စာကလေးလွှတ်ခြင်း နဲ့ ကုသိုလ်
မြန်မာနှိင်ငံ အတွင်း မြို့တော်တော်များများရဲ့ ဘုရားတွေ စေတီပုထိုးတွေ လူစည်ကားရာ အချို့နေရာတွေမှာ “စာကလေးလွှတ်မလား စာကလေးလွှတ်မလား” ဆိုတဲ့ စီးပွားရှာသူတွေကို တွေ့ဖူးမြင်ဖူးကြမှာပါ….
တချို့ကလည်း ကိုယ့်မွေးနေ့မို့ စာကလေးတွေလွှတ်ပြီးကုသိုလ်ယူကြတယ်….
ဒီလို စာကလေးတွေလွှတ်တာ ကိုတွေ့ပြီးစိတ်ကူးတမျိုးပေါ်လာလို့ ဒီပို့စ် ကိုတင်လိုက်တာပါ..ကျွန်တော့ အယူအဆ သက်သက်သာဖြစ်ပါတယ်..
ကျွန်တော့ အယူအဆမှားရင်လဲ ဝေဖန်သင်ပြ ပေးကြပါ..
လူတစ်ယောက်က စာကလေးလွှတ်ပြီးကုသိုလ် ပြုတယ်ဆိုကြပါတော့….ကုသိုလ် ရ မရ တော့မပြောတတ်ဘူး..သူ စာကလေး လွှတ်တဲ့အတွက်..
၁ – စာကလေးရောင်းသူက လှောင်အိမ်ထဲလက်နိူက်လိုက်တာနဲ့ စာကလေးတွေ ကြောက်လန့်တကြား ထပျံတဲ့အခါ လှောင်အိမ်ကလဲကျဉ်းတော့ ထိခိုက်မိတာပေါ့ ( လမ်းဘေးဈေးသည် တွေကို စည်ပင် ကလိုက်ဖမ်းတော့ ပြေးရသလို , ရှောင်တခင်စစ်ဆေးမူ တွေ ကြုံရသလိုပေါ့)စိတ်ရောကိုယ်ပါထိခိုက်စေတာပေါ့
၂ -ကံကောင်း လား ကံဆိုး လားတော့ မသိတဲ့ စာကလေး တစ်ကောင်ကို ရောင်းတဲ့သူက ဖမ်းမိသွားပြီး လွှတ်မဲ့သူရဲ့လက်ထဲ ပြောင်းထည့်ပေးချိန်မှာ စာကလေးရဲ့ ရင်ခုန်သံ ကိုခံစားမိမှာပါ…သူ့ရင်ထဲဘယ်လောက်တောင် ကြောက်ပြီး တုန်နေမလဲဆိုတာ…ကိုယ့်ကို ဘုမသိဘမသိ တစုံတယောက်က ဖမ်းချုပ်လိုက်တဲ့ ကြောက်လန့် တုန်လူပ်မူမျိုးပေါ့…
၃ -စာကလေးကို လွှတ်လိုက်ပြီ….ဒီစာကလေး က ဖမ်းတုန်းက ဘယ်ကဖမ်းလာလဲမသိ..အခု လွှတ်လိုက်တဲ့နေရာက သူ့အတွက်နယ်မြေ အစိမ်းဘဲလေ..သူ မသိတဲ့ ဒီ ပတ်ဝန်းကျင် အသစ်မှာ ဘယ်လို အရိပ် အမိုး ခိုပြီး ဘယ်လို အစာရှာစားကြမလဲ..ကျွန်တော်တို့ကို တစ်ယောက်ထဲ ဘာမှပြင်ဆင်မူမရှိဘဲ နယ်မြေသစ်ကိုပို့လိုက်သလိုပေါ့ ..အနှိင်ကျင့်မဲ့ အကောင်တွေကလဲ ရှိသေး အစာရှာရင်လဲ စားခွက်လုတယ်ဆိုပြီး ချကြဦးမယ်..
