ထော်လော်ကန့်လန့်အတွေးများ
ပန်းကန်ဆေးပျင်းသူ
ပထမဦးစွာ ကျတော်သည် လူ့ကတ်သတ်တစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။ ကျတော်သည် စကားကို ပေါက်တတ်ကရ ပြောတတ်သူ တစ်ဦးအဖြစ်လဲ ဝန်ခံရပေမည်။ ဂွတီးဂွကျ ပြောတတ်သူ တစ်ဦးဖြစ်ကြောင်းလဲ ဝန်ခံရပါမည်။
ကျတော်သည် ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ နေထိုင်စားသောက်ပြီး ကျောင်းတက်လာတာဗျ။
ဘုန်းကြီးကျောင်းသားပေါ့ဗျာ… ဘုန်းကြီးကျောင်းသားဆိုတော့ စာချဘုန်းကြီးတွေ စားပြီးသမျှကို ကျန်တာအကုန်စား ပန်းကန်တွေ အကန်ဆေးရတယ်ဗျ… တစ်နေ့တော့ ကျတော်လဲ ဘုန်းကြီးတွေ စားပြီးတာနဲ့ကျန်တဲ့ဆွမ်းဟင်းတွေ အကုန်စား..စားပြီးတာနဲ့ ပန်းကန်တွေ မဆေးပဲ အင်တာနက်ဆိုင်ပြေးပါလေရော…ဒါနဲ့ကျောင်းပြန်ရောက်တော့ ဘုန်းကြီးက “ဟေ့ကောင် ငယော” “ဘုရား”
“ဒီနားလာစမ်းပါဦး” “တင်ပါ့ဘုရာဆိုပြီး ဦးသုံးကြိမ်ပြေးချလိုက်တယ်” “မင်း နေ့လည်က ဘာအပစ်လုပ်ခဲ့လဲ”
“တပည့်တော် နေ့လည်က ပန်းကန်မဆေးခဲ့ပါဘူးဘုရား” “အေး မင်းအပစ် မင်းသိတယ်နော်” “ဒါဆို တိုင်ဖက်ထား” ဆိုပြီး ကြိမ်လုံး ကိုင်ပါလေရော…ဒီတော့ ကြောက်ကြောက်နဲ့ တိုင်လုံးကြီးကို ချစ်သူအဖြစ်နဲ့ ဖက်ပြီး မျက်လုံးမှိတ်နေလိုက်တယ်.. ဘုန်းကြီးကလဲ ကြိမ်လုံးကိုင်ပြီးမေးပါလေရော.. “ကိုယ့်ပန်းကို စားပြီးမဆေးတာ ဘာကောင်တွေလဲ သိလား” ဒီကလဲ ကြောက်ကြောက်နဲ့ “ခွေးတွေပါဘုရား” “အေး သိရင်မှတ်ထား”
“ဖြန်း” တင်ပါးတော့ ပူသွားတယ်..နောက်တစ်ခါ ကျိန်လုံးမြောက်ပြီး မေးပြန်ပါလေရော့ “ စားပြီး ကို်ယ့်ပန်းကန်ကို မဆေးတာ ဘာကောင်တွေလဲ သိလား” ဒီတစ်ခါတော့ ကြောက်ကြောက်နဲ့ “စာချဘုန်းကြီးတွေပါဘုရား” ဆိုပြီးပြောလိုက်တာ “ဟေ” ဆိုပြီး ကျိန်လုံးတောင်လက်က လွတ်ကျသွားပါလေရော…
အသံတောင် မြည်သွားသေးတယ် “ဒေါက်..ဂလွပ်” တဲ့….
အစိမ်းစားသူ
တစ်ခါတစ်ခါဆို အမေက အိမ်မှာ အသား၊ငါးတွေ ဝယ်ပြီး ဟင်းချက်တယ်လေ… ငယော ဆိုတဲ့ကောင်ကလဲ သူများအသားမြင်ရင် ပြေးပြီးစားပစ်ချင်တာ… ဟင်းချည်းပဲ စားရတဲ့ အရသာကလဲတယ်ကောင်းတာကိုးဗျ..
