သင်္ကြန် ရောက်တော့မယ်

တေစၧMarch 19, 20111min18523

ကျွန်တော်တို့ ငယ်ငယ်ကတည်းက သင်္ကြန်ဆိုတာကို ကြုံဖူးပြီး အနည်းနဲ့အများတော့ ပျော်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် အခု အသက်ကြီးလာတဲ့အခါ ပြန်စဉ်းစားကြည့်တော့ တရားရဲ့လားလို့ ပြန်တွေးမိလာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပျော်ပျော်ပါးပါး ရေတွေကို တစ်ယောက်နဲ့တစ်ယောက် ပက်ကြရုံတင်မက ပိုက်တွေနဲ့ထိုး လမ်းတွေပေါ်လောင်းချ ဒီလိုနဲ့ ရေတွေ လမ်းပေါ်မှာ စီးဆင်းနေကြတာ တစ်နေကုန်နီးပါး နေရာတကာ ရေတွေရွှဲရွဲစိုလို့ လူတွေကလဲစို လမ်းတွေကလဲစို နောက်ဆုံးတော့ သင်္ကြန်ပြီးတဲ့အချိန် ရေတွေလမ်းမှာစီးရုံတင်မက အိုင်တွေတောင်ထွန်းလို့ ကျွန်တော်တို့ ဘာများရလိုက်လဲ နောက်ဆုံးတော့ ရေစိုတယ် ပြီးတော့ ခြောက်တယ် ပြီးတော့ စိုတယ်။ ဒီလိုနဲ့နှစ်ဟောင်းကနေ နှစ်သစ်ကို ပြောင်းခဲ့ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေ ကမာ္ဘကြီးရဲ့ အမွေအနှစ်တွေကို လမ်းပေါ်မှာ အလဟဿ လောင်းချနေကြတယ်ဆိုတာကို မစဉ်းစားမိခဲ့ကြဘူးလေ။ ကမာ္ဘတစ်ဖက်က ကျွန်တော်တို့တွေ ပျော်ပျော်ပါးပါး ရေတွေ ဖြုန်းတီးနေကြတဲ့အချိန်မှာ ကမာ္ဘတစ်ဘက်မှာတော့ ရေတစ်စက်ကို ချွေတာနေရသူတွေ ရေတစ်စက်ကို မျှော်လင့်နေရသူတွေ ဘယ်လောက်များ ရှိနေသလဲ ပြီးတော ့ အနည်းဆုံး ကျွန်တော်တို့တွေ ရေကိုဒီလို သွန်ချနေသလို ဘယ်သူတွေကိုများ ရေကုသိုလ် လုပ်ခဲ့ဖူးသလဲ စဉ်းစားမိဖူးလား ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်လဲ လွန်ခဲ့တဲ့ နှစ်နှစ် အထိ ဒီအကြောင်းအရာတွေကို မစဉ်းစားမိခဲ့ဘူးလေ ဒါပေမယ့် အခုတော့ သဘာဝပတ်ဝန်းကျင်ရဲ့ ပြောင်းလဲလာမှုတွေ ရာသီဥတု ဖောက်ပြန်မှု ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြပွဲတွေကနေ ဒီအတွေးတွေ ရလာခဲ့တယ်။ ကျွန်တော်တို့တွေ စဉ်းစားမိတာက ရေဆိုတာ မြေကြီးထဲကထွက်တာ မြေကြီးထဲပြန်ဝင်သွားတော့ ဒီအတိုင်းပဲ မထူးဘူးလို့ ထင်ခဲ့တာလေ ဒါပေမယ့် တကယ်တော့ အဲဒီအချိန်မှာပဲ ရေတွေကို ဆုံးရှုံးနေတာကို ကျွန်တော်တို့ မသိခဲ့ကြဘူး။ တကယ်တော့ ရိုးရာဆိုတာ ရိုးရာပါပဲ ဒါပေမယ့် ခေတ်အခြေအနေအရ အံမဝင်တဲ့ရိုးရာကို ကျွန်တော်တို့ ပြန်သုံးသပ်သင့်တယ် ထင်ပါတယ်။ ဒီနိုင်ငံမှာ သင်္ကြန်ပွဲဆိုတာ တကယ့်ကို ပွဲကြီးအဖြစ် မဏ္ဍပ်တွေထိုး ရေပိုက်တွေ သေချာပြင်ဆင်ပြီး ကျင်းပကြတာပါ။ တကယ် ရိုးရိုးလေး တွေးမယ်ဆိုရင်တောင် မဏ္ဍပ်ဆောက်တဲ့ သစ်တွေအတွက် သစ်တော ပြီးတော့ ရေ ပြီးတော့ ဒီလို ပွဲမှာ လှည့်ပတ်နေကြဖို့အတွက် လောင်စာ ဒါတွေ အလဟဿ ကုန်နေတယ် ကမာ္ဘကြီးအတွက် အကျိုးမရှိ။  ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ အတွက် ပြီးတော့ နောင်လာနောက်သားတွေအတွက် နောက် ကမာ္ဘကြီး ရေရှည်တည်တံ့ဖို့ တတ်နိုင်တဲ့ဘက်ကနေ  နည်းနည်းလေးဖြစ်ဖြစ် ပြန်တွေးကြည့်ပေးဖို့ပေါ့။ အကျိုးရော ရှိရဲ့လား ဖြစ်သင့်သေးရဲ့လား ပြီးတော့ ကျွန်တော်တို့ ဒီရိုးရာဟာ ခေတ်နဲ့ညီပြီး အကျိုးရှိရဲ့လား ဆိုတာပေါ့။ ပြန်စဉ်းစားနိုင်ဖို့ ပုံးလေးတွေပါ တင်ပေးလိုက်ပါတယ်။ လုပ်နိုင်တယ် မလုပ်နိုင်ဘူး ကြိုက်တယ် မကြိုက်ဘူး ဆိုတာထက် အနည်းဆုံးတော့ တရားရဲ့လားဆိုတာ ပြန်စဉ်းစား နိုင်ဖို့ပေါ့။

