တကိုယ်ကောင်းဆန်သော နိုင်ငံ(သား)များ နှင့် (အမိအို) မြန်မာပြည် (၃)

nigimi77March 16, 20111min734
 
 
တပါးသူအား သနားသည်ဟု ဆိုခြင်းထက် မိမိကိုယ်ကို အရင်ဦးဆုံး သနားကြည့်လျင် ပိုသင့်လျော်မည်ဖြစ်သည်။
နွားခြေရာခွက်ပုံစံ အတွေးအခေါ်  သွပ်သွင်းမှုတွင် မျိုးဆက်ပေါင်းများစွာ ဖြတ်ကျော်လာပြီးသည့်နောက်တွင်
ပိုမို နက်ရှိုင်းစွာ ပိုမို အယူသီးစွာဖြင့် အတ္တဆန်လာကြသည်။
 
ကိုးကွယ်မှုသည်  အကြောက်တရားအား အခြေခံသည်ဟု လေ့လာဖူးသည်။ ကြောက်ခြင်းကြောင့် ကိုးကွယ်လျင်
မိမိကိုယ်ကို ယုံကြည်မှု မရှိသူဖြစ်သည်။ တစုံတယောက်အား လေးစားကြည်ညိုမှုအား သရုပ်ခွဲကြည့်လျင် အဆိုပါ
တစုံ တစ်ယောက်၏ ကြိုးစားအားထုတ်မှု နှင့် အတွေးအခေါ် အသိဉာဏ် စွမ်းရည်အား အသိအမှတ်ပြုခြင်း ဟု
ယေဘူယျ ပြောနိုင်သည်။  ထိုသို ့မဟုတ်ပဲ သဘာဝမကျသော အချက်တို ့အား ကိုင်စွဲပြီး  စိတ်ကူးယဉ် အိပ်မက်တို ့
တွင် မျောနေသူတို ့ မျောကောင်းဆဲတွင် လက်တွေ ့ကျသော အရာအား ထူးကဲသော အတွေးအခေါ် တို ့ဖြင့် ပေါင်းစပ်
ပြီး ယနေ ့ခေတ် လူသုံး ကုန် အမျိုးမျိုး စက်မှု ပစ္စည်း အမျိုးမျိုးတို ့အား လူသားတို ့ အကျိုး အတွက် တီထွင်ထုပ်လုပ်ခဲ့သူ
များ မရေမတွက်နိုင်အောင်ပင် နိုင်ငံ အသီးသီးတွင် ပေါ်ထွက်နေချိန်တွင် မြန်မာနိုင်ငံသား အများစုသည် စိတ်ကူးယဉ်
ဝဲဂယက်ထဲတွင် မုန် ့လုံး စက္ကူကပ်နေကြသည်။
 
တချိန်က ကမ္ဘာပေါ်တွင်  လူနှစ်ယောက် ရှိပေလိမ့်မည်။ သူတို ့နှစ်ယောက်သည် ကမ္ဘာ၏ အစွန်း တစ်ဖက်စီတွင် ရှိကောင်းလိမ့်မည်။  နှစ်ယောက်လုံးတွင် တူညီသော ဆန္ဒ ရှိခဲ့သည် ဆိုပါဆို ့။ မိုးပေါ်တွင် ပျံဝဲချင်သည် ဟုဖြစ်သည်။
တယောက်က ကမ္ဘာမြေကြီး၏ ဆွဲအား၊ လေတိုက်ခတ်မှု လမ်းကြောင်း၊ တည်ဆောက်မှု အတတ်ပညာ၊ စသည်တို ့အား
လေ့လာပြီး လေထဲတွင် ပျံဝဲနိုင်ရန် နည်းလမ်းမျိုးစုံ ရှာဖွေနေစဉ် အခြား ကမ္ဘာခြမ်းမှ တစ်ယောက်သည် လေထိုးကြီးရိုးရိုး
နည်းဖြင့်လေထဲတွင် ပျံဝဲနိုင်ရန် ကျင့်ကြံအားထုတ်လေ၏။  လူပိန်းစကားပင်ဖြစ်သော်လည်း သေချာသော အချက်မှာ
ယနေ ့ခေတ်တွင် တစ်ကမ္ဘာလုံးမှ လူသားအားလုံးကို လေထဲမှ ပျံဝဲပြီး သွားလိုရာပြန်လိုရာ အရပ်သို ့ ပို ့ဆောင်ပေးနိုင်
သော လေယာဉ်ပျံမှာ လက်တွေ ့ပေါ်ပေါက်လာသော်လည်း လူသားများအား အကျိုးပြုသည့် မည်သည့် တန်ခိုးရှင်မှ
ပေါ်ပေါက်လာသည်ဟု မကြားဖူးခဲ့ပေ။ အဆိုပါ နှိုင်းယှဉ်ချက်မှာ  သဘောတရား နှိုင်းယှဉ်ချက်သာ ဖြစ်သည်။

4 comments

  • ogga

    March 16, 2011 at 4:38 pm

    ” မြန်မာနိုင်ငံသား အများစုသည် စိတ်ကူးယဉ်
    ဝဲဂယက်ထဲတွင် မုန် ့လုံး စက္ကူကပ်နေကြသည်” ဆိုတဲ့စကားကိုတော့ကျနော်သိပ်မကြိုက်ဘူးဗျာ၊ ကျနော့်အယူအဆကတော့ လုပ်ပြပိုင်ခွင့်မရှိလို့ဘဲလို့ ထင်ပါတယ်။

