31 ဘုံ

peacemaker35183777March 18, 20111min21117

၃၁ ဘုံရယ် ။စုတိ ပြီးရင် ပတိသန်ဓေရယ်။ မြန်မာတွေရဲ့ ရက်လည်ဆွမ်းရယ်။

ဆက်စပ်လို့မရပါ။  post တစ်ခုလောက် တင်ပေးကြပါ။

 

17 comments

  • bigcat

    March 18, 2011 at 4:47 am

    ရွာထဲက ဆရာတော်ashinindakaကို မလျောက်ဘဲ ဘယ်သူတွေကို မေးနေတာတုံး။ ရွာဦးကျောင်း ဆရာတော်ရေးမှ ရွာထဲကဘဒ္ဒန ္တတွေကဖြည့်စွက် ဆွေးနွေးကြပါလိမ့်မယ်။

  • Shwe Tike Soe

    March 18, 2011 at 5:26 am

    အေးလေ ဟုတ်သားပဲ ၃၁ ဘုံ မပြောနဲ အခုနေနေရတဲ့ ဘုံတောင် ကောင်းကောင်းမသိသေးဘူး
    သိတဲ့သူ ပြောပြရင်တော့ ဖတ်ဖို အဆင်သင့်ပဲ

  • အာဖျံ ကွီး

    March 18, 2011 at 6:03 am

    ကိုကြောင်ကြီးတို.ပြောလိုက်ရင်တော့ … ဟားဟားဟား
    ရယ်ရယ်လယ်လယ် … ဗိုက်နှိပ်ရတယ်ကွာ … ဟားဟားဟား

  • peacemaker35183777

    March 18, 2011 at 6:43 am

    သေပြီးရင်(စုတိ)ပြီးရင်ပတိသန်ဓေချက်ချင်းဖြစ်တယ်။ကြားမှာဘာမှမခြားဘူး။
    ၃၁ ဘုံမှာပဲကျင်လည်ရမယ်။
    ရ ရက်ပြည့်မှရက်လည်ဆွမ်းကပ်တယ်။ဘယ်ဘုံမှာရောက်သွားလဲ။သေတဲ့လူက။

    • kai

      March 18, 2011 at 7:50 am

      အောက်က ဆောင်းပါး.. ဈေးကွက်ဂျာနယ်ကရတာပါ..။ သေချာနားလည်အောင်ဖတ်ပါနော..။

      ကျုပ်အနေနဲ့ပြောချင်တာကတော့ … အဘိဓမ္မာအရဆို .. မွေးတယ်..သေတယ်ဆိုတာမျီုးက… လောက်လန်းသဖွယ်ဝိဉာဉ်တွယ်ဆိုတာမို ့..သွေးစုတ်တဲ့ကျွတ်လိုအကောင်လို စဉ်းစားကြည့်နိုင်ပါတယ်တဲ့..။
      သူက ..ခေါင်းနဲ့အမြှီး တွန့်တွန့်သွားတာလေ..။ ဆိုတော့.. ခေါင်းကလွှတ်ရင်အမြီးကထိ..အမြှီးကလွတ်ရင်ခေါင်းကထိသဘောပါ..။
      အဓိပါယ်က.. သေခါနီး ဇော(သေခါနီးဇော = မရဏာသန္နဇော)ကျတာနဲ့ ဟိုမှာဖက် တန်းဝင်တာပါပဲ..။ ဝီထိအတန်းလေးရေးပြရရင်..
      သန္တီရဏ —> ဝုဋ္ဌော —> ဇော —> ဇော —> ဇော —> ဇော —> ဇော —> စုတိ — > ပဋိသန္ဓေ —> ဘဝင် —> ဘဝင် —>
      ကြာထဲ..ဝိဉာဉ်ကြီးလွှင့်နေတာတို့..ဝိဉာဉ်က ဟိုသွားဒီသွားတို့မလုပ်နိုင်ပါဘူး..။
      ဒါက အဘိဓမ္မာအရ. ထေရဝါဒဗုဒ္ဓဘာသာက..ယူထားတယ်ဆိုပါတော့..။
      အခုခေတ်မြန်မာ ထေရဝါဒဗုဒ္ဓဘာသာကတော့ ..အရောရောအထွေးထွေး.. ကော်ပီတွေများပြီး ..အကုန်ရှုပ်နေတော့ပါတယ်..။
      ရရက်ပြည့်မှတွေ..ရေအိုးခွဲတာတွေ..။လိပ်ပြာတွေ..ဝိဉာဉ်တွေ အကုန်.. ဗုဒ္ဓဘာသာစစ်စစ်နဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆကြောင်းပါ…။

