ငှက်ကလေးရဲ့ ဘဝ တစေ့တစောင်း
ကိုကိုရေ ထွက်ပြေးချင်ပြီကွယ်.. လွတ်လွတ်လပ်လပ် ဖြစ်ချင်ပြီကွယ်။ မီးတို့ နှစ်ယောက် ကို သူများ မျက်စိရှေ့မှာ နေရတာ ရှက်တယ်ကွယ်။
ကိုယ်တို့ ဘယ်လို လုပ်ရမလဲ။ အကြံတွေလည်း ကုန်ပြီ နှုတ်သီးတွေလည်း နာလှပြီကွယ် လှောင်အိမ်ကို ဘယ်လို နည်းနဲ့မှ ဖဲ့ထွက်လို့ မရဘူး။ မင်းနဲ့ တူတူ နှစ်ကိုယ်တူ တိုင်းပြည် ထူထောင်ဖို့ လွတ်လပ်တဲ့ နေရာ ကို ထွက်ခွာချင်တာ မင်းလိုပါဘဲကွယ်။
အပြင်ထွက် ခွင့် ခဏလေး ကြုံရပေမဲ့ မင်းကို စိတ်မချလို့ ကိုယ် အဝေးကို ထွက်မခွာ ရက်ဘူး မင်းရှိတဲ့ အရပ်မှာ လှောင်မွန်းနေလည်း ဖြစ်အောင် နေပါတယ်ကွာ.. ဒီလိုဘဝကိုဘဲ ကျေနပ်လိုက်ရအောင်။
ကိုကို……………. ကိုကို က အဲလို စကားပြောပြီလား။ ကိုကို ကို မခေါ်တော့ဘူး။
အဲဒီလို မပြောပါနဲ့ ကွာ.. မင်းကလည်း ကိုယ် တကယ် ကြိုးစားခဲ့ပါတယ်။ ကြိုးစားတိုင်းလည်း မအောင်မြင်ခဲ့ဘူး။ ကိုယ်လည်း စိတ်ဓါတ်တွေ တော်တော် ကျနေပြီ။ အားတွေလည်း မရှိတော့ဘူး ကျေနပ်လိုက်ပါတော့ ကွယ်။
ကိုကို စကားတွေ အဲဒီလို မပြောနဲ့နော်။ ကိုကို က ဒီလို စပြောမှတော့ မီးတို့ ဘယ်လို ရုန်းထွက်ကြမလဲ။
နောက်ဆို မီးတို့ ပြေးဖို့ မလွယ်တော့ဘူးလေ။ သားသားမီးမီး တွေ ရှိရင် သူတို့ကို ခေါ်မထုတ်နိုင်ဘူး ဆိုရင် ပိုဆိုးမယ် ကိုကိုရဲ့…
မီးတော့ စိတ်ညစ်တာဘဲသိတယ်။
ကလေးကလည်း အခုမှ ဘဝ စတာ ဆိုတော့ ဒီလိုဘဲ နေရတော့မှာဘဲ။ စိတ်လျော့လိုက်ပါတော့မယ်။
ဒါဆိုလည်း ကိုယ် တို့ နှစ်ဦး တူတူ ပျော်ပျော် ရွင်ရွင် စိတ်ကလေး ဖြစ်အောင် မွေးပြီး တူတူ တသက်လုံး ဘေးကင်းကင်း နေနိုင်ပါပြီကွာ။ မီးလည်း ကိုကိုနဲ့ ထပ်တူပါဘဲ။
သားသား လည်း ဖေဖေ မေမေ တို့ စိတ်ကူး အတိုင်း ပျော်ပါတယ်။ သားသား ကို ဘယ်သူမှ ခွဲမသွားတော့ ဘူးပေါ့နော်။
ဒါဆို တို့ မိသားစုတွေ အခုက စပြီး ပျော်ပျော် နေသွားလို့ ရပြီ။
10 comments
ဆူး
February 14, 2011 at 3:38 pm
အဟမ်း.. ကိုယ်တိုင်ရေး စာမူ အစစ် ဖြစ်ကြောင်း အာမခံပါသည်။ 😉 😛
char too lan
February 15, 2011 at 4:19 am
ယုံပါတယ်ဗျာ………. တစ်ဆယ်သား၅၀ဝ ဈေးပါ 😀
nyimalay
February 16, 2011 at 6:43 am
မမဆူး သင်တန်းဖွင့်ပါလားဟင်…….. 🙂
စိတ်ကူးအရမ်းကောင်းလွန်းလို့………..
ပိစိကွေးလာတက်မယ်လေ…..
တကယ်ပါ အရမ်းအားကျတယ်……
သင်တန်းဖွင့်ပြီးဆိုရင်အကြောင်းကြားနော်………. 😉
kopauk mandalay
February 14, 2011 at 3:41 pm
စိတ်ညစ်တယ်ဆိုတာတောင် ကလေးကရလိုက်သေးတယ်နော်…………
bigbird
February 14, 2011 at 3:43 pm
မပြောလည်းသိပါတယ်အန်တီဆူးရယ်၊ ဒီလိုပုံစံတွေမြင်ရင် အန်တီဆူးဆိုတာ
သေချာနေပြီးသားပါ။
ဆူး
February 15, 2011 at 5:43 am
အန်တီဆူး ဆိုရင်တော့ ငှက်ပေါက်ကလေးက မိအိုဖအို သက်ကြီးရွယ်အိုတွေ လို့သာ မြင်ပေတော့။ အသက်ကြီးသူတွေကို စောင့်ရှောက်ရမဲ့ တာဝန်တွေ ရှိနေလို့ ကိုယ်လွတ်မရုန်းနိုင်ဘဲ အဆင်ပြေအောင် နေနေရတယ်။
ဆူး
February 14, 2011 at 3:44 pm
သူများတွေ ကြည့်လို့ ရှက်ပါတယ် ဆိုမှ.. လူလစ်တုန်းက ပေါ့.. (ထွက်ပေါက် ရှာတာ ပြောပါတယ်)
ဆူး
February 14, 2011 at 3:47 pm
ပြောချင်တာက လောကကြီးထဲမှာ ထွက်ပေါက်ရှာချင်ပေမဲ့ ထွက်လို့မရတာမျိုး နောက်ပိုင်း ထွက်ဖို့ ကြိုးစားရင်းနဲ့ မဖြစ်သင့်တော့ဘူး ဆိုပြီး လက်လျော့ရတဲ့ ဘဝတွေကို ဖော်ထုတ်တွေးဆ ပြီး ငှက်ကလေးနဲ့ ပြောထားတာပါ။
weiwei
February 15, 2011 at 4:35 am
လှောင်အိမ်ထဲက ငှက်ကလေးတွေကို ကြည့်ပြီး အရင်ခေတ်တုန်းက သင်္ဘောလင်းယဉ်တိုင်ပေါ်က ငှက်ကလေးကို မြင်ယောင်မိသွားတယ် … သူတို့ခဗျာ အပြောကျယ်လှတဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ ကြိုက်သလောက် ပျံသန်းလို့ရပေမယ့် ကမ်းမမြင် လမ်းမမြင်နိုင်တဲ့အဆုံး သင်္ဘောလင်းယဉ်တိုင်ကိုပဲ ပြန်နားရတဲ့ ဘဝပဲ … လူ့ဘဝ လူ့လောကမှာလဲ အဲဒီမျိုးအဖြစ်မျိုးတွေ ရှိကြတယ် …
အာဖျံ ကွီး
February 15, 2011 at 5:04 am
မဆူးကတော့လေ … တတ်လဲတတ်နိင်ပါ့ … 😉 🙂 😀