စင်္ကာပုူမှ အမှတ်တရ အလုပ်သမားဘဝ
အချိန် – နံနက် ၅း၃၀
နေရာ – Singapore ဟု ခေါ်တွင်သောအရပ်
စံမြန်းရာ သာစွဌာနေ Limchukang တောအုပ်ကြီးထဲမှာ ခန့်ညားစွာ ဆောက်လုပ်ထားတဲ့ အလုပ်သမားဆောင်ကြီးက အခန်းတစ်ခန်းထဲကနေ ကျွန်တော်နဲ့ အမြဲအတူရှိနေပေးတဲ့ ကြမ်းပိုးတွေ၊ လူသားစား ပိုးဟပ်ပေါက်စနလေးတွေကို စိတ်မကောင်းစွာနှုတ်ဆက်ရင်း India တွေ၊ ဘင်္ဂလားတွေ တရုန်းရုန်းနဲ့ရှိနေတဲ့ ရေချိုးခန်းမှာ မျက်နှာသစ်ဖို့တစ်နေရာကို လုရတာပေါ့လေ။ ဒီလိုနဲ့တိုးဝှေ့ပြီး ကိုယ့်မျက်နှာဟောင်းကြီးကို သစ်လာမလားလို့ ရေနဲ့ ဆေးကြောပြီးသကာလ အပြာရောင်လို့ မနည်းသေချာပြောယူရတဲ့ Uniform ကို ကသုတ်ကရိုက်ဝတ်၊ ညကတည်းက ပြင်ဆင်ထားတဲ့ ထမင်းဘူးနဲ့ ကိုယ့်အထုပ်လေးကို ကိုယ်ဆွဲပြီး အကြိုတော်ထောက်နေမယ့် စီးတော်ယာဉ် Lorry ကားကြီးမှာ ထိုင်စရာတစ်နေရာမရမှာစိုးလို့ အပြေးတစ်ပိုင်းခြေလှမ်းလေးနဲ့ တောအုပ်ကြီးကို နောက်မှာလွှင့်ပစ်ထားခဲ့ရတယ်။
အချိန် – နံနက် ၆းဝ၀
ဟော… ရောက်လာပါပြီဗျာ၊ တစ်နေ့တာငရဲခံရမယ့် Jurong Shipyard ဆိုတဲ့ဆိုင်းဘုတ်ကြီးက မနက်စောစော သုန်မှုန်နေတဲ့၊ အိပ်ချင်နေတဲ့ မျက်လုံးကြီးတွေနဲ့ ဆီးကြိုလို့နေတာပေါ့။ ပုံမှန်ဖြတ်သန်းနေကျ နေ့တစ်နေ့လိုပါပဲ၊ တိုကင်ပြားလေးတွေ တစ်ဖက်ကကိုင်၊ တစ်ဖက်က Punch Card လေးကိုကိုင်ရင်းနဲ့ တအိအိနဲ့ ပျင်းရိပျင်းတွဲရွေ့လျားနေတဲ့ လူရထားတွဲကြီးမှာ ကိုယ့်ကိုယ်ကို စီးမျောစေရင်းနဲ့ နာရီဝက်အကြာမှာတော့ ကိုက် တစ်ရာခန့်အကွာအဝေးကို ကျော်ဖြတ်ခဲ့ပြီး ကျယ်ဝန်းလှတဲ့ သဘောင်္ကျင်းကြီးထဲမှာ မနက်ခင်း Meeting နဲ့အနီးဆုံးနေရာကို ရောက်အောင်ပြေးရတယ်။ တော်ကြာနေ တစ်ရေးအိပ်စရာနေရာကောင်းကောင်းမရမှာလဲ စိုးသားဗျ။ ကိုင်း…. တွေ့ပါပြီဗျာ၊ လေလေးတစ်ဖြူးဖြူးနဲ့ ညီညာတဲ့ မြေနေရာလေးတစ်ခု။ ဒီလိုပဲအိပ်လိုက်တော့မယ်လေ.. ဟဲဟဲ
အချိန် – နံနက် ရး၃၀
ကြားတစ်ချက်မကြားတစ်ချက် Speaker ကထွက်ပေါ်လာတဲ့ သီချင်းသံပျင်းရိပျင်းတွဲကြီးကိုနားထောင်ရင်း ခြေထောက်လေးနည်းနည်းလှုပ်၊ လက်ကလေးနည်းနည်းမြှောက်လိုက်နဲ့ လေ့ကျင့်ခန်းလုပ်လိုက်တာ… တစ်ကယ်ဗျာ.. တော်တော်လန်းဆန်းသွားတာ(မျက်လုံးတွေတောင် ပြန်စင်းလာတယ်)။ ပြီးတာနဲ့ ၈းဝဝ မထိုးမချင်း ဘာပြောမှန်းသေချာနားမလည်ပဲForeman မလေး-တရုတ်ကြီးရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ပြီး သူပြောချင်တာလျှောက်ပြောနေတာကို သည်းညည်းခံနားထောင်နေရတယ်လေ။ ခုလို မျက်နှာပေးလေးတွေနဲ့…………….
