အမေရိကန်အစိုးရ ရန်ကုန် အမေရိကန်သံရုံးက စာထုတ်ထားပါတယ်

manawphyulayMarch 11, 20111min11411

DV GREEN CARD ပေါက်ကြောင်း အီးမေးပို့ ငွေလိမ်တာကို သတိထားပါ

အမေရိကန် အစိုးရက DV ပေါက်လား မပေါက်လား ဆိုတာ http://www.dvlottery.state.gov/ တွင် ဝင်ရောက်ကြည့်ဖို. ပြောထားပါတယ်၊ အခြားနည်းလမ်းမရှိပါ၊ အီးမေးပို.ခြင်း၊စာတိုက်က စာပို.ခြင်းများ တရားဝင် မပြုလုပ်ကြောင်း နှင့် အမေရိကန်အစိုးရက ငွေများတောင်းခံခြင်း မရှိကြောင်း ရေးထားပါတယ်၊ဒါကြောင့် လိမ်ညာငွေတောင်းမူကို အားလုံး သိအောင် အထူးသဖြင့် မြန်မာပြည် အသိဉာဏ်နည်းသူများကို သတိပေးစေလိုပါတယ်၊၊

11 comments

  • nigimi77

    March 11, 2011 at 6:13 pm

    Kevin Kelly ဆိုတဲ့ သကောင့်သား ယဉ်ကျေးသလိုနဲ ့ စော်ကားလိုက်တာ မြန်မာပြည် အသိဉာဏ် နည်းသူများကို သတိပေးစေလိုပါတယ်တဲ့။

    တခြားနေရာမှာသာ မသိမယ် မြန်မာပြည်က ကဝိများက
    ဖင်ပဲခံရ ဂွေးပဲစုတ်ရ အမေရိကဆိုရင် အပြေးအမြန်ဝင်ချင်တာကြောင့်
    သေချာတဲ့ နည်းလမ်း မဟုတ်ရင် တုတ်တုတ်မှ မလှုပ်ပါဗျာ။

    အမေရိကကို သိတာ ဗီဇာ ဆက်ရှင်က လူတွေထက် ပန်းဆိုးတန်း
    ကုလားတောထဲမှာ ဗမာတောထဲမှာ ဘာသာရေး အကြောင်းပြ ခရစ်ယာန်တော
    ထဲမှာ ဖျော်ဖြေရေး အကြောင်းပြ လူတွေတောထဲမှာ ကြုံရာစားပြီး ကြီးနေတဲ့ ခွေး
    ကတောင် ပိုသိဦးမယ်။

    မြန်မာတွေနဲ ့ ပတ်သပ်ပြီး ပွင့်လင်းစွာပြောတာလား ဒီလိုမြင်တာလား ဆိုတာတော့
    ဘယ်တုံးကမှ မရှိတဲ့ ဘုရားပဲ သိလိမ့်မယ်။

    • bigcat

      March 12, 2011 at 2:17 am

      လူတိုင်းကခင်ဗျားလို ပညာရှိမဟုတ်ဘူးဗျို့။ (ဒါကြောင့်တိုင်းပြည်ဆင်းရဲနေတာ ခင်ဗျားတသက် :D) တလောကတောင် အသိရဲ့အသိက အဲဒီလိုငွေတောင်းတာမျိုးရလို့ မယုံဖို့သတိပေးလိုက်ရသေးတယ်။

  • တော်တော်မိုက်ရိုင်းတဲ့ကောင်
    မြန်မာလိုရေးထားပြီး English နာမည်နဲ့ဆိုတော့ ဘယ်အကောင်နဲ့ သူ့အမေနဲ့ညားပြီး ဘယ်လိုမျိုးမစစ်မှန်းမသိဘူး။ မြန်မာစကားလုံးသုံးချင်တယ်ဆိုရင် ယဉ်ကျေးမှုရှိရှိတော့ သုံးသင့်တယ်မလား။ စကားလုံးအသုံးအနှူန်းဆင်ခြင်ရင် ကောင်းမယ်ထင်တယ်။ နောက်ထပ် အဲလိုစာမျိုး မမြင်ရပါစေနဲ့ 🙁

  • ယောလေး

    March 12, 2011 at 4:22 am

    အင်းဗျာ…DVပေါက်တယ်ဆိုပြီးတော့ ကျတော့မေးထဲ ဝင်လာသေးတယ်။ ကျတော်လဲ ပျော်လိုက်ရသေးတယ် ခဏတော့…နောက်တော့ သေချာစုံစမ်းကြည့်မှ အတုဖြစ်နေတာ…..လူတော်တော်များများကိုမေးပို့ပါတယ်

  • etone

    March 12, 2011 at 4:53 am

    လိမ်ညာငွေတောင်းမူကို အားလုံး သိအောင် အထူးသဖြင့် မြန်မာပြည် အသိဉာဏ်နည်းသူများကို သတိပေးစေလိုပါတယ်၊

