ရွာထဲကသရဲတွေ

အော်…ဒုက္ခ..ဒုက္ခ….

ဘယ်ကပေးလို့……ဘယ်မှာထုတ်ရမှန်းမသိတဲ့

ငွေကိုမက်….မင်းအတွက်အဲလောက်ခက်နေလား

ပွိုင်ရှစ်ဆယ်မရေးနဲ့….ငါအိမ်မှာလာပြီးအိမ်သာဆေး

တစ်နေ့လေးရာပေးမယ်….

မနက်တစ်ခေါက်ပဲလာ……အပြန်မှာလမ်းစရိတ်အတွက်

နှစ်ရာတန်အစုတ်တစ်ရွက်ထပ်ပေးမယ်…..

ဒီမှာငအူ……….

ဘယ်သူကဘယ်နေရာ….ဘယ်ဂျာနယ်မှာဘယ်အတင်းရေးရေး

ခံယူချက်လေးထားပါဟ…….

ဝါသနာပါလို့စာရေးကြရင်း…သူတို့တွေသတင်းကြီး

နိုင်ငံကျော်ကြီးတွေဖြစ်သူဖြစ်…သူတို့စာပေကိုချစ်ကြတယ်

မင်လုပ်ပုံလုပ်ရပ်….သူကြီး တောင်ဆောက်မြင်ကပ်မယ်

ပွိုင့်ရရေးပို့စ်တင်…..တစ်ဆယ်လိုခြင်လို့လိုက်မန်း

မင်းရေးတဲစာတွေခန်းနားအုံးမယ်

သူကြီးရေ..အခုနေများ

မည်သူကိုမှပွိုင့်မပေးတော့ပါဆိုပြီး….ကြေငြာလိုက်ရင်

သူကြီးရဲ့ရွာထဲ….သရဲများခြောက်မလားမသိဘူး

အဲဒီကျရင်သူကြီးလဲ…ပွိုင့်သရဲတွေဝိုင်းဆဲလို

ရွာထဲပတ်ပြေးနေရမယ်…..

 

8 comments

  • ယောလေး

    March 15, 2011 at 4:21 am

    အဟဲ…. အိမ်မှာ ကြွက်ကလေး ငှက်ကလေးမွေးတာကစပြီး ကြောင်သေးပေါက်တာအဆုံး သတင်းလုပ်နေတာ….အဟဲ….
    ဒါမှ မီဒီယာသမားသတင်းသမားစစ်မှာပေါ့ဗျာ….အဟီးးး မပြောတော့ပါဘူးး
    တော်ပါပြီ ရွာထဲက မောင်းထုတ်ခံနေရဦးမယ်….:)))))))

  • char too lan

    March 15, 2011 at 5:50 am

    ပြောလဲပြောချင်စရာပါ… but သို့သော် ဒါပေမယ့် အကုန်သိမ်းကျုံးမပြောနဲ့ ….
    လေးစားစရာကောင်းတဲ့သူတွေ တကယ်ရှိနေသေးတယ်လေ… တခါမန်းမှငွေတစ်ဆယ်
    ဖွင့်တာ ဝင်တာ ပြင်ဆင်တာနဲ့ မိနစ်သုံးလောက်ကြာတယ်… 🙁

  • shwepyiaye

    March 15, 2011 at 7:10 am

    အရေမရ..အဖတ်မရတွေတော်သင့်ပြီထင်တယ်ဗျ………..
    ကိုယ်လဲဘာမှမှမဟုတ်တာ……..

