“B” ကြိုက်လား “M” ကြိုက်လား
နိုင်ငံ တစ်နိုင်ငံ မှာ ရှိတဲ့ နိုင်ငံသားတွေဟာ သူတို ့ နိုင်ငံရဲ ့ တရားဝင်ခေါ်ဝေါ်သည့် နိုင်ငံ အမည် အပေါ် ခံစားချက် မည်သို ့ရှိသည်ကို
လေ့လာကြည့်ကြပါမည်။ ရေးသားသည့် အကြောင်းအရာ အထဲတွင် ပါဝင်သည့် ခံစားချက် အဓိပါယ် အား လေ့လာ သုံးသပ် ဝေဖန်စေလိုပါသည်။
ပြီးနောက်တွင် ကျွန်တော်တို ့ နိုင်ငံ၏ အမည်အား Burma မှ Myanmar သို ့ ပြောင်းလဲခြင်း၊ ရကောက် အသံပါဝင်(ယပလက် အသံမဟုတ်ပါ) သော
Rangoon အား Yangon သို ့ ပြောင်းလဲ ခေါ်ဝေါ်ခြင်း အပြင် နိုင်ငံတော် အလံအား ပြောင်းလဲခြင်း အပေါ် ရွာသားများ မည်ကဲ့သို ့သော ခံစားချက်
ရှိသည် ဆိုသည်အား သိလိုရင်း ဖြစ်ပါသည်။ အမည်နာမ ပြောင်းလဲခြင်းသည် ဘာမှ မဟုတ်သည့် ကိစ္စဟု ယူဆနိုင်သော်လည်း မိမိ၏ မွေးကတည်းက
အမည်အား ပြောင်းလဲ ခေါ်ဝေါ်ရာတွင်ပင် အလွန် စိတ်ကသိကအောက် ဖြစ်စေကြောင်း စာဖတ်သူတို ့ သိရှိမည်ဖြစ်ပါသည်။
မေး ။ Corea ?? Korea ??
ဒီ နှစ်ခု အထဲမှာ ကျွန်တော် ကြားတာကတော့ Korea လို ့ ထင်ပါတယ်။
Korea က မှန်ပါသလား ? Corea က မှန်ပါသလား ?
အကြောင်းရင်းပါ ရေးသား ဖော်ပြပေးပါ။
နောက်ပြီးတော့ Corea ဆိုတာ ဘယ်ကနေ ပေါ်ပေါက်လာတာလဲဆိုတာဖြေကြားပေးပါ။
ဖြေ (၁) ။ မူလက ကိုရီးယားဟာ Corea ဖြစ်ပါတယ်။ ဂိုရယော ခေတ်တွင် ဖြစ်ပေါ်လာသော အမည်ဖြစ်ပါသည်။
သို ့သော် ဂျပန်ခေတ်ရောက်သော အခါ နီဟွန်း (Japan) တို ့သည် Japan ၏ “J” စာလုံး၏ နေရာသည် ကိုရီးယား၏
“C” စာလုံးနေရာထက် အနောက်ကို ရောနေသည် ဆိုပြီး “J” ၏ အနောက် နေရာ “K” (Korea) အဖြစ်သို ့ပြောင်းလဲ ပြစ်လိုက်ပါသည်။
ထို ့နောက်တွင်တော့ ကျွန်တော်တို ့ နိုင်ငံ၏ တရားဝင် အမည်သည် Korea အဖြစ်သို ့ရောက်ရှိသွားခဲ့ပါသည်။
ဖြေ (၂) ။ ကျွန်တော် သိထားသလောက်တော့ မူလက ဂိုရယော ခေတ်မှာ ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ကုန်သည်တွေဟာ
ခိုရယော…ခိုရယော လို ့ ခေါ်ရင်း ခေါ်ရင်းနဲ ့ Corea အနေနဲ ့ စာလုံးပေါင်း နှုတ်ကျိုးသွားပါတယ်။
ဂျပန်ခေတ်မှာ အိုလမ်ပစ်ပွဲ ကျင်းပတော့ ကျွန်တော်တို ့နိုင်ငံလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ကျွန်တော်တို ့နိုင်ငံ စာလုံးပေါင်း က “C” နဲ ့ စတာဆိုတော့ Japan ရဲ ့ “J” စာလုံးပေါင်း အရှေ ့မှာ မဟုတ်ဘူးလား။
ဒါကြောင့်မို ့ အသံထွက် ခပ်ဆင်ဆင်ဖြစ်တဲ့ “K” နဲ ့ပေါင်းပြီး Korea ဆိုပြီး သူတို ့ရဲ ့ အနောက်မှာ ရှိစေခဲ့ပါတယ်။
တဖန်၊ ဒါဟာလဲ ဂျပန်တွေက ကိုယ့်သဘောနဲ ့ကိုယ် ပြောင်းပြစ်လိုက်တာဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းအောင်ပဲ လက်ရှိမှာ Korea အနေနဲ ့ပဲ ခေါက်ရိုးကျိုးသွားပါတော့တယ်။
ဖြေ (၃) ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို ့ ဒီအချက်နဲ ့ ပတ်သပ်ပြီး အထွန် ့တက်ဖို ့ မဖြစ်နိုင်ပါ။
သက်သေ အထောက် အထားရှိနေခဲ့ရင်တောင်မှ လုပ်ကြံပြောဆိုထားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တချိန်ချိန်ကြရင်တော့ Time Machine ကြီး တည်ဆောက်ပြီး အတိတ်ကာလကို ပြန်သွားရင်တော့
တကယ့် အမှန်ကို သိနိုင်ကောင်းပါလိမ့်မယ်။ အခုအတိုင်း အရတော့ ခိုင်မာတဲ့ အဖြေကို မရရှိနိုင်ပါ။
စိတ်နာပေမဲ့လည်း ဆဲဆိုခြင်း မပြုစေချင်ပါ။ ကျွန်တော့် အတွေးအခေါ် မှားယွင်းတာလဲ ဖြစ်နိုင်ပါတယ်။