    အဲ့ဒါကြီးဖတ်ပြီး တမျိုးပဲ… ။ လူတိုင်းအလိမ်ခံရနိုင်တာပဲမဟုတ်ဘူးလား ။ အသိဉာဏ်နည်းတဲ့လူမှ ရွေးအလိမ်ခံရနိုင်တာ မဟုတ်ပါဘူး ။ ဒီလို အတွေ့ကြုံက မပေါက်ဖူးတဲ့လူ ဖြစ်တဲ့အတွက် ပထမဆုံးအတွေ့ကြုံဆိုတော့ အလိမ်ခံရကောင်းခံရနိုင်ပါတယ် … ။

    အသိဉာဏ်နည်းတဲ့ဆိုတဲ့စာကို ဘာလို့ နှစ်ယောက်စလုံးတွင်တွင်ကျယ်ကျယ်ပြောကြရတာလဲ ။ အဲ့လိုပြောခံရမဲ့အစား အလိမ်ခံလိုက်ရရင်တောင် ဘယ်သူမှ နှုတ်နဲ့ လာမစော်ကားဘူး ထင်တယ် ။

  • kai

    March 12, 2011 at 8:25 am

    အင်း..
    သေချာဖတ်ကြည့်တော့ ရေးသူမှာ မြန်မာတွေကိုစော်ကားလိုစိတ်မရှိဘူးလို့ထင်တာပဲ..။
    အရေးမတတ်လို့လို့ ထင်မိပါတယ်..။
    ဘာပဲဖြစ်ဖြစ်.. ဒီသတင်းက တက်နေတာကြာပြီဖြစ်ပေမဲ့.. အကျိုးရှိတယ် ထင်တာပါပဲ..။

    အနည်းဆုံးတော့ ..ပြန်တင်ပေးတဲ့.. ရွာသူမနောကို ကျေးဇူးတင်ပါတယ်…။ 🙂

  • manawphyulay

    March 12, 2011 at 8:43 am

    မနော ပေါက်ခဲ့ဖူးလို့ ကိုယ်ကျိုးအတွက်ချောင်းနေတဲ့သူတွေ တစ်ပုံကြီး ရှိနေပါတယ်။ ပေါက်တဲ့သူတောင် အလွတ်မပေးပဲ ဘယ်ကရမလဲဆိုတဲ့သူတွေ အများကြီး တွေ့ရှိခဲ့ရတဲ့အတွက် ရှောင်နိုင်ရန် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ တကယ်လို့ ပေါက်ခဲ့တဲ့သူတွေရှိရင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ အခမဲ့ ပြောပြမယ့် မနောကို မေးမြန်းတိုင်ပင်လို့ရပါတယ်ရှင်။

    • bigcat

      March 12, 2011 at 8:40 pm

      အဲဒါဆိုမေးပါရစေ။ ဒီဗွီပေါက်ဖူးတဲ့သူကို ရီးဂျားဂျကားပြောချင်ရင် ဘယ်ကစရမလဲ။

  • dream

    March 12, 2011 at 8:52 am

    သူငယ်ချင်းတစ်ယောက်တောင် DV ပေါက်တယ်ဆိုပြီး ပျော်နေတာ
    သူက တခြားသူငယ်ချင်းတွေကိုတောင် သွားတော့မယ်ဆိုပြီး လိုက်နှုတ်ဆက်နေသေးတယ်
    သံရုံးသွားမေးမှ မဟုတ်ဘူးဆိုတာ သိရတယ်
    အဲလိုမျိုးလာမေးတာ အယောက် ၁၀၀ဝ လောက်ရှိပြီတဲ့

  • intro

    March 12, 2011 at 9:02 am

    မနေ့ကလဲ DV ပေါက်တယ် ဆိုပြီး အီးမေးလ် တစ်စောင် ဝင်လာသေးတယ်၊ @time.com ဒိုမိန်းနဲ့၊ ပြီးတော့ ဘာပေးမယ်၊ ညာပေးမယ်ပေါ့၊ အေးဂျင့်က UK လိပ်စာနဲ့၊ ပြီးတော့ ဒေါ်လာ 880 တောင် တောင်းသေးတယ်၊ DV လဲ တစ်ခါမှ မတင်ဘဲနဲ့ ပေါက်တယ်ဆိုလို့ ရယ်ချင်နေတာ…

  • paukpauk

    March 13, 2011 at 2:04 pm

    သူရေးတာမလွန်လောက်ဘူးထင်ပါတယ်။ ဒါကို အလိမ်အညာခံရရင်တော့ အသိညာဏ်နည်းပါးလို့ပဲဖြစ်မယ်လေ။
    ကျွန်တော့်အသိတောင် မေးနေသေးတယ် mail သူ့ဆီဝင်လာလို့တဲ့။

    မြန်မာတွေ ဘောလုံးပွဲ မှာအဆင့်အတန်းမရှိတာ တောင် ဘောလုံးအဖွဲ့ချုပ် ကိုတိုင်ခံရပြီ။
    ညည ဝေးကနဲ အော်အော်နေကြတဲ့သူတွေပေါ့။

    အဆင့်အတန်းရှိသူတွေများလာမှ၊ မှန်ကန်တဲ့နေရာမှာသတ္တိရှိပါမှ အဆင့်အတန်းရှိတဲ့တိုင်းပြည်ထူထောင်နိုင်မှာပါ။

Leave a Reply