      ======================

      ရွှေယုန် ရွှေကျားမှသည် စန္ဒကိန္ဒရီသို့…

      ဟိုးရှေးရှေးတုန်းက ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ်သွားကြတယ်။ ငမောင် ကလေးဘဝမှာ အဘွားဒေါ်သဲငွေ ပြောပြလို့ သိခဲ့ရတယ်။ ငမောင်အဘိုး ဖြစ်လာတော့ မြေးကူကူးလေးကို ဟိုးရှေးရှေးတုန်းက ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ် သွားကြတယ် ပြောပြရတယ်။ ကူကူးလေး ဘိုးဘိုးဖြစ်လာရင်လဲ သူ့မြေးကို ဟိုးရှေးရှေးတုန်းက ရွှေယုန်နဲ့ ရွှေကျား သက်ငယ်ရိတ် သွားကြတယ် ပြောပြဦးမှာပဲ။ ခေတ်တွေပြောင်း နှစ်တွေညောင်း မျိုးဆက်တွေ ဘယ်လိုပြောင်းစေတော့ ရွှေယုန်နဲ့ ရွှေကျားကဖြင့် သက်ငယ်ရိတ် သွားနေကြဦးမယ်။ လဝန်းဝါဝါကြီးထဲမှာ အဘိုးအိုက ဆန်ဖွပ်နေဦးမှာပဲ။ ယုန်ကလေးကလဲ အဘိုးအိုနားမှာ ဝပ်မြဲ ဝပ်နေဦးမှာပဲ။ ဒဏ္ဍာရီမအိုဘူး။ ဒဏ္ဍာရီ မနာဘူး။ ဒဏ္ဍာရီ မသေပါဘူး။ နော့-သူက ဒဏ္ဍာရီလေ။
      ဒဏ္ဍာရီကို စခဲ့၊ ပြောခဲ့၊ နားထောင်ခဲ့၊ ခံစားခဲ့တဲ့ လူကတော့ အို ရ၊ နာရ၊ သေရတယ်။ ဆန့်ကျင် လွန်ဆန်မရတဲ့ သဘာဝ ဓမ္မတာပေကိုး။ နို့ပေမယ့် လူသားက ဒီသဘာဝ ဓမ္မတာကိုမလိုလားဘူး။ မအိုချင်၊ မနာချင်၊ မသေချင်ဘူး။ အို၊ နာ၊ သေသုံးမျိုးမှာ လူသား အကြောက်ဆုံးက မရဏပါပဲ။ သမိုင်းဦး လူသားကအစ ဒီနေ့ လူသားအထိ မရဏဟာ ဘဝရဲ့ စကားထာဖြစ်နေဆဲပါ။ လူသားက မအို၊ မနာ၊ မသေရာ ဘုံဌာနတစ်ခုကို တောင့်တ ရှာဖွေပါတယ်။ မအို၊ မနာ၊ မသေရာ အကြောင်းကို တောင့်တရှာဖွေပါတယ်။ လူသားရဲ့ အပြင်းပြဆုံး ဆန္ဒ ဖြစ်တဲ့ မသေလိုမှုကြောင့် မရဏ ရေနက်ရာ နစ်မြုပ်ရမှာ သိနေတဲ့ လူသားက မိမိကိုမိမိ လှည့်စားခြင်း ကောက်ရိုးမျှင်ကိုဆွဲကိုင်ပါတော့ တယ်။ ဒါကြောင့် ထာဝရ ဝိညာဉ် မသေတဲ့ အသက်ရှိတယ်ဆိုတဲ့ အတွေးကိုပဲ အတိတ်နှစ်သန်းချီ ကာလက ဒီနေ့အထိ လက်လွှဲ အမွေ ပစ္စည်းလို ဆုပ်ကိုင်လာခဲ့ကြပါတယ်။
      အဆီးရီးယန်းနဲ့ ဘေဘီလုံခေတ် ယဉ်ကျေးမှုမှာ မသေရာ အသက်၊ သေခြင်းကင်းရာ ဘုံဒဏ္ဍာရီတွေ ပေါ်ပေါက်လာပါတယ်။
      ကမ္ဘာမြေအောက် အသူတရာ နက်ရာအရပ် Apsu.မှာ သေသူ့ဝိညာဉ် Edimmu ဟာ ငှက်တစ်ကောင်နှယ် ဝတ်ရုံဝတ်ဆင်ပြီး ဝတ်ရုံပါ ငှက်အတောင်တွေနဲ့ ထွေးယှက်ပျံသန်း နေရတယ်တဲ့။ ဒီဒဏ္ဍာရီမှာ မြေအောက်ဘုံကို နတ်ဘုရားမ Eresh-kigal မဟာမြေမင်းသမီးက အပိုင်စားရတယ်တဲ့။ လူတွေသေတယ် ဆိုပေမယ့် လူအဖြစ်ကသာ သေတာဖြစ်ပြီး သေသူ့ဝိညာဉ် Apsu ကတော့ ဆက်လက်ရှင်နေသတဲ့။
      ဗုဒ္ဓဘာသာတွေရဲ့ အသူတရာနက်ရာ မြေအောက်မှာ ဘုံတစ်ခုရှိပြီး ဒီဘုံကို ယမမင်းကြီးက အုပ်စိုးတယ်။ သေဆုံးတဲ့လူရဲ့ ဝိညာဉ်ဟာ ယမမင်းကြီးရှေ့မှာ အဆုံးအဖြတ် ခံယူရတယ်ဆိုတာကို သတိရမိပါတယ်။
      အီဂျစ်တွေမှာလဲ ဒီလိုမျိုး ဒဏ္ဍာရီ ရှိပါတယ်။ မူလ ဒဏ္ဍာရီကို အီဂျစ်တွေက စိတ်ကူးကွန့် ချဲ့ထွင်ပါတယ်။ မြေအောက်ကမ္ဘာရောက် သေသူ့ ဝိညာဉ်ကို တရားမျှတခြင်းနဲ့ အမှန်တရား နတ်ဘုရားမ Maat ရှေ့ မှောက်မှာ ဝိညာဉ်ချိန်ခွင်နဲ့ ချိန်တွယ် ပါသတဲ့။ ချိန်ခွင်ခွက်တစ်ဘက်မှာ အမှန်တရား ကိုယ်စားပြု ငှက်မွေး တောင်တစ်ခုရှိပြီး ကျန်တစ်ဘက်မှာ သေသူ့ ဝိညာဉ်ရှိပါတယ်။ ဒီလို ချိန်တွယ်ရာမှာ တောခွေးရဲ့ ခေါင်းနဲ့ လူ့ခန္ဓာကိုယ်ရှိ နတ်ဘုရား Either Arubis နဲ့ သိမ်းငှက်ခေါင်းနဲ့ လူ့ခန္ဓာရှိ နတ်ဘုရား Korus တို့ ပါဝင်ကူညီ ဆောင်ရွက်ရပါတယ်။ အမှန်တ ရားငှက်မွေးတောင်ထက် ဝိညာဉ် အလေးချိန်က ပိုစီးရင် ချိန်တွယ် ရလဒ်ကို မှတ်တမ်းတင်ပြီး နတ်ဘု ရားတို့ ဘုရင်ဖြစ်တဲ့ Osiris ထံ တင်ပြရပါတယ်။ Osiris က အတည်ပြု လိုက်ရင် ဒီဝိညာဉ်ဟာ နတ်ဘုရားရဲ့ ချမ်းသာသုခကို ခံစားဖို့ နတ်ဘုရားတို့ ဘုံကိုသွားရပါတယ်။ မဟုတ်လို့ကဖြင့် သွားပေရော့ ထာဝရငရဲ။ ဗုဒ္ဓဘာသာဝင်တို့ လက်ခံထားတဲ့ ယမမင်းကြီး ဒဏ္ဍာရီနဲ့ ယှဉ်ပြီးစဉ်းစား ကြည့်ပါတော့။
      လူသေပေမယ့်သေသူ့ ဝိညာဉ်ဟာ ဝိညာဉ်ဘုံဌာနမှာဆက်ရှိ၊ ဆက်ရှင်သန်နေတယ်ဆိုတာကို တရုတ်တို့လဲ ယုံကြည်လက်ခံထားပါတယ်။ သေသူ့ ဝိညာဉ်ပျော်ရွှင်စေဖို့ ကွယ်လွန်ပြီး ဘိုးဘွားမိဘတွေ ဝိညာဉ်ဘုံမှာ ပျော်ရွှင်စေဖို့ ယုံကြည်မှုပါ ဒဏ္ဍာရီတွေ တရုတ်တို့မှာရှိပါတယ်။ ကွယ်လွန်ပြီး ဘိုးဘွားမိဘတွေဟာ ဝိညာဉ် – Spirit အဖြစ်နဲ့ သားသမီးမြေးတွေရဲ့ အရေးကိစ္စတွေမှာ ပတ်သက်တတ် သတဲ့။ သားမြေးတွေက သူတို့အမှာ စကားကို မလိုက်နာရင်၊ သူတို့ကို မေ့ထားရင်စိတ်မချမ်းမြေ့၊ ဒေါသနဲ့ အပြစ်ပေးသတဲ့။ ကွယ်လွန်ပြီးသူရဲ့ ဝိညာဉ်က ကျန်ရစ်သူတွေကို အကူ အညီပေးတတ်သတဲ့။ ဒီလိုကူညီရာမှာ ကွယ်လွန်သူ့ မိတ်ဆွေ ကွယ်လွန်သူက ပါဝင်ကူညီတာမျိုးလဲ ရှိသေးသတဲ့။ Shang မင်းဆက် ဘုရင် တွေ နတ်ရွာစံတဲ့အခါ တမလွန် ဝိ ညာဉ်ဘုံမှာ ဆက်ရှိနေမယ့် ဘုရင့်ရဲ့ အမှုထမ်းဖို့ ကျား၊ မ ဦးရေ ၁ဝဝက ၃ဝဝ အထိ ရှင်လျက်မြေမြှုပ် စတေး ကြသတဲ့။ ဒီလိုအယူမျိုး၊ ဒီလိုစတေး မှုမျိုးတွေ အီဂျစ်၊ အာဖရိက၊ ဂျပန် တို့မှာလဲ ရှိခဲ့တယ်လို့ John B. Noss ရေး Man’s Religions မှာလဲ ဖော်ပြ ပါတယ်။