ရွာသားတွေက ဘယ်လိုမြင်ပါသလဲ ? ကျွန်တော်တို ့နိုင်ငံကို…..။
15 comments
kai
March 5, 2011 at 9:17 am
ကျုပ်အနေနဲ့ကတော့ ..တိုင်းပြည်နာမယ်ကိစ္စ..သိပ်ပြီး အငြင်းအခုံမလုပ်ချင်တော့ပါဘူး..။
ဘာလို့လည်းဆိုတော ့.. ဒီလိုနာမယ်တခါပြောင်းရင် ..တိုင်းပြည်ဘဏ္ဍာငွေ သိန်း၊သန်း၊ကုဋေချီ အလဟဿဖြစ်တာမို ့ပါ..။ ငွေစက္ကူကနေစပြီး.. ရုံးသုံးစာရွက်ကလေးအထိ ..အကုန်ပြန်ပြင်လုပ်ရတာကိုး..။
ဒါတောင်.. တခြားနိုင်ငံတွေရဲ့ သင်ရိုးညွှန်းတန်းတွေ ရုံးစာတွေ ပြန်ပြင်ရိုက်ရတဲ့ ကုန်ကျစရိတ်တွေ ထည့်မတွက်သေးပါဘူး..။
ဒီတော့ .. Burma ပြန်ပြောင်းမဟေ့ဆိုရင်.. ငွေတွေအများကြီးထပ်ကုန်ဦးမှာပါပဲ..။
အဲဒီငွေတွေ .. နယ်စပ်ကအမှိုက်ပုံတွေမှာ ကောက်စား-နေထိုင်နေတဲ့ကလေးတွေ.. ပြည်တွင်းစစ်ကြောင့်မိဘမဲ့ဖြစ်နေတဲ့ ကလေးတွေကို ကူညီထောက်ပံ့လိုက်ချင်တာပါပဲ..။
ပြင်ချင်းပြင်ရင်.. ပေါက်တတ်ကရဖြစ်နေသေးတဲ့.. တိုင်းပြည်နဲ့လူမျိုး အမည်တူနေတာကို သတ်သတ်မှတ်မှတ် တခုခုဖြစ်စေချင်တာပါ..။
အဲဒီအတွက် .. အောက်မှာ ..စာရင်းလုပ်ပြထားတယ်..။ တိုင်းပြည်နဲ့လူမျိုး အမည်တူတဲ့ နိုင်ငံ ဒီကမ္ဘာမှာမရှိဘူး..။
အဲဒီတော့ .. နိုင်ငံတကာက ..မြန်မာလူမျိုးတွေကို .. ခေါ်ချင်သလိုခေါ်နေကြတော့တာပဲ..။
-n type
Korea – Korean
Zimbabwe – Zimbabwean
Kenya – Kenyan
Rwanda – Rwandan
Venezuela – Venezuelan
Bolivia – Bolivian
Cuba – Cuban
Nicaragua – Nicaraguan
Chile – Chilean
Sri Lanka – Sri Lankan
-ian type
Norway – Norwegian
Iran – Iranian
Chad – Chadian
Egypt – Egyptian
Palestine – Palestinian
Jordan – Jordanian
Peru – Peruvian
Brazil – Brazilian
-i type
Nepal – Nepali
Yemen – Yemeni
Iraq – Iraqi
Israel – Israeli
-ese type
Sudan – Sudanese
Congo – Congolese
Japan – Japanese
China – Chinese
-ish type
Poland – Polish
England – English
Sweden – Swedish
Finland – Finnish
Irregular type
France – French
Germany – German
Thailand – Thai
Greece – Greek
Mexico Mexican(s)
Micronesia, Federated States of Micronesian(s)
Moldova Moldovan(s)
Mongolia Mongolian(s)
Morocco Moroccan(s)
Mozambique Mozambican(s)
Myanmar Myanmar
Namibia Namibian(s)
Nepal Nepalese (sing./plu.)
Netherlands the Dutch, Netherlander(s)
New Zealand New Zealander(s)
Nicaragua Nicaraguan(s)
Niger Nigerien(s)
Nigeria Nigerian(s)
Norway Norwegian(s)
Oman Omani(s)
Pakistan Pakistani(s)
Palau Palauan(s)
Panama Panamanian(s)
Papua New Guinea Papua New Guinean(s)
Paraguay Paraguayan(s)
Peru Peruvian(s)
Philippines Filipino(s)
Poland Pole(s)
Portugal Portuguese (sing./plu.)
Qatar Qatari(s)
Romania Romanian(s)
Russian Federation Russian(s)
Rwanda Rwandese (sing./plu.)
Samoa Samoan(s)
San Marino Sammarinese (sing./plu.)
São Tomé and Príncipe Saotomean(s)
Saudi Arabia Saudi Arabian(s)
Senegal Senegalese (sing./plu.)
Serbia and Montenegro
Seychelles Seychellois (sing./plu.)