 

23 comments

  • bigbird

    March 19, 2011 at 1:45 pm

    အင်း.Phantom ပြောတာလဲဟုတ်တာပဲ။

  • padonmar

    March 19, 2011 at 2:01 pm

    ထောက်ခံပါတယ်၊သင်္ကြန်ရက် အင်းယားလမ်းထိပ် ဖြတ်မိရင် ရေတွေ သိပ်နှမျောမိတာပဲ၊ ရှေးက သင်္ကြန်ဆိုတာ ငွေဖလားနဲ့ သပြေခက်နဲ့ ယဉ်ယဉ်ကျေးကျေး ရေကစားကြတယ်လို့ ဖတ်ဖူးပါတယ်၊ ဒီလို ရေတွေ ငွေတွေ အချိန်တွေ အလဟဿ ဖြုန်းတီးတဲ့ နည်းနဲ့ နှစ်သစ်မကူးကြစေချင်ပါဘူး။

  • unclegyi1974

    March 19, 2011 at 3:50 pm

    မိန်းမယူ ပြီးတဲ့လူကမိန်းမယူတာမကောင်းဖူး
    ငါကိုယ်တွေ့ပဲပြောလို့ဘယ်သူမှမိန်းမ
    မယူပဲမနေပါဖူး ယူကြမှာပါ
    အခုလည်းအဲလိုဖြစ်နေတယ်လို့ထင်ပါတယ်
    Phantom ရေမောင်ရင်လည်းအသက်အတွေ့အကြုံ
    ကဖြစ်လာတဲ့စားတွေလို့မြင်ပါတယ် ကြိုက်လည်း
    ကြိုက်ပါတယ် ပြင်သင့်ပြီလို့လည်းထင်ပါတယ်
    ဖြစ်နိုင်မယ်လို့မထင်သေးပါ
    အချိန်မတိုင်သေးဖူးပေါ့ကွယ်

