စေနMarch 4, 20111min1135
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံမခံရမီ အချိန်ကာလတခု ကပင် ဇူလိုင်လ ၁၉ ရက်ကို “အာဇာနည်နေ့” အဖြစ် သတ်မှတ် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ် တစောင်က ရေးသားဖော်ပြသည်။ (From: Snap Shot) ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့သည် ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သော အဆိုပါ အာဇာနည်နေ့ နှစ်ပတ်လည် နေ့ရက်တွင် တိုက်တိုက်ဆိုင်ဆိုင် လုပ်ကြံခံခဲ့ကြရသည်ဟု အထက်ပါ ရေးသားချက် အရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရသောနေ့နှင့် ကံအားလျော်စွာ တိုက်ဆိုင်သွားသော အဆိုပါ ရှိနှင့်ပြီး အာဇာနည်နေ့သည် မည်သည့်အတွက်ကြောင့် ဖြစ်ထွန်းပေါ်ပေါက် လာရကြောင်းကိုမူ […]