ဗိဿနိုးနတ်ကွန်း

ဆူးMarch 10, 20111min22117

မဟာမြိုင် တောကြီး အတွင်းမှ ဗိဿနိး နတ်ကွန်း ဓါတ်ပုံလေးတွေ ရလို့ တင်ပေးလိုက်ပါတယ်။
မဟာမြိုင်တောကြီးထဲ သွားရင်တော့ လူတွေက အနှောက်အယှက် ကင်းအောင် ကားတွေ လူတွေ ဦးတိုက်ကြတယ်။ ကြည်ညိုလို့ ရှိခိုးတာထက် ကြောက်လို့ သွားကန်တော့ ကြတာ ဖြစ်ပါတယ်။
တောထဲမှာ ဘေးဒုက္ခ မကြုံရအောင် အနှောက်အယှက် အတိုက်အခိုက် စသဖြင့် မမြင်နိုင်တဲ့ အတားအဆီးတွေ ဆီးမကြိုနေအောင် သွားကန်တော့ပြီး ဒီခရီး ဘေးကင်းပါစေ ဆုတောင်းကြတယ်။
မုံရွာဘက်က သစ်ထုတ်လုပ်ရေး လုပ်တဲ့ လူတွေကတော့ အရမ်းကြောက်ကြပါတယ်။ တော်တော် လည်း ယုံကြတယ်။ မဟာမြိုင်တောထဲက သစ်ကွင်းတွေမှာ အလုပ်လုပ်နေကြတော့ သူတို့လည်း စိတ်ခြောက်ခြားကြတယ် ထင်ပါတယ်။


မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဇရပ်ပုံဖြစ်ပါတယ်။

17 comments

  • unclegyi1974

    March 10, 2011 at 5:22 pm

    ဆူး ဘယ်အချိန်လောက်ကရောက်တာလဲ
    မကြာသေးဖူးဆိုရင် မဟာမြိုင်တောကြိီးကောရှိသေး
    ရဲ့လားလို့မေးကြည့်ချင်လို့ပါ

  • ဆူး

    March 10, 2011 at 5:29 pm

    ဆူး ရောက်ခဲ့တာကတော့ ၂၀၁ဝ ၅လပိုင်းတုန်းက သွားခဲ့တာပါ။
    ဒီတပတ် အတွင်း အဲဒီက ပြန်လာတဲ့ လူတွေ ဆီက ဓါတ်ပုံရလာလို့ နောက်ပိုင်း ထပ်ပြီးတော့ မဟာမြိုင်တော နဲ့ ပတ်သတ်တဲ့ ပိုစ်တွေ ဆူး မြင်ခဲ့တဲ့ အတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီးတင်ပေးပါအုန်းမယ်။
    တောကတော့ ရှိပါတယ် ဘာမှမထူးပါဘူး။ သဲတွေပေါတယ်။ ကာနဲ့သွားတာ သဲကြောမှာ နစ်နေလို့.. ပြသနာများခဲ့ရသေးတယ်။ ပုံတွေ တင်ပေးဖို့ ပုံတွေ စုစည်းနေတယ်။

  • bigcat

    March 11, 2011 at 4:00 am

    ရွာထဲဝင်ရင် ဘယ်သူ့ကို ဦးခိုက်ရမတုန်း… ဥုံ..သျှီ..သျှီ..သျှီ…

    • ဆူး

      March 11, 2011 at 9:02 am

      ဦးကြောင်ကြီး ဘယ်သူ့ကို ဦးခိုက်ချင်လဲ.. ဟိုမှာတော့ သဂျီးက မိန့်မိန့်ကြီး ထိုင်ကြည့်နေတယ် ထိုင်ခုံပေါ်မှာ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 11, 2011 at 4:50 am

    အဲ့သည် ဗိဿနိုးက အဖွားကြီး
    ကိုယ်တိုင်ထောင်းတဲ့ ငရုပ်ဆုံဆက် တွေ အောက်မှာ ရှိတယ်ဗျို ့
    http://myanmargazette.net/34757/computers-technology

  • ogre

    March 11, 2011 at 8:40 am

    နတ်ဆိုတာ..သရဲအကြီးစားပဲ
    နတ်ကြမ်းတယ်ဆိုတဲ..တောတောင်တွေထဲရောက်ဖူးတယ်
    နတ်ကိုမယုံတဲ့သူကိုနတ်ကဘာမှလုပ်လို့မရဘူး
    အဲ..သွားပြီးတော့ရှစ်မခိုးလိုက်နဲ…..သူတို့လုပ်ချင်တာလုပ်လို့ရသွားရော
    နတ်ကိုဘယ်တော့မှအောက်မကျို့နဲ့….သူတို့အထက်ကနေ