Sierra Leone Sierra Leonean(s)
Singapore Singaporean(s)
==
အင်္ဂလိပ်လို ကျွမ်းတဲ့ မြန်မာတွေ အောက်ကစာကို အင်္ဂလိပ်လို ပြန်ပေးပါဦးနော..။
အမေရိကားတွင်အနေကြာနေသော အမေရိကန်-မြန်မာတယောက် မြန်မာပြည်ပြန်၍ မြန်မာသူငယ်ချင်းများနှင့် မြန်မာလိုပြောကြသောအခါ မြန်မာစကားကို မြန်မာလို ကောင်းကောင်းပြောနိုင်သော်လည်း မြန်မာစာကိုမူ မြန်မာသတ်ပုံမှန်အောင် မရေးတတ်တော့ပါ..။
snake
March 5, 2011 at 1:35 pm
မြန်မာဆိုတာ တိုင်းရင်းသားတွေအားလုံးကို စုပေါင်းပြီးယေဘူယအားဖြင့် ခေါ်တာပါ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့လူမျိုးကြီးတွေအပြင် အခြားမျိုးနွယ်စု လူမျိုးတွေလဲရှိကြပါသေးတယ်။
cherrykoko
March 5, 2011 at 9:55 am
အသွင်သဏ္ဍာန်ထက် အနှစ်သာရကပိုအရေးကြီးတယ်ထင်တာပါပဲ…..အရောင်တွေနာမည်တွေထက်..တိုင်းပြည်အတွက်အကျိုးရှိစေမဲ့ အရေးပါတာတွေ ကို…ထိထိရောက်ရောက်လုပ်နိုင်စွမ်းရှိသူကြီးတွေက
ပိုပြီး အာရုံထားစေချင်ပါတယ်…စေတနာကအဓိကပါ။
naywoonni
March 5, 2011 at 1:45 pm
နာမယ်ကအဓိကမကျဘူးလို့ထင်ပါတယ်။ လူတွေရဲ့ စိတ်စေတနာကသာ ပဓါန ကျတာပါ။
တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား
March 5, 2011 at 3:50 pm
ဟားဟားဟား
ခင်ဗျားဉဏ်နှမိးစေ့လေးလောက်နဲ့လာမစပ်းပါနဲ့ကို့လူ
မြန်မာလို့ခေါ်လိုက်စပ်းပါ
ခင်ဗျားထက်တတ်လို့အုပ်ချုပ်မင်းလုပ်နေတာ
unclegyi1974
March 5, 2011 at 4:04 pm
သတ်ပုံတောင်မှန်အောင်မရေးနိုင်တဲ့သူတွေကတိုင်း
ပြည်အုပ်ချုုပ်မင်းလုပ်နေတာဆိုတော့…
nigimi77
March 5, 2011 at 4:20 pm
အုပ်ချုပ်နေတယ် ဆိုတာမှန်ပါတယ်။ မင်း (King) တော့ မဟုတ်ပါဘူး။
ကျုပ်ထက် တတ်တယ် ဆိုတာလဲ မှန်ပါတယ်။ ကျုပ်က စစ်သားမှ မဟုတ်ပဲ။
စစ်သားတွေက အာဏာရှင် စနစ် အကြောင်းကို ပိုသိမှာပေါ့။
bigcat
March 5, 2011 at 6:30 pm
နတ်ပြည်ခြောက်ထပ်ထက်သာတဲ့ ဗြဟ္မာပြည်ဗျို့။
nigimi77
March 5, 2011 at 7:15 pm
ကိုကြောင်ကြီး။ တဆိတ်လောက် ရှင်းပြပါ။ ကျုပ်က ဒုံးဝေးလို ့။ ဘာကို ဆိုလိုလဲဆိုတာကိုပါ။
kai
March 5, 2011 at 10:19 pm
မြန်မာဆိုတာ … ဗြဟ္မာကလာတယ်လို့.. ဘုရင်တွေ ပြောခဲ့တယ်တဲ့..။
သူတို့(ဘုရင်)တွေကလည်း.. သကျသာကီဝင်(ဂေါတမဗုဒ္ဓအမျိုးနွယ်) တွေဆိုပဲ..။
စကားမစပ်..
ဗမာကိုစသုံးခဲ့တယ်ထင်ရတဲ့ သခင်ဘသောင်းကတော့ ဗမာက ..တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပါသတဲ့..။
အတိအကျ စာမျက်နှာနံပါတ်နဲ့ကို ဒီဝက်ဘ်ဆိုက်တနေရာမှာ ကျုပ်ရေးပေးဖူးတယ်..။ စာအုပ်ပြန်ရှာပြီး စာကိုပြန်တင်ပေးပါမယ်..။
kai
March 5, 2011 at 10:23 pm
ဗဟုသုတအတွက်နဲ့ မှတ်တမ်းကျန်ရစ်အောင်ပါ..။
အောက်ကဆောင်းပါးက ..ဘိုဘိုလန်းစင် ဆောင်းပါးဖြစ်ပြီး .. မဇျွိမက ကုးယူပါကြောင်းး…။
===============
သာကီ နှင့် နာဇီ . . . . . . ။ (ဆောင်းပါး-ဘိုဘိုလန်းစင်)
မဇျွိမ / ဇွန်လ ၂၃ ရက် ၂၀၁ဝ ခုနှစ်