အချိန် – နံနက် ၈းဝ၀
ပျင်းရိပျင်းတွဲ၊ လေးတိလေးကန်ခြေလှမ်းတွေနဲ့ လုပ်ငန်းခွင်ရှိရာ ရေနံတူးစင် တစ်ပိုင်းတစ်စကြီးပေါ်ကို သံတိုသံစတွေ၊ တိုလီမုတ်စတွေ သယ်ပြီးတော့ လှေကားထစ်တွေကို တစ်လှမ်းချင်းစီနင်း၊ ရှုချင်စရာ နေရာကောင်းကောင်းမရှိတဲ့ ပါတ်ဝန်းကျင်ကိုငေးမောရင်း ရောက်ခဲ့တာ ခုလို ဝတ်စုံပြည့်လေးနဲ
အချိန် – ညနေ ၆းဝ၀
တစ်နေ့တာအလုပ်ချိန်ပြီးပါပြီ၊ OT ကလဲမရှိတော့ ဒီနေ့တော့ စောစောပြန်ဖြစ်ဦးမှာပေါ့.. ကိုင်း ကိုက်၁၀ဝ ခန့်အကွာအဝေးကို တစ်နာရီလောက် ခုလိုလေးတိုးလိုက်ဦးမယ်
အချိန် – ညနေ ၆း၄၅
တစ်နေကုန် ပင်ပန်းထားသမျှကို ခုလိုအပြင်ကလေထုရှူရမှပဲ အမောပြေသွားသလိုတော့ ရှိသား။ စီးတော်ယာဉ် Lorry ကြီးကလဲ ပေါ်မလာသေးတာကြောင့် လူသားပီသတဲ့ လူသားတစ်ယောက်အနေနဲ့မဟာ ပထဝီမြေကြီးနဲ့နီးစပ်အောင် အားပါးတရထိုင်ချရင်း ငေးစရာကောင်မလေးတစ်ယောက်မှ မရှိတဲ့ လမ်းမကြီးကို မျက်နှာမူရင်း စောင့်နေရတာ တစ်ခါတစ်လေများ မိုးက အငြိုးနဲ့ ရွာချတတ်ပြန်သေးတယ်ဒီလိုနဲ့… ဒီလိုနဲ့… သာယာရှုမောဖွယ်ရာ စိမ်းလန်းမြိုင်ကြီးထဲကို ရောက်ရှိ်ပြီးသကာလ၊ ရေချိုးရန်တိုး၊ ဈေးဝယ်ရန်တိုး၊ ဟင်းချက်ရန်တိုး၊ အဝတ်လျှော်ရန်တိုး၊ အကုန်လုံးကို တိုးဝှေ့ကျော်ဖြတ်ပြီး အားလုံးပြီးပြီ၊ လွတ်လွတ်လပ်လပ် အနားယူတော့မယ်ဆိုပြီး နာရီကိုကြည့်လိုက်မိတော့ ဪ…. သန်းခေါင်တောင် ကျော်ပါပေါ့လား…………
(တစ်ချိန်တုန်းက စင်္ကာပူအလုပ်သမားဘဝ အမှတ်တရပုံရိပ်များပါ)
24 comments
bigcat
March 1, 2011 at 4:11 am
အားလပ်ရက် ဖွန်ကြောင်ခြင်းလဲ ဓါတ်ပုံများနဲ့ အခုလို ပို့စ်တပိုဒ်လောက် လုပ်ပါအုံး။
ယောလေး
March 1, 2011 at 5:44 am
အပြာရောင်တွေပါလား….
