အကောင့် အသုံးချခံလိုက်ရခြင်း…

gyinkalayMarch 14, 20111min11411

ကျွန်တော့် အကောင့် gyinkalay@gmail.com ဖြင့် ရွာထဲတွင် မန်ဘာ ဝင်ထားသည်မှာသိပ်မကြာသေးပါ..11 ရက်နေ ့ရှိ ရဲလေးသေဆုံးသည့် ပိုစ် တွင် ကျွန်တော်မရေးပဲ ကျွန်တော့်နာမည်ဖြင့် ကော်မန် ့ဝင်ပေးသွားသည်မှာ ထူးဆန်းနေပါသည်။ ကွန်မန် ့မှာ အောက်ပါအတို်င်းဖြစ်ပါသည်။

( ကြက်ဖကိုသတ်သွားတာဘယ်သူလဲဆိုတော့ ဖိုးလပြည့်ဘဲဗျ။ ကျွန်တော်လဲအဲဒီလိုကြားတာဘဲဗျာ။ဒါပေမယ့် နောက်ဆုံးတော့သိရတာ ကောလဟာလဲတဲ့ဗျာ။ ဒါအိုင်မေးလ်ပါ သေချာမေးချင်ရင် မေးလို့ရတယ် အိုင်က ရဲလေး ရဲ့ဘော်ဘော်ပါဗျာ။gyinkalay@gmail.com )

ဒီစာသားကို ကျွန်တော်လုံးဝမရေးပါ…ရဲလေးနဲ ့လဲမခင်ပါဘူး…ကျွန် ့တော့်အကောင့်ကိုတောင် သူတောင်းစားက ကြေညာသွားတယ်..အဲဒါဘယ်လိုကနေ ဘယ်လို ဝင်ကွန်မန် ့ပေးသွားလဲမသိဘူး…အကောင့်ပဲ အခိုးခံရတာလား..မသိဘူး လုပ်ကြပါအုံး….

11 comments

  • လင်းငယ်

    March 14, 2011 at 11:18 pm

    ကျွန်တော် တစ်ခုတော့ ပြောပါရစေ။ အဲဒါမျိုးကို တွေ့ဖူးပါတယ်။ ကို်ယ်က အင်တာနက် သုံးနေတုန်း ကွန်နက်ရှင် ကျသွားပါတယ်။ ဒါကြောင့် logout မလုပ်လိုက်ရဘူး။ အဲဒါနဲ့ ဆိုင်ကနေ ပြန်သွားတယ်။ ကိုယ်လည်း ပြန်သွားတော့ အင်တာနက် ကွန်နက်ရှင် တက်လာတဲ့ အခါ တခြားသူက ကိုယ်ထိုင်တဲ့ စက်မှာ ဝင်သုံးတဲ့ အခါ ကိုယ်သုံးတုန်းက ကျန်ခဲ့ တဲ့ Cookies တွေနဲ့ ဆိုက်ထဲကို ပြန်ပြီး ဝင်လို့ရတာလည်း ဖြစ်နိုင်တယ်။
    အဲဒီလို ဝင်သုံးနေတုန်း ရေးသွားတာ များလား။
    ဒီနေရာမှာ တစ်ခု ပြောချင်ပါတယ်။ Gmail အကောင့်တစ်ခုကို hack လုပ်တဲ့ အခါ ကိုယ် hack လုပ်တဲ့ လူရဲ့ Gmail အသုံးပြုခဲ့တဲ့ Cookies တွေကို သုံးပြီး သူ့အကောင့်ကို ဝင်လိုရနိုင်ပါတယ်။ ဒါပေမယ့် စကားဝှက်ကို တော့ ပြောင်းလို့ မရနိုင်ပါဘူး။
    ဒါကြောင့် အဲဒီလူက ကိုယ့်လူရဲ့ အကောင့်ကို သုံးပြီး ရေးချင်တာတွေ ရေးသွားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သူက စကားဝှက်ကိုတော့ ချိန်လို့ မရပါဘူး။ တစ်ခါ သုံးရုံပါပဲ။
    ကျွန်တော်ကတော့ အဲလိုပဲ ထင်တယ်ဗျ။

  • etone

    March 15, 2011 at 7:15 am

    ဟုတ်ပါတယ်…
    browserကို sign out မလုပ်ပဲ ပိတ်မိရင် ပြန်ဖွင့်တာနဲ့ လော့အင်အတိုင်းမြင်ရတာကြောင့် နောက်တယောက်က ရေးသွားတာပါ ။
    ခိုးခံရတာ မဟုတ်ပါဘူး ။ သူစိတ်ကောင်းရှိပေလို့ပဲ ပက်စ် ဝေါ့ပြောင်းမသွားတာ ။ computer ကို restart မလုပ်မချင်း ပိတ်ထားတဲ့ browser ကနေ ကိုယ့်အကောင့်ကို ရောက်တာပါ ။ sign out မလုပ်ပဲ ဒီတိုင်း ပိတ်ပစ်ခဲ့တဲ့အတွကါပ ။

  • naywoonni

    March 15, 2011 at 9:38 am

    ရီစတပ်ချခဲ့ တာကကော မသေချာဘူးလား?