ခုတလော မြန်မာနဲ့ဗမာ ဘာကွာသလဲ၊ မြန်မာပြည်နဲ့ဘားမား ဘယ်စကားလုံးက လက်ရှိ ကျနော်တို့နိုင်ငံကို ကိုယ်စားပြုနိုင်မလဲဆိုတာ ပြောဖြစ်ကြသည်။ ပြောရင်းဆိုရင်း တို့ဗမာဝါဒတွင် နာဇီကဲ့သို့ လူမျိုးသန့်စင်ရေးနှင့် ပတ်သက်တာမျိုးတွေပါသလားဆိုတာ မေးသူကရှိလာသည်။ တို့ဗမာတွေ လက်ဝဲစော်မနံခဲ့ရင် ကုလားမျိုးဖြုတ်ရေး၊ အဓမ္မဗုဒ္ဓသာသနာပြုတာတွေ ပေါ်လာနိုင်မယ်ဟုသာ အတွေးပေါက်မိသည်။ ဤအမြင်ကို ဗမာပြည်သည် တို့ပြည် ဗမာစာသည် တို့စာ စသည့် ကျောင်းဖတ်စာအုပ်သမိုင်းနှင့် အမျိုးသားရေးဝါဒကို အထုံကူးလာခဲ့သည့် မြန်မာအများစု အနေဖြင့် လက်ခံမည်မဟုတ်။ ဂလိုဘယ်ခေတ်ဟု တကြော်ကြော်အော်နေကြသော်လဲ စစ်အေးလက်ကျန် ဤတိုင်းပြည်ကလေးတွင် ခုထိ သာကီမျိုးဆိုသည့် တို့ဗမာယုံတမ်း မှန်နန်းထဲက ဒဏ္ဍာရီဇာတ်လမ်းကို မယုံကြည်လျှင်တောင် အသုံးချနေဆဲဖြစ်သည့်ပညာတတ်ဆိုသော ပုဂ္ဂိုလ်အများလဲ ရှိဆဲ မဟုတ်ပါလား။
လောလောဆယ်ဆယ် မေ ၃ဝ ဒီပဲယင်းနေ့ကပဲ တို့ဗမာကြေညာစာတမ်းက အနှစ် ၈ဝ ပြည့်သွားသည်။ ပါမောက္ခဒေါ်ခင်ရီ၏ ကောနဲလ်တက္ကသိုလ်မှ ထုတ်သော တို့ဗမာလှုပ်ရှားမှုစာအုပ်တွင် ၁၉၈၈ထိ မြန်မာနိုင်ငံရေးသမိုင်းကို သခင်များ ကြီးစိုးကြောင်း သုံးသပ်ထားသည်။ ထို့နောက် အဆက်ဖြစ်သော မြန်မာနိုင်ငံရေးလောကတိုက်ပွဲများတွင် တို့ဗမာမျိုးချစ် လက္ခဏာသွင်ပြင်ဖြစ်သော တော်လှန်ရေးစိတ်ဓာတ်နှင့် နိုင်ငံခြားဆန့်ကျင်ရေးတို့ ကြီးစိုးဆဲဟု ကျနော် ဖြည့်စွက် ပြောချင်သည်။ ထိုတို့ဗမာအမျိုးသားရေးဝါဒသည် အစဉ်အလာမြန်မာအမျိုးသားရေးလှုပ်ရှားမှုနှင့် ဘာကွာသလဲမေးလာရင် ပိုပြင်းသည်၊ ပိုကြွသည်၊ ဥရောပအမျိုးသားရေးဝါဒပုံစံ လူမျိုးအခြေပြုတိုင်းပြည်စံနစ်ကို ပန္နက်ချခဲ့သည် (တနည်း အနှစ် ၆ဝကျော် ပြည်တွင်းစစ်ကို မီးရှို့ပေးခဲ့သည်) ဟု ဆိုရမည်။ ထိုထက်ဤဝါဒကိုသုံး၍ အနှစ် ၈ဝလုံးလုံး အကွက်ချခဲ့သည်ဟုသာ ယူဆသည်။ မြန်မာပြည်/နိုင်ငံဆိုသည့် စကားရပ်သည် တိုင်းပြည်၏ လူဦးရေ သုံးပုံနှစ်ပုံနှင့် ကျန်တပုံအကြား တကယ့်လောင်စာဖြစ်လာသည်။ “ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ …တို့ဗမာပြေကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင်” စသည်ဖြင့် ဝိုင်အမ်ဘီသခင်တင်က စာပြုစပ်ဆိုခဲ့သည့် သီချင်းမှာ မြန်မာအများစုကြား သွေးထိုးပေးနိုင်ခဲ့သော်ငြား အင်ဒိုနီးရှား၊ ဂရိတ်ဗြိတိန်တို့ကဲ့သို့ တိုင်းရင်းသားအများဆိုင် နိုင်ငံရေးပုံရိပ်တခုဖြစ်အောင် မဆောက်တည်နိုင်ခဲ့ပါ။
မိုက်ကယ်အောင်သွင်က ဦးကုလားရာဇဝင်ကို ကိုးကား၍ ၁၈ရာစု ညောင်ရမ်းခေတ်ကပင် အဝရွှေနန်းကို အခြေပြုပီး မြန်မာနိုင်ငံဟူသော နိုင်ငံရေးအမှတ်သညာတခုပေါ်ထွက်နေပီဟု ရေးဖူးသည်။ ဤသို့ အခိုင်အမာဆိုနိုင်ရန် အုပ်စိုးသူပဒေသရာဇ်နှင့် နီးစပ်ရာ ပညာရှိများပြုစုသည့် စာပေကို ကိုးကားသည်ထက် လက်အောက်ခံ မြန်မာမဟုတ်သော တပါးလူမျိုးများအမြင်၊ မြန်မာကျေးတော်မျိုးတို့၏အသံကိုပဲ ပိုရအောင် နားထောင်သင့်သည် ထင်ပါသည်။ အမှန်မတော့ ကုန်းဘောင်ခေတ်နှောင်း နယ်ချဲ့နှင့် နှာခေါင်းချင်းတိုးမိကြချိန်မှ တမ္ပဒီပ သုနာပရန္တစသည့် တိုင်းကြီးများ၏သခင်ဘဝမှသည် မြန်မာဘုရင့်နိုင်ငံဟူပီး ပေါ်ထွက်လာရန် ကြိုးစားခဲ့ရသော အညာပဒေသရာဇ်များသည် မှန်နန်းစသည့် ရာဇဝင်သစ်များရေးပီး မြန်မာမင်းကို ဘုရားနှင့် အမျိုးဆက်ရသည်။ ပုဂံမင်းဆက်အစ ပျူစောထီးဟာ နဂါးမနှင့် နေမင်းသားညားပီး ဥ,ဥရာက ပေါက်သည့်သားဆိုသော ယခင်ရာဇဝင်ဟောင်းများကိုလဲ ဝါဒဖြန့်ပုံစံသစ်အတွက် ငြင်းချက်ထုတ်ရသည်။ သို့သော် နန်းလုပွဲများနှင့် နစ်မွန်းပီး တိုင်းပြည်ကို စံနစ်တကျ အခြေမဖွဲ့နိုင်သော ကုန်းဘောင်မင်းဆက်သည် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် မိစ္ဆာဒိဋ္ဌိကုလားရန်မှ သာသနာတော်ကို ကာကွယ်ရန်ဟု ဘာသာရေးဘန်းပြပီး လူထုကို စည်းရုံးခဲ့ရသော်လဲ ဆေးချက်က မမီတော့ပေ။ မန္တလေးပျက်ချိန်ထိ ဘုရင်နှင့် ဒေသအကြီးအကဲကို သစ္စာခံမှုမှအပ လူမျိုးနှင့်နိုင်ငံဟု တသီးတခြားမှတ်စွဲမှုမရှိသေးသောကြောင့် ရှေးဦးလက်နက်ကိုင်ထကြွမှုများမှာ ကန်ရေပြင်ကို ခဲပေါက်သကဲ့သို့ ငါးမမိဘဲ (အာဏာဗဟိုချက်ကို မထိပါးနိုင်ဘဲ) နိဂုံးချုပ်ခဲ့ရသည်။ သုဓမ္မာသာသနာပိုင်နှင့်တကွ မင်းစိုးရာဇာအများစုကလဲ ကိုလိုနီအုပ်ချုပ်ရေးအမြစ်တွယ်အောင် အားဖြည့်ထောက်မခဲ့ကြသည်။ ဝိုင်အမ်ဘီအေမှအစ နိုင်ငံရေးခေတ်ဦးအနှစ် ၂ဝ အတွင်း အမျိုးဘာသာသာသနာပညာဟူသော ဝံသာနုအမျိုးသားရေးလှုပ်ရှားမှုများမှ ဗုဒ္ဓဘာသာမြန်မာတည်းဟူသော တိုင်းပြည်တွင် ကြီးစိုးနေသည့် အိန္ဒိယနွယ်ဖွားများနှင့် ကွဲပြားသည့် သီးခြားလက္ခဏာကို ပုံဖော်ရန် အားထုတ်သော်လဲ ပဒေသရာဇ်အငွေ့မပြယ်နိုင်ဘဲ အုပ်စိုးသူတိုင်းခြားသားတို့ထံမှ အုပ်ချုပ်ရေးအဆင့် တိုးတက်ဖို့သာ ပဓာနပြုသည်ကိုတွေ့ရသည်။ ဦးဥတ္တမ၏ မကြောက်တရားလှုံ့ဆော်မှု၊ ဝံသာနုဘူးအသင်းများ၊ အရှင်စိုးသိမ်းဂျီစီဘီအေစသည်တို့လောက်သာ ရဲဝံ့မှုတွင် ပြောစမှတ်ရှိလေသည်။ တို့ဗမာကြေညာစာတမ်းထွက်ပီးနောက်မှသာ တိုင်းပြည်၊ လူမျိုး၊ ဘာသာစကားပေါ် အခြေပြုသည့် ဥရောပပုံစံ အမျိုးသားရေးဝါဒ အိန္ဒိယလက်နက်နိုင်ငံအဝင် မြန်မာပြည်နယ်တွင် အခြေတည်ဟု ယူသင့်သည်။ ဤကား တို့ဗမာ၏ လာရာလမ်းဖြစ်သည်။
(၂)
ပထမ ကုလား-ဗမာအဓိကရုဏ်းပီးပီးချင်း ဖြန့်ချိသည့် တို့ဗမာကြေညာစာတမ်းမှာ အိန္ဒိယနွယ်ဖွားများနှင့်လူမျိုးခြားများလက်မှ စီးပွားရေးကို ဗမာ့လက်ထဲ ပြန်ရောက်ဖို့၊ လုံးဝလွတ်လပ်ဖို့ကို သံကုန်မြှင့်၍ တောင်းဆိုသည်။ ဗမာဟူသော ရှေးရှေးကထဲက ပြောစကား၊ တို့ဟူသော နေ့စဉ်ပြောစကားရိုးရိုးတို့ကို ပေါင်းစပ်၍“ အို အချင်း အမျိုးသား တို့ဗမာတို့” ဟု သခင်ဘသောင်း ကြွေးကြော်လိုက်ချိန်တွင် အိပ်နေကြသော ဗမာများ နိုးကြားလာပီး နှလုံးသည်းပွတ်များ ဆွဆွခုန်လာသည်ဟု မောင်ထင်က အမှတ်တရစကားဆိုခဲ့သည်။ ဤမှစပီး နစ်ရှေး၏ ပဲ့တင်သံကို ကြားလိုက်ရသလို နာဇီ ဖက်ဆစ်စသည့် လာတော့မည့် လကျ်ာစွန်း အမျိုးသားရေးဝါဒကြမ်းများကလဲ စီးပွားပျက်ကပ်နှင့် လယ်သမားသူပုန်ထခါနီး နိုင်ငံရေးသေနေသော မြန်မာပြည်ကို အာဠာဝကဆေးထိုးလိုက်သဖြင့် ရှေ ့လျှောက် တိုင်းရေးပြည်ရေးမှာ ဆူပွက်လာတော့သည်။
ထို့နောက် အားလုံးသိသည့်အတိုင်း ကမ္ဘာစစ်အမှီပြု၍ ဗမာပိုင်စစ်တပ်ဖွဲ့ကာ လွတ်လပ်ရေးလမ်းစပေါ်ရောက်ခဲ့သည်။
သခင်ဘသောင်းမှာ တို့ဗမာတို့၏ ဖန်ဆင်းရှင်ဖြစ်သော်ငြား မစ္စတာမောင်မှိုင်းကဲ့သို့ နိုင်ငံရေးဝါရင့် မျိုးချစ်သတင်းစာဆရာ ပညာရှင်ကြီး သခင်ဘွဲ့ခံချိန်မှစပီး အစည်းအရုံးသိက္ခာပိုကြီးလာသည်။ အောင်ဆန်း၊ ဗဟိန်း၊ သန်းထွန်း၊ စိုးစသည့် ကောလိပ်ကျောင်းနှင့် ပြင်ပက လက်ဝဲယိမ်းလူငယ်တွေ ဝင်လာချိန်တွင် ကုလားမုန်းတို့ဗမာဝါဒမှသည် ဘုံဝါဒလမ်းကြောင်းပေါ်တက်လာသည်။ မှိုင်းဋီကာနှင့် နဂါးနီစာအုပ်လေးများက စစ်ပီးခေတ်မှ ယနေ့ထိ နိုင်ငံရေးလမ်းကြောင်းကို (လက်ဝဲသံပျော့သွားသည်မှအပ) ရိုက်ခတ်ဆဲဖြစ်သည်။ သို့သော် ဖာနီဗယ် ရေးဖူးသလို မြန်မာလက်ဝဲသမားဟူသည် အမျိုးသားရေးဝါဒီများသာဖြစ်သည်။ ကိုယ်တော်မှိုင်းတွင် ပဒေသရာဇ်အစွဲမပျောက်သကဲ့သို့ ဂန္ဓီစိန်ဟု တွင်ခဲ့သော သခင်ဗစိန်မှ ဖက်ဆစ်နာဇီကို အားကျသည့် စကားတွေပြောလာပီး ဂျပန်နှင့် ပူးပေါင်းရန်လိုလားလာခဲ့သည်။ လူကြီးလူငယ် ပညာမဲ့ ပညာတတ် လကျ်ာ လက်ဝဲပဋိပက္ခမှာ အပေါ်ယံပုဂ္ဂိုလ်ရေးပြဿနာမှ အစပြုပီး အသင်းနှစ်ခြမ်းကွဲခဲ့ရသည်။ လကျ်ာခြမ်း ဗစိန်-ထွန်းအုပ်ဂိုဏ်းမှာ ဂျပန်ခေတ်တွင် ဗမော်-အောင်ဆန်း နိုင်ငံရေးသဟာယကို မယှဉ်နိုင်သဖြင့် (တပ်ထဲတွင်တော့ သူတို့တပည့် ဗိုလ်နေဝင်းက တစင်ထောင်နိုင်လာသည်) မဟာမိတ်အဝင်တွင် ဗိုလ်ချုပ်ကို လူသတ်မှုနှင့်တရားစွဲဖို့ နယ်ချဲ့အကြံအစည်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က သက်သေခံပေးသည်ထိ အရုပ်ဆိုးခဲ့ရသည်။ ဆင်းမလားပြန် ဆာပေါ်ထွန်း၏ အင်္ဂလိပ်နှင့် အလွမ်းသင့်သည့် အစိုးရနှင့် ဘုရင်ခံခန့်လွှတ်တော်တွင်လဲ သခင်ထွန်းအုပ်တို့တသိုက်ပါခဲ့ကြသည် (သခင်ထွန်းအုပ်နှင့် ဗိုလ်ချုပ်အကို ဦးအောင်သန်းမှာ မယားညီအကိုတည်း)။ နောက် ဗိုလ်ချုပ်အောင်ဆန်းအစိုးရတွင် ပါလာသည့် သခင်ဗစိန်မှာကား ဆရာမှိုင်းကြီး စာချိုးအတိုင်း ဂွကလိန်လုပ်လေရာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ပီးနောက် ဂဠုန်စော-ဒေါက်တာဗမော်တို့နှင့်အတူ စော-စိန်-မော်ဂိုဏ်းဖွဲ့ရာမှ နိုင်ငံရေးသေသွားတော့သည်။ တဖက်က မှိုင်း-အောင်ဆန်းဂိုဏ်းမှာလဲ ထပ်ဆင့်ထပ်ဆင့်အကွဲအပြဲများ စစ်ပွဲ အာဏာလုပွဲ နိုင်ငံရေးဖိနှိပ်မှုများဖြင့် လက်ဝဲမျိုးချစ်လမ်းကြောင်းကို အတော်ကျွံသွားရာ ၁၉၈၈မှ ယခုထိ ပြန်ရုန်းလို့ မရပြန်သေး။
“အလို….သမိုင်းကို စစ်လိုက်ရင်ဖြင့်
တို့ဗမာသခင်တွေရဲ့ အစဉ်အလာက
ခင်စရာ မင်စရာ ကြင်စရာငဲ့ပြင်
အင်စရာ ဟင်စရာ ပြင်စရာတွေကလဲ မနည်းပါဘု
ကွဲကြ ပြဲကြ ဆဲကြ ခဲကြသနဲ့
ရဲကြ ကြဲကြ သဲကြ မဲကြတာလဲရှိ၊
ခွဲကြ ချဲကြ၊ ဆွဲကြ လွဲကြ ရှိပါသဗျ
ဪ… အဖွဲ့အစည်းသဘာဝပေပနော”
ဒဂုန်တာရာ-တို့ဗမာအစည်းအရုံးဘွဲ့ မဟာကဗျာလေးချိုးကြီး (မိုးဝေ၊ ၁၉၈၆)
ဒီပဲယင်းအဓိကရုဏ်းအဓိကတရားလို ဒေါ်အောင်ဆန်းစုကြည် မတရားထောင်ချခံရမှုကမလွတ်သေးချိန်၊ ရွေးကောက်ပွဲအမည်ခံ ဒီမိုကရေစီသင်းကွပ်ပွဲတောခြောက်သံတွေ ညံနေခိုက် ပြန်စဉ်းစားလျှင် သခင်ကိုယ်တော်မှိုင်းကို တုတ်နှင့်ရိုက်သည့် ပုသိမ်က သခင်အမည်ခံ ဘုန်းကြီးလူထွက်ကို သတိရသည်။ တို့ဗမာအစည်းအရုံး ၂ ခြမ်းမကွဲခင် ရွှေတိဂုံဇရပ်တဆောင်တွင် နောက်ဆုံးစေ့စပ်ကြစဉ်က စားပွဲအောက် သေတ္တာထဲတွင် တုတ်ဓားလက်နက်တွေ ဝှက်ထားတာ ကံကြီးလွန်း၍ မည်သူမှ ကိုယ်ထိလက်ရောက် မဖြစ်လိုက်ဆိုသည့် ဒေါ်ခင်ရီ့စာအုပ်ပါ အကြောင်းရပ်လေးကိုလဲ အောက်မေ့သည်။ ပါလီမန်ခေတ်က ပဒေသရာဇ်အသွင် ဘုန်းကြီးခဲ့သည့် လယ်ဝေးသခင်ကြည်ရှိန်လို လူသတ်ဘုရင် ဖဆပလအမတ်များ၏ မားဖီးယားနိုင်ငံရေးလောကကိုလဲ သတိရသေးသည်။ ယခုတလော လျှပ်တပြက်ဂျာနယ်ပါ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း စစ်အရာရှိဟောင်းတယောက် ရေးသည့် လွတ်လပ်ရေးမှတ်တမ်းတွေထဲက စစ်ဗိုလ်ကြီးတွေ အတော်များများမှာ သခင်နိုင်ငံရေးသမား၊ သခင်လက်ပါးစေများဘဝနှင့် နယ်ချဲ့ဆန့်ကျင်ရေးနယ်ထဲ ဝင်လာပုံ၊ ထိုမှ လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံရေးအုပ်စုချင်း လက်နက်ကိုင်အပြုတ်ဖြုတ်ပွဲများတွင် နိုင်မည့်မြင်းစီးမိပီး စစ်နိုင်ငံရေးသမားကြီးများ ဖြစ်လာကြပုံကို ဖတ်ရင်း အရင်းစစ်တော့ အားလုံးတို့ဗမာတွေပဲ၊ ကမ္ဘာမကြေအောင် အညှိုးကြီးကြတာ သခင်ရှုမောင်တို့ သခင်ဖြိုးတုပ်တွေ ဖြစ်ကုန်တာ အထက်တန်းစိတ်မမွေးနိုင်ကြလို့ပါလားဟု သံဝေဂယူမိတော့သည်။
(၃)
၁၉၄၁ ဇန်နဝါရီတွင် ကျင်းပသော ဗမာပြည်လုံးဆိုင်ရာ ဗမာတိုင်းရင်းသားများ ပြေးခုန်ကစားပွဲကြီးတွင် တို့ကရင်လို့ အားပေးသံကို တိုင်းရင်းသားသွေးခွဲစကားဟု စွပ်စွဲသော တို့ဗမာအာဘော်ဟု ပြောနိုင်သည့် စနေ နဂါးနီဂျာနယ်ဆောင်းပါးကို ဖတ်ရင်း ဒီစကားမျိုးတွေ ဒီကထဲက ပြောတာကိုးဟု ပြုံးမိတော့သည်။ တို့ဗမာ တို့ဗမာဆိုပီး တိုင်းပြည်တွင် ဆယ်နှစ်ကျော် နိုင်ငံရေးသွေးထိုးပေးခဲ့ခြင်းအကျိုးဆက်ကြောင့် တခြားလူမျိုးများကလဲ သီးခြားအမျိုးသားရေးလက္ခဏာဆောင်လာသည်ကို ငြူစူသကဲ့သို့ ရှိလှသည်။ တခါဖူးမှ မစုစည်းမိဖူးသည့် ဒတ်ချ်အိန္ဒိယကျွန်းစုများကို အင်ဒိုနီးရှားဟု စစ်ပီးခေတ်တွင် ပေါ်ထွက်လာစေသည့် ဆူကာနိုလို အားထုတ်မှုမျိုး၊ ဘုရင်ကိုးကွယ်မှု၊ ဘာသာရေး၊ ဘာသာစကားတူညီမှုကို အခြေခံသော ထိုင်းအမျိုးသားရေး သွေးသစ်လောင်းမှုမျိုး ဗြိတိသျှမြန်မာပြည်တွင် မပေါ်ဖူးခဲ့ဘဲ စစ်ပီး တနှစ် နှစ်နှစ်အတွင်း ကံရာဇာငယ် ဘုရားတည်နည်းနှင့် တိုင်းရင်းသားအရေးကို ချွေးသိပ်စေ့စပ်ခြင်း၏ နောက်ဆက်တွဲ စစ်မီးများမှာ မျိုးဖြုတ်စစ်ပွဲဟု စွပ်စွဲခံရသည်ထိ တောက်လောင်နေဆဲ။ တို့ဗမာမျိုးချစ်ဝါဒကို ထောက်ခံသည့် မြန်မာမဟုတ်သော အိန္ဒိယနွယ်ဖွား၊ တရုတ်ကပြား တိုင်းရင်းသားသခင်များ ရှိခဲ့သော်ငြား စစ်အတွင်း ဘီအိုင်အေရာဇဝတ်မှုများမှအစ သောင်းကျန်းမှုနှိမ်နင်းရေးကာလ ကရင်ရှမ်းတိုင်းရင်းသားများနှင့် စစ်မြေပြင်ဆက်ဆံရေး၊ ဗိုလ်ချုပ်ကြီးနေဝင်းဆိုရှယ်လစ်လမ်းစဉ်အရ အိန္ဒိယနွယ်ဖွား၊ တရုတ်ပိုင် စီးပွားရေးများ ထိန်းချုပ်မှု၊ အတင်းအကျပ်ပြန်ပို့မှုများအလယ် ရှိသမျှတိုင်းရင်းသားအားလုံးကို နယ်ချဲ့လက်ပါးစေစာရင်းသွင်းကာ ဦးချိုးချင်သည့် မြန်မာစွဲဝါဒအဆုံး နိုင်ငံတော် သွေးခွဲအုပ်ချုပ်မှုများက တို့ဗမာဝါဒကို မြန်မာကြီးစိုးရေးဝါဒအဖြစ် နာမည်ဖျက်ခဲ့သည်။
ပြည်ထောင်စုဆိုသည်ထက် စစ်ကြီးပီးစ မဟာဆွေ၏ “မယ်တို့ပြည်မောင်တို့ပြည်”ဝတ္ထုထဲက အမျိုးသားဓနရှင်စစ်နိုင်ငံကြီးပုံစံမျိုးဘက် ယခုနေပြည်တော်ရွေးကောက်ပွဲလမ်းကြောင်းက တာစူနေသည်။ သိဒ္ဓိမပေါက်ဘဲ ဒိဋ္ဌိမြောက်နေသူများက ယခုပင် အဏုမြူငန်းဖမ်းနေကြပေပီတကား။
နယ်ခြားစောင့်တပ်ကိစ္စတွေ၊ တိုင်းရင်းသားဆိုင်းဘုတ်တပ်ပါတီတွေနှင့် နိုင်ငံရေးစစ်ရေး တိမ်တောင်တွေ ထူနေပြန်ပီ။ မြန်မာပြည်ဆိုသည်မှာ မြန်မာ(ဗမာ)များ၏ လက်နက်နိုင်ငံလော၊ တိုင်းရင်းသားပေါင်းစုံ၏ ခွင့်တူညီမျှသော ပြည်ထောင်စုလော။ တိုင်းပြည်အဝှန်းကို တို့အိမ်တို့ယာမှတ်ကာ လူတစုက ချယ်လှယ်အမြတ်ထုတ်နေမှုများ ဘယ်အချိန်ဆုံးမည်နည်း။ လူမျိုးရေးဘာသာရေးမှိုင်းတိုက်၍ နိုင်ငံရေးလုပ်သည့် ခေတ်စံနစ်ယဉ်ကျေးမှုတွေကို ပြည်ဖုံးကားချကြပါစို့။
naywoonni