  • Ko Ko Aung

    March 19, 2011 at 4:29 pm

    ဟုတ်ပါတယ်။ ရေတွေငွေတွေအများကြီးဖြုန်းလိုက်ရမှပျော်စရာကောင်းတာမဟုတ်ပါဘူး။ နယ်မြို့ကလေးတွေကသင်္ကြန်တွေဆို အုန်းလက်မဏ္ဍပ်လေးတွေဆောက် ရေစည်ပိုင်းတွေထဲကခွက်နဲ့ခပ်လောင်း အစားအသောက်ကျွေးကြ အလှုအတန်းလုပ်ကြနဲ့ လူများစုအတွက်တော့ မြို့ကြီးပြကြီးတွေကသင်္ကြန်တွေထက် ပိုပြီးပျော်စရာကောင်းပါတယ်။ ရန်ကုန်မှာဆို မူးရူးသောင်းကျန်းနေကြသူတွေကိုကြည့်ပြီးစိတ်ညစ်ရလွန်းလို့ သင်္ကြန်မှာသိပ်မပျော်တာကြာပါပြီ။

  • kopauk mandalay

    March 19, 2011 at 4:39 pm

    တစ်ခါကပြောဘူးပါတယ်။
    သင်္ကြန်မှာသုံးတဲ့ရေတွေအလဟဿဖြစ်ကုန်တယ်ပေါ့။
    နှမျောစရာဆိုတော့။
    အဲဒီသင်္ကြန်မှာ ငါတို့ရေမကစားဘူးကွာတဲ့။
    ဟုတ်ပြီ ဒီရေတွေကို ရေရှားတဲ့အရပ်ကိုရောက်အောင်ဘယ်သူက ဘယ်လိုတာဝန်ယူပြီး ဘယ်လိုပု့ိပေးမလဲတဲ့။
    ကဲစဉ်းစားလို့ရရင် မန်းပါဗျာ။

    • bigcat

      March 19, 2011 at 9:27 pm

      ခက်ပါဘူး
      ကိုပေါက်ရယ်၊
      ရန်ကုန်ကနေ
      ရေရှားအရပ်ကို
      တူးမြောင်းတူး၊
      ပက်လို့ကျတဲ့ရေ
      ဒလဟောစီး၊
      ပျော်လည်းပျော်ကြ
      ရေလည်းရ
      ကဲမကောင်းလား…

  • kai

    March 19, 2011 at 9:52 pm

    လူတွေပျော်ကြရတဲ့ ပမာဏကို ဘယ်ကြေးနဲ့မှ တိုင်းတာလို့မရပါဘူး..။ လူသားဆိုတာ ဒီလိုဖြစ်ရတာပါပဲ..။
    ကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတွေအုပ်ချုုပ်တဲ့တိုင်းပြည်တွေဟာ .. ဒီလိုနေရာတွေကနဲ့ အကျိုးအမြတ်ရအောင် စီမံသွားရပါတယ်..။ အလုပ်အကိုင်တွေဖြစ်အောင် ဖန်တီးရပါတယ်.။ ဘာမှမလုပ်ရင်..ငွေတွေမလည်ပါတ်တာမို ့.. ငွေသေပြီး တိုင်းပြည်အင်မတန်နာပါတယ်.။ တကယ်က..ငွေတွေကို မလည်ပါတ်စေပဲ..သတ်တဲ့သူတွေ..။ ဘာမှမလုပ်တဲ့သူတွေကို ..အခွန်နာနာကောက်ရမှာလည်း ဖြစ်ပါတယ.်.။

    ဆိုတော့..။
    သာမန်တွေးရင်တော့ .. မဏ္ဍတ်တွေကရေတွေသုံးသမျှမီတာတပ်ပြီး အခွန်ကောက်..။ မဏ္ဍတ်တွေအခွန်ကောက်..။ သောက်တဲ့အရက်တွေကို အထူးနှုန်းသတ်မှတ် အခွန်ကောက်..။ ရတဲ့ငွေတွေနဲ့. ရေမလုံလောက်တဲ့ဒေသတွေ ရေပို့ပေးယုံပါပဲ..။