၄ -ရောင်းတဲ့သူက ဒီစာကလေးတစ်ကောင်ရောင်းလိုက်ရတဲ့အတွက် နောက်ထပ် တစ်ကောင်ထပ်ဖမ်းမှာဘဲ…..အဲဒီအခါ လွယ်လွယ်ကူကူတော့ဖမ်းလို့ရမှာမဟုတ်ဘူး..ထိခိုက်ဒဏ်ရာ ရမိတဲ့ကောင်ရှိမယ် အခန့်မသင့်ရင် သေသွားတဲ့ကောင်တောင်ရှိမှာဘဲ
နောက်ဆုံး သူလိုချင်တဲ့ တစ်ကောင်တော့ရမှာပေါ့…အဲဒီအဖမ်းခံရတဲ့ စာကလေးမှာလဲ သူ့ပါတ်ဝန်းကျင် ,သူ့အပေါင်းအသင်း ,အသိုင်းအဝိုင်း ,ချစ်သူ ,မိသားစု , ရှိကြမှာဘဲလေ..ကိုယ့်မိသားစု..အပေါင်းအသင်း…ထဲကလူ သို့မဟုတ် ကိုယ်ကိုယ်တိုင် အကြောင်းတစုံတရာကြောင့် အဖမ်းခံရခဲ့ရင် ခံစားရသလို သူတို့လဲခံစားရမှာပါဘဲ…
ဒီလိုနဲ့ဘဲသံသရာလည်နေတော့မှာပေါ့
အဲဒီတော့ ကျွန်တော်တို့ ခင်ဗျားတို့ တွေက ဘယ်သူမှဒီလို စီးပွားဖြစ် ရောင်းတဲ့စာကလေးတွေကို မလွှတ်ခဲ့ဘူးဆိုရင်ကော….
စာကလေးရောင်းတဲ့သူက စာကလေးအဟောင်းတွေမရောင်းရလို့ အသစ်လဲထပ်ပြီး အဖမ်းမခံရတော့ဘူး..
နောက်ဆုံး လုံးဝရောင်းမကောင်းတော့ သူတခြားစီးပွားရေးပြောင်းလုပ်တော့မှာပေါ့…ရေခဲရေ ရောင်းရောင်း ..ဘုရားပန်းရောင်းရောင်း..မုန့်တွေဘဲရောင်းရောင်း …
ဒီတော့ စာကလေးတွေလဲ အဖမ်းမခံရတော့ဘူးပေါ့
ဒါကြောင့် စီးပွားဖြစ် စာကလေးရောင်းတဲ့သူတွေကို အားပေးပြီး စာကလေးတွေကို ဒုက္ခပေးမဲ့အစား…လုံးဝ စာကလေးမလွှတ်ဖို့ နီးစပ်ရာကိုပါတိုက်တွန်းခြင်း…ကိုယ်တိုင်လဲ မလွှတ်ခြင်းနဲ့ ကုသိုလ်ယူလိုက်ရင် …..ပိုကောင်းမလား…
တချို့ကတော့ ပြောတယ် ကိုယ်လွှတ်တော့ ကိုယ်ကုသိုလ်ရတယ်…ပြန်ဖမ်းတဲ့သူကတော့ သူ့အကြောင်းတဲ့….
ဆဒ္ဒန်ဆင်မင်း အစွယ်ဖြတ်သလို အစွယ်လိုသူလား, စေခိုင်းသူလား, ဖြတ်တဲ့သူလား, ဘယ်သူအပြစ်ရှိပါသလဲ.????
ဒါကြောင့် စာကလေး လွှတ်တာ ကုသိုလ် ရသလား ငရဲရသလား စဉ်းစားပေးပါ….