မြန်မာနိုင်ငံက အဖြူရောင်တွေနော်…ဟီးဟီးး:)))
တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား
March 1, 2011 at 6:40 am
ဒါကတော့ခင်ဗျားတို ့
အမေကျော်ပြီးဒွေးတော်လွမ်းတာကိုး
မြန်မာပြည်မှာအလုပ်အကိုင်တွေအများကြီးရှိပါတယ်
etone
March 1, 2011 at 8:36 am
ပြည်ပမှာ အလုပ်လုပ်တိုင်း အမေကျော် ဒွေးတော်လွမ်းတယ်လို့ မပြောစမ်းပါနဲ့ဟယ် ။ နားကြားပြင်းကပ်တယ် ။ နင်တို့ ပထွေးတွေသာ အလုပ်ကိုင်အခွင့်လမ်း လွတ်လပ်ခွင့်ပေးလိုက်ပါလား လုပ်ငန်းရှင်ကြီးတွေ ပေါ်လာပြီး ပြည်တွင်းမှာ အလုပ်ကိုင်တွေကောင်းလာလိမ့်မယ် ။ အဲ့ဒီလို အချိန်ကျရင် ပြည်ပနိုင်ငံ သွားပြီး အလုပ်လုပ်ပါလို့ ကုတ်နဲ့ ကော်ထုတ်ရင်တောင် သွားမဲ့လူရှိမှာ မဟုတ်တော့ဘူး ။ ဘယ်သူကမှ မိသားစုကို ခွဲပြီး သူများနိုင်ငံမှာ အလုပ်လုပ်ချင်တာမဟုတ်ဘူး ။
တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား တဲ့ ပေးထားတဲ့ နာမည်ကိုက xxx တယ် ငါ မပြောလိုက်ချင်ဘူး ဟွန်း ။ ပါးစပ်ကနေ အာချောင်မနေနဲ့ ဟဲ့ကောင် ၊ နင်သိပ်စွန့်စားချင်ရင် အခု ပြည်တွင်းစစ်ဖြစ်နေတယ် … သေနတ်မပစ်တတ်ရင်တောင် နင်သွားပြီး ကျည်ထမ်းလို့ရတယ် … ။
intro
March 1, 2011 at 2:30 pm
Great, Etone.
I have the same vision with you. Cheers! I like your comment also.
shwe
March 1, 2011 at 3:42 pm
တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား လို ဗဟုသုတပြည့်စုံ ပုံမျိုးနဲ့ တိုင်းပြည်ကြီး အရမ်းအရမ်းကု်တိုးတက်တော့မှာပဲ ။ အားအားယားယား ရေခဲတောင်တက်နေတာတွေ့လို.လား
နိူင်ငံခြား မှာအားယားနေလို့နေနေတယ် မထင်နဲ့ . တော်ကြာသူတို့ပြန်လာ လို့ အခွန်ဆောင်မဲ့လူမရှိရင် စစ်သားတို့ရတဲ့ လစာတွေ လျှော.နေမယ် ။
hello! everybody
March 1, 2011 at 7:27 am
အေးဗျာ၊မြန်မာပြည်မှာအလုပ်တွေအများကြီးရှိတယ်ဆိုလို့စာပေဟောပြောပွဲတခုမှာ အော်ပီကျယ်ပြောသွားတာလေးသတိရမိတယ်၊အမိနိုင်ငံမှာ ထမင်းငတ်ပြီးသေတဲ့လူ မရှိပါဘူးတဲ့၊ဒါပေသည့် ဟင်းငတ်(အဟာရပြတ်)ပြီးသေတဲ့မသာတော့ရှိပါတယ်တဲ့…
မျက်မှန်
March 1, 2011 at 8:18 am
@တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား
မြန်မာပြည်တွင် အလုပ်အကိုင်ပေါပါသည်။
အလွန့် အလွန်ပေါသည်။
ထမင်း တစ်နပ် တည်း အတွက် လူတစ်ဦးလျှင် အလုပ် လေးငါးခု တစ်ပြိုင်ထဲ အငမ်းမရ
အပြိုင်အဆိုင်လုပ်နိုင်ကြသည်အထိ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများကြွယ်ဝနိုင်
လွန်းချေသည်တမုံ့။
