အမှတ်ရမိပါတယ် ဗိုလ်ချူပ်ရေ (General Aung San)

mnoeFebruary 13, 20111min2399

တို့ဗိုလ်ချူပ်(ဗိုလ်ချူပ်အောင်ဆန်း) ရဲ့ မွေးနေ့ကို ဗိုလ်ချုပ်ရေးခဲ့တဲ့ ကဗျာလေးနဲ့ ဂုဏ်ပြုရင်း ……….

G Aung San's poem

Source: http://www.google.com/imgres?imgurl=http://drkokogyi.files.wordpress.com/2010/10/gasan.jpg&imgrefurl=http://drkokogyi.wordpress.com/2010/10/04/general-aung-sannever-

9 comments

  • shwepyithu

    February 13, 2011 at 5:35 am

    ပထမဆုံးတင်တဲ့ ပို့စ်လေးမို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော်။
    လာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။
    ရွာသားတွေအားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။

  • bigcat

    February 13, 2011 at 6:28 am

    ရရင်ရ
    မရရင်ချ
    ဗိုလ်ချုပ်မွေးနေ့
    ဂုဏ်ပြုကြ..

  • kai

    February 13, 2011 at 6:33 am

    ဆက်တင်ပါဗျ..။ ဝေဖန်တာလေးတွေထည့်ပေးရင်ပိုကောင်းပါတယ်..။
    ကဗျာတွေမှာ.. ဝှက်ထားတတ်တာလေးတွေရှိတတ်တယ်..။ အဲဒါလေးတွေဖေါ်ရေးနေရင်ကို ..စာတွေဖြစ်လာတာပါပဲ..။

    အဲဒါကို ကျုပ်လည်း ..ဒီမှာပဲတင်ဖူးပါတယ်..။
    http://myanmargazette.net/16383/creative-writing

    တကယ်တော့ .. အဲဒီကဗျာ..ဘာသာပြန်ကဗျာကလေးပါ..။ ဗိုလ်ချုပ်အောင်ဆန်း ပြန်တာလို့ ပြောနေကြတာပါပဲ..။
    အောက်မှာ..အငြင်းပွားဖွယ်တချို ့ဖြစ်နေတာကို ..ရှင်းထားတာ.. ရွှေအမြုတေမှာပါခဲ့တာကို ပြန်တင်ပေးလိုက်ပါတယ်..။
    ဒီစာတွေကို .. http://www.shweamyutay.com/index.php?option=com_content&view=article&id=2698:2010-11-01-06-23-21&catid=90:2008-06-08-19-55-01&Itemid=682 ကရပါတယ်..။
    ====
    အနိုင်မခံကဗျာ မင်းသုဝဏ် ကိုအောင်ဆန်း ညိုမြနှင့် မောင်သော်က
    ဤဒေါသ လောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။

    သို့သော် ငါ့အား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည် ကိုသာ တွေ့ရအံ့။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်း သည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

    ဗြိတိသျှ အစိုးရသည် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲဖြင့် ရခိုင်နှင့် တနင်္သာရီ ဒေသကို လည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲဖြင့် အောက်မြန်မာ နိုင်ငံကို လည်းကောင်း ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲဖြင့် အထက်မြန်မာနိုင်ငံကို လည်းကောင်း အဓမ္မကျူးကျော် သိမ်းပိုက်၍ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအား လက်အောက်ခံ ကိုလိုနီနိုင်ငံ အဖြစ် သတ်မှတ်ပြီး ကျွန်ပြုခဲ့သည်။ ထိုသို့ ကျွန်ပြုရာ၌ ဗြိတိသျှ အစိုးရသည် မြန်မာ တိုင်းရင်းသားတို့၏ ဆန့်ကျင်မှု အမျိုးမျိုးကို ဖြိုခွဲ နှိမ်နင်း၍ မြန်မာနိုင်ငံနှင့် မြန်မာ တိုင်းရင်းသားတို့၏ အရေးကို လျစ်လျူရှုပြီး ဗြိတိန်နိုင်ငံနှင့် ဗြိတိသျှ လူမျိုးတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ ရှေးရှု လုပ်ဆောင်သွားခဲ့သည်။

    မြန်မာ တိုင်းရင်းသားတို့အား ကျွန်သက်ရှည်စွာ စိုးမိုးနိုင်ရေး အတွက် ပညာရည် မြင့်မားရေးကို အလေးထားမှု မပြုဘဲ အစိုးရ၏ အုပ်ချုပ်ရေးနှင့် ဗြိတိသျှ အရင်းရှင်များ၏ စီးပွားရေးတွင် လိုအပ်သမျှသာ စီမံ သင်ကြားပေးခဲ့သည်။ ဗြိတိသျှ အစိုးရသည် မြန်မာ တိုင်းရင်းသားတို့၏ ပညာရည် မြင့်မားရေးကို စတိ အဖြစ်သာ ဆောင်ရွက်ခဲ့ပုံ၏ ပြယုဂ်အဖြစ် အိနိ္ဒယ နိုင်ငံရှိ ကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ အနေဖြင့် ၁၈၈၃ ခုနှစ်တွင် ရန်ကုန် ကောလိပ်ကို လည်းကောင်း၊ ၁၈၉၄ ခုနှစ်တွင် ဘတ်ပတစ် ကောလိပ်(ဂျင်ဆင် ကောလိပ်)ကိုလည်းကောင်း၊ ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ်ကို ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်ကိုလည်းကောင်း ဖွင့်လှစ် ပေးခဲ့ခြင်းက သက်သေပြလျက် ရှိသည်။ မြန်မာတို့၏ တောင်းဆိုမှုကို ရှောင်လွှဲ မရတော့သဖြင့် ရန်ကုန် တက္ကသိုလ်ကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် ချမ်းသာ ကြွယ်ဝသူများ၊ ဗြိတိသျှ အစိုးရ၏ အလိုတော်ရိများနှင့် အရာရှိကြီး များ၏ သားသမီးများသာ ပညာ သင် ကြားခွင့်ရနိုင်မည့် အစီအမံများ အပါအဝင် တက္ကသိုလ် ပညာသင်ကြားရေး၌ မြန်မာ တိုင်းရင်းသားများ အတွက် ဖိနှိပ် ကန့်သတ်ချက်များ ပါဝင်သည့် ၁၉၂ဝ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ဥပဒေကိုလည်း ထုတ်ပြန်ခဲ့သည်။

    ဗြိတိသျှ အစိုးရသည် ၁၉၂ဝ ပြည့် နှစ် ရန်ကုန်တက္ကသိုလ် ဥပဒေကို ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် သက်ရောက် စေခဲ့ရာ၌ ၁၉၀၆ ခု နှစ်မှစတင်၍ သန္ဓေတည် ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းများ (Young Men’s Buddhist Associations)ခေါ် ဝိုင်အမ်ဘီအေ အသင်းများနှင့် အလားတူ အသင်းများ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်သူတို့က ဗြိတိသျှ အစိုးရအား နိုင်ငံရေးအရ ဆန့်ကျင် နေချိန်လည်း ဖြစ်သည်။ ထို့ပြင် ဝိုင်အမ်ဘီအေ အသင်းကြီးသည် နယ်ချဲ့ ဆန့်ကျင်ရေး အရှိန်အဟုန် မြှင့်တင်ရာ၌ ထိရောက်တွင်ကျယ် ရေးအတွက် ဝိုင်အမ်ဘီအေ အသင်းများနှင့် အလားတူ အသင်းများ၏ အင်အား တောင့်တင်းမှုနှင့် စည်းလုံး ညီညွတ်မှုကို ရှေးရှု၍ ၁၉၂ဝ ပြည့်နှစ် အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး (General Council of Burmese Associations) ခေါ် ဂျီစီဘီအေ အသင်းကြီး အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