      ဂရိတွေမှာ ဒဏ္ဍာရီတွေများ သလောက် နတ်ဘုရားတွေလဲများလှ ပါတယ်။ နတ်ဘုရားတွေက လူ့ကိစ္စတွေမှာ ပတ်သက်ပါဝင်တတ်ပါတယ်။ စစ်ပွဲမှာတောင် နတ်ဘုရားတွေ ပါဝင် နေသတဲ့။ ကွယ်လွန်သူ ဝိညာဉ်ရဲ့ လားရာကိုလဲ နတ်ဘုရားက ဝင်ပါနေသတဲ့။ ဂရိတို့ရဲ့ မရဏသန္တမင်း – Hades ဟာ နတ်ဘုရား Cronus ရဲ့သားဖြစ်ပြီး နတ်ဘုရားဘုရင် Zeus ရဲ့နတ်ဘုရားကြီး Poseidon တို့နဲ့ ညီအစ်ကိုတော်သူပါ။
      စာရေးဆရာ Ellen Switzen က မြေအောက်နိုင်ငံဘုံ ဒဏ္ဍာရီတွေ အကြောင်း ရှင်းလင်းဖော်ပြတာမှာ မြေ အောက်ဘုံငရဲမှာ ကြောက်စရာ သတ္တဝါကြီးတွေရှိတယ်။ ငရဲကျခံ ရသူကို ဒီသတ္တဝါကြီးတွေက နှိပ် စက်ကြတယ်။ သေသူ့ဝိညာဉ်ဟာ ဝိညာဉ်မြစ် Styx ကို ကူးဖြတ်ဖို့ ကူးတု့ိခလိုပါတယ်။ ကူးတို့ခပေးနိုင်ဖို့ သေသူ့လျှာအောက်မှာ ငွေ၊ ပိုက်ဆံ ထည့်ပေးရတယ်။ ကူးတို့ခပေးမှ ကူးတို့သမား Charon က ဝိညာဉ်မြစ် တစ်ဘက်ကမ်းကို ပို့ပေးသတဲ့။ ကူးတို့ခမပါရင် ဝိညာဉ်မြစ်ရဲ့ ဒီမှာဘက်ကမ်း လူသူကင်းဆိတ်ရာမှာ တဝဲဝဲ လည်နေရောတဲ့။ နောက်တော့ လူ့ရပ်ရွာပြန်လာပြီး နေစရာ ရှာရသတဲ့။ ဒီဝိညာဉ်ဟာ သစ်ပင်မှာ နေတာမျိုး၊ တိရစ္ဆာန်ကိုယ်ထဲ ဝင်ပူးကပ်နေတာမျိုး ဖြစ်ရောတဲ့။ ဒီလို ဒဏ္ဍာရီမျိုး ရောမတွေထဲ စီးဆင်း စိမ့်ဝင်သတဲ့။ Plato လိုတွေးခေါ်ရှင်ကြီးတောင် မရဏ နိုင်ငံ၊ ဝိညာဉ်မြစ်၊ ကူးတို့ခဆိုတာကို ခိုင်ခိုင်စွဲစွဲ ယုံခဲ့သတဲ့။ ဂရိစာနဲ့ရေးတဲ့ ခရစ်ယာန် သမ္မာကျမ်းမှာ ဂရိဒဏ္ဍာရီ လာမရဏသန္တမင်း Hades ရဲ့နာမည်ကို ဆယ်ကြိမ်တိုင် ဖော်ပြထားသတဲ့။ နို့ပေမယ့် မရဏနိုင်ငံ နတ်ဘုရားအဖြစ် မဟုတ်ပါဘူး။ မရဏတရားအဖြစ် အနက်ယူဖော်ပြ တာပါ။ ဟေဗြဲစာရေး ခရစ်ယာန် သမ္မာကျမ်းမှာ Hades ကို ဟေဗြဲ ဘာသာစကားနဲ့ Sheohi လို့ ရေး သတဲ့။ ဟေလာသ ဂရိဘာသာစာ Hades, ဟေဗြဲဘာသာ စာ Sheohi ကို ဒေါက်တာ ယုဒသန်က ဓမ္မ ဟောင်းဆာလံကျမ်း ၁၆း၁ဝ မှာ မရဏနိုင်ငံလို့ မြန်မာဘာသာပြန် ဆိုပါတယ်။ မရဏနိုင်ငံရဲ့ ဝိညာဉ်မြစ် ကြီး Styx ရဲ့ မူလဒဏ္ဍာရီက Epic of Gilgamesh ဖြစ်ပါတယ်။ အဲဒီမှာ Ursharohi က Gilgamesh ကို ကမ္ဘာချီ ရေလွှမ်းစေသူဆီ ခေါ်သွား တော့ မရဏနိုင်ငံရဲ့မြစ်ကြီး ကို ဖြတ်သွားရတယ်လို့ ရေးတယ်။
      ဗုဒ္ဓဘာသာဝင်တွေလဲ ဒီနေ့ထိ လူသေရင် ကူးတို့ခ ထည့်ပေးနေကြတာပါပဲ။ သေသူ့ဝိညာဉ်ကို အရှိတရားအဖြစ် ယုံကြည်နေကြတာပါပဲ။ သေသူဝိညာဉ်အတွက် သပိတ်သွတ် နေကြတာပါပဲ။ ဗုဒ္ဓရှင်တော်က ဝိညာဉ်ကို သိမှုအဖြစ်တရားလို့ ပဋိစ္စ သမုပ္ပါဒ်မှာ ဟောကြားတော်မူပါတယ်။ ပမာထင်ရှားဆိုပါစို့။
      စက္ခုစ ပဋိစ္စရူပေစ ဥပ္ပဇ္ဇတိစက္ခု ဝိဉာဏံ။ မျက်စိအဆင်း တိုက်ဆုံတဲ့အခါ မြင်သိဝိညာဉ်ဖြစ်တယ်။ အဖြစ် တရားမို့ ဖြစ်၊ တည်၊ ပျက်ပါပဲ။ ဥပါဒ်ဌီဘင်ဆိုပါတယ်။ ဌီဆိုတဲ့ တည်မှုဟာ စကားအရာသာပါတဲ့။ ဖြစ်မှု ရဲ့ အဆုံးအစွန်ရောက်ခြင်းသာပါတဲ့။ ဖြစ်မှုရဲ့ အဆုံးအစွန်ရောက်တာနဲ့ တစ် ပြိုင်တည်း ပျက်ခြင်းစတော့တာတဲ့။ ထင်ရှားတဲ့ ဥပမာက ခဲတစ်လုံးကို အပေါ်ဆီ ပစ်မြှောက်လိုက်ရင် ပစ်တင်တဲ့အရှိန်ကုန်တဲ့ တစ်ခဏမှာ အောက်ဘက်ဆီ ပြန်ကျလာပါတယ် တဲ့။ ပစ်မြှောက်လိုက်တဲ့အတွက် မြောက်တက်သွားတာ ဥပါဒ်(ဖြစ်)၊ လက်ရှိန်ကုန်တာ ဌီ(တည်) အောက် ဆီပြန်ကျလာတာ ဘင်(ပျက်)လို့ပြ ပါတယ်။ ဝိညာဉ်ကို အဖြစ်တရားလို့ ယူမှတ်တာသာ ဗုဒ္ဓအာဘောဂဖြစ်ပါ တယ်။ စဉ်းစားကြဖို့ပါ။
      အက်ဇတက်၊ အင်ကာနဲ့ မာယာတွေမှာလဲ ထာဝရ ဝိညာဉ်၊ မသေရာ ဝိညာဉ် ယုံကြည်မှုကို တွေ့ရသတဲ့။ သူတို့အတွက်လဲ မရဏက စကား ထာဖြစ်နေတာပါပဲ။ သေဆုံးခြင်းဟာ လူအဖြစ် ရှင်သန်တည်ရှိနေမှု ပြီးဆုံး သွားတာသာဖြစ်ပြီး အပြီးတိုင် ပျက် စီးသွားတာမဟုတ်ဘူး။ သေဆုံးသူဟာ ဝိညာဉ် Spirit အဖြစ်နဲ့ မမြင်မ သိရတဲ့ စွမ်းအား၊ တန်ခိုးရသူဖြစ်နေ တယ်။ သေဆုံးခြင်းကြောင့် မသေဆုံးနိုင်တဲ့ ဘဝအဖြစ် ကူးပြောင်းသွားတယ်။ အက်ဇတက်၊ အင်ကာနဲ့ မာယာတွေရဲ့ ယုံကြည်မှုပါ။ ဝိညာဉ် ကို အရှိတရားလို့မှတ်ယူတဲ့ ဘာသာ ရေးတွေရဲ့အဆို ဖြစ်ပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဗြဟ္မဘာသာ တွေမှာ ဝိညာဉ်အရှိ အတ္တဝါဒအယူကို ဒီနေ့အထိ လက်ခံထားပါတယ်။ ဗုဒ္ဓဂေါတမ ရှင်တော်က အနတ္တ၊ န+အတ္တ၊ အတ္တ မဟုတ်ဘူးလို့ အတ္တကို ပြတ်ပြတ်သားသား ငြင်းပယ်ပါတယ်။ နို့ပေမယ့် ဗုဒ္ဓဘာသာဝင်ဆိုသူ အများစုကြီးက လောက်လန်းသဖွယ် ဝိညာဉ်တွယ်၊ ဝိညာဉ်ဟာ တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းနေတယ်ယူမှတ် ကြဆဲပါ။ ဝိညာဉ်ဟာ သုံးဆယ့်တစ် ဘုံမှာ ကျင်လည်ကျက်စား ပြေးလွှားနေသတဲ့။ မာယာတွေက ကောင်းကင်ဘုံ ၁၃ ထပ်၊ ငရဲကိုးထပ်ရှိတယ် ယူမှတ်ယုံကြည်ကြတယ်လို့ ယဉ်ကျေးမှု သမိုင်းပညာရှင် Victor W.Hagen က ရေးပါတယ်။
      ဗုဒ္ဓဘာသာဝင်ဆိုသူတွေ ယူမှတ်ယုံကြည်တဲ့ နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာဘုံ နှစ်ဆယ်ပေါင်း ကောင်းကင်ဘုံ နှစ်ဆယ့်ခြောက်ထပ်က မာယာတွေရဲ့ နှစ်ဆဖြစ်ပြီး ငရဲ ရှစ်ထပ်ဆိုတာကြောင့် မာယာတွေ ထက် တစ်ထပ်လျော့ပါတယ်။
      ရှေးဟောင်းယဉ်ကျေးမှု သမိုင်း ပညာရှင် Victor W.Hagen ရေး The Ancient Sun Kingdoms of the America မှာ တမလွန်ဘဝ၊ အဖြစ်ရှိတယ်။ သေဆုံးတယ်ဆိုတာ လူအဖြစ်က တခြားသောဘဝ၊ အဖြစ်တစ်ခုကို ကူးပြောင်းသွားခြင်း သက်သက်သာပဲ၊ သူ့ကို မမြင်နိုင်ဘူး။ ထိတွေ့လို့မရဘူး။ လက်နက်နဲ့ သတ်လို့မရဘူး။ မမြင်ရနိုင်သူများ မျိုးနွယ်ဝင် ဖြစ်သွားတယ်လို့ မာယာတို့ ယုံကြည်ချက်ကို ရှင်းပြပါတယ်။
