်ခြင်းပါဘဲ။
တစ်ယောက်နဲ.တစ်ယောက် အကြောင်းကိစ္စရှိလို.ပြောရတော.မယ်ဆိုရင် “ငါဒီလိုပြောလိုက်ရင် သူစိတ်များဆိုးသွားမလား” “ငါဒီလိုပြောရင် ရိုင်းများသွားမလား “ဆိုပြီးကြိုတင်လို.အားနာတတ်ကြပါတယ်။
ဒါကြောင်.လဲ အလုပ်ကိစ္စတွေကို ပူးပေါင်းလုပ်ဆောင်ကြတဲ.အခါမှ လုပ်ငန်းမစခင်က သေသေချာချာ ပြတ်ပြတ်သားသား မပြောတတ်ကြပါဘူး ။
ပြီးစလွယ်ဘဲ “ငါနဲ.မင်းက ပြောနေရမယ်.သူတွေမှ မဟုတ်တာတို.” “ကြည်.လုပ်လိုက်တာပေါ. “ဆိုတာတွေနဲ.ဘဲ အလုပ်နဲ.လူမူ.ရေးကိုရောထွေးပြီးလုပ်ကိုင်တတ်ကြပါတယ်။
နောက်လက်တွဲတာကြာလာလို. လုပ်ငန်းပိုင်းမှာ အဆင်မပြေတာတွေ.လာတဲ.အခါမှာ လမ်းခွဲကြတာတွေ မကြည်.ချင်လောက်အောင်မုန်းကုန်တာတွေသတင်းစာထဲမှာ အပြန်အလှန်နဲ.ထည်.ကြတာတွေ ဖြစ်ပြီးလမ်းဆုံးကို ရောက်ကုန်တတ်ကြပါတယ်။
စကားပုံထဲက အတိုင်းဆိုရင် “အစမကောင်းတော. အနှောင်းမသေချာ”ဆိုသလိုပါဘဲ။
ဒီလိုကိစ္စနဲ.ပါတ်သက်တဲ.ဇာတ်လမ်းလေးတွေ အတော်များများထဲကကျွန်တော်ကြားဘူးတာလေးတွေကို ပြောပြချင်ပါတယ်။
ကျနော်တို.မြန်မာလူမျိုးတွေမှာရှိနေတဲ.မလိုလားအပ်သော အားနာမူတွေကနေပြီး အဆုံးမှာ လုံးဝကိုလမ်းခွဲရတာတွေကို အမြဲလိုလိုကြုံနေရပါတယ်။
ပထမဆုံးသောဇာတ်လမ်းကတော. သိပ်ရင်းနှီးတဲ.သူငယ်ချင်းနှစ်ယောက်ကြားမှာ ဖြစ်သွားတာပါ။
ကိုအေးဆိုတဲ.သူငယ်ချင်းက သူ.ညီအတွက် မုန်.ထုတ်လုပ်တဲ.လုပ်ငန်းကို ထောင်ပေးထားတယ်။
သူ.ညီက စိတ်မဝင်စားတော. အလုပ်က မအောင်မြင်ဘူး။
ဒီတော. သူများလုပ်ငန်းမှာလုပ်နေတဲ. ကိုငယ်ဆိုတဲ.သူငယ်ချင်းကို သူ.နဲ.လက်တွဲရအောင်သွားခေါ်လာတယ်။
လခကတော. လက်ရှိလစာထက်ပိုပေးလိုက်တယ် ။
နောက်ပြီးထမင်းနှစ်နပ်ကြွေးမယ် ရောင်းကောင်းလာရင် ကြည်.လုပ်ပေးမယ်လို.တော.ပြောထားပါသတဲ.။
အတိုချုပ်ပြောရရင် လုပ်တတ်သူနဲ.ငွေရှိသူတွဲပြီးလုပ်ဖြစ်ကြတယ်ပေါ.။
စစချင်းတော. မုန်.ကသိပ်မရောင်းရပါဘူး။
ဒါနဲ.ကိုငယ်က အလုပ်ပိတ်တဲ.ဥပုဒ်နေ.တွေဆိုရင် နေ.ချင်းပြန်လို.ရတဲ.မြို.တွေကို သွားလို.ရောင်းပါတယ်။
သည်လိုနဲ.တနှစ်ကျော်ကျော်လောက် အကြာမှာ အရင်က သိပ်မရောင်းရတဲ.မုန်.က သီတင်းကျွတ်လို တန်ဆောင်တိုင်လို သင်္ကြန်လို ပွဲတော်ရာသီရောင်းမလောက်တဲ.အနေအထားထိတိုးတက်လာပါတယ်။
ခက်တာက ကိုငယ် နယ်တွေကိုသွားတဲ.အခါမှာ စရိတ်ကို သတ်သတ်မှတ်မှတ်ပေးမထားပါဘူး။