    ဝိုင်အမ်ဘီအေနှင့် အလားတူ အသင်းများနှင့် ဂျီစီဘီအေ အသင်းကြီးတွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားဟောင်းများနှင့် နိုင်ငံခြား တက္ကသိုလ် အသီးသီးမှ ဘွဲ့ရ လူငယ်များက ပါဝင် ဦးဆောင်နေကြ သည်။ မြန်မာ တိုင်းရင်းသားများ၏ တက္ကသိုလ် ပညာသင်ကြားရေးတွင် ဖိနှိပ် ကန့်သတ်မှုများ ပါဝင်သည့် ၁၉၂ဝ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ဥပဒေကို ရန်ကုန်တက္ကသိုလ် ပထမကျောင်းသား သပိတ်ဖြင့် ကျောင်းသားထုက ဆန့်ကျင် ကန့်ကွက်ကြလျှင် ဂျီစီဘီအေ အသင်းကြီးနှင့် မြန်မာပြည်သူတို့က အားပေး ထောက်ခံခဲ့ကြသည်။ ထို့ပြင် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ကိုလိုနီ ပညာရေး စနစ်အစား အမျိုးသား ပညာရေး စနစ် ဖော်ဆောင်ရေး လှုပ်ရှားမှု အဖြစ် သက်ရောက်ခဲ့၍ ဗြိတိသျှ အစိုးရ အကျပ်ရိုက်ကာ ကျောင်းသားများ၏ တောင်းဆိုချက် အချို့ကို လိုက်လျော ပေးခဲ့ရသည်။

    ၁၉၃ဝ ပြည့်ဝင်နှစ်များတွင် ဂျီစီဘီအေ အသင်းခေါင်းဆောင်များ အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိလာပြီး စည်းလုံး ညီညွတ်မှု ပြိုကွဲကာ အုပ်စု ၆ စုအထိ ဖြစ်သွားခဲ့သည်။ ဂျီစီဘီအေ အသင်းကြီး ပြိုကွဲမှုကြောင့် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထိရောက်မှု မရှိတော့သည်ကို သတိထားမိသော ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများ ပါဝင်သည့် လူငယ် တစ်စုသည် စည်းလုံး ညီညွတ်ပြီး အင်အား တောင့်တင်းသည့် ဦးဆောင် အဖွဲ့အစည်း တစ်ရပ် လိုအပ်သည်ကို တွက်ဆမိကြသည်။

    ထို့ကြောင့် လူငယ် တစ်စုသည် ၁၉၃ဝ ပြည့်နှစ်တွင် တို့ဗမာ အစည်းအရုံးကို စတင်စည်းရုံး ဖွဲ့စည်းကြပြီး ပြည်မနှင့် တောင်တန်းဒေသ အားလုံး တစ်ပေါင်းတည်း လွတ်လပ်ရေး ရရှိရန် ရည်ရွယ်၍ လှုပ်ရှားခဲ့ကြ သည်။ တို့ဗမာ အစည်းအရုံးသည် ဝိုင် အမ်ဘီအေနှင့် ဂျီစီဘီအေ အသင်းတို့၏ ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှု အမွေကို ဆက်ခံ၍ လုံးဝ လွတ်လပ်ရေးကို ဦးတည် လှုပ်ရှားခဲ့သည်။

    တို့ဗမာ အစည်းအရုံးက မြန်မာ တိုင်းရင်းသား အလွှာစုံကို စည်းရုံး ဦးဆောင်၍ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုကို လှုပ်ရှားနေစဉ် ဗြိတိသျှ အစိုးရသည် မြန်မာတို့ လိုလားသည့် မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူတို့အား အကျိုးပြုမည့် အမျိုးသား ပညာရေးစနစ် အစား မြန်မာနိုင်ငံကို ကျွန်သက်ရှည်စေမည့် ဗြိတိန် နိုင်ငံနှင့် ဗြိတိသျှလူမျိုးတို့ အကျိုးကို ရှေးရှုသည့် ကိုလိုနီပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိသည်။ ထို့ပြင် ရန်ကုန် တက္ကသိုလ် ကျောင်းသားထု အတွင်းတွင် အမျိုးသား ပညာရေးစနစ် အစား ကိုလိုနီ ပညာရေး စနစ်ကိုသာ ဦးတည် ဖော်ဆောင်နေမှု၊ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသားသပိတ်၏ တောင်း ဆိုချက် အချို့ လိုက်လျောရန် ကျန်ရှိနေမှုနှင့် တက္ကသိုလ် အာဏာပိုင်များက မြန်မာကျောင်းသား အများစုအပေါ် ဖိနှိပ်မှုနှင့် ခွဲခြား ဆက်ဆံမှုတို့ ရှိနေသဖြင့် ဗြိတိသျှ အစိုးရအပေါ် မကျေနပ်မှုများ ဖြစ်ထွန်းလျက် ရှိသည်။

    ထိုအတောအတွင်း အမျိုးသားရေး စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်သော ကျောင်းသားများက အိုးဝေ မဂ္ဂဇင်းကို ထုတ်ဝေကြရန် စိုင်းပြင်း နေကြသည်။ ထိုစဉ်က တက္ကသိုလ်အာ ဏာပိုင်များ၏ အစီအစဉ်ဖြင့် နှစ်စဉ် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းကို ထုတ်ဝေပေးသည့် နည်းတူ ကျောင်းသားများ၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် သမဂ္ဂ မဂ္ဂဇင်းကို အမည်ပြင်ဆင်ထားသည့် အိုးဝေ သို့မဟုတ် ဥဒေါင်း၏အသံ မဂ္ဂဇင်းကို ထုတ်ဝေလျက် ရှိကြသည်။ အိုးဝေ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ ဘီအေအောက်တန်း ကျောင်းသားကို အောင်ဆန်းနှင့် မဂ္ဂဇင်း အတွင်းရေးမှူး မှာ အိုင်အေ အထက်တန်း ကျောင်းသား ကိုသိန်းတင်(ညိုမြ)တို့ ဖြစ်သည်။ ညိုမြသည် ရန်ကုန်တက္ကသိုလ်သို့ စတင် တက်သည့် ၁၉၃၃ ခုနှစ်ကပင် ရန်ကုန် တက္ကသိုလ်၊ ဂန္ထလောကနှင့် အိုးဝေ မဂ္ဂ ဇင်းတို့တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဝတ္ထု၊ ဆောင်းပါး၊ စာတမ်းနှင့် ကဗျာများကို ရေးသားခဲ့ပြီး အိုးဝေ မဂ္ဂဇင်းတွင် ၁၉၃၅ ခုနှစ်မှ ၁၉၃၈ ခုနှစ် အထိ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

