ငပြႀကီးMarch 30, 20121min21113
ပုသိမ်မြို့ကို ဦးသိန်းစိန် ၂၄ ရက်နေ့ကလာတော့ ကြိူဆိုတဲ့ဆိုင်းဘုတ်တွေကို အချက်အခြာကျသောနေရာတွေမှာ အခု ၃ဝ နီးပါးလောက် ဓါတ်ပုံကြီးနဲ့အတူ ကပ်ထားကြပါတယ် ဒီဟာကလဲကိစ္စမရှိသေးဘူး ဦးသိန်းစိန် ပြန်သွားတော့ ၂၆ ရက်နေ့မှာ စည်ပင်က ပြန်ဖြုတ်တာပေါ့  အဲဒီမှာ လေယာဉ်ကွင်း ကနေ ဖြုတ်လာလိုက်တာ ကမ်းနားလမ်း လဲရောက်ရော ပြန်တပ် ပြန်တပ် ဆိုလို့ ဖြုတ်ပြီးသား ၁၅ ခုလောက် အစကနေပြန်တပ်ရပါတယ် သူ့ဆိုင်းဘုတ်က ဦးသိန်းစိန်လာလို့ ပုသိမ်က ကြိုဆိုကြောင်းရေးထားတာ အခုဦးသိန်းစိန်က ပြန်သွားပြီ ဒီနေ့ ၃ဝ ရက်နေ့ထိ မဖြုတ်သေးဘူး နောက်တော့မှ သိရတာ ဦးသိန်းစိန် ဓါတ်ပုံ အကြီးကြီးကို ဖြုတ်ချနေတော့ သမတ္တကြီးဦးသိန်းစိန်ကို ဖြူတ်ချလိုက်ပြီလို့ ဆိုတဲ့သဘောဆောင်သွားလို့ပါ…တဲ့…အဲဒါနဲ့ ဖြူတ်ချပြီးသားတွေကိုပါပြန်တင်ရတော့တာပါဘဲ… အတွေးတွေကတော့ ရှယ်ပဲ…..ဘယ်နေ့တော့ ဦးသိန်းစိန်ကိုဖြုတ်ချကြမလဲ စောင့်ကြည့်ဦးမှ……


ငပြႀကီးApril 19, 20111min1432
အခုလိုပွင့်လင်းရာသီ ရောက်ရင် ပင်လယ်ကမ်းစပ်တွေကို အပျော်ခရီး ထွက်တတ်ကြပါတယ်.. ချောင်းသာ ကိုလာတာဘဲ ဖြစ်ဖြစ် ပုသိမ် ကိုလာတာဘဲ ဖြစ်ဖြစ် သတိထားရမယ့် အကြောင်းလေးတွေကို သတိပေးချင်ပါတယ်.. ကိုယ်ပိုင်ကားလေးတွေနဲ့ လာမယ့် မိတ်ဆွေများ…ရန်ကုန် ပုသိမ် အဝေးပြေးလမ်းမ ကအခု အနေအထားဟာ အကောင်းဆုံး လို့ပြောရမှာပါ.. အကောင်းဆုံးဆိုတာ အရင်က လုံးဝမကောင်းတာထက်စာရင် ပြောတာနော်..လမ်းကောင်းတယ်ပေါ့ဗျာ…ဒါပေမယ့် လမ်းမှာ လိူင်း (လမ်းမညီ) တွေအရမ်းများပါတယ်…အရှိန်ကိုသတိထားပါ (ဒါးက နဲ့ ပုသိမ် ကြား ပိုဆိုး) လမ်းကျင်းပါတယ်…ကျော်တက်ရင်..ကားချင်းရှောင်ရင် သတိထားပါ ဒိန်းဒေါင်း(ထောင်လာဂျီ)တွေ အရမ်းကိုဒုက္ခပေးတတ်ပါတယ်.. လမ်းဘေး တောက်ရှောက် ရွာတွေများလွန်းတဲ့အတွက် ရုတ်တရက် ကလေး, အမူး, အရူး ,စက်ဘီး ,ဆိုင်ကယ် တွေ လမ်းပေါ် ထွက်လာတတ်ပါတယ် လိုင်းကားတွေဘေးမှာ ဈေးရောင်းနေသူတွေကိုလဲသတိထားပါ..(အထူးသဖြင့် မအူပင်လမ်းဆုံ […]