hello! everybody
March 1, 2011 at 8:19 am
ဒီပိုစ့်နဲ့တော့မဆိုင်ပါဘူး၊ကျနော် ခုတလော မြောက်ကိုရီးယားကိုခဏခဏရောက်ဖြစ်တယ်၊ တွေ့ရတာတခုကိုဥပမာပြပါဆိုရင်မြန်မာပြည်နဲ့တူတာဆိုလို့စစ်သားတွေများတယ်၊ မတူတာကိုပြောပါဆိုရင်တော့ဘုန်းကြီးတွေမတွေ့ဘူးလို့ဘဲပြောရမှာဘဲ၊ နောက်တခုကသူတို့တွေတော်တော်များများဟာအစားအသောက်ချို ့တဲ့ကြတယ်၊ဘယ်လောက်ထိချို ့တဲ့လည်းဆိုရင်ဆန်အိတ်တင်ထားတဲ့ကား ရပ် ထားတာတွေ့ရင်အချွန်တခုနဲ့ဖေါက်လိုက်တယ်၊ ကျလာတဲ့ဆန်ကိုနေရာမှာတင်စားပြီးတော့ခပ်တည်တည်ဘဲထွက်သွားတယ်၊ အဲဒီလောက်ထိဆိုးပါတယ်၊ကျနော်တောင်ကိုရီးယားမှာလည်းနှစ်အတော်ကြာနေခဲ့ဘူးပါတယ်၊ တောင်နဲ့မြောက်ကိုရီးယားဟာရေမြေသဘာဝလည်းတူတယ်၊ သွေးလည်းအတူတူပါဘဲ၊သူတို့ဘာကြောင့်အခုလိုကွာခြားသွားတယ်ဆိုတာရွာထဲမှာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ရှိရင် သုံးသပ်ပေးစေချင်တယ်ဗျာ…
kai
March 1, 2011 at 6:49 pm
ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်သုံးသပ်ပေးဆိုတော့.. သုံးသပ်ရင်ပဲ.. ကျွမ်းကျင်သလိုလိုဖြစ်တော့မပေါ့..။ 🙂
===
မြောက်ကိုရီးယားကို ကင်အီဆွန်းလက်ထက်.. မြန်မာပြည်မှာ ပြပွဲလာလာလုပ်ကတည်းက သတိထားမိဖူးပါတယ်..။
သူတို့ရေးတဲ့ စာအုပ်တွေထဲတော့ ပျံလန်နေတာပဲ..။
တကယ်ကဘယ်လိုကြီးလဲတော့ သိချင်သား..။
သူတို့မြို ့ထဲ..ဘယ်လိုကားတွေများ မောင်းနေသလဲ..။ ဂျပန်ကားလား..။ ကိုရီးယားကားလား..။ အမေရိက ကားလား..။ သူတို့တွေကိုယ်ပိုင်ထုတ်တဲ့ကားပဲလား..။
ပိ့စ်အသစ်တခုလောက်တင်လိုက်ပါလား..။
ဝိုင်းဆွေးနွေးကြည့်တာပေါ့..။
intro
March 1, 2011 at 2:25 pm
အစ်ကို့ပိုစ့်ကို ဖတ်ရတာ၊ ခံစားရပါတယ်ဗျာ… ကျွန်တော့်အစ်ကိုတစ်ယောက်လဲ ဒီလိုမျိုး ဒုက္ခတွေ ခါးစည်း ခံလာရတာပါ… ဒါတောင်မှ ကျွန်တော်တို့ လူမျိုးတွေက ပိုက်ဆံအကုန်ခံပြီး သွားကြရတယ်နော်… သွားလဲ သွားချင်ကြတယ်… ဘာဖြစ်လို့လဲ၊ ကျွန်တော့်အထင်ပြောရရင် မျှော်လင့်ချက် တစ်ခု အတွက်၊ မိသားစု ဘဝ ကောင်းစားရေးအတွက် ဆိုတာတွေ များပါတယ်… လူငယ်ပီပီစွန့်စားချင်ကြတာက တစ်ကြောင်းရယ်၊ ဒီနိုင်ငံမှာထက် သာတဲ့ ဝင်ငွေ အတွက်ရယ်၊ (ပိုက်ဆံချမ်းသာလို့ ကျောင်းသွားတတ်သူများကို မဆိုလိုပါ)၊ ပိုက်ဆံတွေများများရှာပြီး မိသားစုနဲ့တူတူ အေးအေးဆေးဆေး နေချင်ကြတဲ့ မျှော်လင့်ချက် တစ်ခု ကြောင့်…
shweminthar
March 1, 2011 at 3:10 pm
ဒီမှာ အဆင်ပြေ နေရင် ဒီမှာ ဘဲ နေမှာပေါ့။
ရွာမှာ အဆင်ပြေ နေရင် မြို့ တက်ပြီးတောင် အလုပ်လုပ်စရာ မလိုဘူး……..
