Venetian, Macau

ဆူးMarch 3, 20112min1084


ကစားဝိုင်းတွေ နဲ့ တမြို့လုံး မီးတွေ ထိန်ထိန်ငြီးနေတဲ့ မြို့မှာ နာမည်ကြီးတဲ့ casino & resort တခုပါဘဲ။
Boys Over Flowers “F4” လို့ နာမည်ရှိတဲ့ ကိုရီးယား ဇတ်ကားလည်း ထိုနေရာမှာ ရိုက်ကွင်းတချို့ ရိုက်ခဲ့ပါတယ်။


အဝင် ဆိုင်းဘုတ် ဖြစ်ပါတယ်။ အတွင်းရောက်သွားရင်တော့ ကမာ္ဘတခုကို ရောက်သွားသလို ဖြစ်အောင် ပြုပြင် ဖန်တီးထားတာ တော်တော် ကောင်းပါတယ်။



အတွင်းကို ဝင်တဲ့ လမ်းဖြစ်ပါတယ်။


ငွေနဲ့ တုံကင် လဲပြီး ကစားနိုင်ပါတယ်။


လာကစားမဲ့ လူတွေကို မျှော်နေပါတယ်။

ကင်မရာတွေကတော့ နေရာ အပြည့် မလွတ်တမ်းကို တပ်ထားပါတယ်။ ဝိုင်းတဝိုင်းကို ဒေါင့်ပေါင်းစုံကနေ ရိုက်ထားပါတယ် တခုခု ဆိုရင် အစောင့်တွေက လာဆွဲခေါ်သွားပါတယ်။

အထဲကို အသက် ၁၈နှစ်ပြည့်ပြီး သူမှ ဝင်ခွင့်ရှိပါတယ်။ လူကောင်ထွားတဲ့ ကောင်လေးတွေ ဝင်သွားရင်လည်း သိကြပါတယ်။ နိုင်ငံကူး လက်မှတ် စာအုပ်တောင်း ကြည့်တာမျိုး စသဖြင့် တင်းတင်းကျပ်ကျပ် လုပ်ထားတာတွေ့ပါတယ်။

အမျိုးသမီးကိုတော့ အဝတ်အစား မကန့်သတ်ထားပါဘူး။ အရမ်းစုပ်ပြတ်နေရင်တော့ ဝင်ခွင့်ရချင်မှ ရမယ် ဒါတော့ မပြောတတ်ဘူး။ အမျိုးသားတွေ ဆိုရင်တော့ ဘောင်းဘီ အရှည် ဘွတ်ရှူးဖိနပ် စသဖြင့် ဝတ်မှ ဝင်ခွင့်ရပါတယ်။ လောင်းကစားဝိုင်းမှာ ထိုင်ရာ မထ ကစားနိုင်အောင် အတွင်းဘက်မှာ ကောင်မလေးတွေ ကောင်လေးတွေက အအေးခွက်တွေ သောက်ရေသန့်ဘူးတွေ ဗန်း လေးထဲ ထည့်ပြီးတော့ အလကား လိုက်တိုက်ပါတယ်။ တကယ်လို့ ကစားရင်းနဲ့ အရှိန်တက်နေလို့ မထ တမ်း ကစားချင်သပါ့ ဆိုလည်း စားချင်တာ မှာစားလို့ရပါတယ် အလကားကျွေးပါတယ်။
ဒေသခံ တယောက် ပြောတာ တခုတော့ ကြားဖူးတယ်။ လူငယ် တယောက် လောင်းကစားဝိုင်းမှာ ရှုံးလို့ စိတ်ညစ်ညစ် နဲ့ အထပ် ၄ဝ မြင့်တဲ့ ဟိုတယ် အပေါ်ထပ်ကနေ ခုန်ချသွားတယ်လို့ ပြောပြတယ်။ နောက်ပြီး လူကြီး တယောက် ၄ရက် တိတိ မထတမ်း ထိုင်ကစားရင်းနဲ့ ဘုန်းကနဲ လဲပြီး နှလုံးရပ်ပြီး သေသွားတယ်လို့ ပြောပြတယ် အဲဒါတွေကတော့ လောင်းကစားဝိုင်းတွေ မှာဖြစ်တဲ့ ကိစ္စ ဆိုတော့ ဘယ် ကစားဝိုင်းတွေမှာ ဖြစ်လဲတော့ မသိပါဘူး။
အမျိုးသားတွေ အများစုက ရောက်ရင် သွားပြီး လောင်းကြတဲ့ အခါ အမျိုးသမီးတွေ စိတ်မဝင်စားဘဲ ပျင်းနေရင် ဆက်မကစားဖို့ နားပူပြီး မကစားဘဲ ထသွားတာမျိုး မဖြစ်ရလေအောင် အမျိုးသမီးတွေ အတွက် ဆွဲဆောင်မှုတွေ ပြုလုပ်ထားပါသေးတယ်။