    ဒါကို အစိုးရမလုပ်ရင်… မီဒီယာတွေနဲ့ပူးပေါင်းပြီး လူငယ်တွေစုလုပ်လှုပ်ရှားလို့လည်းရပါတယ်..။
    ဘာမှကို မလုပ်ပဲ.. အိမ်ထဲပုန်းနေကြ..အိမ်တွင်းပုန်းလုပ်နေကြရင်သာ.. လုပ်အားတွေအလဟသနဲ့ . တိုင်းပြည်အတွက် ပိုနာပါတယ.်..။
    ==
    ယူအက်စ်ရဲ့ ဥပမာတခုပြောပြမယ်…။
    နှစ်တိုင်း ဟောလိုးဝင်း သရဲနေ့မှာ ဆန်တာမော်နီကာဆိုတဲ့ အလွန်လူအသွားအလာများတဲ့လမ်းမကြီး ပိတ်ပြီး လူတွေသရဲလိုဝတ်.. လည်ပတ်ရှိုးပြကြတယ်..။ အဲဒီမှာ စတိတ်ရှိုးတွေလည်း ဒင်းကြမ်းပဲ..။
    ဆိုင်ရာရပ်ကွက်..မြို ့နယ်က..လမ်းပိတ်ခ ဒေါ်လာသိန်းချီကောက်တယ်..။ နာရီမိနစ်နဲ့ကိုကောက်တာ..။ ပြီးတဲ့..လာဖွင့်တဲ့ဆိုင်တွေကိုလည်း.. အခွန်ဆိုင်ကြေးကောက်တယ်..။ လာတဲ့သူတွေကိုလည်း ကားရပ်ခ မတရားနှုန်းနဲ့ကိုကောက်တယ်..။ အဲဒီပွဲအတွက် လနဲ့ချီကြိုပြီး သရဲအရုပ်တွေရောင်းရတယ်..။ ဆိုတော့ ..အဲဒီတပွဲကနေ..အစိုးရက ဒေါ်လာသန်းချီကဲ့ယူတာပဲ..။
    ဟောလိဝုဒ်မှာ ရုပ်ရှင်ရိုက်ဖို့လမ်းပိတ်မယ်ဆိုရင် အစိုးရက ..တမိနစ်ကို ဒေါ်လာသောင်းချီကောက်တယ်..။ ၁ရက်ပိတ်ရင် ဒေါ်လာသိန်းချီပေးရတာပဲ..။

    မြန်မာပြည် ရန်ကုန်အင်းလျားလမ်းကို ဘယ်လိုလုပ်ရမယ် အလွယ်စဉ်းစားလို့တောင်ရတယ်..။
    ရန်ကုန်မြိုနယ် မြူနီစပယ်ကို ငွေကုဋေချီဝင်လာအောင် အသာလေးလုပ်လို့ရတယ်..။ လူတွေတောင် ရိပ်မိလိုက်မှာမဟုတ်..။ 🙂

