ကော်နရှင်မကောင်းလျှင် သုံးနိုင်သော နည်းစနစ်များ

meengelayMarch 17, 20111min955

မြန်မာပြည်ရောက်တုန်း အင်တာနက်သုံးကြည့်တဲ့ခါ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ မိမိတက်သိနားလည်သလောက် လိုက်ရှာကြည့်ရာ အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှ ဒကာ၊ ဒကာမများ အသုံးပြုလွယ်ကူစေရန် ဦးဇင်းမျှဝေပေးလိုက်ပါတယ်။ ဦးဇင်းအကောင့်ထဲမှာမရှိတဲ့သူတွေကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်မျှဝေပေးကြပေါ့လေ။ အထူးသဖြင့် မြန်မာပြည်ကလူတွေကို မျှဝေပေးကြပါ။

ပထမဦးဆုံး gtalk ဝင်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။

၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ဝင်လို့ ရပါတယ်။

၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ဝင်လို့ရတဲ့ဆိုဒ်ပါပဲ။

အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။

gmail ဝင်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ဝင်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ဝင်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ဝင်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ဝင်လို့ရပါပြီ။

ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ဝက်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။

တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။

ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။ ဦးဇင်းရဲ့ အင်တာနက်မှာ ဘာသာရေးအကြောင်း အမေးအဖြေများနဲ့သိသင့်သည့်များ ရေးသားတင်ပြချက်များကိုတော့ (၅)လပိုင်း ပြည်ပပြန်ရောက်မှပဲ ဖတ်ရှု့ကြပေါ့လေ။ ခုတော့ သွားလာစရာများတာနဲ့ရော အင်တာနက်မသုံးဖြစ်တာများတာကရောကြောင့် ဘလော့ပို့စ်တင်ခြင်းများ မပြုလုပ်နိုင်တာကို သည်းခံစောင့်ဆိုင်းပေးကြပါလေ။

ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ဝယ်မှရတာဆိုတော့ မဝယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမဝယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ဦးဇင်းကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

မှတ်ချက်။ နည်းပညာများ ကျွမ်းကျင်၍ ရေးသားတင်ပြခြင်းမဟုတ်ပါ။ စေတနာထား၍ သိသမျှကို မြန်မာပြည်ကော်နရှင်သုံးနေသူများအား ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်လေ။ တကယ်လို့များ ခုပြောပြခဲ့တဲ့နည်းစနစ်များကို နားမလည်ပါက ဦးဇင်းယခုကိုင်နေတဲ့ဖုန်း (09-5023259)ကို ဆက်မေးလို့ရပါတယ်လေ။

အားလုံးအား စေတနာထားလျှက် ယခုတင်ပြချက်ကို နိဂုံးချုပ်ပါရစေ။

5 comments

  • gyinkalay

    March 17, 2011 at 3:50 pm

    ကျေးဇူးတင်ပါတယ်…အရှင်ဘုရား…

  • photwenty

    March 18, 2011 at 6:44 am

    ဝင်ကြည်ပါတယ် မရပါဘူး ဘုရား
    503 Over Quota
    This Google App Engine application is temporarily over its serving quota. Please try again later.
    အဲ.သလိုပဲပေါ်နေပါတယ်ဘုရား
    ဘယ်လိုလုပ်ရမယ်သိရင်ထပ်ပြောပေးပါအုံးဘုရား

Leave a Reply