    • char too lan

      March 11, 2011 at 9:39 am

      ဘီလူးကိုရော ???? 🙂

      • ဆူး

        March 11, 2011 at 4:32 pm

        ဗိဿနိုးက လူတွေ နတ်လိုလို ကိုးကွယ်နေတာ အမှန်တော့ ဘီလူး လို့ ပြောတာ ကြားဖူးတာဘဲ။

  • char too lan

    March 11, 2011 at 9:30 am

    အဲ့နေရာကအကြောင်းတွေ ကြားဖူးတယ် မကောင်းဘူး 🙁

  • kai

    March 11, 2011 at 9:50 am

    အဲဒီအကောင်တွေ ဖနောက်နဲ့ပေါက်..။ ဆေးကြိမ်လုံးရိုက်ပြီး .. ဟောလိဝုဒ်မှာ သရဲကားရိုက်ဖို့ ခေါ်ထားလိုက်မယ်လေ..။
    နောက်ဆို ..ကားသမားတွေ .. မကြောက်နဲ့တော့လို့ပြောလိုက်နော..။
    ကန်တော့ချင်ရင်တော့ .. ဟောလိဝုဒ်ဖက်..မှန်းပြီးကန်တော့ပေါ့..လို့..။
    အလှူငွေထည့်ချင်ရင်တော့ .. အဲဒီနားအနီးဆုံးရွာက.. အသက်အငယ်ဆုံးကလေးကို .. ငွေပေးလိုက်လို့..။ 🙂

    • ဆူး

      March 11, 2011 at 3:29 pm

      သဂျီး သူယောင်သီး လိုချင်လား ပြန်ရောင်းပေးမယ်။ အဟမ်း ဈေးကောင်းပေးရင် ပါဆယ်နဲ့ ပို့ပေးမယ်။

  • ဆူး

    March 11, 2011 at 3:18 pm

    ဆူးကတော့ ယုံလို့တော့ မဟုတ်ပါဘူး။
    အဲဒီ နတ်ကွန်းကို ရောက်တော့ ကားဆရာတွေ အုံနာတွေ ကားနဲ့ ဆိုင်တဲ့ လူတွေ အဓိက ကန်တော့ကြတယ်။ တခြား ကြောက်တဲ့သူတွေ ကန်တော့ကြတယ်။ ဆူးကတော့ ကားပေါ်က မဆင်းဘူး။ သူများ လုပ်တာကိုဘဲ လေ့လာ စူးစမ်းတဲ့ သဘောနဲ့ ကြည့်နေခဲ့တယ်။
    အဲဒီ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ပိုစ်တွေ အများကြီး တင်စရာ ရှိသေးတယ်။

  • kopauk mandalay

    March 12, 2011 at 8:55 am

    (သဲတွေပေါတယ်။ ကာနဲ့သွားတာ သဲကြောမှာ နစ်နေလို့.. ပြသနာများခဲ့ရသေးတယ်)
    သူများတွေအလေးအမြတ်ပြုတာတောင်ကားပေါ်ထိုင်နေလို့
    ဒီလိုဖြစ်သွားတာပေါ့ ဆူးမမဆိုတဲ့ကောင်မလေး
    ဒါတောင်ကျန်တဲ့သူတွေက အမိုက်အမဲလေးကိုခွင့်လွှတ်ပါဆိုလို့ ဒီလောက်နဲ့ရပ်သွားတယ်မှတ်ပါ
    နောက်တခါလာလို့ကတော့ …………………………………….ဟင်း!!!!!!!!!!

  • ဆူး

    March 12, 2011 at 12:39 pm

    ဗိဿနိုး ကိုယ်စာလှယ်နဲ့ တွေ့နေပါလား။ ဟီးဟီး.. နောက်တခါ လေးပေါက်ကို ခေါ်သွားမယ်။ ဆူး အစား ကန်တော့ခိုင်းဖို့။

  • naywoonni

    March 12, 2011 at 2:03 pm

    အဲဒိနပ်တွေ (အဲ )နတ်တွေက ညည်းလေးပေါက်ကို ပြန်ကန်တော့မှာတော့မသိပဲ 😛

  • shweminthar

    March 12, 2011 at 2:55 pm

    အဲဒီ နယ်မှာ ဘုရားစာ ရွတ်လို့ မရ ဘူးလို့ လဲ ပြောသံကြားဖူးတယ်။
    ဟုတ်လားတော့ မသိဘူး…..

  • ဆူး

    March 12, 2011 at 5:34 pm

    ဘုရားစာ ရွတ်လို့ ရပါတယ်။ ဘုန်းကြီး မုန်းတာ.. သင်္ကန်း ဝတ်နဲ့ ဘုန်းကြီးတွေ အဲဒီ တောထဲ ဝင်တာနဲ့ အသေဘဲ။ အကျင့်သီလ မကောင်းရင် သူ့လက်ချက်နဲ့ ပျံလွန်တော် မူတာဘဲ။
    အဲဒီတောထဲမှာ တစ်ပါးတည်း သီတင်းသုံးတဲ့ ဆရာတော် တစ်ပါးရှိတယ် အဲဒီ ဆရာတော် ကို သွားဖူးတာ မနှစ်က ၂ပါး ပျံလွန်တော် မူသွားတယ်။ လမ်းမှာ ပြသနာ တက်တက်ပြီး သေသွားတယ် ပြောတယ်။

Leave a Reply