Tree man (သစ်ပင်လူသား)

bigbirdMarch 14, 20111min1199

ထူးထူးဆန်းဆန်းရောဂါဖြစ်နေသူ တစ်ဦးပါ။
အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပါတယ်။
ခန္တာကိုယ်ပေါ်ရှိ အရေပြားများဟာ သစ်ခေါက်၊ သစ်မြစ်များကဲ့သို ့ဖြစ်နေတာပါ။
အမေရိကန်နိုင်ငံမှစိတ်ဝင်စားသူများက ဆေးကုသပေးရန် ကမ်းလှမ်းချက်ကို အင်ဒိုနီးရှားအစိုးရ
၏ ငြင်းဆန်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

9 comments

  • ယောလေး

    March 14, 2011 at 3:26 pm

    မြင်ဖူးတာတော့ ကြာပြီ…
    ဒါနဲ့ အင်ဒို အစိုးရက ဆေးကိုမလို့ဟာကို ဘာလို့ ငြင်းဆန်ရတာလဲ…
    မြန်မာအစိုးရလိုပဲထင်တယ်….

  • bigbird

    March 14, 2011 at 3:30 pm

    အမေရိကန်ကို မကြိုက်လို ့ထင်တယ်။ ဘာကြောင့်လဲဆိုတာ အတိအကျတော့
    မသိဘူး။

  • ဆူး

    March 14, 2011 at 4:02 pm

    အဲဒီ လူကြီး ခွဲစိတ်ပြီးပြီလေ.. သူနဲ့ ပတ်သတ်တဲ့ သတင်းတွေမှာ တွေ့ပါသေးတယ်။ သူလို ကိုယ်လိုတော့ မဖြစ်သေးပေမဲ့ အရမ်းကြီး ကြည့်ရမဆိုးတော့ဘူး။

  • kai

    March 14, 2011 at 5:49 pm

    အဲဒါ အရေပြားမှာ ကျွဲနို ့(ကြွက်နို့)တွေ အလွန်အကျွံ ပေါက်နေတာပါ..။
    ယူအက်စ်က ရာဝန်က တစ်ရူးစယူပြီး ဓါတ်ခွဲတော့ သိတယ်..။ အဲဒါကို ကုမယ်လုပ်တော့.. သမ္မတအမိန့်နဲ့.. အင်ဒိုနီးရှားဆရာဝန်တွေပဲ.. ဖြတ်တောက်ခွဲစိတ်လိုက်တယ်..။
    မနိုင်တော့ ..ယူအက်စ်ကို အကူအညီလှမ်းတောင်းတော့ ..ဆေးလှမ်းပေးလို့.. သက်သာသွားတယ်..။

  • anewgenerationbone

    March 14, 2011 at 6:05 pm

    အင်ဒိုနီးရှားနိုင်ငံ ဂျေကာတာမြို ့၁၈ဝ ကီလိုမီတာအကွာ အရှေ ့တောင်ပိုင်း
    ဘန်ဒေါင်ဒေသတွင်နေထိုင်သူ မစ္စတာ ဒီဒီ ( ၃၂ ) နှစ် ၏ အကြောင်းကို
    Discovery ချာနယ်မှ My Shokying Story ကို နိုဝင်ဘာလ ( ၁၅ ) ၂၀၀ရ ခုနှစ်
    အမေရိကန် ပြည်ထောင်စု အမေရိလန် တက္ကသိုလ်မှ အရေပြားဆရာဝန်
    အန်ထော်နီဂတ်ဆပါရီက ဆမ်းသပ် ပြသနေပုံဖြစ်ပါကြောင်း ခင်ဗျ။

  • anewgenerationbone

    March 14, 2011 at 6:08 pm

    မှားပြန်ပြီခင်ဗျ
    အမေရိလန် မဟုတ်ပါဘူး
    အမေရိကန်ပါခင်ဗျ
    ငယ်ငယ် ကျောင်းနေတုန်းက
    အမြောက်အမေရိကတိုက်ကို
    မျောက်အမေကြီးကားတိုက်လို ့ဆိုသလိုဖြစ်နေပါပြီဗျာ
    အားတော့နာပါတယ်
    ၂ဝ ရပါတယ်ခင်ဗျ

  • လင်းငယ်

    March 14, 2011 at 10:05 pm

    အင်း မှတ်မှတ်ရရ ၂၀၀ရ ခုနှစ်လောက်ကပေါ့။ အဲဒီတုန်းက သုတစွယ်စုံစာအုပ်ထဲမှာ အဲဒီလိုမျိုး တစ်ခါ တွေ့ဖူးတယ်။ သူငယ်ချင်းက ထမင်းစားနေတုန်း လာပြတော့ အန်ချင်သလိုတောင် ဖြစ်သွားတယ်။အဲဒီတုန်းက ပုံတွေက ဒီထက်ပိုပြီး အသေးစိတ်ကျတယ်။ ဝေဝေဆာဆာကို ဖော်ပြထားတာပါ။ ဒီလိုမျိုး ဘဝကို ရောက်နေတဲ့ လူအတွက်တော့ အရာရာတိုင်းက ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ သူအတွက်တော့ ရင်ထဲမှာ သိမ်ငယ်မူတော့ အမြဲရှိနေမှာပဲနော်။

  • kuroko

    March 15, 2011 at 3:27 am

    ဝဋ်တစ်မျိုးပဲပေါ့နော်….

  • Gong Zhu

    March 15, 2011 at 9:55 am

    ဒါဆို သူက အခုပြန်ကောင်းသွားပြီပေါ့နော် … အရင်ဘဝက မကောင်းမှုတွေများခဲ့တယ်ထင်တယ် …

Leave a Reply