ကြည်.သုံးပါလို.ဘဲပြောပါတယ်။
နောက်ခက်တာတခုက ကိုအေးက အိမ်မှာ အမြဲမရှိတော.အလုပ်ကိစ္စအားလုံးကို ကိုအေးမိန်းမနဲ.သာပြောရလုပ်ရပါတယ်။
ကိုငယ်တို.စားဖို.ထမင်းကို အစက ကိုအေးအိမ်က ချက်ပို.ပါတယ်။
ဖြစ်ချင်တော. ထမင်းချက်ကောင်မလေးက ရွာပြန်သွားသလို လုပ်ငန်းက တိုးတက်လာတော.လူကလဲများလာတဲ.အချိန်ဆိုတော. ချက်မကြွေးတော.ဘဲ ထမင်းဆိုင်ကနေ ပါဆယ်ဆွဲပေးပါတယ်။
ထမင်းဆိုင်က တနပ်ကို 300ကျပ်ယူပါတယ်။
အဲဒီအခါမှ ဆိုင်က ထမင်းနဲ.ဟင်းကို ရောထည်.ပေးတာကို ကိုငယ်က မစားနိုင်တော.သူ.အိမ်ကဘဲ သူထမင်းထည်.လာပါတော.တယ်။
လကုန်တော.လခပေးတဲ.အခါမှာ ထမင်းမစားဘူးဆို တော.5000ကျပ်တိုးပေးပါတယ်။
အမှန်ဆိုရင် တရက်600ကျပ်နှန်းတိုးပေးရမှာပါ။
ဒါပေမဲ. ကိုငယ်က ဘာမှမပြောပါဘူး။
ပြသနာဖြစ်ချင်တော. သီတင်းကျွတ် လပြည်.တစ်ရက်မှာ ကိုငယ်က အလုပ်သမားအားလုံးကို မုန်.ဘိုး 2000ကျပ်စီပေးလိုက်ပါတယ်။
ဒါပေမဲ. သူက ပိုင်ရှင်ကို ခွင်.မတောင်းမိပါဘူး။
ခက်တာတစ်ခုက ကိုငယ်က ရောင်းတာ ဝယ်တာကိုသာ စိတ်ဝင်စားတာ စာရင်းအင်းလုပ်တာကို စိတ်မဝင်စားပါဘူး။
သူက နေ.စဉ် မုန်.အဝင်အထွက်တို. နေ.စဉ်လုပ်ခပေးတာ အလုပ်သမားခရှင်းတာတို.ကို ဝါစာကမာဘဲ အဖြစ်လောက်သာလုပ်ပါသတဲ.။
သူက သူမဟုတ်တာ မမှန်တာမလုပ်ဘူး မယုံရင်လာကြည်.ဆိုတဲ. တစ်လွဲမာနလေးကလဲရှိနေပြန်ပါတယ်။
ထပ်ဖြစ်ချင်တော. တစ်ရက် နယ်ကို မုန်.အော်ဒါကောက်ရင်း ငွေသွားသိမ်းတဲ.တစ်ခေါက်မှာ နယ်က ကုန်သည်တွေကို တရုပ်ထမင်းဆိုင် မှာ အရက်တွေ တိုက် ထမင်းတွေကြွေးလို. ဧည်.ခံလာပါတယ်။
သူကတော. သူ.ကိုအများကြီးကူညီတဲ.သူတွေကို တစ်ခါလောက် ဧည်.ခံတာ လုပ်သင်.တယ်ထင်ပြီး ကြွေးမွေးလာပါတယ် ။
ဒါပေမဲ.ပိုင်ရှင်ကို ခွင်.မတောင်းပါဘူး။
ဒါနဲ.တစ်ရက် ကိုအေးနဲ.တွေ.တဲ. အခိုက် ကိုငယ်က လုပ်တာလဲကြာပြီ လုပ်ငန်းလဲကောင်းလာပြီ သူ.အတွက်ကတော.ဘာမှ လစာတိုးမလာတာရယ် ထမင်းဘိုးပေးတာ လိုသေးတယ် ဆိုပြီးပြောလိုက်ပါတယ်။
ကိုအေးကတော .သူ.မိန်းမကိုပြောပေးမယ်ဆိုပြီး ပြန်လာပါသတဲ.။
တစ်ရက် ကိုငယ်တို.အလုပ် လုပ်တဲ.မုန်.ဖိုက ကိုအေးမိ်န်းမ ရောက်လာတဲ.အချိန် ကိုငယ်က လခတိုးဘို.ပြောလိုက်တဲ.အခါ ကိုအေးမိန်းမ က ကိုငယ်ကို သူတို.ငွေတွေကို စာရင်းမရှိ အင်းမရှိ ပစ်စလက်ခတ် ထင်သလို သုံးဖြုန်းနေတဲ. သဘောမျိုးနဲ. ကိုငယ်ကို အပြစ်တင်ပါသတဲ.။