ကိုယ်က တစ်ကောင်လွှတ်လိုက်တာနဲ့နောက်ဆက်တွဲဖြစ်လာမဲ့ အဖြစ်တွေကိုတွေးကြည့်ပေးပါ…
ကျွန်တော်ကတော့ လုံးဝ စာကလေးမလွှတ် တော့ပါဘူး…
အယူအဆ မှားနေရင်လဲ ဝင်ရောက်ဆွေးနွေးပေးပါ………..
13 comments
naywoonni
March 9, 2011 at 10:04 am
ဟုတ်တာပေါ့ဗျာ သူ့အကုသိုလ် ကို ကိုယ့် အကုသိုလ် ဖြစ်အောင်လုပ်ရာကျ နေတာပေါ့။ အဲဒိလိုလွှတ်တဲ့သူတွေက ဘယ်သူတွေ များမလဲ? ဗေဒင်ကိန်းခန်းအရ ယတြာချေ တဲ့ သူတွေပေါ့ ..။ ကျုပ်တို့ ရွာထဲက တော့ မပါလောက်ပါဘူး။ ထင်တာပဲလေ………
gyinkalay
March 9, 2011 at 12:31 pm
လွတ်မဲ့သူမရှိရင်ကော…ငုံးကြော်ဆိုပြီး…ကြော်ပြီးလိမ်ရောင်းနေရင်ကော…ဟီး
ဆူး
March 9, 2011 at 1:36 pm
နယ်ဘက်မှာ အသက်ကြီးတဲ့ လူကြီးတွေ စာကလေး ကြော် အားရှိအောင် စားကြတယ်တဲ့။
အိမ်ရှေ့မှာ မျက်စိသူငယ် နားသူငယ်နဲ့ ထိတ်လန့်တုန်လှုပ်ပြီး ဘယ်ပျံရမှန်း မသိဘဲ ကျနေတဲ့ စာကလေးတွေ မြင်ဘူးတယ်။ မပျံနိုင်လွန်းလို့ လူ အနားသွားပြီး အစာ နဲ့ ရေလေး ချပေးထားတာ နေနေတာ.. သူလည်း ပျံနိုင်ကော လူတွေ နဲ့ လွတ်တဲ့ နေရာကို ထ ပျံသွားတော့တာဘဲ။
ဘယ်ရောက်နေမှန်း မသိဘဲ ဘယ်ပျံ ရမှန်း မသိတဲ့ စာကလေးတွေ ကျီးကန်းလိုက် ဆိတ်တာ ခဏခဏ မြင်တယ်။
တောသားတွေ မြို့သားတွေ မြို့ တက်လာတော့ ယောင်လည်လည် နဲ့ ဖြစ်နေသလို ဖြစ်နေတာပေါ့။ သနားစရာ ကောင်းပါတယ်။
I am a cute girl.
March 10, 2011 at 10:24 am
ထောက်ခံပါ၏။ စာကလေးတင်မကပါ။ အချို ့ဆို သိန်းငှက်၊ ဇီးကွက် စတဲ့ အကောင်တွေ ပါရောင်းကြတာ။ လှောင်ချိုင့် ကျဉ်းကျဉ်းလေးထားမှာ နေရတဲ့ ဘဝကို အရမ်းသနားစရာကောင်းပါတယ်။ ကိုယ်က ဒီတခါ လွတ်ပေးနိုင်ပေမယ့် အမြဲတမ်းတော့ လွတ်ပေးနိုင်မှာ မဟုတ်ပါဘူး ။ဒါေြ့ကာင့် ငှက်ဖမ်းတဲ့ လူတွေ ပဲ အလုပ်ပြောင်းအောင် လုပ်မှပဲဖြစ်မှာပါ။
sayargyi
March 10, 2011 at 1:19 pm
အယူအဆတူတဲ့ အတွက်ဝမ်းသာမိပါတယ်၊ အရင်က ကျွန်တော်လဲ လွှတ်ဖူးခဲ့ပါတယ်..အခုတော့ သပိတ်မှောက်လိုက်တာပေါ့….