      အာဖရိကမှာလဲ ဝိညာဉ်မသေ ဆုံးနိုင်လို့ဖော်ပြတဲ့ ဒဏ္ဍာရီတွေ ရှိသတဲ့။ သေသူ့ဝိညာဉ်ကို ထိတ်လန့် ကြောက်ရွံ့ကြတယ်။ မှော်ပညာသည်တွေက သေသူ့ဝိညာဉ်ကို ခေါ်ယူနိုင်ပြီး သူတို့အစွမ်းထက်ဖို့ ဝိညာဉ်ရဲ့ အကူအညီကို ယူသတဲ့။ သေသူ့ဝိညာဉ်ဟာ တိရစ္ဆာန်ကိုယ်ထဲ ဝင်နိုင်သလို သစ်ပင်မှာလဲ ကပ်နေနိုင်တယ်လို့ ယုံကြတယ်။ ဒီလို ဒဏ္ဍာရီတွေကလဲ ရှိသကိုး။ Zulu တွေ မြွေမသတ်တာ သေသူ့ဆွေမျိုးတွေရဲ့ ဝိညာဉ်တွေ မြွေမှာဝင်နေ၊ ဝင်စားတတ်တယ်လို့ ယုံ ကြလို့ပါတဲ့။
      အာဖရိက Masai မျိုးနွယ်စုဝင် တွေက ဒဏ္ဍာရီလာ Ng ai က ကိုယ်စောင့်နတ်အဖြစ်နဲ့ သူတို့ တစ်ယောက်ချင်းစီကို အကာအကွယ်ပေးစောင့် ရှောက်တယ်လို့ယုံကြသတဲ့။ လူတစ် ဦးသေပြီဆိုတာနဲ့ ကိုယ်စောင့်နတ်က သေသူ့ ဝိညာဉ်ကို တမလွန်ဝိညာဉ်ဘုံ ဆီခေါ်သွားသတဲ့။ Zulu ဒဏ္ဍာရီတွေ မှာတော့ လူသားလောကရဲ့ ပထမ ဦးလူသားဟာ Unkulunkulu ဆိုသူတဲ့။ လူသားအားလုံးထဲမှာ အဆင့်အမြင့်ဆုံး လူသားတဲ့။ ခုတော့ သူဟာ တမလွန် ဝိညာဉ်ဘုံမှာ အဆင့်အတန်း အမြင့်ဆုံးဖြစ်ပြီး သူက လူတွေဆီ ပုတ်သင်ညိုတွေ စေလွှတ်ပြီး လူဟာ သေမှာမဟုတ်ဘူး ပြောခိုင်းသတဲ့။ ဒါကြောင့် ပုတ်သင်ညိုဟာ စိတ်ပျံ့လွင့်ပြီး သွားလာရာ နှေးကွေးတန့်ရပ်ဖြစ်နေ။ ဒီတော့ ကင်းလိပ်ချောကို လူတွေဆီ ထပ်လွှတ်ပြန်ရောတဲ့။ လူဟာသေရမယ်လို့ ကင်းလိပ်ချောကို ပြောခိုင်းပြန်တယ်။ ကင်းလိပ်ချောက လူဟာ သေခြင်းက ဘယ်ခါမှ မလွတ်နိုင်ဘူး ပြောလဲပြော၊ ပြေးလဲပြေးသတဲ့။
      အာဖရိကထဲကပဲ Bechuana, Basuto နဲ့ Baronga မျိုးနွယ်စုတွေမှာလဲ အလားတူ ဒဏ္ဍာရီတွေရှိကြတယ်လို့ The New Larousse Encyclopedia of Mythology မှာ ဖော်ပြပါတယ်။ လူသားက ဒဏ္ဍာရီကို ဖန်ဆင်းတယ်။ ဒဏ္ဍာရီက လူသားကို ဖမ်းစားတယ်။ ယုံကြည်မှုတွေ မွေးဖွားလာတယ်။ ဒီယုံကြည်မှုတွေဟာ လူသားရဲ့စိတ်နဲ့ ဘဝအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတော့တယ်။ ဝေး ရပ်မြေခြား ခရီးသွား ကုန်သွယ်သူတွေက ဒဏ္ဍာရီတွေနဲ့ ယုံကြည်မှု တွေကို သူတို့နဲ့အတူ သယ်ဆောင် သွားခဲ့ပြီး ရောက်ရာအရပ်ဒေသမှာ ဒဏ္ဍာရီတွေနဲ့ ယုံကြည်မှုတွေကို ပေးဝေခဲ့တယ်။ ဒဏ္ဍာရီတွေနဲ့ ယုံကြည်မှု တွေ ကူလူးယှက်နွယ် ရောထွေးကုန်ကြတယ်။ ဒဏ္ဍာရီနဲ့ ယုံကြည်မှုတွေ လက်ခံရရှိသူတွေက ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးနဲ့ ဆီလျော်အောင် ပြု ပြင် ပြောင်းလဲပစ်ကြတယ်။ နှစ်ပရိစ္ဆေဒ ကြာမြင့်လာတော့ ပြုပြင်ပြောင်းလဲပြီး ဒဏ္ဍာရီတွေနဲ့ ယုံကြည်မှုတွေကို ကိုယ့်လူမျိုးရဲ့ မူလပစ္စည်းလို့ မှတ်ယူလာကြတော့တယ်။ ဒဏ္ဍာရီတွေနဲ့ ယုံကြည်မှုတွေကို ဘာသာရေးထဲ ရောနှောလိုက်တဲ့အခါ စွဲလမ်းမှု၊ ယုံကြည်မှု ပိုလာခဲ့ရုံမက ပိုကျယ်ပြန့် သွားတော့တယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဝဒါနစာပေပုံသဏ္ဌာန် ငါးရာ့ ငါးဆယ်နိပါတ်တွေဟာ ဒီဖြစ်စဉ်ရဲ့ ထင်ရှားတဲ့ သာဓကပါပဲ။ ဥပမာ ပြောရရင် ကိန္နရီဇာတ်လမ်းတွေ၊ ကိန္နရီကို အနီးစပ်ဆုံး တွေ့ရတာဟာ ဟိန္ဒူ ဗြဟ္မဏကျမ်းတွေထဲမှာ ဖြစ်ပါတယ်။ ဗြဟ္မဏတို့ရဲ့ နတ်ဘုရား ဒဏ္ဍာရီတွေထဲမှာ ထင်ရှားတဲ့ နတ် ဘုရားကြီးလေးပါးရှိတယ်။ ဓတ္တရဋ္ဌ၊ ဝိရူဠက၊ ဝိရူပကနဲ့ ကုဝေရ တို့ပါပဲ။ ကုဝေရဟာ နတ်ဘီလူး စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ သူ့လက် အောက်မှာ နတ်ဘီလူး စစ်ဗိုလ် ချုပ်တွေ နှစ်ဆယ့်ရှစ်ပါးရှိသတဲ့။ နတ်ဘီလူး စစ်ဗိုလ်ချုပ်တွေရဲ့ တောင်းဆိုမှုကြောင့် စစ်ဗိုလ်ချုပ်ကြီး ကုဝေရဟာ ကိန္နရီတွေကို အထူးကိစ္စအနေနဲ့ ဖန်ဆင်းပေးတာတဲ့။
      ကိန္နရီတွေရဲ့ တာဝန်က စစ်ဗိုလ်ချုပ်ကြီး နှစ်ဆယ့်ရှစ်ပါးကို ဖျော်ဖြေဖို့ ဖြစ်ပါတယ်။ ကိန္နရီတွေဟာ ရုပ်ချော၊ အသံကောင်း၊ အကအဆို ကောင်းကြတယ်။ လူသူမရောက်နိုင်တဲ့ တောကြီးသာခေါင်မှာ နေကြပြီး ပျော်ပျော်ပါးပါး ဆိုကြ၊ ကကြ၊ ချစ်ရေးချစ်ရာတွေနဲ့သာ အချိန်ကုန်ကြသတဲ့။ တစ်ချစ်တည်း ချစ်နေကြသူတွေတဲ့။ ကိန္နရီလို ငှက်တစ်ပိုင်း လူတစ်ပိုင်း ငှက်လူကပြား သတ္တဝါပါ။ ဒဏ္ဍာရီတွေဟာ တခြားလူမျိုး၊ တခြားဒဏ္ဍာရီတွေမှာလဲ ရှိတာပါပဲ။ ဒဏ္ဍာရီဆိုတာက နှစ်ကာလကြာ ညောင်းရှည်မြင့်တာနဲ့အမျှ ဒေသ၊ လူမျိုး၊ ဘာသာ ကူးလူးယှက်နွယ် ရောထွေးတတ်တာမျိုးကိုး။ ဒဏ္ဍာရီကပေးတဲ့ ဥပဒေသတွေလဲ ဘာသာ တရားတွေထဲ စိမ့်ဝင်ရောထွေး ကုန်တာကြောင့် ဘာသာရေး အခြေခံမတူ ကွဲပြားပေမယ့် လူတွေကို ဆုံးမရာ ဥပဒေသတွေ တချို့ တူညီနေတာတွေ ရှိလာပါတယ်။ ဒီအဆိုကို ဘာသာရေးစွဲလမ်း ယုံကြည်မှု ပြင်းပြသူတွေအနေနဲ့ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။
      ဒဏ္ဍာရီ မြစ်ညာကို ဆန်တက်လေလေ ဒဏ္ဍာရီဗေဒရဲ့ အမယ်ဘုတ်ချည်ထွေးကြီးကို တွေ့မြင်ရလေလေ။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေဖြစ်တည် နေသမျှ လူတို့စိတ်အာဟာရဖြစ်တဲ့ ဒဏ္ဍာရီတွေကတော့ ရှိမြဲ ရှိနေဦးမှာပါခင်ဗျာ။
      ထူးရွှေမောင်(အလင်းသစ်)