    ဝီလျံအမ်းနက်ဟင်းနလေး ရေးဖွဲ့ သည့် အင်ဗစ်တပ်စ်ကဗျာ
    INVICTUS
    Out of the night that covers me,
    Black as the pit from pole to
    pole,
    I thank whatever gods may be
    For my unconquerable soul.
    In the fel lclutch of
    circumstance
    I have not winced nor cried
    aloud.
    Under the bludgeonings of
    chance
    My head is bloody but
    unbowed.
    Boyond this place of wrath and
    tears,
    Looms but the horror of the
    shade,
    And yet the menace of the years
    Finds, and shall find, me
    unafraid.
    It matters not how strait the
    gate,
    How charged with punishment
    the scroll,
    I am the master of my fate;
    I am the captain of my soul.
    William Ernest Henley
    (၁၈၄၉-၁၉၀၃)

    ဗြိတိသျှ အစိုးရသည် ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင် လှုပ်ရှားနေကြသည့် တို့ဗမာ အစည်းအရုံးဝင်များနှင့် ပြည်သူတို့အား မျက် ခြည်မပြတ် စောင့်ကြည့်မှု၊ ဖမ်းဆီး ချုပ်နှောင်မှု၊ တရားစွဲဆို၍ ထောင်ဒဏ်နှင့် ပြစ်ဒဏ် အမျိုးမျိုး ချမှတ်မှုတို့ဖြင့် ဖိနှိပ်လျက် ရှိသည်။ ဗြိတိသျှ အစိုးရက ဖိနှိပ်မှု အမျိုးမျိုးဖြင့် ပြုကျင့်နေသည့် ကြားမှပင် မြန်မာမျိုးချစ်တို့သည် အညံ့မခံဘဲ ရဲဝံ့စွာ ဆန့်ကျင်နေကြစဉ် အင်္ဂလိပ်ကဗျာဆရာWilliam Ernest Henley (1849-1903) (၁၈၄၉-၁၉၀၃) ရေးဖွဲ့သည့် INVICTUS ကဗျာသည် မြန်မာစာပေ ဝါသနာရှင် လူငယ်များ အကြား ပျံ့နှံ့လျက် ရှိသည်။ ထို ဝီလျှံအမ်းနက် ဟင်းနလေး ရေးဖွဲ့သည့် “အင်ဗစ်တပ်စ်” ကဗျာသည် ဗြိတိသျှ အစိုးရအား ဆန့်ကျင်နေကြသဖြင့် ဖိနှိပ်မှု အမျိုးမျိုးဖြင့် ရင်ဆိုင် နေကြရသည့် မြန်မာမျိုးချစ်တို့ ၏ ဇွဲသတိ္တကို အားပေး လှုံ့ဆော်ပေးနေ သည်ဟု ဆိုနိုင်ပါသည်။

    ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသည့် မြန်မာမျိုးချစ် များကို အားပေး ထောက်ခံ၍ ပြည်သူတို့ ကို စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်၍ အိုးဝေမဂ္ဂဇင်း(၁၉၃၆ အတွဲ-၆ အမှတ် ၁)တွင် အင်ဗစ်တပ်စ် ကဗျာကို အနိုင်မခံ အမည်ဖြင့် မြန်မာဘာသာသို့ ပြန် ဆိုဖော်ပြခဲ့သည်။ အနိုင်မခံ မြန်မာဘာသာပြန် ကဗျာကို ရန်ကုန် တက္ကသိုလ် နှစ်ငါးဆယ်စာစောင် (၁၉၂၀-၁၉၇၀)တွင် အိုးဝေမဂ္ဂဇင်း (၁၉၃၆ အတွဲ-၆၊ အမှတ် ၁)မှတစ်ဆင့် ရည်ညွှန်း ဖော်ပြထားရာတွင် ဘာသာပြန်ဆိုသူ အမည် မပါဝင်ဘဲ ခေါင်းကြီးပိုင်း အဖြစ်သာ ဖော်ပြထား ပါသည်။ ထို့ကြောင့် အင်္ဂလိပ်ကဗျာ ဆရာ ဝီလျှံအမ်းနက်ဟင်းနလေး ရေးဖွဲ့သည့် အင်ဗစ်တပ်စ် ကဗျာကို အိုးဝေ မဂ္ဂဇင်းတွင် မြန်မာဘာသာ ပြန်ဆိုဖော်ပြစဉ်က ဘာသာပြန်ဆို သူ၏ ကလောင် အမည် မပါဝင်ခဲ့သဖြင့် စာဖတ်သူများ အနေဖြင့် ဘာသာပြန်ဆိုသူ မည်သူဖြစ် သည်ကို ပဟေဠိသဖွယ် ဖြစ်ခဲ့ကြပါ လိမ့်မည်။ အနိုင်မခံ မြန်မာဘာသာပြန် ကဗျာ ဖော်ပြသည့် အိုးဝေ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာ အဖြစ် ကိုအောင်ဆန်းနှင့် အယ်ဒီတာ(မဂ္ဂဇင်းအတွင်း ရေးမှူး)အဖြစ် ကိုသိန်းတင်(ညိုမြ)တို့ ကိုသာ သိရှိခဲ့ကြပါသည်။

    အိုးဝေမဂ္ဂဇင်း (၁၉၃၆)တွင် ခေါင်းကြီးပိုင်းမှ ဖော်ပြသည့် ဘာသာပြန်ကဗျာ
    အနိုင်မခံ
    ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်း မှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိ ကြားတို့အား ငါ ကျေးဇူး ဆိုပါ၏။
    လောကဓံ တရားတို့၏ ရက်စက် ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက် နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက် ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦး ခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွတ်ကားမညွတ်။
    ဤဒေါသလောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည် ကိုသာတွေ့ရအံ့။ နောင်ကိုလည်း ဘယ် တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။
    သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။
    ခေါင်းကြီးပိုင်း အိုးဝေမဂ္ဂဇင်း၊
    အတွဲ ၆၊ အမှတ် ၁၊ ၁၉၃၆။
    (မူရင်းသတ်ပုံအတိုင်း)

    ထို့နောက် အင်္ဂလိပ် ကဗျာဆရာ ဝီလျှံအမ်းနက်ဟင်းနလေး ရေးဖွဲ့သည့် အင်ဗစ်တပ်စ် ကဗျာကို မင်းသုဝဏ်က အနိုင်မခံ အမည်ဖြင့်ပင် မြန်မာဘာသာ ပြန်ဆို၍ ရှုမဝမဂ္ဂဇင်း(၁၉၅၉ ဧပြီ လ)တွင် ထပ်မံဖော်ပြထားပါသည်။ အိုးဝေမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းအဖြစ် ဖော်ပြသော အနိုင်မခံ ကဗျာနှင့် ရှုမဝ မဂ္ဂဇင်းမှ မင်းသုဝဏ်၏ အနိုင်မခံ ကဗျာ တို့ကို နှိုင်းယှဉ်လျှင် ခြားနားမှုအနည်း ငယ်သာ တွေ့ရှိနိုင်ပါသည်။ အိုးဝေ မဂ္ဂဇင်းတွင် “ငန့်လင့်လျက်ရှိ၏”ဟုဖော် ပြထားသည်ကို ရှုမဝမဂ္ဂဇင်းတွင် “ငံ့လင့်လျက် ရှိ၏”ဟု ဖော်ပြထားသည်ကို တွေ့နိုင်ကြသည့် အပြင် အိုးဝေမဂ္ဂဇင်း တွင် “နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့”စာကြောင်း ပါရှိသော်လည်း ရှုမဝ မဂ္ဂဇင်းတွင် ထိုစာကြောင်း မပါဝင်တော့သည်ကို သတိပြုမိကြပါလိမ့်မည်။ အိုးဝေ မဂ္ဂဇင်းမှ အနိုင်မခံ မြန်မာဘာသာပြန် ကဗျာနှင့် ရှုမဝ မဂ္ဂဇင်းမှ အနိုင်မခံ မြန်မာ ဘာသာပြန် ကဗျာတို့တွင် ကျန်ခြားနား ချက်ရှာမရသည့် အခြေအနေတွင် ရှိပါ သည်။