March 6, 2011 at 12:02 pm
လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်ကျော်လောက်က ဒဂုံဦးဘဘေ ပြောခဲ့တဲ့ စကားလေးတစ်ခုအမှတ်ရတယ်ဗျာ…..။။ဘာပဲပြောပြော မြန်မာ (ဗမာ)ဆိုတာ အိန္ဒိယ ဦးခေါင်နဲ့ တရုတ်ဘက်ကလာတဲ့ ကိုယ်လုံး ပေါင်းစပ်ထားတာတဲ့ ငြင်းချင်တဲ့သူငြင်းနိုင်သတဲ့ ခုတော့ သူလည်း မရှိတော့ဘူး ။ ခုများရှိနေသေးရင် ဘာပြောဦးမလဲမသိဘူးနော်
kai
March 7, 2011 at 1:19 am
တိုက်ပုံက တရုတ်ကလာတာပါ..။အဲ.. ပုဆိုးကတော့ ..အိနိ္ဒယ။ ကုလားကပေါ့..။
ဆိုတော့ ..မြန်မာ့ရိုးရာဝတ်စုံက… ပုဆိုးနဲ့တိုက်ပုံ..။
တရုတ်နဲ့ကုလားပေါင်းထားတာပါပဲ..။
လွန်ခဲ့တဲ ့ အနှစ် ၁၀၀ဝထဲက … ပုဂံမင်းနေပြည်ဟာ .. တရုပ်နဲ့ကုလား ကုန်သည်တွေသွားလမ်းကြောင်းပေါ်မှာရှိတယ်..။
ဒါကြောင့် ကျန်စစ်သားသမီးတော် ကုလားနဲ့ကြိုက်တာပေါ့..။ ဘုရင့်ကိုယ်လုပ်တော်တွေမလဲ.. အဖြုရော..အမဲရော ကာလာစုံတွေဆိုတာ .. ပုဂံနံရံဆေးပန်းချီတွေမှာ ပေါ်လွင်နောတပဲ..။
အဲဒီကနေ… မွေးတဲ့ ဘုရင့်သွေး..မင်းညီမင်းသားလေးတွေက… မြန်မာတွေဖြစ်ရောလေ…။ 🙂
တရုတ်တွေ၊ မွန်ဂိုတွေလည်း ပုဂံသိမ်းဖူးတာပဲ..။
ဆိုတော့..
ဒီလောက်ကောင်းတဲ့.. မြေနေရာ..တရုတ်တွေ.။ကုလားတွေအခြေချဖို့ မလာစရာအကြောင်းမရှိဖူး..။ အခြေချရွေ့ပြောင်းနေထိုင်တာ..ဖြစ်ကိုဖြစ်ရမယ်..။
သူတို့ဟာ.. ကျုပ်တို့ဘိုးဘေးဘီဘင်တွေပဲ..။
မြန်မာ-ဗမာဟေ့လို ကြွေးကျော်နေကြတာ .. မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်အောင်လုပ်ပြ..ပြောနေကြတာ..။ မျိုးချစ်စိတ်..။ လူမြို..ဘာညာတွေက.. အစိုးရမင်းတွေက လူထုကို အုပ်ချုပ်ရလွယ်အောင်… ပြုစားထားတာတွေပဲ..။
ဒန်တန်တန်…။ 🙂
nigimi77
March 7, 2011 at 5:42 pm
အဆုံးသပ် သေချာတာကတော့ “လူ” ဆိုတာပဲ။
ကျုပ် အဖိုးက ရခိုင်၊ ကျုပ်အဖွားက ရှမ်း+မွန် = ဆိုတော့ ကျုပ် အဖေက ရခိုင်၊ရှမ်း၊မွန် ။
ကျုပ်အမေက တရုပ်+ဗမာပြည်ပေါက် တရုပ်။
ဒီတော့ ကျုပ်က အဖေ + အမေ = ရခိုင်၊ရှမ်း၊မွန် + တရုပ်+ဗမာပြည်ပေါက် တရုပ် = ???
ဘာလူမျိုးကို အစွဲထားရမှန်း မသိတော့ဘူး။ ကိုင်း…. လအော့လအယ် လူမျိုးလို ့ အသစ်ထွင်မယ်ဗျာ။
ရှူံးနိမ့်မှုများနဲ့.. လူ
March 7, 2011 at 10:36 pm
ကျွန်တော်ကိုယ်တိုင်က မြန်မာစစ်စစ်တစ်ယောက်မဟုတ်ပါဘူး
အမေ့ဘက်က မွန်+မြန်မာ၊ အဖေ့ဘက်က ဂျူး+ရှမ်း၊ သို့သော်ငြား ကျွန်တော်သည် မြန်မာပြည်တွင်မွေးဖွားသည့် လူသားတစ်ယောက်ဖြစ်သည့်အတွက် မိမိကိုယ် မိမိ မြန်မာလူမျိုးတစ်ယောက်လို့ပဲ ခံယူပါတယ်။ ကိုယ်ပိုင်သီးသန့် နိုင်ငံတစ်ခုမှာ မွေးဖွားလာရခြင်းအတွက်လဲ ဂုဏ်ယူပါတယ်။ ကဘာကြီးဟာ(စာလုံးဆင့်မရလို့ပါ) ရွာကြီးတစ်ရွာဖြစ်လာနေသော်လည်းပဲ အကုန်လုံးဟာ အမျိုးတွေ ပါတ်တော်နေကြခြင်းမရှိပါဘူး။ ကိုယ့်မှာ ကိုယ်ပိုင်အမျိုးအနွယ်တစ်ခုနဲ့ ရပ်တည်နေရခြင်းကို ပိုပြီးမြတ်နိုးတယ်။ အင်အားကြီးမျိုးနွယ်တွေကနေ သူတို့ဟာလဲ ငါတို့မျိုးနွယ်ထဲက အစုသေးသေးလေးပါလို့ နှိမ့်ချစွာပြောဆိုခြင်းကိုခံရတာထက် ငါတို့ဟာ ကိုယ်ပိုင်သီးသန့်မျိုးနွယ်ကွလို့ပဲ လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ချင်ပါတယ်။ ဘယ်လူမျိုးရဲ့ ဝါးမျိုခြင်းကိုမှ မခံနိုင်ပါကြောင်း…
ကိုယ်ပိုင်ခံယူချက်လေးကို ဒီမှာပဲ ဖော်ပြလိုက်ပါတယ်။