ရေလေးတွေ ချောင်းပုံစံမျိုး ပြုလုပ်ထားပြီး အလကား စီးလို့ရပါတယ်။ လှေစီးတဲ့ အချိန်မှာ လှေလှော်တဲ့ လူ အမျိုးသား သို့ မဟုတ် အမျိုးသမီးက ရိုးရာ သီချင်း ဆိုပါတယ်။

ပုံထဲမှာ မြင်ရတဲ့ ကောင်းကင်က သဘာဝကို အတု လုပ်ထားတဲ့ တိမ်တွေ နဲ့ သာယာနေတဲ့ပုံ ပန်ချီဆွဲထားတာ ဖြစ်ပါတယ်။ ပန်းချီဆွဲထားတာကို အလင်းရောင် မီးစလိုက်တွေ ထွန်းထားလိုက်တော့ အလွန်လှပါ့တဲ့ တိမ်တွေ ပုံ ဖြစ်သွားပါတယ်။

ဆိုင်ခန်းတွေ ဖြစ်ပါတယ် နာမည်ရ တံဆိပ်တွေ ရောင်းတဲ့ ဆိုင်ခန်းတွေ ဖြစ်ပါတယ် ပစ္စည်းဈေးတွေကတော့ လန်ထွက်နေတာဘဲ။ သူဈေးနဲ့ သူ တန်တယ် ထင်လို့ ဝယ်တဲ့ လူတွေ လည်း အများကြီးပါဘဲ။
တချို့ကတော့ ကစားဝိုင်းမှာ သွားလောင်းလို့ နိုင်လာတဲ့ ပိုက်ဆံတွေကို အဲဒီက ဆိုင်ခန်းတွေမှာ ဝယ်ပြီး ပြန်သုံးတဲ့ သဘောမျိုးပါဘဲ။ ဆိုင်ခန်းတွေကတော့ အဝတ်အထည် ဖိနပ် မုန့်ဆိုင် စသဖြင့် တော်တော် ကို စုံစုံ လင်လင် ရှိပါတယ်။ အကုန်လုံး မိုးလုံ လေလုံ အဆောက်အအုံထဲမှာ ဖြစ်ပါတယ်။



မျက်နှာကျက် တချို့က ထိုကဲ့သို့ ပန်ချီတွေ ဆွဲထားပါတာ တော်တော် လှပါတယ်။


ကစားဝိုင်းတွေရှိတဲ့ အောက်ဘက်ကို ဆင်းတဲ့လမ်းကလေး ဖြစ်ပါတယ်။ ဆိုင်ခန်းတွေကတော့ အပေါ်ထပ်မှာ ဖြစ်ပါတယ်။


ဓါတ်ပုံ အလှ ရိုက်မယ် ဆိုရင်လည်း ဓါတ်ပုံ တွဲရိုက်ခံမဲ့ လူသား အရုပ် ဟန်ဆောင်တဲ့ လူတွေ ရှိပါတယ်။ လူတွေ များရင်တော့ တန်းစီရပါတယ်။

နေ့ အလင်းရောင် လုံးဝ မမြင်ရဘဲ မိုးမချုပ်တဲ့ ကမာ္ဘကြီး လို ဖြစ်နေပါတယ်။

4 comments

  • unclegyi1974

    March 3, 2011 at 4:38 pm

    မကာအိုကစားဝိုင်းကနာမည်ကျော်ပဲလေ
    ကစားလို့ရှုံးတာခုံချတာနဲ့မသေလောက်ဖူးနော်
    အမြင့်ကခုန်ချမှသေမှာဆုူးရဲ့

  • ဆူး

    March 3, 2011 at 5:13 pm

    မွားသွားလို့.. အခု ပြင်လိုက်မယ် အန်ကယ်ကြီးရေ.. ကျေးဇူးဘဲ..

  • bigbird

    March 4, 2011 at 5:13 am

    “လောင်းကစား လုပ်သူသည်
    နိုင်နေသမျှ မည်သောအခါမျှ မရပ်။
    ရှုံးပြန်လျှင် လည်း ပြန်မဲသည်။
    နောက်ဆုံး ထပ်ရှုံးစရာ မရှိတော့မှ
    ထိုနေ့ အဘို့ရပ်သွားသည်။
    နောက်ထပ် ငွေလည်း ရလာလျှင် ပြန်လာသည်။
    ဤသံသရာကို ထပ်ပြန် တစ်လဲလဲ လုပ်ခြင်းဖြင့်
    လောင်းကစားသမားတို့သည် အဆုံးသတ်တွင်
    မိမိတို့၏ ငွေကို လောင်းကစားရုံ တွင်
    ပေးရခြင်းဖြင့်သာ အဆုံးသတ်ပါ၏။”

    ( လူမိုက် နှင့် ငွေ အတူမနေ )

Leave a Reply