  • padonmar

    March 20, 2011 at 1:22 am

    သဂျိီးကလဲ ကျွန်မတို့ အစိုးရကို အထင်သေးလို့၊ အမေရိကားမှာ ဒေါ်လာ ၁၆၀၀ဝ ပေးရမယ့်ကားကို အခွန် သိန်း၅၀ဝ လောက် ဆောင်ပြီးမှ စီးခွင့်ရတယ်၊
    ရှေးရှေးက မြေလွတ်မြေရိုင်းတွေကို ပေ၄ဝ ပေ၆ဝ အကွက်ရိုက်ပြီး လူကြီးနဲ့ တဆင့် ဝယ်မှရတယ် လုပ်လိုက်တော့ အလုအယက်ဝယ်ကြတယ်၊
    အစိုးရ လဲ အခွန်ရ ၊လူကြီးတွေလဲ အသားရ၊
    မဏ္ဍပ် ဆောက်တဲ့သူတွေက မြတ်လို့ဆောက်တာပါ၊
    ကြော်ငြာတွေကလဲ ငွေရ၊ လာကဲတဲ့ သူတွေစီကလဲ ငွေရ မရှုံးပါဘူး၊
    မိဘ ပိုက်ဆံ ဖြုန်းနေတဲ့ ကလေးတွေ အတွက် နှမျောတာပါ၊
    ဒီငွေတွေကို ရေရှားနေတဲ့ ပဲခူးတိုင်းတို့ မကွေးတိုင်းတို့ကရွာလေးတွေမှာ စက်ရေတွင်းတူးပေးလိုက်ရင် ပိုအကျိုးရှိမှာပေါ့၊ဦးဆောင်ပြီးလှူပေးနေတဲ့သူတွေလဲရှိပါတယ်၊
    သီတဂူဆရာတော်ကြီးကစ ကိုကျော်သူအလယ်၊ 2000 group အပါအဝင် အဖွဲ့တွေ အများကြီးပါ၊

  • myohtutkhaung

    March 20, 2011 at 2:35 am

    အဓိပါယ် မရှိပါ . ရေတွေကုန်တယ်ပြောရအောင် . နေ့တိုင်းပတ်နေတာမဟုတ်ဘူး . တစ်နှစ်မှ ၄ ရက်တည်း . အဲ့သင်္ကြန်မှာပဲ ဘုန်းကြီးဝတ်တဲ့လူတွေရှိသလို . တရားစခန်းဝင်တဲ့လူတွေလဲရှိတာပဲ . ရေပက်တယ်ဆိုတာကလဲ နှစ်ဟောင်းက အညစ်ကြေးတွေကို နှစ်သစ်မှာ ဆေးကြောတဲ့သဘောပဲဟာကို .

  • kopauk mandalay

    March 20, 2011 at 12:40 pm

    မြန်မာမှာသင်္ကြန်ရှိနေတဲ့အတွက် ရေကုန်သွားတာထက် ပိုတဲ့အကျုးိအမြတ်တွေရလိုက်တာ အများကြီးပါ။
    ဒိရေတွေကလဲ လုံးဝတော့ အလဟဿဖြစ်မသွားပါဘူး။
    မြေကြီးထဲရောက် အငွေ့ပျံ တိမ်ဆိုင်ထုဖြစ် ပြီးရင်မိုးပြန်ရွာချ။
    ရေဆိုတာက တော့ သင်္ကြန်မှာရေမကစားလဲ အချိန်တန်တော့ကုန်သွားမှာပါဘဲ။

  • Gong Zhu

    March 20, 2011 at 5:20 pm

    အင်းယားလမ်းထဲကရေတွေက အင်းယားကန်ထဲပဲပြန်ရောက်သွားတာဆို မဟုတ်ဘူးလား …

  • char too lan

    March 21, 2011 at 4:30 am

    (ဒါကို အစိုးရမလုပ်ရင်… မီဒီယာတွေနဲ့ပူးပေါင်းပြီး လူငယ်တွေစုလုပ်လှုပ်ရှားလို့လည်းရပါတယ်..။
    ဘာမှကို မလုပ်ပဲ.. အိမ်ထဲပုန်းနေကြ..အိမ်တွင်းပုန်းလုပ်နေကြရင်သာ.. လုပ်အားတွေအလဟသနဲ့ . တိုင်းပြည်အတွက် ပိုနာပါတယ.်..။)

    ဆြာခိုင်ပြောသလို ဒီအစိုးရကလုပ်မယ်ဆိုရင်လဲ အဲ့ဒီအခွန်တွေ ရေရှားတဲ့အရပ်ဆီ မရောက်နိုင်တော့ပါဘူး။ အဲ့လိုအခွန်တွေကို မီဒီယာတွေနဲ့ လူငယ်တွေကပေါင်းပီး လိုက်ကောက်ဖို့ဆိုတာလဲ ကျနော်တို့အနေနဲ့ပိုပီးမဖြစ်နိုင်ဘူး ထင်ပါတယ်။ 🙁 🙁

