Various (2)
ရွာထဲမှာ လှိုင်းလုံး မိုင်းဗုံးတွေ ထောင်ထားသတဲ့။
မာန်လို စစ်ခင်း ဘူ+တစ် ချင်းကို မင်းထက်သာ ငါက ပိုမြတ်သတဲ့။
အခုတလော ရှုမောစရာ ကဗျာပေလွှာ ဝေဆာနေ သတဲ့။
ကြောင်ကြီးက ကစ် ၊ အိုဂရီက ပစ် သတဲ့။
ငှက်ကြီးကလည်း အပြတ်တီးဖို ့ ဒါးတစ်ချောင်းဆောင် သေတောင် သင်းမကွဲ သတဲ့။
ရှောင်ရင်း ရှောင်ရင်း မောင်ဟိုဒင်းကလဲ စုံစီနဖာ ဝေဒနာတွေကို သွန်ချလိုက်ပြန် သတဲ့။
ဘယ်သူမေးမေး၊ မမေးမေး၊ ရဲလေး သေတာ မဟုတ်ပါ သတဲ့။
ဟုတ်တာမဟုတ်တာ အပထား တညင်သားကတော့ ပေ ၂ဝ လောက် လမ်းလျှောက်ခဲ့ပါ သတဲ့။
မထိတထိနဲ ့ မေဆွိကို ထပ် ကလိကြည့်တာ သူလဲ ငါမသေဘူး ရေကူးတတ်ပါ သတဲ့။
ချစ်စရာ့မျက်နှာပေး အပျိုလေး တချို ့ကလဲ ဗားရှင်း အသစ် ကျားမျက်ရည်ကို ဖြစ်ညှစ်လို ့
ငမိုးရိပ်ချောင်းမှာ မိကျောင်းစီး မောင်းတီးပြီး ဝင်လာပါ သတဲ့။
ဘယ်သူတွေ နှိပ်နှိပ် ခပ်မဆိတ်နဲ ့ ကျုံးထောင့်မှာ အမုန်းဖျောက်ကာ
ဗုံးပေါက်မှာလဲ မကြောက်ရေးချ မကြောက် ပေါက်ပေါက် ဖြစ်ပါသတဲ့။
အရှင်ဘုရားကတော့ တရားချ တံခါးဝမှာ ဒါးတွေထားခဲ့လို ့ဆိုပေမဲ့
ရွာထဲက ကတုတ်ကျွင်းထဲမှ လက်လုပ် သေနတ်တွေ ဒင်းကြမ်း ရှိ သတဲ့။
သဘောဖြူတဲ့ မနောသူလဲ ရွာထဲကို ဂျပန်တွေဝင်လို ့ ဆီမီးမှိတ် တံခါးပိတ် “ဂျိတ်” သတဲ့။
မတွေ ့တာကြာ အခု ကိုရင် အောင်ပုကတော့ တိုင်းပြည် အတွက် ဝိုင်း စည်ရာ အရပ်မှာ နှပ် နေ သတဲ့။
ဇဝနကို လာမပြနဲ ့ မသာချတာတောင် အခေါင်း မပါစေရဘူးတဲ့။
ဘယ်လိုပဲ ငြီးငြီး ကိုခိုင်ကြီးကတော့ သဂျီးဆိုတဲ့ ဂုဏ်ပုဒ်နဲ ့ အင်းမလုပ် အဲမလုပ် ပါပဲတဲ့။
လှုပ်မလှုပ်တော့ ငါမသိ နိဂိမိ ဆိုတဲ့ အကောင်ကတော့ မိုးအေးအေးမှာ ရှောလေးပုတ်ပြီး ဇရက်မင်း စည်းစိမ်နဲ ့ ဟုတ်နေပါသတဲ့။
9 comments
koyinmaung
March 13, 2011 at 11:36 am
ဒါကြောင့် mandalaygazetteကိုသဘောကျနေတာပေါ့…
bigbird
March 13, 2011 at 12:38 pm
ဘာပဲပြောပြော အတွေးနဲ ့အရေးကိုတော့ အားပေးပါတယ်။ Good…
ငှက်ကြီးက အပြတ်တီးဖို ့
ဓါး မယူ လက်ဝါးထူထူနဲ ့
ဖင်ထောင်အောင် သွေးသောက်တဲ့
ဒီ ခြင်ပေါက်ကို ရိုက်လိုက်စဉ်မှာ
ဖြန်းကနဲ ့ဆို ပန်းထွက်လာတဲ့သွေးတွေကြောင့်
ဒိမှာကိုငှက်ကြီး တစ်ယောက်တော့
အကုသိုလ်ငရဲကြီး လှည်းလုပ်လို ့စီးကာ
ဆီပူပူဒယ်အိုး ဒိုက်ထိုးကာဆင်းတော့မှာမို ့…
အို.အမောင်နိဂိမိ သိရှိကာ စီးကြိုပါတော့.လေ။
manawphyulay
March 13, 2011 at 1:01 pm