ဆူး
March 10, 2011 at 1:26 pm
ဇီးကွက် အသေးလေး ဒီဒုတ်လို့ ခေါ်တယ် အဲဒီ ငှက်ကလေးကို ဦးပိန် တံတား သွားတုန်းက အသိ တယောက်က ဝယ်ပြီး လွတ်ပေးတာ တွေ့တယ်။ ညမှ အမြင် အာရုံကောင်းတဲ့ ငှက် နေ့ဘက်မှာ လှောင်အိမ် အပြင်ရောက်တော့ ဘယ်မှ မပျံနိုင်ဘဲ လွတ်ပေးတဲ့ အရှေ့နားမှာတင် ငုတ်တုတ်လေး လွတ်တဲ့လူက သနားလို့ မြှောက်ပေးလိုက် ပျံလိုက် အဆင်ပြေတဲ့ နေရာ တခုခုမှာ နားလိုက်.. အဲလိုပါဘဲ။ သနားစရာ ငှက်သတ္တဝါလေးတွေပါ။
shwepyithu
March 10, 2011 at 3:19 pm
ဟုတ်မဟုတ်တော့မသိဘူး။ ကျမကြားဖူးတာတော့ အဲဒီစာကလေးရောင်တဲ့သူတွေက စာကလေးတွေကို ဘိန်းကျွေးထားတယ်တဲ့။ လွှတ်လိုက်ရင် ခဏပဲပြန်ထွက်သွားပြီး ပို်င်ရှင်တွေဆီပဲ ပြန်ရောက်လာရတယ်တဲ့။ ဒီလောက်စာကလေးတွေ အများကြီး ဘယ်ကရသလဲလို့ စပ်စုမိလို့ သိရတာ။ ဟုတ်လားမဟုတ်လားတော့မသိ အဲဒီအချိန်ကတည်းက သတိထားကြည့်မိတော့ စာကလေးတွေက ပြန်တက်သွားပြီး အနီးဆုံး သစ်ကိုင်းတို့ ဓာတ်ကြိူးတို့ပေါ်မှာပဲ ပြန်ငြိမ်နေတာတွေ့မိတယ်။ ဒီတော့ ဟိုလူတွေက သူတို့ကို အလွယ်တကူပဲ ပြန်ဖမ်းမိသွားနို်င်တာပေါ့။ ကျမ အမှတ်မှားနေရင် ပြင်ပေးနိုင်ပါတယ်နော်။
sayargyi
March 10, 2011 at 4:29 pm
အဲဒီလိုမျိုး ကြားတော့ ကြားဖူးတယ် ဟုတ်မဟုတ်တော့ မသေချာဘူး…
လှောင်အိမ်နဲ့ လမ်းတွေမှာလျှောက်ပြီး ရောင်းတဲ့အသယ်လဲတွေ့ဖူးတယ် သူတို့ကျတော့နေရာအတည်မရှိလို့ပြန်ဖမ်းလို့ရပါ့မလား …
padonmar
March 10, 2011 at 5:20 pm
လက်ထဲလဲ ငွေလဲလုံလုံလောက်လောက်ပါ၊လွှတ်ပေးချင်တဲ့ သဒ်ဓါစိတ်လေးလဲဖြစ်(မွေးနေ့၊ယတြာမဆိုင်) အဲဒီအခါမျိုးဆိုရင် စာကလေးဖြစ်စေ၊ဂဏန်းဖြစ်စေ ခြင်းလိုက်လွှတ်ပေးလိုက်တယ်၊
မတတ်နိုင်တဲ့အခါတော့ မမြင်သလိုနေရတော့တာပေါ့၊
မြွေဆိုရင်တော့ တိရစ္ဆာန်ရုံ နဲ့လှော်ကားသွားလွှတ်လိုက်တယ်၊်
shwepyithu
March 10, 2011 at 6:26 pm
