အာဇာနည်နေ့ ဆိုသည်မှာ …

စေနMarch 4, 20111min1115

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံမခံရမီ အချိန်ကာလတခု ကပင် ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့” အဖြစ် သတ်မှတ် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်က ရေးသားဖော်ပြသည်။

(From: Snap Shot)

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့သည် ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သော အဆိုပါ အာဇာနည်နေ့ နှစ်ပတ်လည် နေ့ရက်တွင် တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံခံခဲ့ကြရသည်ဟု အထက်ပါ ရေးသားချက် အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသောနေ့နှင့် ကံအားလျော်စွာ တိုက်ဆိုင်သွားသော အဆိုပါ ရှိနှင့်ပြီး အာဇာနည်နေ့သည် မည်သည့်အတွက်ကြောင့် ဖြစ်ထွန်းပေါ်ပေါက် လာရကြောင်းကိုမူ ဖော်ပြပါ ဂျာနယ်က ရှင်းလင်းမှု မပြုပေ။

အာဇာနည်နေ့သည် အာဇာနည်ဆိုသူ၏ မွေးနေ့ဖြစ်ပြီး၊ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံခံခဲ့ရခြင်း ဖြစ်ကြောင်း မူလတန်း ကျောင်းသားတဦးက ရေခဲမုန့်စားရင်း ရှင်းပြသွားသည်။

From : http://www.burmastrangenews.com

ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ(ငြိမ်း)နှင့် တွေ့ဆုံခြင်း အပိုင်း(၇)

လျှပ်တစ်ပြက် ဂျာနယ်

 

5 comments

  • bigbird

    March 4, 2011 at 5:35 am

    သမိုုင်းကို ပြောင်းပြန်လုပ်ပြန်ပြီးနဲ ့တူတယ်။ လူငယ်တွေ ထင်ယောင်ထင်မှား
    ဖြစ်ကုန်အုံးမယ်၊ ကြည့်လုပ်ဗျို ့

  • moethidasoe

    March 4, 2011 at 5:52 am

    ဟုတ်မှလဲ လုပ်ကြပါ .. သွားလေသူ ဗိုလ်ချုပ်ကို နာမည်ဖျက်ဖို့ ကြိုးစားကြတာလေလားကွယ်

  • phantom

    March 4, 2011 at 6:38 am

    ကြည့်လဲ လုပ်ကြဦး အာဇာနည်နေ့ကို ပျောက်အောင် လုပ်နေကြပြန်ပြီ

  • antimoe

    March 4, 2011 at 9:31 am

    ရွှေဉာဏ်တော်..စူးရောက်ပြီး..ဘာတွေကြံစည်နေတာလဲ…။
    ဇူလိုင်၁၉မှာ..မွေးတဲ့လူ..အများကြီးရှိနိုင်ပါတယ်။
    နံမယ်ကလည်း အာဇာနီ..ဖြစ်နိုင်ပါတယ်။
    ဇူလိုင်၁၉မှာ…သေတဲ့လူလည်း..အများကြီးရှိနိုင်ပါတယ်။
    နိုင်ငံတော်အတွက်..အသက်စွန့်ရဲတဲ့….အာဇာနည်ဆိုတာနဲ့..အနှစ်သာရ..မတူရေးချမတူပါ။

  • လင်းငယ်

    March 4, 2011 at 11:19 am

    ဒါက ဖြစ်တတ်ပါတယ်။ ခင်ဗျားတို့လည်း နိုင်ငံအတွင်းမှာ ရေးချင်တာတွေ ရေးလို့ မရလို့ ဒီရွာထဲကို ပုန်းပြီး လာရေးနေကြတာလေ။ သတင်းစာ၊ ဂျာနယ်သမားတွေလည်း သူတို့က အသက်မွေးဝမ်းကြောင်းအတွက် ရေးနေကြတာလေ။ ကျွန်တော်တို့လို ရေးချင်လို့ ရေးနေကြတာမှ မဟုတ်တာ။ ခွင့်လွှတ်လိုက်ပါ။ လွတ်လပ်ခွင့် ရှိတဲ့ တစ်နေ့ကို အိပ်မက် မက်ကြတာပေါ့။

Leave a Reply