တစ်နေ့တော့ အမေကဈေးကနေ ဝက်သားတွေဝယ်ပြီး ခုတ်ထစ် ချက်ပါလေရော…ကျတော်လဲ သရေ တများများနဲ့ ဘေးကထိုင်ကြည့်နေတာ..ဟင်းအိုးတည်ပြီး ဆယ်မိနစ်လောက်ကြာတော့ ဟင်းအိုးက ရေတွေအငွေ့ထွက်လာပြီ… ဒီလောက်ဆို အသားတုံးတွေမှာ သွေးတွေ မရှိတော့ဘူးဆိုတဲ့အတွေးနဲ့ စားချင်လိုက်တာမှ လွန်ရော…ဒါနဲ့အမေ တစ်ဖက်လှည့်နေတုန်း အကြီးဆုံး အားတုံးကြီး ပါးစပ်ထဲ ကောက်ထည့်လိုက်တယ်…အမေက ဒီဘက်ရုတ်တရက် ပြန်လှည့်လာရော
“ဟဲ့ကောင်လေး..ဟင်းက မကျက်သေးဘူး ဘာလို့စားတာလဲ” “အစိမ်းစားရင် နူတတ်တယ်ဆိုတာမကြားမိဘူးလား” “ လူကြီးတွေထက်ကလဲ ဦးဦးဖျားဖျားစားသေးတယ်”
“ နင်တော့ ဆံပင်တွေဖြူပြီး နူနာသည် ဖြစ်တော့မှာပဲ” တဲ့ “အမေကလဲ တုံးလိုက်တာဗျာ အသားစိမ်းငါးစိမ်းစားမှ အသက်ရှည်တာဗျ” “ ကျောက်ခေတ်ကလူတွေဆို အသားစိမ်းငါးစိမ်းတွေ စားလို့အသက်ရာကျော်ထိနေရတာ” “ အခုခေတ်လူတွေက အသားတွေကချက်ပြုတ်စားလို့ အသက်တွေတိုနေတာ သိလား” ဆိုတော့ အမေကလဲ….ပါးစပ်လေး ဟပြီး ဘာပြောရမှန်း မသိဖြစ်နေရှာတယ်
ဘယ်ရမလဲ ဒါနဲ့ ဟင်းအိုးထဲက နောက်တစ်တုံး နှိုက်စားလိုက်တာ… “အား..ပူလိုက်တာ”..တဲ့….
မှတ်ချက်။ ။ ဒီထဲကို ဝင်ဖတ်နေတာတော့ ကြာပါပြီ..သူများရေးတာတွေ အားကျလို့ အခုမှ ပထမဆုံးရေးကြည့်တခြင်းပါ….
8 comments
မိုက်ကယ်ဂျော်နီအောင်ပု
February 16, 2011 at 4:59 am
ဒီလိုနဲ ့ဘဲ
ယောကော သောကော အုပ်ယော ကျောက်ယော
ဖြစ်ကုန်တာပါဘဲ
ဘုန်းကြီးကျောင်းသား မောင်ယောယေ့ 🙂 🙂 🙂
အာဖျံ ကွီး
February 16, 2011 at 5:55 am
ပထမဆုံးရေးတာဆိုပေမဲ့ … ဆရာပါပဲလားကွ … ဟဟ …
ဆက်ရေးပါသယ်ရင်းရေ .. မင်းအတွေးတွေကမိုက်တရ်ကွ 😉
ဆူး
February 16, 2011 at 8:42 am
အရေးအသား ကောင်းပါတယ်။
naywoonni
February 16, 2011 at 12:07 pm
ပထမ အတွေးမျိုး ရေးရဲတဲ့သူရှားတယ်..။ ဒါမျိုးများများရေး…။ ဟာသ ပဲဖြစ်ဖြစ် သရော်တာပဲဖြစ်ဖြစ် ရယ်ရအောင် ရေးနိုင်တာက ပညာတစ်မျိုး…….