  • အာဖျံ ကွီး

    March 18, 2011 at 7:02 am

    သယ်ရင်း peacemaker နည်းနည်းလေးပဲ ရှုပ်နေတာပါကွာ …

    ဘုန်းဘုန်းဦးအိန္ဒက ပို.စ်တင်တာကိုတော့ ခဏလောက်စောင့်ပေး …

    ရ ရက်ပြည့်မှရက်လည်ဆွမ်းကပ်တရ်ဆိုတာတော့ … သေပီးရင် ဝိဉာဏ်က အိမ်မှာ ရ ရက်ရှိနေတတ်တရ်ဆိုတဲ့
    လူတွေရဲ. ရှေးဟောင်းအယူကြောင့်မို.လို.ပဲထင်ပါတရ် ..

    အာဖျံကွီးတို.လူမျိုးတွေမှာတော့ ရ ရက်ပြည့်ရက်လည်ဆွမ်းအလှုူ လုပ်တဲ့ အလေ့အထမရှိဘူး …

    အဲ .. တကယ်တမ်း .. အိမ်မှာသာ ဝိဉာဏ်စွဲနေလို.ကတော့ … ရ ရက်မပြောနဲ. … စွဲတဲ့အထိ၊ မကျွတ်တဲ့ အထိနေမှာပဲ .. ၃၁ ဘုံထဲက ပြိတ္တာဘဝမှာ ချက်ချင်း ပဋိသန္ဓေ ဖြစ်သွားတာပေါ့ကွာ …