    မင်းသုဝဏ်၏ ပျဉ်းမငုတ်တို ကဗျာစာအုပ်တွင် ရှုမဝ မဂ္ဂဇင်းမှ အနိုင်မခံ ကဗျာကို ထည့်သွင်း ဖော်ပြထားပါသည်။ ပျဉ်းမငုတ်တို ကဗျာစာအုပ်ကို ၁၉၆၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ထပ်မံ ထုတ်ဝေမှုများလည်း ရှိခဲ့ပါသည်။ တစ်ဖန် စာရေးဆရာ မောင်သော်ကက နှစ်သုံးရာမှ ပဲ့တင်သံအသံ လှိုင်းကဗျာများ စာအုပ်ကို ရေးသား ထုတ်ဝေရာ၌ ဝီလျှံအမ်းနက်ဟင်းနလေး ရေးဖွဲ့သည့် အင်ဗစ်တပ်စ် ကဗျာကို ထပ်မံ၍ အနိုင်မခံ အမည်ဖြင့် ဘာသာ ပြန်ဆို၍ ထည့်သွင်း ဖော်ပြခဲ့သည်။ မောင်သော်ကသည် အိုးဝေမဂ္ဂဇင်း ခေါင်းကြီးပိုင်းနှင့် ရှုမဝ မဂ္ဂဇင်းမှ မင်းသုဝဏ်၏ ဘာသာပြန်ဆိုမှုတို့ဖြင့် ခေါင်း စီးအမည် အနိုင်မခံကို မလွှဲသာ မရှောင်သာ ထပ်တူသုံးစွဲ ထားသော်လည်း ကဗျာ စာကိုယ်ကိုမူ ကိုယ်ပိုင်ဟန်ဖြင့် ပြန်ဆိုထားသဖြင့် ကွဲလွဲမှု တချို့ကို တွေ့ ရှိနိုင်ပါသည်။

    မောင်သော်က က နှစ်သုံးရာမှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ စာအုပ်တွင် အိုးဝေ မဂ္ဂဇင်းမှ အနိုင်မခံ ကဗျာကို တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း ဘာသာပြန်ခဲ့သည်ဟု ဖော်ပြထားသည့် နည်းတူ သခင်အောင်ဆန်းနှင့် ကဗျာတစ်ပုဒ် ဆောင်းပါး (စစ်ပြန် မဂ္ဂဇင်း ၁၉၈ဝ ဇူလိုင်)တွင် သခင်အောင်ဆန်းသည် William Ernest Henley ရေးသားသည့် အင်္ဂလိပ်ကဗျာ(INVICTUS ) ကိုမှီငြမ်းပြု၍ ၁၉၃၆ ခု နှစ် အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆၊ အမှတ် ၁ ခေါင်းကြီးပိုင်းတွင် အနိုင်မခံ ကဗျာကို ရေးသား ထည့်သွင်းခဲ့ကြောင်း၊ ထိုအခါ သခင်အောင်ဆန်းသည် တာဝန်ခံ အယ်ဒီတာ ဖြစ်သဖြင့် ခေါင်းကြီးပိုင်းကို သခင်အောင်ဆန်းပင် ရေးမည်ထင်ကြောင်း၊ သို့သော် ထိုခေတ်အခါက အချို့က ယင်းကဗျာကို သခင်အောင်ဆန်း မရေး၊ အစကနဦး ရေးသားသူမှာ ကဗျာဆရာ ပါမောက္ခကြီး တစ်ဦးဖြစ်သည်ဟု လည်းကောင်း၊ နာမည်ကြီး သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သည်ဟု လည်းကောင်း ယုံမှား သံသယ ရှိနေကြကြောင်း၊ အနိုင်မခံ ကဗျာကို သခင်အောင်ဆန်းပင် ရေးမည်ဟု တစ်ထစ်ချ ယုံကြည်ပါကြောင်း တို့ကို ဖော်ပြထားပါသည်။

    ရှုမဝမဂ္ဂဇင်း(၁၉၅၉)နှင့် ပျဉ်းမငုတ်တို ကဗျာစာအုပ်(၁၉၆၈)မှ မင်းသုဝဏ် ဘာသာပြန်သည့် ကဗျာ
    အနိုင်မခံ
    ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမိုက်မှောင်တွင်း မှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

    လောကဓံ တရားတို့၏ ရက်စက် ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက် နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး။ ကံတရား၏ ရိုက် ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦး ခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
    ဤဒေါသ လောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်းတရား သည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက် ရှိ၏။ သို့သော်လည်း ငါ့အား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။

    သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပရပိုက်၌ ငါ့အပြစ်တို့ ကို မည်မျှပင်များစွာ မှတ်သားထား သည်ဖြစ်စေ ငါကား ဂရုမပြု။ ငါသာ လျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာ လျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်လေ သည်။
    (၁၉၅၉ ဧပြီလ ရှုမဝမဂ္ဂဇင်းမှ ကူးယူဖော်ပြသော ကဗျာ ဘာသာပြန်)

    နှစ်သုံးရာမှ ပဲ့တင်သံအသံလှိုင်း ကဗျာမှ မောင်သော်က ဘာသာပြန်သည့် ကဗျာ
    အနိုင်မခံ
    ငါ့အား ဖုံးလွှမ်းအပ်သည့်
    ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
    အသူရာတမျှ နက်လှသော
    ချောက်ကမ်းပါး အတွင်းမှ
    ငါ၏ မကြောက်တရားကို
    ဖန်တီးထားသည့်
    နတ်သိကြားများကို
    ငါ ကျေးဇူးဆိုပါ၏။
    လောကဓံတရား၏
    ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
    ငါသက်ဆင်းကျရောက်
    သော်ငြားလည်း
    ငါကား မတုန်လှုပ်၊ မငိုကြွေး
    ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
    ငါ၏ ဦးခေါင်းတို့သည်
    သွေးဖြင့် ချင်းချင်းနီ၏။
    သို့သော် ညွှတ်ကားမညွှတ်။
    လောဘ ဒေါသတို့ကြီးစိုးရာ
    ဤကမ္ဘာ၏ အခြားမဲ့၌
    သေခြင်းတရားသည်
    ကြောက်ဖွယ်ငံ့လင့်၏။
    သို့သော် ငါ့အား
    မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
    နောင်တွင်လည်း
    မကြောက်ရွံ့သည်ကို သာလျှင်
    အစဉ်တွေ့ရလတံ္တ့။
    သုဂတိသို့ သွားရာတံခါးဝသည်
    မည်မျှပင်
    ကျဉ်းမြောင်းသည်ဖြစ်စေ
    ယမမင်း၏ ခွေးပုရပိုက်တွင်
    ငါ၏ အပြစ်များမည်မျှပင်
    ရေးခြစ်ထားစေ
    ငါသာငါလျှင် ငါ့ကြမ္မာ၏ အရှင်
    ငါသာငါလျှင် ငါ့ဘဝ၏သခင်
    ဖြစ်တော့သည်။