  • char too lan

    March 21, 2011 at 4:33 am

    မေ့သွားလို့ ထပ်ပြောလိုက်ပါအုံးမယ်
    ဆြာခိုင်ရဲ ့နည်းလမ်းက တကယ်လုပ်ရင် (လုပ်လို့ရမယ်ဆိုရင်) တော်တော်ကောင်းတဲ့ အိုင်ဒီယာပါပဲ 🙂

  • moethidasoe

    March 21, 2011 at 5:07 am

    မြေးတော်လေးက ရန်ကုန်မှာ သင်္ကြန်ကျချင်တယ်လို့ ပြောရင် အားလုံး မစည် စည်အောင် လုပ်ရမှာပဲ ..
    မဟုတ်ဘူး တောင်ကြီး ဆိုရင် တောင်ကြီးမှာ သစ်ပင်တွေ ထုံးသုတ် ..စင်မြင့်တွေ ဆောက် .. တီးဝိုင်းတွေ ခေါ် ..
    ဝန်ကြီးက မဏ္ဍပ် ဆောက်ပါ ဆိုရင် ဝန်ထမ်းတွေ လုပ်ရမှာပဲ .. နေပူတော်မှာ စည်အောင် လုပ်စေလို့ အမိန့်ချရင် .. အားလုံး နေ ဘယ်လောက်ပူပူ လုပ်ရမယ် ဆိုတဲ့ အမိန့်
    ကဲ ဘယ်သူ တားချင်သလဲ ..

  • etone

    March 21, 2011 at 6:53 am

    ရေတွေ ထက် လူတွေ ရဲ့ စိတ်က ပိုအရေးကြီးပါတယ် … ကုန်ဆုံးသွားတဲ့ ရေတွေနဲ့ အတူ မူးရူး နေတဲ့ လူတွေရဲ့ အရှက်နဲ့ သိက္ခာကလည်း ကုန်ဆုံး သွားတယ်ဆိုတာ သတိမထားမိတတ်ကြဘူး ….။ အဖေအရွယ် လူကြီးကလည်း သမီးအရွယ်ကောင်မလေးနဲ့ တွဲပြီး ကလိုက …. အမူးလွန်ပြီး အိမ်ပြန်မရောက် ဘယ်မသွားမှန်းမသိ … မထူးဇာတ်ခင်းနေကြတာ သင်္ကြန်ဆိုတာကြိးကို ညစ်နွမ်းစေတယ်….. ။ သင်္ကြန်မှာ … ဟိုတယ်တွေ ၊ တည်းခိုခန်းတွေ အတော် အလုပ်ဖြစ်တယ်ဆိုပဲ ……။ ပူပြင်းလာတဲ့ နေရောင်၊ အမြဲစိုနေတဲ့ ရေနဲ့ စမ်းဆစ်တစ်ဖြစ်တဲ့ အသားရေက အဆင်မပြေတာကြောင့် အရေခွံတွေ အထပ်လိုက် ကွာဖူးတယ် … မီးလောင် တဲ့ လူလိုဖြစ်သွားတာ … ။ နောက်ပြီး သင်္ကြန်မှာ ဖက်လျှက်နေကြတာ မြင်ရတဲ့လူတောင် ကြက်သီးထတယ်… ဒါကြောင့် သင်္ကြန်ဆိုရင် … အပြင်မထွက်တော့ဘူး ။