မီးပိတ်ပြီး တံခါးပိတ်ဆို ဂျပန်တွေက လွယ်တာမဟုတ်ဘူးလေ…………. တွေ့ကရာ မြင်ကရာ အကုန်ရမ်းနေတာဆိုတော့ လှည့်ပတ်ပြီး မြင်သွားမှာစိုးလို့ ရွာထဲကို မထွက်ပဲ တိတ်တဆိတ်နေနေရတာ သောင်းကျန်းသူ ငြိမ်မှ ပြန်ထွက်မလားလို့ ဟိဟိ ငြိမ်ရင် အကြောင်းကြားဦးနော်……….. မီးမီး ကြောက်ကြောက် 😛
nigimi77
March 13, 2011 at 1:15 pm
သောင်းကျန်းသူ ဂျပန် ငပုများ ရွာထဲမှ အောင်မြင်စွာ ဆုတ်ခွာသွားပါကြောင်း။
ထိုအထဲမှ တပ်သားအမှတ် ၇ရ နိဂိမိကတော့ ဒီရွာအား ချစ်သောကြောင့်
ဗမာ့စောင်းအား ပိုက်လျက် ကျန်နေခဲ့ပါကြောင်း။
intro
March 13, 2011 at 2:24 pm
ကျွန်တော်ကတော့ ခင်ဗျားလို စောင်းမတီးတတ်တော့ စောင်းပိုက်ပြီးတော့ မကျန်ခဲ့ဘူး၊ စောင်ပတ်ပြီးပဲ ကျန်ခဲ့တယ် ဗျ… စောင်ကတော့ ချမ်းတာရယ်၊ ကြောက်တာရယ်ကြောင့် ခြုံထားပြီး လူလုံး ထွက်မပြဘူးဗျို့… 🙂
nigimi77
March 13, 2011 at 3:46 pm
ဒီလိုရှိတယ်ဗျ။ ဗမာ့စောင်းကို တီးတဲ့ အခါ Intro လိုတယ်။ ကျုပ်က ဗမာ့စောင်းရဲ ့ Intro ကို မဟာမြိုင် မဟုတ်တဲ့
စုံတောမြိုင်နဲ ့ စချင်တယ်။
bigcat
March 13, 2011 at 5:47 pm
စစ်သား၇ရ ကဗျာလေးက ကောင်းသဗျို့။ ဒါနဲ့မေးစမ်းပါရစေအုံး.. ကဗျာထဲမှာပါတဲလူတွေက ခင်ဗျားခေါင်းထဲမှာပေါ်တဲ့ ရွာသူရွာသားနာမည်တွေ အကုန်ပဲလား။ တဦးတလေများ ကျန်ခဲ့သလားလို့…
ရှူံးနိမ့်မှုများနဲ့.. လူ
March 13, 2011 at 11:10 pm
ဘာပဲပြောပြော ဒီရွာထဲမှာတော့ သေချာပေါက် စစ်ဖြစ်နေတာပဲ.. သတင်းအမှန်ကို ဖုံးကွယ်ထားသော်လည်း မျက်စိနဲ့ မြင်နေ၊ တွေ့နေရတာတော့ ဘယ်လိုမှ စိတ်မချမ်းသာပါ။ ကိုယ်တိုင် စာကောင်းတွေ မရေးတတ်ပေမယ့် ရေးတတ်သူများရဲ့ စာတွေကို ဖတ်ရတာ တော်တော်လေးကို အရသာရှိပါတယ်။ ခုတစ်လောတော့ ဖတ်စရာအကြောင်းအရာ ကောင်းကောင်းတွေများ နည်းနေသလားလို့။ ကိုပေါက်ရေးထားတဲ့ အခန်းဆက်လေးတွေ နိဂုံးသာချုပ်သွားတယ် သူတင်ပြလိုက်တဲ့ အကြောင်းအရာတွေအပေါ်မှာ သေချာလေးနက်၊ စဉ်းစားသုံးသပ်ပေးမယ့်သူနည်းနေသလိုပဲ။ စာရေးသူတစ်ယောက်ဘက်က သူရေးသားတဲ့စေတနာရင်းမြစ်ကိုတွေးမိတော့ သူသာ စိတ်ပျက်ပြီး နောင် ခုလို လေးနက်တဲ့ဘဝအမြင်မျိုးတွေနဲ့ အများကို ချပြတဲ့အကြောင်းအရာတွေ မရေးတော့မှာကို စိုးရိမ်မိတယ်။ သူက ဖိတ်ခေါ်ထားသော်လည်း……….
(ရင်ထဲရှိရာ စကားလုံးတစ်ချို့ကို မဆီမဆိုင်နေရာမှာ ကြုံသလို သွန်ချလိုက်ပါတယ်)
sanminn
March 14, 2011 at 4:27 am
စာအရေးအသားကောင်းလှချီလား။
တကယ့်ကို ထင်သာမြင်သာရှိပါပေတယ်။