    အာဖျံကွီးလဲ .. ဘုန်းဘုန်းလောက်တော့ ရှင်းတတ်မှာ မဟုတ်ဘူး …

    ဘုန်းဘုန်းရှင်းတဲ့အခါကျမှ တို.တွေ အတူတူစောင့်ဖတ်ကြတာပေါ့ကွာ .. သယ်ရင်း …

  • char too lan

    March 18, 2011 at 8:36 am

    <<>>

    စာဖတ်သူတွေကို ဒီတစ်ခါဘုံတွေအကြောင်းပြောပြချင်ပါသေးတယ်၊ ဘုံတွေဆိုတော့ ဘာဘုံတွေ လည်းလို့ တွေးမနေပါဦးစာဖတ်သူရယ်၊ နိဗ္ဗာန်မရောက်သရွေ့လှည့်လည် သွားလာနေရဦးမယ့် အရပ်ဋ္ဌာနတွေအကြောင်းပါ၊
    ဒီလိုဆိုတော့ ဘုံတွေကဘယ်နှစ်မျိုးရှိပါသလဲဆိုရင် (၃၁) မျိုးတောင်ရှိတာပါတဲ့ စာဖတ်သူရေ (၃၁) မျိုးဆိုတော့အများကြီးပေါ့ ဒါပေမဲ့ ဒီလောက်များတဲ့ ဘုံတွေဆီကို တစ်ဘုံတစ်ဘုံမှာတော့ စာရေးသူရောစာဖတ်သူပါ ရောက်ဖူးခဲ့ကြပါတယ်၊ အတိတ်ဘဝတွေကို မမှတ်မိလို့သာ မရောက်ဖူးခဲ့ ဘူးထင်တာပါ၊ ခုပြောပြမယ့်(၃၁)ဘုံဆိုတာ=
    (၁)ဗြဟ္မပါရိသဇ္ဇာဘုံ
    (၂)ဗြဟ္မပုရောဟိတာဘုံ
    (၃)မဟာဗြဟ္မာဘုံ
    (၄)ပရိတ္တာဘာဘုံ
    (၅)အပ္ပမာဏာဘာဘုံ
    (၆)အာဘဿရာဘုံ
    (၇)ပရိတ္တသုဘာဘုံ
    (၈)အပ္ပမာဏသုဘာဘုံ
    (၉)သုဘကိဏှာဘုံ
    (၁၀)ဝေဟပ္ဖိုလ်ဘုံ
    (၁၁)အသညတ်ဘုံ
    (၁၂)အဝိဟာဘုံ
    (၁၃)အတပ္ပါဘုံ
    (၁၄)သုဒဿာဘုံ
    (၁၅)သုဒဿီဘုံ
    (၁၆)အကနိဋ္ဌာဘုံ
    (၁၇)အာကာသာနဉ္စာယတနဘုံ
    (၁၈)ဝိညာဏညာယတနဘုံ
    (၁၉)အာကိဉ္စညာယတနဘုံ
    (၂၀)နေဝသညာနာသညာယတနဘုံ
    ခုပြောပြခဲ့တဲ့ ဘုံ(၂၀)ကတော့ အလွယ်မှတ်မိအောင်ပြောရရင် ဗြဟ္မာဘုံ(၂၀)ဖြစ်ပါတယ်၊ နှစ်ဆယ်လို့ ပြောပေမဲ့ ဗြဟ္မာဘုံတွေဟာ သုံးဘုံကိုတစ်ဆင့်အနေနဲ့ တည်ရှိနေကြတာပါ၊ အားလုံးနားလည်အောင် ပြောရရင် ရန်ကုန်မြို့ကတိုက်ခန်းတွေလိုပါပဲ၊ အထပ်တစ်ထပ်တည်းမှာ သုံးခန်းလေးခန်းစသည်ရှိ သလိုပေါ့၊ ဗြဟ္မာဘုံကတော့ သုံးခန်းတစ်ထပ်လို့ပြောရမယ်ထင်ပါတယ်၊ ခုပြောပြခဲ့တာက ဘုံ(၂၀)ပဲရှိ ပါသေးတယ်၊ ရှေ့ဆက် ပြောပြပြီး ရီကြည့်ရအောင်ပါ
    (၂၁)စတုမဟာရာဇ်ဘုံ
    (၂၂)တာတိ’သာဘုံ
    (၂၂)ယာမာဘုံ
    (၂၃)တုသိတာဘုံ
    (၂၄)နိမ္မာနရတိဘုံ
    (၂၅)ပရနိမ္မိတာဝဿဝတီဘုံ
    ခုပြောပြခဲ့တဲ့ခြောက်ဘုံကတော့ အလွယ်နဲ့မှတ်မိချင်ရင်တော့ နတ်ပြည်ခြောက်ထပ်လို့ မှတ်ထားလို့ရ ပါတယ်၊ နောက်နှစ်ဆယ့်ခြောက်မြောက်ဘုံကတော့ လူ့ဘုံပါ၊
    နောက်ကျန်တဲ့လေးဘုံကတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်လို့ခေါ်တဲ့ အပါယ်လေးဘုံပါ၊ ခုပြောခဲ့တဲ့ဘုံတွေထဲက ဘယ်ဘုံကအကောင်းဆုံးလို့ စာဖတ်သူထင်ပါသလဲဆက်မဖတ်သေးပဲနဲ့ နည်းနည်းလောက်တွေးကြည့်စေချင်ပါတယ်၊ ကဲဘယ်လိုထင်ပါသ လဲစာဖတ်သူ၊ အဖြေရသွားပြီလား အပါယ်လေးဘုံမဟုတ်တာတော့သေချာတယ်နော်၊ ဒါဆိုရင် နတ်ပြည်ခြောက်ထပ်လား၊ ဗြဟ္မာပြည် လား၊ အဲဒါတွေတစ်ခုမှမဟုတ်ပါဘူးစာဖတ်သူရေ၊ အကောင်းဆုံးဘုံဟာ ခုစာဖတ်သူလက်ရှိ နေထိုင် နေတဲ့ လူဘုံကအကောင်းဆုံးပါတဲ့၊ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် လူဘုံမှာပဲဘုရားပွင့်လို့ပါ၊ ဗြဟ္မာဘုံတွေဆို သတ်တန်းတွေရှည်လွန်းလို့ ကုသိုလ်လုပ်လို့အဆင်မပြေပါဘူး၊ နောက်တရာနာယူဖို့ ဘုရားဖူးဖို့ဆိုတာ ဘုရားမပွင့်တော့ မဖြစ်နိုင်ဘူလေ၊ တစ်ချို့ဗြဟ္မာကြီးတွေဆိုရင် ရုပ်တရားသက် သက်၊ နာမ်တရားသက်သက် တွေချည်းရှိနေတော့ လူ့ပြည်မှာဘုရားပွင့် လို့တရားဟောရင်တောင် လာရောက် မနာယူနိုင်ပါဘူး၊
    နောက်ထပ် နတ်ပြည်နဲ့ပတ်သက်ပြီးပြောပြရရင် နတ်သားနတ်သားသီးတွေက အမြဲတမ်းကာမ အာရုံတွေနဲ့ နစ်မွန်းပျော်ပါးနေကြတော့ ကိုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာ အဆင်ပြေမလာပါဘူး၊ ဒါကြောင့် နတ်တွေစုတေသေရမဲ့အချိန်နီးလာလို့ စုတေသေတော့မဲ့နတ်သားနတ်သမီးကို အားပေး စကားပြောကြပြီဆိုရင် ခုနတ်ပြည်ကစုတေပြီးရင် သုဂတိဘုံသို့ရောက်ပါစေလို့ ဝိုင်းဆုတောင်းပေးကြ ပါတယ်၊ နတ်တွေပြောတဲ့ သုဂတိဘုံဆိုတာ တခြားဘုံမဟုတ်ပါဘူး စာဖတ်သူရယ် ဟောဒီ စာရေးသူနဲ့ စာဖတ်သူတို့နေတဲ့ လူ့ဘုံလောကလူ့ဘဝကြီးပါ၊ ဒီလူ့ဘုံလောက လူ့ဘဝကြီးကို နတ်တွေကတောင်လို ချင်တောင့်တနေမှတော့ လူဖြစ်ရတဲ့ဒုက္ခလို့ အော်ဆိုနေဦးမလား၊ မဆိုပါတော့နဲ့စာဖတ်သူရယ် ပြောရရင်လူဘုံဆိုတာ အထက်ကိုသွားချင်သလား အထက်ကိုလည်း ရောက်အောင်သွားနိုင်ရပါတယ်၊ အောက်ဆင်းချင်သလား အောက်ကိုလည်းဆင်းလို့ရပါတယ်၊ အဲဒီလို အလယ်မှာရောက် နေတဲ့ဘုံကြီးပါ၊ မြတ်စွာဘုရားဟောကြားထားတဲ့ နခသိခသုတ်ထဲက ဥပမာလေးနဲ့ပြောပြရရင် လူဖြစ်ဖို့ဆိုတာ မြေကြီးပေါ်ကိုလက်သည်းလေးနဲ့ မြေတွေကိုယူလိုက်ရင် ပါလာတဲ့လက်သဲကြားက မြေမှုံလေးတွေလောက်ပဲရှိပါတယ်တဲ့၊ လူဖြစ်ဖို့ဆိုတာအလွန်အင်မတန်မှ ခက်ပါတယ်၊
    ဒါကြောင့် နောက်များ“ဘုံသုံးဆယ့်တစ်ဖြစ်ဖြစ်သမျှဝေနေယျအား”လို့ အမျှဝေသံ များကြားရင် ငါတို့ရောက်နေရနေတဲ့လူဘုံလူ့ဘဝဟာ ရဖို့ရောက်ဖို့ခက်ခဲပြီး အမြတ်ဆုံး ပါလားလို့ တွေးပျော်ပြီး လူပီသသွားအောင်ကြိုးစားလိုက်ပါနော်။ ။

