ဆရာမလေး…ဘာကြောင့်သေ

မောင်ဆန်းMarch 18, 20112min831

လွန်ခဲ့တဲ့ (၂) နှစ်လောက်က ကျွန်တော့် မိတ်ဆွေ ဆရာမ တစ်ယောက် ခွေးရူုးရောဂါကြောင့် အသက်ဆုံးပါးသွားခဲ့ရပါတယ် ဆရာမက အပျိုပါ သူတို့သူငယ်ချင်းတွေ အိမ်တစ်လုံးမှာစုနေကြပါတယ် တိရစာ္ဆန်ချစ်တတ်တော့ အိမ်ကိုလာတဲ့ ခွေးတွေကိုလည်း အစာကျွေးလေ့ရှိပါတယ် တစ်ရက် သူကျွေးနေကြ ခွေးတွေထဲက တစ်ကောင် သူ့ကိုကိုက်ပါတယ် အများစုကတော့ ခွေးကိုက်ခံရရင် ခပ်ပေါ့ပေါ့နေကြပေမဲ့ ဆရာမရဲ့ အမျိုးထဲမှာ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်ရှိတာကြောင့် သူ့ရဲ့တိုက်တွန်းမှုနဲ့ ဆရာမကိုတော့ ခွေးရူးကာကွယ်ဆေး ထိုးပါတယ် ဒါပေမဲ့ ဆေးထိုးပြီး (၁၅)ရက်လောက်အကြာမှာ ခွေးရူးပြန် ရောဂါနဲ့ပဲ ဝေဒနာ ခံစားရင်း ဆုံးပါးသွားခဲ့ရပါတယ်  ဘာကြောင့် ဒီလိုဖြစ်သွားရတယ်ဆိုတဲ့ အဖြေကိုတော့ ဒီနေ့ထိ ကျွန်တော် မသိသေးပါဘူး (ဆေးကြောင့်လား၊ ဆေးထိုးနည်းစနစ်ကြောင့်လား၊အချိန်ကြောင့်လား၊ ကျွန်တော်တို့ ဉာဏ်မမီတဲ့ အခြားအကြောင်းကြောင့်လားဆိုတာကိုပေါ့)

ဒီနေ့အထိပဲ သူ့အကြောင်းတွေးလိုက်မိတိုင်း စိတ်မကောင်းဖြစ်ရတုန်းပါ ဆရာမ ရဲ့စိတ်ကောင်းရှိမှုနဲ့ ကူညီတတ်မူတွေကိုလဲ တမ်းတနေကြတုန်းပါ

ဒီနေ့ မဆူးရဲ့ post လေး ဖတ်မိရင်းနဲ့မှ ဒီ ဟာလေးတင်ဘို့ စဉ်းစားမိတဲ့အတွက် အရင်ဆုံး မဆူးကိုကျေးဇူးတင်ပါတယ် နောက် ဆရာကြီး ဒေါက်တာကျော်စိုးဝင်းပါ ဆရာ့ရဲ့ presentation တစ်ခု ကနေ ဒီပုံလေးတွေ တင်ပေးလိုက်ပါတယ် presentation ကတော့ အများကြီးပါ ဒါပေမဲ့ အကုန်တင်ဘို့ အခက်အခဲရှိတဲ့အတွက် အရေးကြီးမယ် ထင်တာလောက်ပဲ တင်ပေးလိုက်ပါတယ် ဖတ်မိသူတွေအတွက် အကျိုးကျေးဇူးရှိမယ် ဆိုရင် ဆရာ့ကို ကျေးဇူးတင်ပါ မပြည့်မစုံနဲ့လိုအပ်ချက်တွေရှိခဲ့ရင်တော့ ကျွန်တော့်အမှားကြောင့်ပါ ၊ အခက်အခဲတွေရှိလို့ ကြိုတင်ခွင့်မတောင်းနိုင်တာနဲ့ ပုံတွေလျှော့လိုက်ရတာအတွက် ခွင့်လွတ်နားလည်ပေးဘို့ ဆရာ့ကိုဒီနေရာကနေ ခွင့်တောင်းချင်ပါတယ်

One comment

  • white

    March 18, 2011 at 4:51 am

    Presentation တစ်ခုက slide လေးတွေကို တင်ပေးထားတာပါ
    ဒီအတိုင်းပုံတွေကို ကြည့်ရတာ အဆင်မပြေပါ တစ်ပုံချင်း click လုပ်ကြည့်မှ အဆင်ပြေပါတယ်
    Post မှာတင် ပုံတွေကို ကြည့်လို့ အဆင်ပြေအောင် ပြင်ပေးနိုင်သူ ပြင်ပေးစေလိုပါတယ်

Leave a Reply