အတွေးနှင့် လက်ရာ

 

ဒီပုံလေး ရိုက်ဖြစ်တုန်းက ပုံလေး ကို ကြည့်ပြီးတော်တော်ကို ကျေနပ်မိတယ်။ နောက်ပြီး ဒီပုံလေးက သဘာဝတစ်ခုကိုပြနေသလိုဘဲ။ ပန်းလေး နားမှာ အကောင်လေးတွေက တဝဲလည်လည်နဲ့ ဖြစ်နေအောင် ပန်းလေးက သူရဲ့ ရနံ့မာယာတွေနဲ့ ဖန်းစားတားတယ်။ နောက်ပြီးတစ်ကောင်တည်းကို ဘဲ သူနားမှာ အကပ်ခံပြီး နောက်တစ်ကောင်က မလှမ်းမကမ်းက စောင့် ကြည့်နေရတယ်။ နောက်ပြီး အနောက်က ပန်းလေး တစ်ပွင့်က အသည်းပုံလေးနဲ့ အချစ် သင်္ကေတ ပြနေသလို ဘဲ။ အဲလိုဘဲ ကိုယ့် အတွေးနဲ့ကိုယ်  စိတ်ကူး ပုံဖေါ်ကြည့်ရတာပေါ့။

 

ဒီပုံလေးရိုက်တုန်းက သူတို့တွေနဲ့ နေ့တစ်ပိုင်းလောက်နေခဲ့ရတယ်။ သူတို့လေးတွေကို ကြည့်ပြီး အတွေးတွေအများကြီးရခဲ့တယ်။ သူတို့ရဲ့ နေရေးထိုင်ရေး နဲ့ ဝမ်းရေးအတွက် စိတ်ပူမိခဲ့ သလို လက်ရှိဘဝအခြေနေမှာ အပူအပင်ကင်းတဲ့ သူတွေရဲ့မျက်လုံးတွေကိုကြည့်ပြီး ကြည်နူးမိပါတယ်။

8 comments

  • Thel Nu Aye

    April 11, 2012 at 7:04 pm

    နှစ်ပုံလုံးကြိုက်လို့ကူးသွားပါတယ်။ ပန်းနဲ့ပျားပုံကတော့အင်မတန်ပဏာရပါတယ်။ ရှားရှားပါးပါးပါ။ နွားလှည်း နေလုံး ဖုံလုံးကလဲ မြန်မာ့ဓလေ့ကိုဖော်ပြနေတာမို့ ရှားပါးပုံပါပဲ။ လက်မထောင်သွားပါတယ်။

  • blackchaw

    April 11, 2012 at 7:24 pm

    လှချက်ကတော့ ညီလေးရေ
    ပြောစရာစကားလုံးရှာလို့ တောင်မရဘူး။
    အားပေးသွားပါတယ် ရွှေမင်းသားရေ။
    :mrgreen:

  • Khaing Khaing

    April 11, 2012 at 8:48 pm

    ကိုရွှေမင်းသား (ကိုကျန်စစ်ရေ) တစ်ကယ်လှတယ်ဗျာ ပထမလက်ရာလေးက ညီမလေအဲပုံတွေကြည့်ပြီ ညီမ ရိုက်ထားတဲ့ဒါ့ပုံတွေကို ရှက်တောင်ရှက်မိတယ်ဗျာ ……. သူများတွေရိုက်ချက်နဲ့များကွာပ ……..

  • ဆူး

    April 11, 2012 at 8:56 pm

    ဖုန်လုံး မှာ အလင်းရောင် ကျနေတာ တော်တော် လှတယ်။
    အချိန်ယူရမယ် ထင်တယ်နော်။

  • TTNU

    April 11, 2012 at 9:55 pm

    ရွှေမင်းသားရေ…
    ပညာကုန်မဟုတ်သေးဘူးထင်ပါရဲ ့။
    ပုံလေးတွေကူးလိုက်ပြီနော်။

  • Mလုလင်

    April 12, 2012 at 12:02 am

    ဖွက် . ထားတဲ့ လူကြီး .. တင်တော့ လဲ နှစ်ပုံ ထဲ …

    • ရွှေ မင်း သား

      April 17, 2012 at 10:12 pm

      ဒီနှစ်ပုံ ရဖို့အတွက် ပုံ နှစ်ဆယ် အထက် ရိုက်ခဲ့ရတယ် ဆိုတာ သိရဲ့သားနဲ့။

  • water-melon

    April 12, 2012 at 6:08 am

    အမလေး ဥကျံရဲ့ တင်ပါအုန်းတော့
    ဒါကြောင့်ပြောတာပေါ့ ဓာတ်ပုံဆရာတွေက ပုံတွေကပ်စီးနည်းတယ်တဲ့
    နာ ဖြတ်ကပ်ညပ်လုပ်ဖို့ယူသွားပြီအေ့ 😀

Leave a Reply