ူယကြာကြောင့်မဟုတ်ဘူး ငယ်ငယ်တုန်းကတော့ စာကလေးတွေကို သနားလို့ ခဏခဏလွှတ်ပေးခဲ့ဖူးတယ်။ နောက် အဲလိုမျိူးတွေလဲ ကြားရ၊ ဆရာကြီးပြောသလို ငါတို့အားမပေးရင် သူတို့ အဖမ်းခံရသက်သာမလားလို့ ဆက်မလွှတ်ဖြစ်တော့ဘူး။ ဒါပေမဲ့ လွှတ်နေတဲ့သူတွေကိုတော့ တွေ့တိုင်းလိုက်ကြည့်မိတယ်။ အမယ်တချိူ့ငှက်ကလေးတွေက ပခုံးပေါ်တောင်လာနားသေး။ ဘာပဲပြောပြော ကျမတို့ မြန်မာလူမျိူးတွေရဲ့ သဒ္ဓါတရားနဲ့ သူတို့လေးတွေရဲ့ ကံကြောင့် လွတ်ချင်လည်း လွတ်မြောက်သွားနိုင်တယ်မဟုတ်လား။
white
March 11, 2011 at 4:00 am
I am a cute girl ပြောသလို ငှက်ဖမ်းတဲ့သူတွေ တခြားအလုပ်လုပ်နိုင်အောင် ဖန်တီးပေးမှရမှာပဲ
သူတို့က ဒါပဲလုပ်တတ်တော့ လွှတ်တဲ့သူမရှိလဲ ဆက်ဖမ်းပြီး စားတဲ့သူကိုရောင်းမှာပေါ့ မြန်မာပြည်မှာလည်း စာကလေးကြော် ဈေးကွက်က ကြီးတယ်
မိုက်ကယ်ဂျော်နီအောင်ပု
March 11, 2011 at 4:30 am
ဒီလိုကိစ္စမျိုးကို အားမပေးသင့်ပါ
နင့်အသက်တစ်ခါလွှတ် ငါ့အသက်ဆယ်ခါလွှတ် ဆိုပြီး အကျဉ်းခံဘဝကို ဆယ်ခါပြန်တ တာကို သတိချပ်ကြလေ။
အများအားဖြင့် တွေ ့ရတတ်တဲ့ စာကလေးတွေကတော့ sparrow ဆိုတဲ့မြို ့မှာနေတဲ့စာကလေးတွေဟုတ်ဘူး
စာပူဒေါင်းလို ့ခေါ်တဲ့စာကလေးတွေဖြစ်သကွဲ ့ဘိုလိုတော့ စပဲရိုးဘူဒေါင်းပေါ့ 🙂
လယ်သမားတွေဆိုသိတယ် လယ်မှာ စာပူဒေါင်းကျတယ်ဆိုရင် တော်တော်ဒုက္ခရောက်တယ်
အုပ်လိုက်ကြီး အကုန်စားပြစ်တာ
ဒီတော့ကာ ဒီစာကလေးတွေကို မျိုးဖြုတ်ဘို ့ကြိုးစားကြတယ်
ခင်ဗျားတို ့ရဲ ့ဘာသာရေးရှုဒေါင့်ကနေကြည့်ရင် အကုသိုလ်လို ့သွားပါမယ်
ဘစ်ဇနစ်အရပြောရရင် ဂွတ်ထ ဘဲရီး ဘဲ
sayargyi
March 11, 2011 at 6:01 am
“နင့်အသက်တစ်ခါလွှတ် ငါ့အသက်ဆယ်ခါလွှတ် ဆိုပြီး အကျဉ်းခံဘဝကို ဆယ်ခါပြန်တ တာကို သတိချပ်ကြလေ။”
ကိုအောင်ဘု ပြောတဲ့ အဲဒီစကားကို တော်တော်သဘောကျတယ်ဗျာ…ဆုတောင်းတာလဲ မမှားဖို့လိုသား..