  • kai

    March 16, 2011 at 7:01 pm

    သတင်းစာထဲတောင် .. Opinion ဆိုပြီး ပုံနှိပ်ထည့်ပေးချင်စိတ်ပေါက်သွားတယ်..။
    လောလောဆယ်တော့ ..Mandalay Gazette Category အောက်မှာ . Opinion Category ဖွင့်လိုက်တယ်..။ နောက်ဆို.. အဲဒီမှာပါတင်ပေးပါခင်ဗျား..။

  • ထည့်ပေးသင့်ပါတယ် ကိုခိုင်ရေ.. ကျွန်တော့်အမြင်မှာတော့ သိပ်ကောင်းတဲ့ အမြင်လေးပါ။

    ကို ogga ဝေဖန်ထားတာကို ရင်းရင်းနှီးနှီး ကျွန်တော်ထပ်ဝေဖန်ပြရမယ်ဆိုရင် လုပ်ပြပိုင်ခွင့်မရှိလို့ဆိုတာ ဟုတ်ချင်ဟုတ်ပါမယ်။ အဲလို လုပ်မပြနိုင်တဲ့ကြားထဲက လုပ်ပြခဲ့တဲ့လူတွေလဲ ရှိပါတယ်။ အရေးကြီးတာက နည်းမှန်၊ လမ်းမှန်နဲ့ ယထာဘူတကျကျ ပြုလုပ်မှသာ ပန်းတိုင်ရောက်မယ်ထင်ပါတယ်။ ခုနေ ကျွန်တော်တို့မြန်မာပြည်မှာ လူအယောက်၁၀ဝ ကို ဘယ်တော့ချမ်းသာမလဲဆိုရင် ကံ ကံ၏ အကျိုးကိုပဲ ပြောကြမှာပါ။ ကံ ဆိုတာ လူလုပ်တာဆိုတာ မေ့နေကြပြီး အဟောင်းပဲ စားချင်နေကြတာများပါတယ်။ ကျွန်တော်တို့မြန်မာတွေ စီးပွားရေးလုပ်ကြတယ်ဆိုတာ အများအားဖြင့်တော့ ရှိတာလေးတွေ တတိတိ ရောင်းစားကြခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လဲ ခုချိန်မှာ ‘တောက်’ တစ်ခေါက်ခေါက်နဲ့ သူများတွေကြီးပွားနေကြတာကို အံကြီးတွေကြိတ်ပြီး မချိတင်ကဲကြည့်နေကြရတာပေါ့။ အဲဒီ သူများတွေဆိုတာ လက်တွေ့သမားတွေပါ။

    ကို nigimi77 ခင်ဗျာ… ဆန်းသစ်သောစိတ်ကူးနဲ့ အများနဲ့မတူ မူကွဲရှုထောင့်ကနေ တင်ပြသွားတာကို လွန်စွာမှပဲ နှစ်ထောင်းအားရရှိလှပါကြောင်း (ရှေးရှေးက လေသံနဲ့) ဝင်မန့်လိုက်ပါတယ်ဗျို့

  • bigcat

    March 17, 2011 at 2:32 am

    ဒေါက်တာသန်းထွန်းက လူ့သမိုင်းကို အကဲဖြတ်တဲ့အခါ အပိုင်းလေးတပိုင်းထဲ ဖြတ်မကြည့်သင့်လို့ (အဲလိုစာသားမျိုးဆန်ဆန်) ပြောတာဖတ်ဖူးတယ်။ မျက်မြင်ဆိုတိုင်းလည်း လက်တွေ့မဟုတ်၊ လက်တွေ့ဆိုတိုင်းလည်း မမှန်ပါဘူး။ လက်ရှိဖြစ်ရပ်တွေနဲ့ တထပ်ထဲကျလို့ အားတော့ပိုရှိပါတယ်။
    တမျိုးစဉ်းစားမယ်ဗျာ၊ အနောက်တိုင်းလူ့အဖွဲ့အစည်း အမှောင်ခေတ်ဖုံးနေချိန် အာရှမှာ ယဉ်ကျေးမှု အကြီးအကျယ်ထွန်းကားနေပါတယ်။ ဒဏ္ဍာရီမဟုတ်ပါ။ အာရှနဲ့ ခေတ်ပြိုင်ဆိုရင် ဂရိ၊ ရောမ၊ ပါရှားအင်ပါယာတို့ ရှိမယ်ထင်ပါတယ်။ ယနေ့ခေတ် ဦးဆောင်နိုင်ငံများ ကပ်တွေဆိုက်ပြီး ရုန်းကန် လှုပ်ရှားနေရချိန်ပေါ့။ အဲဒီခေတ် တိုးတက်တဲ့ လူ့အဖွဲ့အစည်းအမြင်နဲ့ဆို အနောက်ဖက် လူရိုင်းတွေ ဆင်းရဲ့ကျပ်တည်းတာ ငါတို့လိုဘာသာတရား မထွန်းကား အသိညဏ်မရှိလို့ ဖြစ်ပါလိမ့်မယ်။

Leave a Reply