    mail ထဲကို သူငယ်ချင်းပို့ပေးထားတာကြာပီ ခုကြုံလို့ ပြန် share ပေးတာ
    နောက်ရှိသေးတယ် (သေခါနီးမှာ ဘာအရေးကြီးသလဲ ) ဆိုတဲ့ အမေးကို ဖြေပေးထားတာလေး တော်တော်ကောင်းပါတယ် ကြုံရင်ထပ်မန်းပါအုံးမယ် 🙂

  • poeaung6

    March 18, 2011 at 9:11 am

    ဗျိုသယ်ရင်း အဘိဓမာ သင်တန်းတွေမှာ ပြောပြပါတယ် လူကြီးများကို သာ မေးပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 18, 2011 at 9:51 am

    ဘုံဘေဘားမား
    ဘုံပြတ်
    ဘုံလုံသီး

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 18, 2011 at 11:40 am

    သဘောအရပြောရရင်တော့
    အာသဝေါမကုန်ရင်တော့ နောင်ဘဝဆိုတာရှိနေဦးမှာပါ
    ဒီနေရာမှာ သဘာဝဆိုတာကို သိရပါမယ်
    ဆိုလိုတာက ယနေ ့လူတော်တော်များများက ဇဝေဇဝါဖြစ်နေတာက
    ရှေ ့ဘဝနောက်ဘ)ကိုလက္ခံခဲ့ရင်
    လက်ရှိဘဝဆိုတာ ဘယ်ကလာသလဲ ပြီးရင်ဘယ်ကိုသွားမလဲ ဒီနေရာမှာ သံသယတွေဖြစ်ကုန်တာပါ
    ဒီတွက် ကိုယ့်ရဲ ့ဘဝအပြင် တစ်ခြားဘဝတွေလည်းရှိတယ်ဆိုတာကို
    အနီးစပ်ဆုံး လက္ခံနိုင်အောင် လေ့လာသင့်ပါတယ်
    ဥပမာ သရဲေခြောက်တာတို ့ဘာတို ့ပါ
    သရဲရှိတာမယုံဘူးဆိုရင်တော့
    ဘယ်နေရာဒေဘဲဖြစ်ဖြစ် ရွာစွန်ရွာဖြား သစ်ပင်ခပ်ကြီးကြီးတစ်ပင်အောက်ကို
    ညနေ မှောင်ရီသန်းချိန်မှာ အမဲသားအစိမ်းတွေကို ပန်းကန်နဲ ့ထည့်ပြီး
    နာနာဘာဝ ဝိနာဘာဝတွေလာစားကြလို ့ခေါ်လိုက်ရင် မကြာပါဘူး လာပါလိမ့်မယ်
    ဘာတွေလာမလဲတော့မသိဘူး 🙂 🙂 🙂
    သေပြီးပရိသန္ဓေတည်တာကတော့
    ဓမ္မတရားတွေကို ဘယ်လောက် နာယူမှတ်သားထားသလဲဆိုတဲ့အပေါ်မှာလည်း
    မူတည်ပြီးတော့မှ အမေးအဖြေလုပ်လို ့ရမှာပါ
    ဆိုလိုတာက ဓမ္မတရားတွေကို များများ နာယူမှတ်သားဘူးရင်
    အလိုလိုနားလည်လာပါတယ် ဒါပေမယ့် စာတစ်ကြောင်းနှစ်ကြောင်းလောက်နဲ ့တော့
    ရှင်းအောင်ပြောဘို ့ခက်ပါတယ် ( ကိုယ်နဲ ့တိုင်းပြီးပြောတာပါ အခြားပညာရှင်တွေအနေနဲ ့တော့မသိပါ )
    ( အပါယ်လေးဘုံနှင့် နတ်ပြည် ၆ ထပ်ကို ကာမဘုံ ၁၁ ဘုံ ဟု ခေါ်သတတ် )
    ( အပါယ်လေးဘုံ )
    ( ၁ ) ငရဲ
    ( ၂ ) တိရိ စ္ဆာန်
    ( ၃ ) ပြိတ္တာ
    ( ၄ ) အသူရကာယ်
    ( နတ်ပြည် ၆ ထပ် )
    ( ၅ ) စတုမဟာရာဇ်
    ( ၆ ) တာဝတိ ံသာ
    ( ရ ) မာယာ
    ( ၈ ) တုသိတာ
    ( ၉ ) နိမ္မိာနရတိ
    ( ၁ဝ ) ပရနိမ္မိတဝသဝန္တီ
    ( ၁၁ ) လူ ့ဘုံ

    ( ရူပ ၁၆ ဘုံ )
    ( ၁ ) ဗြဟ္မဝါရိသဇ္ဇာ
    ( ၂ ) ဗြဟ္မပုရောဟိတာ
    ( ၃ ) မဟာဗြဟ္မာ
    ( ၄ ) ပရိတ္တာဘာ
    ( ၅ ) အပ္ပမာဏာဘာ
    ( ၆ ) အာဘဿရာ
    ( ရ ) ပရိတ္တသုဘာ
    ( ၈ ) အပ္ပမာဏသုတာ
    ( ၉ ) သုဘကိဏှာ
    ( ၁ဝ ) ဝေဟပ္ဖိုလ်
    ( ၁၁ ) အသညသတ်
    ( ၁၂ ) အဝိဟာ
    ( ၁၃ ) အတပ္ပါ
    ( ၁၄ ) သုဒဿာ
    ( ၁၅ ) သုဒဿီ
    ( ၁၆ ) အကနိဋ္ဌ
    ( အရူပ လေးဘုံ – လေးဘုံ )
    ( ၁ရ ) အာကာသာနဉ္စရတန
    ( ၁၈ ) ဝိညာဏဉ္စရတန
    ( ၁၉ ) အာကိဉ္စညာယတနံ
    ( ၂ဝ ) နေဝသညာ နာသညာယာတန
    လူ ့ဘုံကိုတော့ ဘယ်မှာရှိတယ် မပြောတော့ပါဘူး
    ကျန်တဲ့ဘုံတွေဘယ်မှာရှိသလဲသိချင်ရင်တော့
    ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    တိုက်အမြင့်ကြီးပေါ်ကနေ ခုန်ချရင် ရောက်လိမ့်မကွဲ ့

    ကိုကြီးကျော်။ မနှဲလေး။ ဘိုးဘိုးအောင်။ အမေဂျမ်း။ ဦးရှင်ကြီး။ ၃ရ မင်း
    တွေကတော့ တရုပ်တွေ နယ်ချဲ ့သလို သူတို ့လည်း ဘုံချဲ ့တယ်လို ့မှတ်သားရပေမကွဲ ့