    တစ်ဖန် မြကေတုက သခင်အောင် ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်ဆောင်းပါး (စစ်ပြန်မဂ္ဂဇင်း ၁၉၈၁ ဖေဖော်ဝါရီ)တွင် အနိုင်မခံ ကဗျာကို သခင်အောင်ဆန်း ကိုယ်တိုင်ပင်လျှင် ရေးသားကြောင်းကို ကျွန်တော် ရဲရဲကြီး ထောက်ခံ တင်ပြလို ပါသည်။ ဤသို့ တင်ပြရာ၌ သခင် အောင်ဆန်းနှင့် ကျွန်တော်တို့ ထိုအချိန် အခါက ရင်းနှီးစွာ တွေ့ဆုံကြလျက် စာပေ ဆွေးနွေးမှုများ ပြုလုပ်ကြသည်ကိုလည်း တင်ပြလိုပါသည်။ ကျွန်တော်သည် ၁၉၃၀-၃၁ ခုနှစ်က ရန်ကုန် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သခင်အောင်ဆန်းမှာမူ ၁၉၃၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သူသည် ဝိဇ္ဇာဘွဲ့ကို ၁၉၃ရ ခုတွင် ဆွတ် ခူးပါသည်။ ကျွန်တော်က ၁၉၃ရ တွင် မဟာဝိဇ္ဇာကို ဆွတ်ခူးပါသည်။ ၁၉၃၅-၃၆ ခုနှစ်တွင် သခင်အောင်ဆန်းသည် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ဖြစ်လာပြီး ၁၉၃၆-၃ရ ခုနှစ်တွင် ကိုညိုမြက မဂ္ဂဇင်း တာဝန်ခံအဖြစ် ဆက်လက် ထမ်းဆောင်ပါသည်။ သခင်အောင်ဆန်းသည် ၁၉၃၅-၃၆ ခုနှစ်တွင် မဂ္ဂဇင်း တာဝန်ခံဖြစ်လာစဉ် ယင်းမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းတွင် အနိုင်မခံ ကဗျာကို ရေးသား ထည့်သွင်းပါသည်။

    ဤဘာသာပြန် ကဗျာကို သူကိုယ်တိုင်ဘာသာ ပြန်ရေးသားကြောင်းကိုလည်း ကျွန်တော် ကိုယ်တိုင် သိပါသည်။ ကျွန်တော်သည် သမဂ္ဂ အသင်းသို့ အားလပ်သည့် အချိန်တိုင်း သွားရောက်လည်ပတ်ပါ သည်။ ထိုအချိန်အခါက ၁၉၃၆ ခု ဇွန် လတွင် ကျွန်တော်မှာ မြန်မာစာ ဌာနတွင် အချိန်ဝက် နည်းပြဆရာ အဖြစ် ခန့်ထားခြင်း ခံရပြီး မဟာဝိဇ္ဇာတန်းကို တက်ရောက် သင်ကြားနေသည့် အခါ ဖြစ်ပါသည်။ သမဂ္ဂသို့ ရောက်သည့်အခါတိုင်း သခင်အောင်ဆန်းနှင့် တွေ့ကြပါသည်။ တစ်နေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ ကပ္ပတိန်အော့ဖ်သည်ဆိုးလ် (Captain of The Soul) ကို ခင်ဗျား ဘယ်လို ပြန်မလဲဟု မေးပါသည်။ ကျွန်တော်က ပေါရာဏ စကားမှာတော့ ကပ္ပတိန်ဆိုတဲ့ ဝေါဟာရမျိုးကို ထမုန်သူ ကြီးဟူ၍ ဆိုပါတယ်။ ဒါပေမယ့် မာလိန်မှူး ဆိုရင် ပိုကောင်းပါလိမ့် ထင်တယ်ဟူ၍ ပြန်ဖြေလိုက်ပါသည်။

    ဤ ဝေါဟာရကိုလည်း သခင်အောင်ဆန်းက သဘော မကျသူပါ။ မကြိုက်သေး ဘူးဗျာ၊ လူတိုင်း နားလည်နိုင်မှ ကောင်းမှာဟူ၍ ပြောပြီး သူ၏ မှတ်စုအကြမ်းစာ အုပ်ထဲတွင် ယင်းကဗျာ ဘာသာပြန်ကို ရေးခြစ်လိုက်၊ ဖျက်လိုက် လုပ်နေသည်ကိုပင် တွေ့ရပါသည်။ ကိုအောင်ဆန်းသည် သွားလေရာ၌ စာအုပ်တစ်အုပ် သူ၏ လက်ထဲတွင် ပါလာတတ်ပါသည်။ ထိုအခါက သူ၏ လက်ထဲတွင် လက်ရွေးစင် အင်္ဂလိပ်ကဗျာ ကောက်နုတ်ချက် (Selected Poems) တစ်အုပ် ရှိနေပါ သည်။ အနိုင်မခံ ကဗျာကို ကိုအောင်ဆန်း ရေးသားရာ၌ အိုးဝေမဂ္ဂဇင်း ခေါင်းကြီးပိုင်းတွင် သူ၏ နာမည် မပါကြောင်းမှာ အဆန်း မဟုတ်ပါ။ ခေါင်းကြီးပိုင်းကို ရေးသားသူ၏ အမည်မှာ မဂ္ဂဇင်းတို့ ထုံးတမ်းစဉ်လာ အရ ပါလေ့ပါထ မရှိကြပါ။ ခေါင်းကြီးပိုင်းကို တာဝန်ခံ အယ်ဒီတာများက သာလျှင် ရေး သားကြရစမြဲ ဖြစ်ပါသည်။ အခြား ကဗျာတစ်ပုဒ်စ၊ နှစ်ပုဒ်စကိုလည်း သခင်အောင်ဆန်း ရေးဖူးသည်ကို သိပါသည်။ သို့သော် သူ၏အမည်ကို မတွေ့ရပါ။

    သခင်အောင်ဆန်း၏ ကဗျာကို ဖတ်ရှုပါလျှင် အလွန်လေးနက် ပြောင်မြောက်သော အဖွဲ့အနွဲ့၊ ရဲသွေးရဲမာန် စိတ်ဓာတ်ကို သွေးသွင်းပေးသော စကားလုံးများကို တွေ့ကြရပါသည်။ ထို့ပြင် အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ဆိုပုံများ သည်လည်း အလွန် လေးနက်ပေါ်လွင် လှသည်။ မြန်မာဆန်သော ဝေါဟာရများကို ရွေးချယ်ပြီး အကွက်ကျကျ သူ့ နေရာနှင့်သူ ထားသို သုံးစွဲတတ်သည် မှာများစွာ ချီးမွမ်းဖွယ် ဖြစ်ပါသည်”ဟု ဖော်ပြခဲ့ပါသည်။