    • intro

      March 15, 2011 at 2:46 pm

      DeepFreeze သုံးတဲ့ ကွန်ပျူတာဆိုရင်တော့ အစ်ကိုပြောသလို Restart ချခဲ့ရင် ရပါတယ်… သေချာအောင် Browser က History နဲ့ Cookie တွေကို ရှင်းခဲ့တာ အကောင်းဆုံးပါပဲ၊

  • unclegyi1974

    March 15, 2011 at 2:55 pm

    အန်ကယ်ကြီးလည်းကိုယ်တွေ့ပဲ
    အခုမှပဲရှင်းသွားတော့တယ်
    ရှင်းပြတဲ့သူအားလုံးကျေးဇူးပါ

  • kopauk mandalay

    March 15, 2011 at 4:22 pm

    ကျနော်ဆိုလဲ အင်တာနက်ဆိုင်မှာအမြဲသုံးတာ။
    ကျနော်က မနက် 10နာရီကနေ ညနေ5နာရီလောက်ထိသုံးခဲ့ပါတယ်။
    သူငယ်ချင်းတွေက စတော်ဘယ်ရီသီးလေးကို တွေ့နေရတော့ ပြောပါတယ်။
    တစ်ရက်တော့ ကျွန်တော့် အသိဆိုင်မှာထိုင်ပြီး စောင့်ဖမ်းတာနေ့လည် (2)နာရီမှာကျနော်ရဲ့စတော်ဘယ်ရီသီးလေးပေါ်လာပါတယ်။
    အဲဒါနဲ့ကျနော်သုံးနေကျဆိုင်မှာလိုက်သွားတော့ သုံးနေသူကိုတွေ့ရပါတယ်။
    သူကလဲတမင်သုံးတာမဟုတ်ဘူး။
    ကြုံလို့ ဝင်တော်ကီပွားတာပါ။
    အင်တာနက်ဆိုင်ထိုင်လို့ ဂျီတော့ ဖွင့်ရင် ပါစ်ဝပ်ရို်က်ထဲ့ရတဲ့အောက်နားမှာ
    remember password ဆိုတာလေးမှာ အမှန်ခြစ်ပြထားရင်ဖြုတ်လိုက်ပါ။
    အဲဒီမှာအမှန်ခြစ်ပြထားရင်နောက်တစ်ခါစက်ဖွင့်ရင်အကောင့်က အလိုုလိုတက်လာတတ်ပါတယ်။
    နောက်ကိုယ်က သေချာမပိတ်ခဲ့ရင်လဲ သူများဝင်သုံးနို်င်ပါတယ်။
    ကိုယ်တွေ့ မှတ်တမ်းအစစ်ပါခင်ဗျာ။

  • gyinkalay

    March 15, 2011 at 4:23 pm

    အဲ့ဒီနေ ့က ဆိုင်မှာသွားသုံးတာမဟုတ်ဘူး..ကိုယ်ပိုင်လပ်တော့ နဲ ့ wifi မိတဲ့ နေရာ တစ်ခုမှာသုံးလို်က်တာ wifi တွေက စိတ်ကောချရရဲ ့လား…

  • ဆူး

    March 15, 2011 at 4:30 pm

    ဆူး လည်း သိချင်တယ် wifi စနစ်က စိတ်ချရလား မချရဘူးလား သိချင်တယ်။ သိတဲ့ လူ ဖြေကြပါအုန်း။

  • kai

    March 15, 2011 at 4:59 pm

    WiFi က Wired Equivalent Privacy (WEP)ပါရင်စိတ်နည်းနည်းချရပါတယ်..။ Encryption လုပ်ထားတာကိုး..။
    ိုဆိုတော့ .. အင်တာနက်တက်ရင်key တောင်းပြီး ထည့်မှ အလုပ်လုပ်မှာဖြစ်ပါတယ်..။

    ၁၀ဝ ရာခိုင်နှုန်းကတော့ .. ပင်တဂွန်စစ်ဌာနချုပ်က နက်ဝပ်တောင် စိတ်မချရပါတဲ့..။ 🙂

  • Student

    March 16, 2011 at 12:46 pm

    ခံရတတ်ပါတယ်။
    free ဆိုပြီးတော့ google site ကို တောင် အမှန်အကန် လုပ်လို့ရပါတယ်။
    ကိုယ့်က username password ကိုရိုက်လိုက်ရင် အရင်ဆုံး hacker server ကို ဖြတ် ပြီးတော့မှ online ကို ရောက်။
    hacker က အေးဆေးလေးနဲ့ copy ကူပြီးတော့ သုံး။
    ဒါမျိုးတော့ တွေ့ဖူးပါတယ်………….
    ကိုယ်တွေ့…..

Leave a Reply