သံဝေဂ

bigbirdMarch 4, 20111min2107

နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊

အိုမင်းနောက်ဆုံး ရှိချေ၏။

ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊

ယိုယွင်းနောက်ဆုံး ရှိချေ၏။

ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊

သေခြင်းနောက်ဆုံး ရှိချေ၏။

ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊

ကွေကွင်းနောက်ဆုံး ရှိချေ၏။

တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊

လျှောကျနောက်ဆုံး ရှိချေ၏။

ခုံမင်ခယ၊ ချစ်သမျှကား၊

သောကနောက်ဆုံး ရှိချေ၏။

ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊

ရှုတ်ချနောက်ဆုံး ရှိချေ၏။

ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊

ဒုက္ခနောက်ဆုံး ရှိချေ၏။

လယ်တီဆရာတော်ဘုရားကြီး

ဓမ္မစကား နေ့တိုင်းကြားက

စိတ်ထားဖွေးလက် သိဉာဏ်တက်၏။

ရုပ်နာမ်ဓမ္မသင်္ခါရတို့​

ကိုယ်ကဤပုံဖြစ်လိုတုန်လည်း

တစ်ဖုံဆင်ကွဲသူတနဲဖြင့်

ဖောက်လွဲတက်စွာ ဓမ္မတာကို

ပညာစက္ခုမျှော်ထောက်ရုု့၍

ယခုကပင်လျှင် မအိုခင်က

ယခုကပင်လျှင် မနာခင်က

ယခုကပင်လျှင် မသေခင်က

ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။

(ကျေးဇူးရှင် မင်းကွန်းဆရာတော်)

7 comments

  • mihninlay

    March 4, 2011 at 6:52 am

    အများကြီးကျေးဇူးတင်ပါတယ်ကိုငှက်ကြီး

  • etone

    March 4, 2011 at 8:33 am

    အရ ိုးက မတူတူအောင် ဆေးနီတွေသုတ်ထားသေးတယ် …
    သံဝေဂမရပဲ ကြောက်တတ်တဲ့လူဆိုရင် လဲသေလိမ့်မယ် 😀

  • white

    March 4, 2011 at 8:38 am

    လူတိုင်းသေရမှာဘဲ ဆိုတာ သိပါတယ် ဒါပေမဲ့ သေဘို့ကိစ္စကိုတော့ ကိုယ်နဲ့မဆိုင်သလို မေ့ထားမိတယ် ငါချက်ချင်းတော့ မသေနိုင်သေးဘူးလို့လဲ လျှော့တွေးမိတယ်
    ပုံကိုမြင်လိုက်တော့ နည်းနည်း နိုးနိုးကြားကြားဖြစ်သွားတယ် ဘယ်တော့ပြန်သွေးအေးသွားမလဲတော့မသိဘူး

    ကျေးဇူးတင်ပါတယ်

  • ဆူး

    March 4, 2011 at 2:03 pm

    အရုပ်ကြီး ဘဲ မဟုတ်လား။ အနားသားတွေ နေရာက မသေသပ်ဘူး။

  • char too lan

    March 5, 2011 at 6:20 am

    “နေရတဲ့ရက်တွေများနေလို ့
    သေရမယ့်တစ်ရက်ကို
    မေ့နေကြတယ်….”
    (ဆရာတော်တပါးပြောထာတဲ့ ဆောင်ပုဒ်လေး အိမ်မှာချိတ်ထားတာရှိတယ် အမြဲလဲ စိတ်ထဲစွဲနေတယ်)

  • kai

    March 5, 2011 at 8:01 am

    သင်သေသွားသော်

    ဪ လူ့ပြည်လောက၊ လူ့ဘဝကား
    အိုရနာရ၊ သေရဦးမည်
    မှန်ပေသည်တည့်။

    သို့ တပြီးသား၊ သင်သေသွားသော်
    သင် ဖွားသောမြေ၊ သင်တို့မြေသည်
    အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

    သင်၏အမျိုးသား၊ စာစကားလည်း
    ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

    သင်ဦးချ၍၊ အမျှဝေရာ
    စေတီသာနှင့် သစ္စာအရောင်
    ဉာဏ်တန်ဆောင်လည်း
    ပြောင်လျက် ဝင်းလျက်
    ကျန်စေသတည်း။

    ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅)

  • ogre

    March 5, 2011 at 10:58 am

    သေမဲ့ရက်ကိုထမင်းစားပြီးစောင့်နေကြတာပါပဲ

Leave a Reply