    မောင်သော်က နှစ်သုံးရာမှ ပဲ့တင် သံ အသံလှိုင်းကဗျာများ စာအုပ်ထုတ် ဝေမှုနှင့် စစ်ပြန်မဂ္ဂဇင်းတွင် မောင်သော် က၏ သခင်အောင်ဆန်းနှင့် ကဗျာတစ်ပုဒ် ဆောင်းပါးနှင့် မြကေတု၏ သခင် အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ် ဆောင်းပါးများ ဖော်ပြမှုတို့နှင့် မရှေး မနှောင်းမှာပင် ရှေ့သို့စာစောင်တွင် သိန်းဖေမြင့်က အိုးဝေမဂ္ဂဇင်းမှ အနိုင် မခံ ကဗျာကို မင်းသုဝဏ်က ဘာသာ ပြန်ဆိုဖော်ပြကြောင်း ရေးသားသည်ဟု ဆိုကြပြန်သည်။ အိုးဝေမဂ္ဂဇင်း(၁၉၃၆) တွင် အနိုင်မခံ ကဗျာကို ခေါင်းကြီးပိုင်း အဖြစ် ဖော်ပြစဉ်က ဘာသာပြန်ဆိုသူ၏ ကလောင်အမည် ဖော်ပြခြင်းမပြုခဲ့မှု၊ မင်းသုဝဏ်က ရှုမဝမဂ္ဂဇင်းနှင့် ပျဉ်းမ ငုတ်တို ကဗျာ စာအုပ်တွင် ထပ်မံဘာ သာပြန်ဆိုဖော်ပြမှု၊ မင်းသုဝဏ်ကဲ့သို့ပင် မောင်သော်ကက နှစ်သုံးရာမှပဲ့ တင်သံ အသံလှိုင်း ကဗျာများ စာအုပ်တွင် ထပ်မံ ဘာသာပြန်ဆို ထည့်သွင်းထားမှု၊ မြန်မာ ဘာသာပြန်ဆိုတိုင်း ကဗျာအမည် အဖြစ် အနိုင်မခံ ကိုပင် သုံးစွဲကြမှု၊ အိုးဝေမဂ္ဂ ဇင်း(၁၉၃၆)မှ အနိုင်မခံ ကဗျာ ဘာသာ ပြန်ဆိုသူကို မောင်သော်က၊ မြကေတုနှင့် သိန်းဖေမြင့်တို့က ဖော်ထုတ်လာကြမှု တို့ကြောင့် မြန်မာ စာပေနယ်တွင် အနိုင် မခံ ကဗျာဘာသာ ပြန်ဆိုသူမှာ ပဟေဠိ ဆက်လက်ဖြစ်ကြရသည်။ ခေတ်အဆက်ဆက် ထုတ်ဝေသော စာနယ်ဇင်း များ၏ စာမျက်နှာထက်တွင် ထိုပဟေဠိ မှာ ရှင်သန်နေဆဲရှိသည်။

    ၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ပန်းအလင်္ကာ မဂ္ဂဇင်းမှ မောင်ကြော့ဝေ ၏ အနိုင်မခံ ကဗျာကို ဗိုလ်ချုပ်အောင် ဆန်း ရေးမရေး၊ ဒဂုန်တာရာကို မေး ကြည့်စေချင်သည် ဆောင်းပါးနိဂုံးတွင်“မည်သို့ပင်ဆိုစေ၊ စစ်ပြီးခေတ်မှာ အောင်ဆန်း သို့မဟုတ် အရိုင်း၊ ညိုမြ ခေါ် မတုန်မလှုပ်ကျောက်ရုပ်ဟု သူတို့ နှစ်ဦး၏ ရုပ်ပုံလွှာကို အနီးကပ်ပုံဖော် ရေးဖွဲ့ခဲ့သော ကိုလိုနီခေတ် ကျောင်းသား လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ သက်ရှိထင်ရှား ရှိနေသေးသည့် ဆရာကြီး ဒဂုန်တာရာ အား အိုးဝေမဂ္ဂဇင်း ခေါင်းကြီး အနိုင်မခံ ကဗျာ မည်သူ ရေးခဲ့ပါသနည်း ဆိုသည့် အဖြေကို မေးမြန်းရန်သာ ကျန်ရှိနေပါ ကြောင်း”ဟု ဖော်ပြထားပါသည်။

    ထို ပန်းအလင်္ကာ မဂ္ဂဇင်း၏ ဖော်ပြချက် အရ လျှပ်တစ်ပြက်ဂျာနယ် အတွဲ-၂၊ အမှတ် ၆၉၊ ၂၂.၀၁.၂၀၁၀)က ဆရာကြီးဒဂုန် တာရာအား မေးမြန်းခဲ့ရာ၌“ဒီကဗျာ ကို ကိုအောင်ဆန်း ရေးမရေး ကျွန်တော်လည်း သေသေချာချာ မမှတ်မိတော့ ဘူးဗျ။ ကိုညိုမြ ရေးတယ် ဆိုတာတော့ ဖတ်ဖူးတယ်။ စာမချောလို့တောင် မင်း သုဝဏ်က ပြင်ပေးတယ်လို့ ဖတ်ဖူးတယ်။ အဲဒီ အချိန်တုန်းက ကျွန်တော်က ၁ဝ တန်းဗျ။ ကိုအောင်ဆန်း အနိုင်မခံ ကဗျာကို ရေးမရေး ဆိုတာတော့ ကျွန် တော်လည်း သေသေချာချာ မသိဘူး” ဟု ဖြေဆိုခဲ့ပါသည်။ ထို့ပြင် Popular News Journal (အတွဲ-၂၊ အမှတ် ၁၉၊ ၂၀.၀၅.၂၀၁၀)က စစ်ပြန်မဂ္ဂဇင်း မှ မြကေတု၏ သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ် ဆောင်းပါးကို ပြန်လည် ဖော်ပြထားပါသည်။

    ၁၉၈ရ ခုနှစ်တွင် စာပေ ဗိမာန်က ကြီးမှူး၍ ဘာသာပြန် စာပေစာတမ်း ဖတ်ပွဲ ကျင်းပခဲ့ရာ၌ စာရေးဆရာမောင်ထွန်းသူနှင့် မောင်မြင့်ကြွယ်တို့က ဘာ သာပြန်ရသ စာပေစာတမ်းကို ဖတ်ကြားခဲ့ကြပါသည်။ ထိုစာတမ်းတွင်“ဘာသာပြန် ကဗျာသမိုင်းတွင် ထင်ရှားသော ပုဂိ္ဂုလ်တစ်ဦးအဖြစ် အသိ အမှတ်ပြုကြရသည့် ဆရာကြီး ဦးခင်ဇော်(ကေ)က“စင်စစ် ကျွန်တော် ဘာသာပြန် ကလောင်ကို စတင် ကိုင်စဉ်က မြန်မာစကားပြေကို ဘာသာပြန်ခဲ့ ခြင်း မဟုတ်ပါ။ မြန်မာကဗျာကို ဘာသာ ပြန်ဆိုခြင်းသာ ဖြစ်ခဲ့ပါသည်။ လူကြိုက်များခဲ့သည့် ခေတ်စမ်းကဗျာ များကို ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ အထူး သဖြင့် ဇော်ဂျီနှင့် မင်းသုဝဏ်တို့၏ လက်ရာများ ဖြစ်ပါသည်။ ပထမဆုံး ဘာသာပြန်ခဲ့သည်မှာ ၁၉၂၆-၂ရ လောက်က ဇော်ဂျီ၏ ပိတောက်ပန်း ကဗျာဖြစ်ပါသည်”ဟု နောက်ကြောင်း ပြန်ခဲ့ဖူးပါသည်။