nigimi77
March 1, 2011 at 8:35 pm
ပြည်ချစ်စစ်သားရေ။ လောလောဆယ် ငါ နဲ ့ ငါ့ ဆွေမျိုးတွေ အလုပ်မရှိလို ့ မင်းပြောတဲ့ အလုပ်အကိုင် အများကြီးဆိုတဲ့ဟာတွေ လမ်းညွှန်ပေးပါဦး။ ပွဲခတော့ ငါ့ လစာကနေ မဖြတ်နဲ ့ပေါ့ကွာ။
တကယ်တန်း မင်းပြောတဲ့ စကားက မှန်ပါတယ်။ အလုပ်အကိုင်တွေ တကယ်များပါတယ်။
ဥပမာ …. ဖာသယ် အလုပ်တွေပေါ့ကွာ။
ကဲကဲ …အစဉ်လိုက် ချရေးပြမယ်။
၁။ အရောင်းစာရေးမ အလိုရှိသည်။ ဘွဲ ့ရပြီးဖြစ်ရမည်။ အပျိုဖြစ်ရမည်။ ရုပ်ရည်ချောမောရမည်။ လုပ်ငန်း အတွေ ့အကြုံ ရှိရန်မလို။ လစာ ၄၀၀၀၀။ အခြားခံစားခွင့်များရှိသည်။
၂။ အမျိုးသား ယာဉ်မောင်း အလိုရှိသည်။ ဘွဲ ့ရပြီးဖြစ်ရမည်။ နေစားစာရိတ် တာဝန်မယူပါ။
၃။ အရောင်းမြှင့်တင်ရေး အမျိုးသမီး ဝန်ထမ်း အလိုရှိသည်။ ၁ဝ တန်းအောင်ရန် မလို။ ရုပ်ရည်လှပချောမောသူဖြစ်ရမည်။ ခရီးထွက်နိုင်သူ အပျို ဖြစ်ရမည်။ လုပ်ငန်း သဘာဝ အရ Customer နှင့်
သွက်လက်စွာ ဆက်ဆံနိုင်ရမည်။
ဒီတော့ကာ…..သတင်းစာမှာ ဒီလို မျိုးလေးများ တွေ ့ရမလားလို ့ ရှာနေပါတယ်။
@ တပ်ရင်းမှုး အလိုရှိသည်။ အတန်းပညာ မတတ်လျင်လည်း ပြသာနာမရှိပါ။ အညာသားဖြစ်ရမည်။
စစ်သား သားသမီးဖြစ်လျင် ပိုကောင်းသည်။ တပ်ရင်း တရင်းလုံးကို ထိန်းချုပ်နိုင်သော အရည်အချင်း
ရှိသည့် မိန်းမအား ယူပြီး ဖြစ်ရမည်။ ခိုးခြင်းမဟုတ်၊ ရိုသေလေးစားထိုက်သူအား ကန်တော့ခြင်းဟု
ခံယူနိုင်သည့်သူဖြစ်ရမည်။ ရုရှား၊ တရုပ်နှင့် မြောက်ကိုရီးယား လူမျိုးများအား လေးစားစွာ ဆက်ဆံ
နိုင်သူ ဖြစ်ရမည်။ စစ်ကား မမောင်းနှင်ဘူးသော်လည်း Land Cruiser မောင်းနှင်နိုင်သူဖြစ်ရမည်။
လုပ်ငန်းအား တာဝန်ယူ လုပ်ဆောင်သည့် အချိန်မှ စပြီး တစ်နှစ်အတွင်း သားသမီးများအား
ကြိုက်နှစ်သက်ရာ လုပ်ငန်း တည်ထောင်မှုနှင့် တကွ ကြိုက်နှစ်သက်ရာ ကားအမျိုးအစားများအား
လက်ညိုးထိုး စီးနိုင်စေသူ ဖြစ်ရမည်။
နေဦး ….နဲနဲ မောလို ့ မနက်ကျမှ ဆက်ပြေမယ်။
zoe
March 2, 2011 at 4:14 am
နိုင်ငံ ခြား ကိုရောက်ခါ စ ဒေသ ခံစကား နဲ့စာ မတတ် IDမရှိ ဆိုရင် အစတော့ အလုပ်ကြမ်း blue-collar အလုပ် ပဲ အရင်လုပ် ရမှာပဲ ။ ဒါတောင် အသက်အရွယ် နဲ့ လုပ်နိုင်မလုပ် နိုင်ကြည့်သေး တယ် ။ ဒီမှာ ဆောက်လုပ်ရေး မှာလုပ် ရင် တ နေ့ တထောင် အောက်ထစ်ရတယ် ။သူငယ်ချင်း ဖီလစ်ပိုင်မ ယောက်ကျား ID မယူပဲ ဒါ ပဲလုပ် တယ် ။ White-collar အလုပ်လုပ်ချင်ရင်တော့ ဒေသခံ စ ကားနဲ့စာ ကို ပိုင်နေမှ ဝင်တိုး နိုင်တယ် ။ ဒီလိုပဲ တဖြည်းဖြည်း နဲ့ပိုကောင်းတဲ့ အလုပ် ကိုယ်နဲ့အဆင်ပြေ မဲ့အလုပ်ကို ရှာလုပ်ရ တာပဲ ။
Tettoe Aung
March 2, 2011 at 8:39 am
This is evident that because of the mismanagement of the military government ordinary people in Burma have to seek work abroad. When I joined the foreign service I was told that in olden days those who join had to sign an undertaking that ‘if and when they were assigned overseas, they will have to take up that assignment.’ In those days life was good nobody needs to seek for a better life overseas. With incompetent government people from Burma are exploited by our neighbouring countries – Singapore being the first among equals. ASEAN is an organisation what Jeffery Archer called ‘Honour Among Thieves’. Burma don’t need ASEAN and if there is change in Burma (which I believe it will be soon) the first thing I would ask is ‘to get out of ASEAN’. ASEAN may need Burma but Burma don’t need them.
natthamee
March 2, 2011 at 8:52 am
မင်း အလုပ်လုပ်တာ Yangtze Marine မှာလား????
တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား
March 2, 2011 at 10:36 am
တိုင်းပြည်ဆင်းရဲရတဲ့အကြောင်းတွေထဲမှာ ခင်ဗျားတို ့လိုလူတွေကြောင့် လည်းပါပါတယ် တောင်ကိုရီးယားဆိုရင်ကြည့်
နိုင်ငံတော်ထူထောင်ဘို ့အားလုံးတက်ညီလက်ညီလုပ်ကြတာဘဲ ခုတော့ခင်ဗျားတို ့အားလုံး သာတဲ့ဘက်ကိုလိုက်ကြတယ် နိုင်ငံ့လူငယ်စွမ်းအားတွေပြည်ပကိုစီးဆင်းသွားတယ် ခင်ဗျားတို ့အားလုံးရဲ ့စွမ်းအားတွေ ပြည်တွင်းမှာသုံးကြည့်အမေရိကားကိုတော်ကျော်သွားနိုင်တယ်ခုတော့ခင်ဗျားတို ့ကဗမာဆန်ကိုစားလို ့လူဖြစ်လာပြီး နိုင်ငံခြားကိုစွတ်အထင်ကြီးတာကတော့ အမေကျော်ဒွေးတော်လွမ်းတဲ့သူတွေလို ့ဘဲကျုပ်ကဆိုရမှာဘဲ
ခုဆိုကျုပ်တို ့ကနယ်စပ်ဒေသမှာတာဝန်ကျနေတာ လူတွေအတော်များများပြည်ပကိုသွားကြတယ် ဒီလူငယ်တွေကို ခင်ဗျားတို ့လိုလူတွေကလမ်းပြတာဘဲခင်ဗျားတို့ဟာအဓိကတာဝန်ရှိပါတယ်
manawphyulay
March 2, 2011 at 12:47 pm
ကိုယ့်နိုင်ငံမှ ကျွန်ခံရတာက မစားနိုင် မသောက်နိုင်တော့ သူများနိုင်ငံ ကျွန်ခံခြင်းအဖြစ်တွေကို ရောက်ကုန်ကြရတာပေါ့။ ကျွန်ခံရတာခြင်းတူတူ နည်းနည်းလောက်ငအောင်စားနိုင်တဲ့နေရာမှာ ကျွန်သွားခံရတာက ကောင်းသေးတာပေါ့………. ပညာသင်ပြီး တတ်ရင်လည်း ပေးတဲ့လစာနဲ့မလောက်တော့ သူများနိုင်ငံတွေ ထွက်လုပ်ကြတော့ ဒီမှာက ပြည်ပ မသွားနိုင်တဲ့သူတွေ မတတ်သာလို့ လုပ်နေကြတာ များနေတယ်။
shwe
March 2, 2011 at 1:08 pm
် ” တောင်ကိုရီးယားဆိုရင်ကြည့်
နိုင်ငံတော်ထူထောင်ဘို ့အားလုံးတက်ညီလက်ညီလုပ်ကြတာဘဲ” ဆိုတဲ့ ကိုအဟွာ . တောင်ကိုရီးယားစစ်တပ်ကြောင်.တက်တာလို့ပြောချင်တာလား . တောင်ကိုရီးယားအုပ်ချုပ်သူရဲ့ စေတနာ က ကိုကျိုးမဖက်ဘူး . စာအရင်ဖတ် ပြီးမှလာပြော. ။
ပြောနေပုံက ဟိုနိုင်ငံကလူကြီးလိုပဲ . သိသိကြီးနဲ့ အရှုးချီးပန်း သွေးရုးသွေးတန်းပြောနေတာနဲ့တူတယ် .