  • ဆူး

    March 18, 2011 at 1:42 pm

    သေပြီး ရရက်နေရင် ရက်လည်ဆွမ်းကပ်တဲ့ အယူဝါဒက ရဟန်းတပါး သေတော့ သင်္ကန်းစွဲပြီး သန်းကြီးမ ဖြစ်ရတာကနေ စပြီး သေပြီး ရရက် နေအမျှဝေတော့ ကျွှတ်သွားပါတယ်။
    ကောသလမင်းရဲ့ မိဖုရား တပါးလည်း သေပြီး ရရက်တိတိ ငရဲပြည်မှာ ရောက်သွားဘူးတယ်။
    ဒီလို အကြောင်းတွေကြောင့် ရရက်နေရင် အမျှဝေရင် ကျွှတ်နိုင်မယ်လို့ ယူဆပါတယ်။

  • peacemaker35183777

    March 20, 2011 at 3:41 am

    အခုလို ဝင်ရောက်ဆွေးနွေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။

  • meengelay

    March 20, 2011 at 11:06 am

    ကျေးဇူးတင်ပါတယ် မသိသေးတာတွေကို ပြောပြပေးတာ..

  • nigimi77

    March 21, 2011 at 2:42 pm

    သေပြီးရင် ဘာဖြစ်မလဲ ဆိုတော့ကာ… အရင်ဆုံး အသက်မရှုတော့ဘူးပေါ့။
    ခန္ဒာကိုယ်မှာ ရှိသမျှ ကိရိယာ တန်ဆာပလာတွေ အားလုံး ရပ်တန် ့သွားတော့ သွေးတွေလဲ မလည်ပတ်နိုင်
    တဖြည်းဖြည်း အနံ ့တွေ တစ်ထောင်းထောင်း အရည်တွေ စီးကျပြီး ပုတ်ပွလာတာပေါ့။

    ငါသေရင်တော့ သဂြိုလ် စားရိတ်လဲ သက်သာအောင် ငါ့ မိသားစုတွေလဲ ကရိကထ မများရအောင်
    လှီးဖြတ်ခုတ်ထစ် လေ့လာမဲ့ လူတွေကို ပေးလိုက်မယ်။ ဒါဆို ပေါက်တတ်ကရ အယူအဆတွေနဲ ့ ရိုးရာဆိုတာတွေ ဘာမှ လုပ်စရာ မလိုတော့ဘူး။

    ငါသေပြီးရင် ဘယ်ဘဝ ရောက်မလဲဆိုတော့….ငါက ဘယ်ဘဝက လာတယ်ဆိုတာတောင် မသိတာ…
    နောက် ဘဝ ဆိုတာကို အပို အလုပ် တခု အနေနဲ ့ စဉ်းစားနေစရာ မလိုတော့ဘူး။

    ဒါကြောင့် နောက်ဘဝကောင်းစားရေး အယူအဆတွေကို ယုံကြည်မှုလည်း မရှိဘူး လက်လဲ မခံဘူး။
    မှားတယ်လို ့လဲ မပြောဘူး။ သေပြီးရင် ဘာဖြစ်မလဲဆိုတာ သေပြီးရင် ဘာမှ မသိ်တော့တာကြောင့် သေရင် ပြီးပြီ။

    မသိလို ့ မရှိဘူးလို ့ တယူသန်ပြောတာလားလို ့ မေးချင်တယ် ဆိုရင် ငါသိတာ အခု အသက်ရှင်နေတယ် ဆိုတာ သိတယ်။ အဖေ နဲ ့ အမေ ကြောင့် ငါက လူဖြစ်လာပြီးရင် လူဆိုတဲ့ အနေအထားမှာ လက်ရှိ ငါဟာ အသက်ရှင်နေတဲ့ လူဆိုတာကို ပဲ တန်ဖိုးထားတယ်။ ငါ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကျိုးစားနေတယ်။
    ဒါကြောင့် နောင်တ ဆိုတာ မရှိဘူး။ သေခါနီးရင် ငါ လုပ်ခဲ့ သမျှကို ငါကျေနပ်တဲ့ အတွက် ဘာကို Worry များနေ စရာမလို အပ်ဘူး။ သေရင်ပြီးပြီ။ အိုမယ်နာမယ်သေမယ်။

    ဘာသာ အသီးသီးက ဘုရားတွေ ပွင့်တယ်ဆိုတဲ့ အချိန်နဲ ့ ပိုပြီး နီးစပ်တဲ့ ခေတ်တွေမှာတောင်မှ ကမ္ဘာကြီးက
    လုံးသလား ပြားသလား တောင် မှန်အောင်မပြောနိုင်တဲ့ လူတွေကြားမှာ အဲဒီ ဘာသာ တရားတွေက ထွန်းကားခဲ့တယ်။

    ဒီခေတ်ရောက်တော့ ကမာ္ဘကြီးဟာ လုံးတယ်ဆိုတာလဲ သိလာပြီ။ ကမာ္ဘမြေကြီးရဲ ့အောက်မှာ သတ္တုချော်ရည်ပူတွေ ရှိနေတယ် ဆိုတာလဲ သိလာပြီ။ ကမာ္ဘကြီးရဲ ့ ဒီဖက်အခြမ်းကနေ တွင်းတူးပြီး ဝင်သွားရင် ငရဲပြည်ဆိုတာ မရှိဘူး။
    ကမ္ဘာရဲ ့ တခြား တစ်ဖက်ခြမ်းကိုပဲ ရောက်သွားလိမ့်မယ်။ မြေမြိုတယ် ဆိုတဲ့ လူတွေ ဒီကနေ မြိုသွားပြီးရင် တခြားဖက် တခြမ်းက ပြန်ပေါ်လာလိမ့်မယ်။ မယုံရင် တွင်းတူးပြီးသွားကြည့်။

    မိုးပေါ်မှာ ကောင်းကင်မှာ အာကာသထဲမှာ နတ်ပြည်ဆိုတာ မရှိဘူး။ မရေမတွက်နိုင်အောင် များပြားလှတဲ့
    နေစကြာဝလာ အဖွဲ ့ အစည်းတွေပဲရှိတယ်။ နတ်ပြည် ငရဲပြည် ဟိုဘုံ ဒီဘုံ တွေ ဆိုတာ ဘယ်မှာရှိလဲ ဆိုတာကို
    ခင်လို ့ မင်လို ့ တိတိကျကျ ပြောပြလိုက်မယ်။ အဲဒါတွေ အားလုံးဟာ မင်းလို ငါလို လူတွေရဲ ့ စိတ်ကူးစိတ်သန်း စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ ရှိတယ်။

    မင်းရဲ ့လက်မှာ ပတ်ထားတဲ့ နာရီ တလုံးမှာပါတဲ့ Chip တခုက ဘယ်လို ဘာကြောင့် ဒီ အလုပ်တွေ လုပ်သလဲဆိုတာတောင် သိဖို ့ဆိုတာ သာမာန်လူတွေ မသိနိုင်တာ ၊ ဒီ ဘယ်သူမှ မသိတဲ့ လက်တွေ ့မကျတဲ့
    သေပြီး ဘာဖြစ်၊ လူမဖြစ်ခင် ဘယ်ဘဝက လာဆိုတာတွေက ဘာနဲ ့တူလဲဆိုတော့ အလုပ် မရှိ လအု သန်းရှာ နေတာ
    နဲ ့တူတယ်။ လုပ်စမ်းပါ ကိုယ့်လူ။ တစ်ကိုယ်ကောင်း မဆန်ပါနဲ ့။ တကိုယ်ရည် နောက်ဘဝ ကောင်းစားရေး အယူဝါဒတွေနဲ ့ အချိန်ဖြုံးမနေချင်စမ်းပါနဲ ့။

Leave a Reply