    ထိုခေတ်ကာလက ကျွန်တော်တို့ အလွန် နှစ်သက်စွဲလမ်း ခဲ့ဖူးသော မြန်မာဘာသာပြန် ရသကဗျာ တစ်ပုဒ်အကြောင်း တင်ပြချင်ပါသည်။ ထိုကဗျာမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထုတ် အိုးဝေ မဂ္ဂဇင်း၌ ပါခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဗျာကို ရေးသူမှာ အင်္ဂလိပ်ကဗျာ ဆရာ ဝီလျှံအမ်း နက်ဟင်းနလေးဖြစ်၍ ကဗျာအမည်မှာ အင်ဗစ်တပ်စ် ဖြစ်ပါသည်။ ထိုကဗျာကို အိုးဝေညိုမြ (ဦးညိုမြ)က အနိုင်မခံ ဟူသောအမည်ဖြင့် ဘာသာပြန်၍ ဆရာ မင်းသုဝဏ်က တည်းဖြတ်ခဲ့သည်ဟု ဆိုပါသည်။ ကျွန်တော်တို့အဖို့ ထိုကဗျာသည် အလွန်ရသ မြောက်သော ဘာသာ ပြန်ကဗျာတစ်ပုဒ် ဖြစ်ပါသည်”ဟု ဖော် ပြထားပါသည်။ စာတမ်းရှင်များ ဖြစ်သည့် မောင်ထွန်းသူနှင့် မောင်မြင့်ကြွယ် တို့က အိုးဝေမဂ္ဂဇင်း(၁၉၃၆)မှ အနိုင်မခံ ကဗျာကို အိုးဝေညိုမြက မြန်မာဘာ သာသို့ပြန်ဆို၍ မင်းသုဝဏ် တည်းဖြတ်ကြောင်းအား စာပေလုပ်သား မဂ္ဂဇင်း (၁၉၈၁၊ ဒီဇင်ဘာလ)မှ စာရေးဆရာ တိုက်စိုး၏ ဆောင်းပါးကို ကိုးကားထား ပါသည်။

    ထို့နောက် ချင်းတွင်း ချစ်သွေးက ဦးညိုမြနှင့် ခြေလှမ်းနှစ်ရာ ဆောင်းပါး (စာမော်ကွန်း၊ ၁၉၈၆ ဧပြီလ)တွင်“နှစ်သုံးရာမှ ပဲ့တင်သံအသံလှိုင်းကဗျာ များ စာအုပ်တွင် အနိုင်မခံ ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်သည်ဟု ဖော်ပြပါရှိသည်။ စာအုပ်တွေက မှားရေး၍ ကူးယူ ဖော်ပြကြသော စာ အုပ်အသီးသီးက (ကျူရှင် အထူးထုတ် စာအုပ်အထိ) ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်သည်ဟု ရေးနေကြဆဲ။ ဦးညိုမြ လက်ရေးမူကို ဖိုတိုစတက်ကော် ပီလုပ်၍ ဤINVICTUS ကဗျာကို ဦးညိုမြ ဘာသာပြန်သည်ဟု (စာပေ လုပ်သား မဂ္ဂဇင်းတွင် ထင်ပါသည်။) ရှင်းပြပြီးပါလျက် ယနေ့တိုင် အမှတ် မှားကာ ရေးနေကြသည်မှာ အံ့ဩစရာ ပင်”ဟုဖော်ပြထားပြီးနောက် မန္တလေး မြို့တွင် ဦးမောင်မောင်တင် (မဟာ ဝိဇ္ဇာ)၊ ဦးညိုမြ၊ ဒေါက်တာဌေးဝင်းနှင့် ချင်းတွင်းချစ်သွေးတို့ တွေ့ဆုံစား သောက်ကြပြီးနောက် အိုးဝေမဂ္ဂဇင်းမှ အနိုင်မခံ ကဗျာဘာသာပြန်ဆိုမှုနှင့် စပ် လျဉ်း၍ မေးမြန်းဖြစ်ပုံကို အောက်ပါ အတိုင်း ဖော်ပြထားပါသည်။

    “ဆရာ ကဗျာ ဘာသာပြန်ကိစ္စ”

    “ဪ ဒါလား”

    “ဗိုလ်ချုပ်အောင်ဆန်း ပြန်တယ်တဲ့။ မင်းသုဝဏ်ပြန်တာတဲ့။ အဲဒါတွေ”

    “ဟုတ်သားပဲ ပြောမယ်။ ဗိုလ်ချုပ်က ထည့်တယ်။ တချို့မချောတဲ့ နေရာကလေးတွေ မင်းသုဝဏ်က ပြင်ပေးတယ်”

    “ဗိုလ်ချုပ်ပြန်တယ်ဆိုတာ စာအုပ်တိုင်းမှာ ဦးသိန်းဖေမြင့်က ရှေ့သို့မှာ ဆရာမင်းသုဝဏ်ပြန်တာလို့ ရေးဖူးတယ် ဆရာ။ အဲဒါ”

    “ဒီလို ဒီလို အဲဒီတုန်းက ရန်ကုန် တက္ကသိုလ် ထမင်းစားဝိုင်းမှာ ဆရာ ဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ဆုံတတ် ကြတယ်။ ကျွန်တော်က ဘာသာပြန် ပြီး ဆရာ မင်းသုဝဏ်ကိုပြတယ်။ ဆရာမင်းသုဝဏ်က မချောတာလေးတွေ ချောအောင်ပြင်ပေးတယ်။ ပြီးတော့ ဗိုလ်ချုပ်က အိုးဝေမဂ္ဂဇင်းမှာ ထည့်ပေးတယ်။ ဒါပါပဲ”

    “မူကွဲနေကြတာက”

    “ဒါက အိုးဝေမဂ္ဂဇင်း မူရင်း ရှိသားပဲ”

    ချင်းတွင်း ချစ်သွေးနှင့် ညိုမြတို့ ၏ တွေ့ဆုံ မေးမြန်းဖြေကြားမှု၊ မောင်ထွန်းသူနှင့် မောင်မြင့်ကြွယ်တို့၏ ဘာသာပြန် ရသစာပေ စာတမ်းမှ ကောက်နုတ်ချက်၊ တိုက်စိုး၏ ဆောင်းပါးမှ ဖော်ပြချက်၊ ဒဂုန်တာရာ၏ ဖတ်ရှု မှတ်သားမိသမျှ နှင့် မြကေတု၊ မောင်သော်ကနှင့် သိန်း ဖေမြင့်တို့၏ အနိုင်မခံ ဘာသာပြန်ဆိုသူ အမည် ထုတ်ဖော်မှုတို့သည် အနိုင်မခံ ကဗျာ ဘာသာပြန်ဆိုမှု ပဟေဠိတွင် တွေးဆဆင်ခြင်စရာများ ဖြစ်ကြပါ သည်။ ထိုသို့တွေးဆ ဆင်ခြင်ရာ၌ အချိန် ကာလကြာမြင့်မှုနှင့် မြင်ရကြားရ၊ တွေ့ ရ ဖတ်ရသမျှမှ လူ့သဘာဝ အရ အမှတ် မှားတတ်မှုကိုလည်း သတိမူကြရပါလိမ့် မည်။