nigimi77
March 2, 2011 at 7:54 pm
စစ်သားရေ။ နဲနဲ လိုလို ့ ထပ်ဖြည့်စွက်မယ်။
်”တောင်ကိုရီးယားဆိုရင်ကြည့်
နိုင်ငံတော်ထူထောင်ဘို ့အားလုံးတက်ညီလက်ညီလုပ်ကြတာဘဲ”
မှန်တဲ ့စကားပဲ။
ပြီးတော့ …သူတို ့အားလုံး တက်ညီ လက်ညီ လုပ်ကိုင်သလို ရည်ရွယ်ချက်လဲ ထားတယ်။
သူတို ့ရဲ ့သားသမီးတွေကို တိုးတက်ပြီး နိုင်ငံတွေကို ပို ့ပြီး ပညာသင်ခိုင်းတယ်။ ပညာသင်ပြီးနောက်မှာ
တိုင်းပြည်ကို ပြန်လာပြီး နိုင်ငံသား တာဝန်ကို ထမ်းဖို ့ ရိုက်သွင်းစရာ မလိုတဲ့ အသိစိတ်ဓါတ်ကို သူတို ့ရဲ ့နိုင်ငံသား ကျင့်ဝတ်နဲ ့ ပြည်သူ ့နီတိက ပေးထားတယ်။ နိုင်ငံရဲ ့ အစိုးရကလဲ ပံ့ပိုးပေးထားတယ်။
သူတို ့ဟာ နိုင်ငံချစ်စိတ်နဲ ့ မျိုးချစ်စိတ်ရှိသလို အတွေးအခေါ်ကွဲလွဲမှုကို လွတ်လပ်စွာ ကွဲလွဲကြတယ်။
အစိုးရရဲ ့ ပံ့ပိုးမှုမပါပဲ မင်းနေတဲ့ ရပ်ကွက်က လမ်းချိုင့်တွင်းကို ဖို ့ဘို ့တောင် မင်းရဲ ့ရပ်ကွက်သားတွေက လုပ်နိုင်တာမှမဟုတ်ပဲ။ ဒီတိုင်းထားတယ်။ အသိစိတ်ဓါတ်နဲ ့ အုတ်ခဲကျိုး ဖို ့ပေးရင် ဒဏ်ငွေရိုက်တယ်။
ဒါတွေက အသေးအဖွဲလေးတွေကို ပြောပြတာ။
မင်းလိုပဲ ငါလဲ စိတ်မျိုးရှိတာပေါ့။
ဒါပေမဲ့ကွာ…. မင်းလို ငါလို ကောင်မျိုးလေးတွေက လွင့်ပစ်ရလဲ အခက် စားရမှာလဲ သဲ တရှပ်ရှပ်နဲ ့ ဆိုတာမျိုးတွေပေါ့။
အားလုံးက မင်းထင်သလို မဟုတ်ဘူး။ နိုင်ငံသား စိတ်ဓါတ်နဲ ့ ပြည်သူ ့နီတိကို လွန်ခဲ့တဲ့ နှစ် အတော်ကြာကြာက စပြီး ရိုက်ချိုးထားလိုက်တာကြောင့်…..မင်း အိမ်မှာတော့ ခေတ်မှီ Electronic ပစ္စည်းတွေ အပြည့်နဲ ့ပေါ့……ဒါပေမဲ့ အဲဒါတွေ အတွက် ဒီနိုင်ငံမှာ လျှပ်စစ်မီး မရှိသေးဘူးကွ။
ရှူံးနိမ့်မှုများနဲ့.. လူ
March 2, 2011 at 8:45 pm
ကျွန်တော်ဒီ Post လေးကို တင်လိုက်ရတာက စလုံးရောက်ဖို့ ကျွန်တော်တို့တွေ သိန်း ၄ဝ လောက်အကုန်ခံသွားပြီးနောက်ပိုင်း မြန်မာပြည်မှာ ကျန်ခဲ့တဲ့သူများ နိုင်ငံခြားရောက်သူများရဲ့ဘဝအမှန်ကို သိစေ၊ မြင်စေချင်လို့ပါ။ ဘာလို့လဲဆိုတော့ နိုင်ငံခြားထွက်သွားတာနဲ့ ကျန်ရစ်သူ ဆွေမျိုးညာတကာများက ဟိုဟာဝယ်စရာရှိလို့၊ ဒီဟာလုပ်စရာရှိလို့၊ ..လို့၊ …လို့၊ ဆိုပြီး အကြောင်းပြချက်မျိုးစုံနဲ့ ငွေထုတ်တဲ့စက်ကြီးအလား ပိုက်ဆံတွေတောင်းကြလွန်းလို့ ကိုယ်ချင်းစာတတ်စေရန်၊ သိစေရန် ရည်ရွယ်ပါတယ်..။
Comment တွေဖတ်ကြည့်တဲ့အခါမှာ ကျွန်တော့်ရည်ရွယ်ရင်းကိုနားလည်တဲ့သူတွေ အတော်နည်းတာ သတိပြုမိပါတယ်။ သူများနိုင်ငံမှာ ကျွန်ခံတယ်လို့ ပြောတဲ့သူတွေကလဲ ပြောပါတယ်။ ကျွန်တော်တို့ဟာ ယခုခေတ်ကာလကြီးမှာ ကျွန်အတန်းအစားဆိုတာ မရှိတော့ပါဘူး၊ အလုပ်သမားတွေပါ။ ကိုယ့်မြေ၊ ကိုယ့်ရေမှာ ကိုယ်ပိုင်မိသားစုလေးနဲ့ အိုးမကွာ၊ အိမ်မကွာ လုပ်ကိုင်စားသောက်နေထိုင်ချင်သော်လည်း တစ်လ ၅သောင်းလစာမှ -ကားစရိတ် ၃၀၀၀ဝ – ထမင်းဖိုး ၃၀၀၀ဝ – ဟိုစရိတ်၊ ဒီစရိတ် -.. -.. များစွာနဲ့ ဘယ်လိုမှ လုပ်စားရန်မဖြစ်လို့ တိုင်းတစ်ပါးမှာ ကြီးပွားလေမလားရယ်လို့ စွန့်စားထွက်ခွာကြရသူတွေချည်းပါပဲ။ မြန်မာနိုင်ငံမှာ ဒီလောက်ခိုင်းပါ၊ လုပ်ပါ့မယ်၊ ဒီလောက်လစာလောက်ပေးပါဗျာဆိုရင် အလုပ်ခန့်မယ့်အလုပ်ရှင်ရှိရင်ပြောပါ။ မြန်မာပြည်က တစ်လက်မမှ မခွဲဘဲနေပါ့မယ်။
နောက်တစ်ခု… ဒေသ ခံစကား နဲ့စာ မတတ် IDမရှိ လို့ ရေးထားတာတွေ့ပါတယ်..