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 15, 2011 at 7:26 am

    အမကြီး ဘီလူးကလည်း စိတ်ကိုလျှောလိုက်ပါဗျာ
    ကိုယ်ပြောခြင်တာကို ကိုယ့်ရဲ ့မိန်းမသဘာဝ ခပ်စောင်းစောင်းလေးပြောတာကိုတော့
    အမကြီးဘလူးရဲ ့ခံစားချက်ကို ကျွန်တော်တို ့လည်း နားလည်ပေးနိုင်ပါတယ်
    ဒါပေမယ့်အမကြီးဘလူးရယ်
    ပို ့စ်တင်တာတွေ
    ကော်မန် ့ရေးတာတွေကိုတော့
    ငွေကြေးဆိုတဲ့ပေတံလေးနဲ ့မတိုင်းစေလိုပါဘူးဗျာ
    ကျေးဇူးပြုပြီး စမော စမော လေးတွေးကြည့်ပေးပါလား
    ဒီလိုပြောလိုက်တော့ အမေနဲ ့ကိုင်ပြီး ဆဲသလိုတောင်ဖြစ်မနေဘူးလားခင်ဗျ

  • ogre

    March 15, 2011 at 8:23 am

    ပို့စ်ရေးရလို..သူဌေးဖြစ်နေပြီဆိုလို့ပါကွာ
    ဘာစာရေးရေး..ဖတ်တဲသူကိုအနှစ်သာရပေးနိုင်ကျေနပ်စရာပေါ့

  • R Ga

    March 15, 2011 at 9:08 am

    ရွာထဲမဝင်တာကြာတော့ ဘာတွေဖြစ်နေသလဲတော့မသိဘူးဗျာ..။ ရွာထဲက ဘယ် တစ်ယောက်ကိုများ ပြောတာလဲဆိုတာ သိချင်စမ်းပါဘိ။

  • Gong Zhu

    March 15, 2011 at 9:35 am

    ဗဟုသုတလည်းရတယ် ။ စိတ်ပြေလက်ပျောက်လည်းဖြစ်တယ် … ဒီမှာက စည်းစည်းလုံးလုံးရှိကြတာကိုလို့ … တစ်ချို့တွေ အင်တာနက်ဆိုင်က တစ်နာရီလေးရာနဲ့ ကော်မန့် ၁ဝ လေးနဲ့ မကိုက်ပါဘူး … သူတို့ကလည်း ဝါသနာ သက်သက်ပါ … သမီးလည်း သိချင်တယ် ဘယ်သူ့ပြောပါလိ်မ့် … ဒီကလူတွေကို ငွေတစ်ဆယ်က ဆွဲဆောင်နေတာမဟုတ်ပါဘူး … နွေးထွေးမှုတွေထဲက ရုန်းမထွက်နိုင်တာလို့ထင်ပါတယ် … ငွေတစ်ဆယ်က ဘာမှမဟုတ်ဘူးဆိုပေမယ့် ကော်မန့်တစ်ခုတစ်ဆယ် အခုတစ်သောင်းဆို တစ်သိန်းဖြစ်သွားတာပဲလေ … ကိုကိုလား မမလား အဲ့ဒီ လေးရာ နဲ့ နှစ်ရာ ငွေခြောက်ရာကို စုထားပါ … စုထားတဲ့အကြိမ် တစ်သောင်းပြည့်ရင် ကိုကို၊ မမ ဆီမှာ သိန်းခြောက်ဆယ်တောင် ချမ်းသာပြီပေါ့လို့

  • windtalker

    July 14, 2011 at 12:49 am

    တစ်ခုခုပေးချင်ပေမယ့်
    အခု ပို ့စ်လို အကို ခံစားရသလို
    ပြင်းပြင်းထန်ထန် ခံစားရပါတယ်
    အပြာရောင်စာပေ လို ့အပြင်းစား ပစ်ခတ်ချင်း ခံရပါတယ်
    ဘယ်သူ နဲ ့မှ ခြေရာ မတိုင်းချင် ပေမယ့်
    မိုပါဆွန်း ဆို တဲ့ စာရေးဆရာ ကို တော့ အရမ်းကြိုက်တယ် လို ့ ရွာသူ ရွာသား တွေ ကို
    ပြောလိုက်ချင်ပါတယ် ဗျာ

Leave a Reply