    ကေမြူး
    (ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ် (၁၉၂၀-၁၉၇၀)စာစောင်၊ ဘာသာ ပြန်စာပေစာတမ်းများ(စာပေဗိမာန်)၊ ရာ ပြည့်ဦးစိုးညွှန့်၏ ၂ဝရာစု မြန်မာစာရေး ဆရာ ၁၀၀၊ ညိုမြ၏ ကျွန်တော် ငရဲခွေး ဆောင်းပါးရေးစဉ်က ဆောင်းပါး (အိုးဝေရွှေရတု သဘင် လက်ရွေးစင် စာအုပ်)၊ ချင်းတွင်းချစ်သွေး၏ ဦးညိုမြ နှင့်ခြေလှမ်း ၂၀ဝ ဆောင်းပါး၊ (စာမော် ကွန်း ၁၉၈၆ ဧပြီ)၊ မြကေတု၏ သခင် အောင်ဆန်းနှင့် သူ့ကဗျာသူ့နိမိတ် ဆောင်းပါး Popular News Journal 20.05.2010 တို့ကို ညှိနှိုင်းကိုးကား သည်။)
    (ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)

  • htoopa

    February 13, 2011 at 8:29 am

    ဘာပဲပြောပြော ပြည်သူတွေ လုပ်ဖော်ကိုင်ဖက်တွေသုံးတဲ့ ဒို့ဗိုလ်ချုပ်၊ အောင်ဆန်း၊ ဖခင် ဆိုတဲ့ ခေါ်သံကိုပဲ ကြိုက်တယ်။ ဗိုလ်ချုပ်ရဲ့ ပြတ်သားတဲ့စိတ်သဘောထား အဆောင်ယောင်မပါတဲ့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲအသံလို့ ခံစားမိတယ်။

    ယခုလို ယခုခေတ် အဘ အဘ နဲ့ ဖားခေါ်သံကို နားထဲကြားယောင်မိပြီး ဒီအသုံးအနှုန်း ရေးထားတာကိုတော့ သိပ်မကြိုက်ချင်ဘူး….
    ဗိုလ်ချုပ်လို့ လေးစားပြီးခေါ်သံ
    အောင်ဆန်းလို့ ယုံကြည်ပြီးခေါ်သံ
    ဖခင်လို့ သုံးတဲ့အားကိုးမှုနဲ့အသံကို ကြားယောင်နေတုန်း
    အဘ ဆိုတဲ့ အသံကို အော်ဂလီဆန်တယ်
    shwe pyithu က မလေးမစား ဖားခေါ်တာလို့ ဆိုလိုတာ မဟုတ်ဘူးနော် ခေါင်းစဉ်မြင်မိပြီး စိတ်ထဲကလာတဲ့ ခံစားချက်ကို ပြောမိတာပါ အမှားပါရင်တော့ ခွင့်လွှတ်

    • shwepyithu

      February 13, 2011 at 10:31 am

      ကျေးဇူးပါ htoopa ရေ။ တကယ်တော့ ကျမလဲတော်တော်စဉ်းစားပြီးမှ ရေးခဲ့တာပါ။ ဗိုလ်ချူပ်လို့ဆိုရင် ကိုယ်မလေးစားတဲ့ ဟို ဗိုလ်ချုပ်တွေနဲ့ ရောနေမလားလို့။ ကဲ ပြောင်းလိုက်ပါပြီ။ စိတ်မဆိုးတဲ့အပြင် ဝမ်းသာတယ် အဲလိုအပြောခံရတာ။ အဓိပ္ပာယ်အများကြီးရှိလို့ပါ။

  • shwepyithu

    February 13, 2011 at 11:00 am

    ကိုခိုင်ရေ..
    အားပေးတာ
    ပြည့်ပြည့်စုံစုံရှင်းပြပေးတာ
    အချက်အလက်တွေ တစ်စုတစ်စည်းတည်း တင်ပေးတာ
    သံသယတွေဖြေရှင်းပေးတာ
    အားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျမလဲ တခြားမှာ မြင်ဖူးတယ်လို့ သံသယရှိမိပါတယ်။ အခုလို ပြင်ပေးတာ ကျေးဇူးပါ။ ဘာပဲဖြစ်ဖြစ် ကျမတော့ ပို့စ်လေးတင်ရကျိူးနပ်သွားပြီ။ နောက်လဲ မှားတာတွေ့ရင် ထောက်ပြလို့ရပါတယ်။ ကိုခိုင်တင်ထားတာ မဖတ်မိလို့ ထပ်တင်သွားမိတာတော့ ဆောရီးပါနော်။ အချိန်ပေးရေးသားပေးတဲ့အတွက်လဲ ကျေးဇူးပါ။

  • padonmar

    February 13, 2011 at 3:49 pm

    ဖေဖော်ဝါရီ ဆယ့်သုံးဟာ
    ဗိုလ်ချုပ်မွေးနေ့ပါ၊
    တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး
    ရှေ့နေဦးဖါသား၊
    ရဲစွမ်းပြောင်တဲ့ဖာနည်ဘွား
    မိခင်ဒေါ်စုသား၊
    ဖာတိနတ်မောက်မကွေးခရိုင်
    သိကြများခုတိုင်
    မျက်ရည်လှိုင်လို့ဖာနည်မျိုး
    ဇူလိုင်တစ်ဆယ့်ကိုး

    ငယ်ငယ်ကကျောင်းမှာသင်ခဲ့ရတဲ့ကဗျာပါ၊
    မကြားရတာကြာလွန်းလု့ိအပြည့်အစုံ့မရတော့ပါဘူုး့

  • shwepyithu

    February 13, 2011 at 3:55 pm

    အောင်ဆန်းဇာနည်

    ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
    တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား
    ဇာတိနတ်မောက်၊ မကွေးခရိုင်၊ သိကြများ ခုတိုင်
    ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊ မိခင် ဒေါ်စုသား
    တစ်ထောင်ကိုးရာလေးဆယ့်ခွန်၊ ပြောင်းကြွ တမလွန်
    မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် နှစ်ဆယ့်ကိုး
    ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
    ဗိုလ်ချုပ်တို့ဖခင်
    ကောင်းစေချင်လို့ မှာစကား
    ငါတို့ မမေ့အား ။

    ** ငယ်ငယ်တုန်းကတော့ ကဗျာလေး၊ ခုတော့ နိုင်ငံရေး။

  • maung khinmin

    June 30, 2012 at 9:53 pm

    အောင်ဆန်း၊ဇာနည်
    ဘာမထီတို ့….
    လွတ်လပ်ကြိုးပမ်း
    သမိုင်းခန်းထည်
    ကမ္ဘာ့လယ်၌
    မြန်မာ့(ဗမာ့)…သွေးလည်း
    ရဲခဲ့သည်

Leave a Reply