ကျွန်တော်တို့တွေ ပညာမတတ်၊ ID မရှိကောင်တွေမှ မဟုတ်တာ။ စလုံးကလူတွေထက်တောင် English စကားကို ပိုပြီးအထာကျအောင်ပြောတတ်တယ်၊ ဖြတ်ထိုးဉာဏ်ကောင်းတယ်ဆိုပြီး မြန်မာတွေ တော်တော်များများ နာမည်ကြီးကြပါတယ်။ ခက်တာက GTI လက်မှတ်ရှိနေရင်တော့ နေရာကောင်းတန်းရပါတယ်.. ဘာမှတတ်ရန်မလိုပါဘူး။ သူတို့က အဲဒီလက်မှတ်တစ်ခုပဲ မယ်မယ်ရရ အသိအမှတ်ပြုတာလား။ MOM မှာ Form ဖြည့်တော့ သူတို့က E လိုရေးထားတာ ဟိုဖတ်ဒီဖတ်လျှောက်ဖတ်ကြည့်တော့ .. လား လား… ဘွဲ့ရတွေအကုန်လုံးက မူလတန်းအောင်တွေချည်းပဲဖြစ်ကုန်ပါလား။ Company ကဖြည့်ပေးထားတာများပြောပါတယ်။
ပြီးတော့ တိုင်းတစ်ပါးထွက်လို့ အရင်းပြုလာရတာလေးတွေ ပြောရမယ်ဆိုရင် အရင်ဆုံးငွေကြေး၊ နောက် Dignity (စာလုံးဆင့်မရလို့ခွင့်လွှတ်ပါ)၊ ချစ်ခင်ရသူတွေ၊ အချိန်တွေ၊….
ကျွန်တော့်ကိုယ်တွေ့အရဆိုရင် အားလုံးဆုံးရှူံးခဲ့ရပါတယ်.. ပြန်လာတော့ ကိုယ့်ဆီမှာ ဘာမှမရှိတော့ပါဘူး။ ချစ်ကြင်သူကလဲ တစ်ပါးသူဆီမှာ၊ ငွေကြေးလဲကုန်တယ်၊ ဘာဆိုဘာမှ မရှိတော့ပါဘူး… သို့သော်လည်း ခုတိုင်အောင် ကျွန်တော်ဟာတိုင်းတစ်ပါးမှာ ဆက်လက်လုပ်ကိုင်နေရဆဲပါ။
“အမေကျော် ဒွေးတော်လွမ်းတာ”တော့မဟုတ်ပါဘူး
“ငါ့ဝမ်းပူဆာ မနေသာတာကြောင့်” လို့ပဲ ပြန်တုန့်ပြန်ခဲ့ပါရစေ
ရည်ရွယ်လိုရင်းကို သဘောပေါက်နားလည်နိုင်ကြပါစေ…
မျက်မှန်
March 3, 2011 at 12:44 am
@ရှူံးနိမ့်မှုများနဲ့.. လူ
ဒက်ထိပဲ။
မျက်မှန်
March 3, 2011 at 1:02 am
@တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား
တော်ချက်။ ဒါကြောင့်လဲ တိုင်းပြည်က ဆီသည်မ လက်သုတ် ဖြစ်နေတာ။
onlinezz
March 3, 2011 at 8:26 am
ရှုံးနိမ့်မှုများနဲ ့လူ ပြောသလိုပဲ အိမ်မှာ ကျန်နေတဲ့ လူတွေ စာနာပေးရင်ကောင်းမယ်နော် ။ နိုင်ငံခြားရောက်ပြီ ဆိုတာနဲ ့လက်ဖျားငွေသီးနေပြီ ထင်တဲ့ အယူအဆစွန့် ့လွှတ်ရင်ကောင်းမယ် ။ဘဝဆိုတာဒီလိုပါပဲ ။ ရုန်းကန်ရင်း ကြိုးစားရင်းနဲ ့ပဲ တနေ ့အောင်မြင်မှာပေါ့။