အနောက်ဘက်ကျုံးဒေါင့်
လမ်း(80)နဲ့26ဘီလမ်းဒေါင့်က ကျုံးဒေါင့်ကို မန်းလေးသားများက အနောက်ကျုံးဒေါင့်လို့ ခေါ်ကြပါတယ်။
သူ့ရဲ့အနောက်ဘက်လမ်းမကတော့ လမ်း80 ဖြစ်ပြီး အော်တိုဖုန်းရုံးလို့ခေါ်တဲ့ တယ်လီဖုန်းရုံးရှိပါတယ်။
သူ့အရှေ့ဖက်မှာတော့ အရင်က ရှိခဲ့ဘူးတဲ့ မြို့ဂုဏ်ဆောင် မန်းသီတာဥယျာဉ်ရှိခဲ့ဘူးပါတယ်။
ဒီမြိုရိုးအောက်မှာ ဟိုအရင်ခေတ်များက လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့တွေမှာပျော်ပွဲရွှင်ပွဲတွေကျင်းပခဲ့ဘူးပါတယ်။
အမှတ်တရအဖြစ်တင်ပြပေးလိုက်ပါတယ်။
အဲဒီနေက မြူမှုံနေတော့ ပုံက သိပ်မကြည်လင်ပေမယ့် လွမ်းစရာလေးလို့ထင်မိပါတယ်။
(8-3-2011)နေ့က မှတ်တမ်းတင်ထားတဲပုံဖြစ်ပါတယ်။
6 comments
dream
March 12, 2011 at 9:56 am
ကိုပေါက်ရဲ့ မန်းလေးနံ့သင်းတဲ့ စာတွေ ဓါတ်ပုံတွေကို ကြည့်ပြီး အိမ်ပြန်ချင်လာပြီ
ဒီနှစ်သင်္ကြန် ရောက်အောင်ပြန်ခဲ့မယ် မန္တလေးရယ်
mihninlay
March 12, 2011 at 10:17 am
ကိုပေါက်ရဲ ့စာတွေဖတ်ဓါတ်ပုံတွေကြည့်ပြီးရင်မန်းလေးကိုအရမ်းသတိရတာပဲ
ဆူး
March 12, 2011 at 1:42 pm
မနက် နေရောင်လေး ဖျာကျနေတဲ့ အနေအားနဲ့ဆို ပိုပြီး လှလေမလားလို့ တွေးမိတယ်။
cherrykoko
March 12, 2011 at 3:39 pm
မန်းလေးမှာနေခဲ့တုန်းက ဒီလိုအလှအပတွေကိုသတိမထားခဲ့မိဘူး။
အခု ကိုပိုက် ရှာရှာဖွေဖွေရိုက်ပီး တင်ပေးတဲ့ပုံတွေကိုပြန်ကြည့်မိတော့မှပဲ မန်းလေးဒေသအလှအပတွေကို သတိပြုမိတယ်..တခေါက်လောက်ပြန်လာပီးကြည့်ချင်သေးတယ်..
kopauk mandalay
March 12, 2011 at 3:51 pm
မန်းမြေသာစခန်း
ခြင်ပေါလို့ဖုတ်ထူ
နွေဆိုရင်တော်တော်ပူလို့
ဆောင်းဆိုရင်ချမ်း။
ရေလွှမ်းပြီဆို မိုးတွင်းပေါ့။
ဒါတွေကိုမြင် နေချင်စရာမကောင်း။
ဟောင်းနေတဲ့မြို့ပေမို့
လွမ်းစရာကောင်း။
cherrykoko
March 13, 2011 at 4:45 pm
ကိုပေါက် နာမည်ကို ကိုပိုက် လို့မှားပေါင်းမိတာ စိတ်မရှိပါနဲ့နော…