မြန်မာပြည်တိုးတက်ရေး
မြန်မာနိုင်ငံတွင် အမျိုးသား အင်အားစု အများဆုံးရှိသည့် နေရာသည် စစ်တပ် နှင့် သံဃာ့ အဖွဲ့အစည်းဖြစ်ပါသည်။ ကျန်အမျိုးသားများထဲမှ အများအပြားမှာလည်း လမ်းများပေါ်တွင် ရှိနေပါသည်။ တနိုင်ငံလုံးအတိုင်းအတာ နှင့် ပြောရလျှင် မြန်မာနိုင်ငံ ၏ ကုန်ထုတ်လုပ်မှုစွမ်းအားတွင် အမျိုးသမီးအရေအတွက်က ပိုပြီးများပြားနေပါသည်။ ဒါတွေဟာမဖြစ်သင့်ပါ။ အမှန်တကယ်ဆိုလျှင် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အမျိုးသား များ၏ အခန်းကဏ္ဍသည် အမျိုးသမီးများထက် ပိုအရေးကြီးပါသည်။ ယခုတော့ များပြားလှစွာသော အမျိုးသား အင်အားစုကြီးသည် နိုင်ငံဖွဲ့ဖြိုးရေးလုပ်ငန်းများ ၊ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် မပါဝင်သကဲ့သို့ဖြစ်နေသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမျိုးသားများ အင်အားပြည့် ပါဝင်ခွင့်မရခြင်း၊ မပါဝင်ခြင်း နှင့် ပတ်သက်၍ အစိုးရမကောင်းသည်ကိုပဲ အပြစ်ပုံချ၍မရပါ။ ဒီအစိုးရနှင့်ကိုပဲ အလုပ်လုပ်ပြီးကြီးပွားနေကြသည့် လူမျိုးခြား များစွာရှိပါသည်။ ကုမ္ပဏီကောင်းကောင်း ကြီးကြီးဆိုလျှင် ကြည့်လိုက်ပါ၊ မည်သည့်လူမျိုးပိုင် ဖြစ်နေသည် ဆိုသည်ကို။ မြန်မာလူမျိုးများ ကြိုးစားဖို့လိုပါသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက အင်္ဂလိပ် အစိုးရ အကြီးအကဲတစ်ဦးက ပြောသည်မှာ မြန်မာလူမျိုးများ အနေဖြင့် ကူးသန်းရောင်းဝယ်ရေးကို နားမလည်သေးပဲနဲ့ လွတ်လပ်ရေး မပေးသင့် ဆိုတာပါပဲ။ လွတ်လပ်ရေး မပေးချင်လို့ အကြောင်းပြသည်ဆိုပေမယ့် အုပ်ချုပ်ခံ လူတန်းစားအဖြစ်မကြည့်ပဲ ဘေးကကြည့်မည်ဆိုလျှင် ခုချိန်မှာတော့ သူပြောတာ မှန်သလိုဖြစ်လာပါပြီ ။ အမြော်အမြင် နည်းပြီး ဦးဆောင်မှုညံ့ဖျင်းသော အစိုးရနှင့် ရောင့်ရဲတတ်သော ပြည်သူ တို့ တံခါးပိတ်ဝါဒကျင့်သုံးမှုနှင့် ကြုံတွေ့ခဲ့ရသောအခါ ဘာဆိုဘာမျှ မသိ ဆိုတာကနေ ဈေးကွက်စီးပွားရေးတို့ ဒီမိုကရေစီတို့ ဆိုတဲ့ စကားလုံးတွေကို နားလည်အောင် လုပ်နေရတာနှင့်ပဲ အချိန်ကုန်နေသည်။ အဲဒီအချိန်မှာ စီးပွားရေးကို နားလည်တဲ့ သူတွေက မိခင်နိုင်ငံတွေကို ကျောထောက်နောက်ခံပြုလို့ စီးပွားတွေ ဖြစ်ထွန်းနေကြ သည်။
