ကမာ္ဘပျက်မယ့်နေ့ နဲ့ ဥက္ကာပျံ အန္တရာယ်

meengelayMarch 17, 20111min937

သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမာ္ဘကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ဝ လောက်ကတည်းက ပြင်သစ်နို်င်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမာ္ဘကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့ နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမာ္ဘပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့ Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။

အဲဒီနေ့မှာ Galactic allignment လို့ခေါ်တဲ့ နဂါးငွေ့တန်း ဗဟိုယာဉ်စွန်းတန်းနဲ့ နေရဲ့ ပတ်လမ်းကြောင်းဟာ တတန်းထဲရှိနေတာမို့ ဆွဲအားတွေ သိပ်များပြီး နေကရွေ့လျားသွားမလားလို့ ပူပင်သူတွေ ရှိကြပါတယ်။ ကမာ္ဘ့ လူသားတွေဟာ နေမိသားစုထဲမှာ နေကိုအားကိုးနေထိုင်သူတွေမို့ နေရွေ့ သွားခဲ့ရင် ဂြိုဟ်တွေပါ ပရမ်းပတာ ဖြစ်ပြီး အားလုံး ကစဉ့်ကလျားဖြစ်မှာကိုစိုး ကြတာပါ။ ဒါ့ပြင် အဲဒီနေ့မှာ ဂြိုဟ်တွေ တတန်းထဲ ရှိမှာမို့ စိုးရိမ် သူတွေ အတွက်လည်း ဒါဟာ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်တခုလို့ ဆိုပါတယ်။

ဥက္ကာပျံကြီးတွေ ဝင်တိုက်လို့ ပျက်စီးမယ့် အရေးပူပန်နေသူတွေလည်းရှိပါတယ်။

ဥက္ကာပျံ ကို ၃မျိုးခွဲခြား နို်င်ပြီး အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားမှာ ပျံ့နှံနေတဲ့ ကျောက်အစိုင်အခဲကြီး တွေကိုတော့ Asteroids လို့ခေါ်ပါတယ်။ သူတို့ဟာ အကျယ်အဝန်း ၂မိုင် ၃မိုင်လောက် ထိအောင် ကြီးကြီး မားမား ရှိတတ်ပါတယ်။ အဲဒီထဲက တချို့ကျောက်စိုင်ကျောက်ခဲတွေ ကမာ္ဘ့လေထုထဲဝင်လာတာ ဒါမှမဟုတ် တခြားဂြိုဟ်က ကျောက်စိုင်ကျောက်ခဲတွေ ဝင်လာတာမျိုးမှာ လေရဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး ကျတာ မျိုးကိုတော့ ကြယ်ကြွေတာ ဒါမှမဟုတ် Meteor လို့ ခေါ်ပါတယ်။ နောက်တမျိုးကတော့ ကမာ္ဘကို ဘဲဥပုံပတ် နေတဲ့ ရေခဲတွေနဲ့ ဖွဲ့စည်းထားတဲ့ Comet ပါ။ Meteoroids နဲ့ Comet တွေကတော့ အန္တရာယ် မရှိလှပါဘူး။

၁၉၉၄ခုနှစ် က အလွန်ကြီးမားတဲ့ Asteroids လို့ခေါ်တဲ့ ဥက္ကာပျံ ဟာ ကြာသပတေး ဂြိုဟ်ပေါ် ကျရောက်ခဲ့ ပါတယ်။ ကြာသပတေး ဂြိုဟ်ဟာ ဆွဲငင်အားအလွန် ပြင်းထန်တာမို့ ဥက္ကာပျံဟာ အပိုင်း ၂၄ပိုင်းကွဲပြီး ကျရောက်ခဲ့တာပါ။ တချို့ အစိုင်အခဲတွေဟာဆို ကမာ္ဘ ပမာဏလောက်ရှိနေပါတယ်။

ဒီလောက်ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမာ္ဘကို ကျရောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ သူတို့က ဒိုင်နိုဆော လို သတ္တဝါကြီးတွေကို မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို ဥက္ကာပျံ ကျရောက်မှုုတွေမှာ အန္တရာယ်ပြုနို်င်လောက်တဲ့ အနေထားရှိလာမယ် ဆိုရင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA က နှစ်နဲ့ချီပြီး ကြိုတင် သတိ်ပေးမှာဖြစ်ပါ တယ်။

နေစင်္ကြာဝဌာရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း လေးထောင့် ငါးရာရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက်ထပ်ပြီး နေနို်င်ပါသေးတယ်။ ဒီသက်တမ်းအတွင်း ဥက္ကာပျံတွေ ကျရောက်မှု ရှိနို်င်ပေမယ့် ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်တွေ လို ဆွဲအားသိပ်ပြင်းထန်တဲ့ ဂြိုဟ်တွေက ဥက္ကာပျံတွေရဲ့ ရန်တွေကနေ ကမာ္ဘကို အကာအကွယ်တွေပေး နေပါတယ်..