ငပြႀကီးMarch 9, 20111min13913
မြန်မာနှိင်ငံ အတွင်း မြို့တော်တော်များများရဲ့ ဘုရားတွေ စေတီပုထိုးတွေ လူစည်ကားရာ အချို့နေရာတွေမှာ “စာကလေးလွှတ်မလား စာကလေးလွှတ်မလား” ဆိုတဲ့ စီးပွားရှာသူတွေကို တွေ့ဖူးမြင်ဖူးကြမှာပါ…. တချို့ကလည်း ကိုယ့်မွေးနေ့မို့ စာကလေးတွေလွှတ်ပြီးကုသိုလ်ယူကြတယ်…. ဒီလို စာကလေးတွေလွှတ်တာ ကိုတွေ့ပြီးစိတ်ကူးတမျိုးပေါ်လာလို့ ဒီပို့စ် ကိုတင်လိုက်တာပါ..ကျွန်တော့ အယူအဆ သက်သက်သာဖြစ်ပါတယ်.. ကျွန်တော့ အယူအဆမှားရင်လဲ ဝေဖန်သင်ပြ ပေးကြပါ.. လူတစ်ယောက်က စာကလေးလွှတ်ပြီးကုသိုလ် ပြုတယ်ဆိုကြပါတော့….ကုသိုလ် ရ မရ တော့မပြောတတ်ဘူး..သူ စာကလေး လွှတ်တဲ့အတွက်.. ၁ – စာကလေးရောင်းသူက လှောင်အိမ်ထဲလက်နိူက်လိုက်တာနဲ့ စာကလေးတွေ ကြောက်လန့်တကြား ထပျံတဲ့အခါ လှောင်အိမ်ကလဲကျဉ်းတော့ ထိခိုက်မိတာပေါ့  ( လမ်းဘေးဈေးသည် တွေကို စည်ပင် ကလိုက်ဖမ်းတော့ ပြေးရသလို , ရှောင်တခင်စစ်ဆေးမူ တွေ ကြုံရသလိုပေါ့)စိတ်ရောကိုယ်ပါထိခိုက်စေတာပေါ့ ၂ -ကံကောင်း […]


ငပြႀကီးJanuary 13, 20111min926
ပုသိမ်မြို့ပေါ်ကနေရာတော်တော်များများမှာ နေ့ချင်းညချင်း ပြောင်းလဲမူတွေ ဖြစ်ပေါ်နေပါတယ်။ ကောင်းသောပြောင်းလဲမူကတော့ မြို့လယ်က လမ်းများ ကွန်ကရစ်လမ်းတွေအဖြစ် ပြင်ဆင်ခြင်းပါ။ ဒါကလဲ တတ်နှိင်သောသူဌေးလမ်းများကို စည်ပင်က ပိုက်ဆံကောက်ပြီးလမ်းခင်းခြင်းပါ ,  တကယ်ပြင်ဆင်ရန် လိုအပ်ပြီး ပိုက်ဆံသိပ်မရနှိင်သောလမ်းများကိုတော့ စည်ပင်မှ အသစ်ရောက်သော ထိုလူကြီးက ယောင်လို့တောင်လှည့်မကြည့်သေးပါဘူး။ ဘာဘဲဖြစ်ဖြစ် လမ်းတွေပြင်တယ်ဆိုတာနဲ့တင် တော်တော်ဝမ်းသာစရာပါ ။ မကောင်းသောပြောင်းလဲမူကတော့ လက်ဖက်ရည်ဆိုင်လို လူစုံတဲ့နေရာမျိုးတွေမှာ ကျောင်းသားလူငယ်တော်တော်များများ ပြောဆိုနေတဲ့ အကြောင်းကတော့ ငါ မနေ့ကဘယ်လောက်ရှံးတယ် ….ဘယ်လောက်နိင်တယ် …ဒီနေ့သွားချဦးမယ် …အကြီးကိုဘယ်လိုထိုးမယ် …အသေးကိုဘယ်လိုထိုးမယ်….အစရှိသဖြင့် ပိုက်ဆံတွေကိုင်ပြီး အမျိုးမျိုုးပြောနေတာတွေ တွေ့နေရပါတယ်…. သူတို့ပြောတဲ့အကြောင်းတွေကတော့ Game Center လို့အမည်တပ်ထားတဲ့ ကာစီနိူ အသေးစားလေးတွေပါ အဲဒီမှာ ပိုက်ဆံ အလျှော်အစား လဲ ရှိပါတယ်..နှိင်ရင် နှိင်သလောက်ငွေသားထုတ်ယူသွားလို့လဲ ရပါတယ်..ရှံးရင်လဲထားခဲ့ပေါ့….. အချို့သောသူများ သိန်းရာဂဏန်းထိ […]