ကိုငယ်ကလဲ ခရီးထွက်တဲ.အခါ ထမင်းဘိုးနဲ.ကားခသာ သူယူတာ လက်ဖက်ရည်ဘိူး မုန်.ဘိုးတွေကို သူအိတ်ထဲကသူစိုက်တာ။ ထမင်းနှစ်နပ်ကြွေးမယ်ဆိုပြိးထမင်းဘိုးကို အတိအကျမပေးတာ လခတိုးပေးရမှာကို အမေ.ခံနေတာ စသဖြင်.တစ်ယောက်နဲ. တစ်ယောက် အပြန်အလှန်စွပ်စွဲကြရင်း တင်းမာကုန်ကြပါတော.တယ်။

အဲသည်လ အကုန်မှာ ကိုငယ်က ဘာမပြောညာမပြောနဲ .အလုပ်ကထွက်သွားပါတယ်။
ကိုအေးက ပြန်လိုက်ခေါ်ပေမဲ. မရတော.ပါဘူး။
ကိုအေးဘက်ကပြောတော.လုပ်ချင်ရာကိုသူ.ငွေမဟုတ်သလိုလုပ်ပြီး ထွက်သွားတယ် ပေါ.။
ုကိုငယ်က ကြတော.လည်းသူတို.အလုပ်တိုးတက်လာတာတောင် ရသင်.တာမပေးဘဲ ခေါင်းပုံဖြတ်တယ်ဆိုပြီး အပြန်အလှန်ပြောကြရင်း လမ်းခွံဲလိုက်ပါတော.တယ်။

အဆုံးသတ်မှာတော. ကိုငယ်နဲ.ကိုအေး သိပ်ခင်တဲ .သူငယ်ချင်းနှစ်ယောက် မျက်နှာခြင်းမဆိုင်လောက်အောင်ကို ဝေးကွာ သွားပါသတဲ.။
ဒါကတော. အလုပ်ကိစ္စလိုအပ်ချက်တွေကို မစခင် အရင် ဝအောင်မပြောခဲ.မိတာကြောင်. ဖြစ်လာတဲ. ရလာဒ်ဆိုးတခုပါ။
စအလုပ်မလုပ်ခင်ကတည်းကနေပြီးအလုပ်ရှင်ကလည်းကိူယ်.ဘက်ကပေးနိုင်သောုအခွင်.အရေး ကို အကုန်အစင်ပြောပြမယ်
အလုပ်သမားဘက်ကလည်း ကိုယ်လုပ်ပေးနိုင်တာတွေ ကိုယ်လုပ်မပေးနိုင်တာကိုသာ ပြောပြထားမယ်ဆိုရင် ခုလို အဖြစ်မျုးိကိုကြုံမှာမဟုတ်ပါဘူး။
တကယ်တော.အခုလို လက်တွဲပြီးမှ ခွဲကြရတယ်ဆိုတာ နှစ်ဖက်လုံးမှာနစ်နာတာ အသေအချာပါဘဲ။
အလုပ်သမားကလဲ အလုပ်အသစ်ရှာရမယ် အလုပ်ရှင်ကလည်းကျွမ်းကျင်ပြီးသား လူကိုလက်လွှတ်ရတယ်။
သည်လိုအဖြစ်မျိုးမှာ ငွေကြောင်.အရင်းခံတာဖြစ်ပေမယ်. တကယ်နစ်နာပြီဆိုရင် ငွေသာမကဘဲ လုပ်ငန်းလည်ပတ်မူ.တွေ နှစ်ပေါင်းများစွာကြိုးစားခဲ.ရတာတွေကလည်း သဲထဲရေသွန်ဖြစ်ကုန်ပါတယ်။
နောက်တစ်က ကျနော်တို.ဆီမှာ လုပ်ငန်းတစ်ခု ထူထောင်တယ်ဆိုပါတော. သည်လုပ်ငန်းကို တကယ်ဦးစီးသူ ဆုံးဖြတ်ပေးမယ်သူ.ကိုတိတိကျကျ ပြောမထားဘဲ ကြုံတဲ. သူ ဥပမာ ပိုင်ရှင်မိန်းမ တို. ညီတို. ခယ်မတို.ယောက်ဖ တို. အကို တို. အဖေတို.က လုပ်ငန်းအကြောင်းကို သေချာမသိဘဲ ဝင်ဝင်ပါတာလဲ ပြသနာတစ်ခုပါဘဲ။
အစက ဝအောင်မပြောလို.ဖြစ်လာတဲ.နောက်ဇာတ်လမ်းတပုဒ်ကတော
……….
………………………………………………………