bigbird
February 16, 2011 at 3:09 pm
ဆက်ကြိုးစားပါဗျို ့၊ဖက်ပြီးတော့ပြုံးသွားပါတယ်။
kai
February 16, 2011 at 6:05 pm
ကောင်းတယ်ဗျာ.. ဆက်ရေးပါဦး..။
၁) အသိညဏ်ရှိသူ လူအချင်းချင်း ရိုက်ဆုံးမခွင့်ရှိနေတာကို .. မထူးမဆန်းဖြစ်နေတဲ့ မြန်မာ့ယဉ်ကျေးမှုထုံးစံဟာ … မြန်မာပြည်ကို ဒီခေတ်အခြေအနေထိအောင် ဆွဲယူလာတဲ့ အဓိကအကြောင်းတခုလို့ ထင်မိတာပါပဲ..။ ဘာလို့လဲဆိုတော့ ..လူရဲ့ အခြေခံအခွင့်အရေးကို ဖေါက်ဖျက်နေတာကို ခွင့်ပြုနေတာကိုး..။
၂) “ကျောက်ခေတ်ကလူတွေဆို အသားစိမ်းငါးစိမ်းတွေ စားလို့အသက်ရာကျော်ထိနေရတာ”
ဆိုတာကို တော့ ဘလိမ်းလုပ်ချင်ပါတယ်.။ အထောက်အထားတွေအရ ..ရှေးလူသားတွေ ပျမ်းမျှသက်တန်းတိုပါတယ်..။ ၄ဝနှစ်လောက်ပဲရှိတာတဲ့..။
ဒါပေမဲ့ လူဖြစ်စဉ် အီဗေါ်လူးရှင်းမှာတော့ .. မျောက်ကနေ လူဖြစ်လာတာရဲ့ အဓိက အချက်က .. အသားစားတတ်လာလို့ လို့ဆိုပါတယ်.။ မီးမှ မသုံးတတ်သေးတာမို ့..အစိမ်းပေါ့နော…။
hello! everybody
February 16, 2011 at 8:20 pm
ခင်ဗျားက ဘုန်းကြီးကျောင်း အကြောင်းရေးတော့ကျနော်ကြုံခဲ့ရတဲ့ရယ်စရာ ပဋ္ဌာန်းပွဲ တခုအကြောင်းသွားသတိရတယ်ဗျာ၊ အသံမဆဲး(စဲး)ပဋ္ဌာန်းပွဲဆိုတော့ ဘုန်းကြီးတပါးကိုတစ်နာရီကြာစီ ဆက်တိုက်ရွတ်ကြတယ် တပါးပြီးခါနီးရင်နောက်တပါးက အဆင်သင့်ပြင်ဖို့အတွက် ကျနော်က မောင်း ကိုခပ်တိုးတိုးလေးထုပေးရတယ်၊ည ၂ နာရီထိုးနေပြီ၊နောက်အလှည့်ကျတဲ့ကိုယ်တော်ကအိပ်(ကြိမ်း)ကောင်းတုံးဆိုတော့ကျနော်လည်း မောင်း မထုဘူးပေါ့လေ၊ နာရီဝက်လောက်ကြာတော့လက်ရှိရွတ်နေတဲ့ကိုယ်တော်ကကျနော့ဘက်လှည့်ကြည့်လိုက် ဘာပစ္စယော ညာပစ္စယောဆိုပြီးပဋ္ဌာန်းစာအုတ်ထဲပါတာရွတ်လိုက်ပေါ့လေ နောက်အလှည့်ကျတဲ့ကိုယ်တော်ကလည်းမထသေးတော့ကျနော်ကလည်း မောင်း ကိုမထုဘူးပေါ့လေ၊တစ်နာရီလောက်ကြာတော့လက်ရှိကိုယ်တော်ဒေါသဖြစ်လာပြီးပဋ္ဌာန်းကိုဘယ်လိုရွတ်တယ်ထင်သပ၊ဟေး…ဒကာ..ထုတော့လေပစ္စယော၊ဟေး..ဒကာ…ထုတော့လေ ပစ္စယော…..။
bigcat
February 17, 2011 at 2:06 am
ရွာထဲမတော့ စူ့ထက်စူ လူစွမ်းကောင်းတွေချည်ပဲဗျို့…