ဝက်ခြံကင်းစင်တဲ့ အလှပိုင်ရှင်ဖြစ်ဖို့

meengelayMarch 16, 20111min752

ဝက်ခြံကင်းစင်တဲ့အလှပိုင်ရှင်တွေဖြစ်လာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

ချွေးထွက်ပြီးနောက် သန့်စင်ပါ

ချွေးထွက်ပြီးချိန်မှာ မျက်နှာကိုစင်ကြယ်အောင် သန့်စင်ပေးတာက ချွေးပေါက်ပိတ်ဆို့ခြင်းကင်းစေပြီး မျက်နှာအသားအရေကိုသန့်စင်စေပါတယ်။

အသားအရေကို ညင်ညင်သာသာပဲ သန့်စင်သင့်ပါတယ်

မျက်နှာအသားအရေကို ကြေးချွတ်သန့်စင်တာမျိုး မလုပ်ပါနဲ့။

သင့်ဆံပင်က အဆီပြန်တဲ့ ဆံပင်မျိုးဆိုရင် နေ့စဉ်ခေါင်းလျှော်ပေးရပါမယ်

ဆံပင်ပေါ်က အဆီတွေဟာ မျက်နှာအသားအရေပေါ် ကျရောက်ပြီး မျက်နှာကို ဝက်ခြံပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။

ဝက်ခြံကို လက်နဲ့မဖဲ့ဆိတ်ပါနဲ့

ဝက်ခြံကို လက်နဲ့ဖဲ့ဆိတ်တာ၊ ညှစ်တာမျိုးက ဝက်ခြံကို ချက်ခြင်းပျောက်စေနိုင်တယ်လို့ သင်ထင်ထားပေမယ့် တကယ်ကတော့ ပိုဆိုးသွားစေတာပါ။ ဒါ့အပြင် ဆိုးရွားတဲ့ အမာရွတ်တွေကို ထင်စေပြီး တစ်သက်လုံးမပျောက်နိုင်တော့တဲ့ အထိဖြစ်စေနိုင်ပါတယ်။

ကြမ်းတမ်းတဲ့အသားအရေထိန်းပစ္စည်းတွေကို မသုံးသင့်ပါ

ဝက်ခြံပေါက်နေချိန်မှာ ကြမ်းတမ်းတဲ့မျက်နှာသစ်ဆေး၊ မျက်နှာပေါင်းတင်ဆေး၊ ချွေးပေါက်ကျဉ်းဆေးရည်စတဲ့ အမျိုးအစားတွေအစား အပျော့စားအသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။

မျက်နှာကို ညင်သာတဲ့ သန့်စင်ပစ္စည်းနဲ့ပဲ ဆေးကြောပါ

မျက်နှာကို ပျော့ပျောင်းတဲ့ မျက်နှာသစ်ဆပ်ပြာရည် (Mild Cleanser)သုံးပြီး ကြက်သီးနွေးရေနဲ့ သန့်စင်ပါ။

အဆီမပါတဲ့ အသားအရေထိန်းပစ္စည်းတွေကို သုံးပါ

အသားအရေထိန်းပစ္စည်းတွေကို ဝယ်တဲ့အခါ အဆီမပါတဲ့ (Oil- Free) အမျိုးအစားကို ရွေးဝယ်ပါ။

ပြင်းထန်တဲ့ ဝက်ခြံပြဿနာက ဆေးကုသမှု လိုအပ်ပါတယ်

ကိုယ့်ဘာသာကို ကုသပေမယ့် ဝက်ခြံက မပျောက်ကင်းဘဲ ပိုဆိုးနေရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ တွေ့ဆုံပြသသင့်ပါတယ်။ မျက်နှာပေါ်မှာအထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံတွေ မြင်မကောင်းအောင် ပေါက်နေရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းသွားပြီး လူကြားထဲသွားရမှာကို ရှက်ရွံ့နေတတ်ပါတယ်။

ဝက်ခြံပျောက်သွားလည်း ဆက်ကုသင့်ပါတယ်

ဆေးကုသမှုကြောင့် သင့်မျက်နှာပေါ်မှာ ဝက်ခြံတွေ မရှိတော့ဘူးဆိုရင်တောင်မှ တစ်ပတ်လောက် ဆေးဆက်ကုပါဦး။ ဝက်ခြံအတွက် ဆေးကုသမှုခံယူနေစဉ်မှာလည်း စိတ်ရှည်ရှည်ထားပါ။ ဝက်ခြံပျောက်သွားဖို့ဆိုတာ တစ်ညတည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။

Ref : Good Health

2 comments

  • Gong Zhu

    March 16, 2011 at 9:12 am

    Toly Moly က ဆားဝက်ခြံပျောက်တဲ့ဟာက တော်တော်ကောင်းတယ်လို့ပြောပါတယ် …

  • cum min

    June 22, 2012 at 9:52 am

    ဟုတ်လား…ပြောပြပါလား..

Leave a Reply