အစိုးရက ဆီဆိုင်တွေကို ပုဂ္ဂလိကကို ချပေးပြီးနောက်ပိုင်း ဓာတ်ဆီတန်းစီပြီး ရောင်းစားသူတွေ များပြားလာခဲ့သည်။ နိုင်ငံတော်က သုံးစွဲသူလက်ထဲ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ရောက်ရှိနိုင်ရေးအတွက် ပုဂ္ဂလိက ဆီဆိုင်တွေကို ဈေးနှုန်းများ ထိန်းချုပ် ထားသည်။ ခွဲတမ်းလောက်ငှအောင် မပေးနိုင်ပေမယ့် ဈေးကစားလို့မရအောင် ဆီဆိုင် တွေကို ထိမ်းထားသည်။ ဒီကြားထဲကပဲ မှောင်ခိုဈေးကွက်ပေါ်လာ၏။ ယခင်က အစိုးရက မူ တစ်ခုချမှတ် လိုက်လျှင် မူကတော့ ကောင်းပါတယ်၊ လူတွေပဲ မကောင်း တာ ဟု ပြောတတ်ကြသည်။ ယခုတော့ မကောင်းဘူးဆိုသည့် လူတွေသည် ပြည်သူ ထဲက ပြည်သူတွေ ဖြစ်နေသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆို မြန်မာလူမျိုးများအနေဖြင့် လေ့လာသင်ယူရမှာတွေ အများကြီးပါ။ မြန်မာလူမျိုးများ နိုးကြား ကြိုစား တက်ကြွဖို့လိုပါသည်။ အတွေးခေါ် နှင့် ကိုယ်ကျင့်တရားများ ပြုပြင်သင့်လျှင် ပြုပြင်ရပါမည်။ တမျိုးသားလုံးရဲ့ အခြေခံပညာ အရည်အချင်းတွေ မြင့်နေဖို့လိုသည်။ စည်းကမ်းရှိဖို့ကတော့ ပြောဖွယ်ရာမရှိပါ။ သို့ပေမယ့် တမျိုးသားလုံးအတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆိုတာ ခေါင်းဆောင်ကောင်း လိုအပ်ပါသည်။ မည်သို့ပင် စနစ်တွေ ပြောင်းပြောင်း၊ မည်သည့်အစိုးရ မည်သည့် ပုဂ္ဂိုလ်တွေပဲ အုပ်ချုပ်၊ အုပ်ချုပ် တမျိုးသားလုံးက ခေါင်းဆောင်အဖြစ် လက်မခံနိုင်လျှင် သူဘာပြောပြော နောက်က ပြည်သူပါမလာပါ။ ဒါကြောင့် နိုင်ငံဖွဲ့ဖြိုးရေးတို့ တိုးတက်ရေးတို့ဆိုတာ တွေသည် မျှော်မှန်းသလို ဖြစ်မလာနိုင်ပါ။ ဒီလို တမျိုးသားလုံးရဲ့ အင်အားကို စုစည်းနိုင်တဲ့၊ ပြည်သူအားလုံး ကို Motivate ဖြစ်အောင် ဦးဆောင်နိုင်တဲ့၊ ပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်ဆိုလို့ ယခုခေတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် တယောက် သာ ရှိပါကြောင်း တင်ပြအပ်ပါ သည်။
2 comments
bigcat
March 18, 2011 at 2:35 am
ကမာ္ဘကို ဥက္ကာပျံကြီး ဝင်ဆောင့်ပါစေ ဆုတောင်းသဗျ၊ ကမာ္ဘကြီးတစ်က ပြန်စတော့ အားလုံးသာတူညီမျှမို့ ကျုပ်တို့မြန်မာတွေ လိုက်မမှီတာ မရှိတော့ဘူးပေါ့။
maungmoenyo
March 21, 2011 at 12:18 am
မျှော်လင့်ကြသူတွေ သန်းနဲ့ချီပြီးရှိကြပေမဲ့၊ မကြားချင်ယောင်ဆောင်သူလက်တဆုပ်စာကတော့ခပ်တည်တည်နဲ့ အသုံးတော်ခံကြဆဲပါ။ ရ ထားတဲ့အခွင့်အာဏာနဲ့ စည်းစိမ်ကလဲမနည်းပဲကိုး။