7 comments

  • Gong Zhu

    March 17, 2011 at 7:11 pm

    ၂၀၁၂ ကမာ ပျက်မယ်ဆိုတာတော့ သိပ်မယုံချင်ဘူး … ကမာပျက်ရင် ဘယ်လိုဖြစ်မှာလဲ … စကားမစပ် သူငယ်ချင်းတစ်ယောက်တောင် ၁၂. ၁၂ . ၂၀၁၂ မင်္ဂလာဆောင်ဖို့ Booking ချိတ်ပြီးသွားပြီဆိုပဲ .. သူများယူသွားမှာစိုးလို့တဲ့ …

  • ပျက်တဲ့အခါတော့ သိလိမ့်မပေါ့ကွယ်… ခုနေများတော့ ကိုယ့်ဖာသာ လုပ်စရာရှိတာတွေပဲ လုပ်နေကြတာပေါ့.. အထောက်အထားတွေ၊ သမိုင်းက ပြောစကားတွေအရတော့ ၅ဝ – ၅ဝ အခြေအနေပါပဲ။ ပျက်လဲ ဘာမှုစရာရှိမှာလဲ၊ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာနော့… ပျော်စရာကြီး

  • kai

    March 17, 2011 at 11:11 pm

    အဲဒါတွေနဲ့ပါတ်သက်ပြီး အကြိမ်မနည်းဘူး..ရေးခဲ့ကြဖူးတယ်..။
    နောက်ဆို ..ပို့စ်မတင်ခင်.. သေသေချာချာ ရှာဖတ်ကြပါဦးနော..။

    http://myanmargazette.net/?s=%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%95%E1%80%BA%E1%80%80%E1%80%B9
    ==
    ကျုပ်ကတော့ ..သေသေချာချာကို အာမခံလိုက်မယ်..။
    ကမ္ဘာကြီး၂၀၁၂လည်းမပျက်..၂၁၁၂ရောက်လည်း မပျက်ရေးချမပျက်ပါ..။
    လောင်းကြေးထပ်ကြမလားဟင်.. 🙂

    • white

      March 18, 2011 at 5:55 am

      ကျုပ်ကတော့ ..သေသေချာချာကို အာမခံလိုက်မယ်..။
      ကမ္ဘာကြီး၂၀၁၂လည်းမပျက်..၂၁၁၂ရောက်လည်း မပျက်ရေးချမပျက်ပါ..။
      လောင်းကြေးထပ်ကြမလားဟင်..

      လူလည် သူကြီးဘဲဗျ ကမာ္ဘပျက်သွားရင် လောင်းကြေးပျက်ပြီ ကမာ္ဘမပျက်ရင် လောင်းကြေးသူရပြီ
      လည်လည်ဝယ်ဝယ် သူကြီးအုပ်ချုပ်နေတာ ဖြစ်တဲ့ အတွက် ဒီရွာအများကြီးတိုးတက်ဦးမှာဘဲ

  • bigcat

    March 18, 2011 at 2:06 am

    ကမာ္ဘကြီးပျက်တော့မယ်ဗျို့။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကတိုက်မှာ လူထုအုံကြွမှုတွေ၊ ဂျပန်ပြည်မှာ ဆူနာမီငလျင်ကြီး ဖြစ်နေတာ သတိပေးနေတာ။ လေမုန်တိုင်းကြီး မတိုက်ခင်လာတဲ့ လေပြေလေညှင်းလေးသာသာပဲ ရှိသေးတယ်။ ဒါကြောင့်မို့ယတြာဓာတ်ဆင်ဓာတ်ရိုက်တွေလုပ်၊ သက်သတ်လွတ်၊ ရေလွတ်မီးလွတ် စားကြပါဗျို့။ ထပ်ပြောလိုက်မယ် ကမာ္ဘကြီးပျက်တော့မယ်ဗျို့။

  • etone

    March 18, 2011 at 5:25 am

    မယုံဘူး… နောင်ခါလာ နောင်ဈေးပဲ …။
    ဥသျှစ်သီးကြွေတာကို မြေပြိုပြီထင်ပြီး ပြေးတဲ့ ယုန်သူငယ်အဖြစ်နဲ့ တူသလိုပါပဲကွယ် 😛

  • sayargyi

    March 18, 2011 at 5:46 am

    ကမ္ဘာကြီးပျက် မပျက်တော့ မပြောတတ်ဘူး လောလောဆယ် မြန်မာနှိင်ငံမှာတော့ လောဘဇော အာဏာဇောတွေ တက်နေတုံးဘဲ…

Leave a Reply