  • search123

    March 21, 2011 at 7:55 am

    ရေပေါပေါသုံးနိုင်တဲ့နေရာမှာရောက်နေရင်တော့ ပေါပေါသုံးကြမှာပေါ့။
    ရေရှားတဲ့ အရပ်မှာရောက်နေရင်တော့လည်း၊ရေတစ်စက်အတွက် ခက်ခက်ခဲခဲကြိုးစားကြရတာ ထုံးစံပါပဲ။
    ကိုယ်လုပ်ပေးလို့ရတာမှန်သမျှလုပ်ပေး။
    မလုပ်နိုင်မဲ့ အရာတွေ အတွက်နဲ့တော့ တွေးပြီး စိတ်မညစ်ပါနဲ့။
    မြန်မာ့ရိုးရာ သင်္ကြန်ကိုတော့ ပျော်ချင်သူတွေ ပျော်ကြပါစေ။
    ဒီဘက်က ရေမပက်ကြယုံနဲ့၊ရေမရှိတဲ့သူတွေ ရေရသွားမှာမဟုတ်သလို၊
    သူတို့ဆီက ရေတွေခန်းခြောက်ပြီးမရှိတာက ၊ သင်္ကြန် ၄ ရက်ရေပက်လို့ မှ မဟုတ်တာပဲလေ။
    သဘာဝတရားကြီးကိုက ဒီလိုပဲ ဖြစ်နေတာဆိုတော့လည်း……

  • meengelay

    March 21, 2011 at 9:50 am

    ဟုတ်ပါတယ် အခုလိုနှိုင်းယှဉ်ပြီး တင်ပြပေးထားတာ အရမ်းတော်ပါတယ် ကျေးဇူးပါနော်

  • juttue.gyi

    March 21, 2011 at 10:47 am

    ကဲဗျာ ကျတော်ကတော့ ဘာပြောရမှန်းကိုမသိတော့ဘူး ရိုးရာတော့ ထိမ်းသိမ်းသင့်တယ်လို့တော့ထင်တာဘဲ အဲဒါကိုတော့ ဖျောက်ဖျက်ဖို့တော့ လွယ်မယ် မထင်ဘူးဗျာ ။

  • nigimi77

    March 21, 2011 at 11:17 am

    ဟိန္ဒူ ဝါဒက ဆင်းသက်လာတဲ့ ဗြဟ္မာ့ဦးခေါင်း ခေါင်းဆေးပွဲဆိုရင်လဲ ဒို ့တွေက ဒို ့ မြန်မာ့ရိုးရာ နှစ်ကူး သင်္ကြန်တဲ့…..။။ ကုလား ဗြဟ္မာကြီး ဆတ်ဆော့တာကို နှစ်ကူးလို ့ သတ်မှတ်…နေပါဦး နှစ်ကူးဆိုတာ ဘယ် ကုလားက သတ်မှတ်လိုက်တာလဲ။
    တရုပ်ရိုးရာ နှစ်ကူးဆိုလဲ ဒို ့မြန်မာတွေ ပေါက်ဖော်ယောင်ဆောင် ဘုံကျောင်းမှာ စာချရတာလဲ အမော…။
    ကရင်နှစ်ကူး ဆိုလဲ ပါးစပ်ဖျားမယ် ပတ်ကညောတွေနဲ ့အတူ နတ်စားမယ် ဝက်သားတွယ်မယ်ပေါ့….။
    မွတ်ဆလင် အိဒ်ဆိုရင်လဲ ကျောင်းတုန်းက ဆိုရင် သူငယ်ချင်းတွေက အားလုံး မွတ်ဆလင်တွေလို ့ တံတွေးတောင် မမျိုပဲ ဆွေမျိုးစပ်ပေါ့…။
    ခရစ်စမတ်ဆိုရင်တော့ ဒို ့မြန်မာတွေ ခရစ်ယာန် ဘာသာဝင်တွေရဲ ့တောထဲမှာ ဂစ်တာလေး တစ်ကိုင်ကိုင်နဲ ့ အာမင် လို ့ အော်ကြပေါ့….။

    အရောင်ပြောင်းလို ့ရတာ တိရိစ္ဆာန်မှာ ပုတ်သင်၊ လူမျိုးမှာ မြန်မာ ထင်ပါ့။

    အုတ် ရောရော ကျောက်ရောရော ဟိုယိမ်းယိမ်း ဒီယိမ်းယိမ်း အယူတိမ်းတဲ့ ဒို ့မြန်မာ နတ်စိမ်းတွေ…။

    နေစမ်းပါဗျာ… ကျုပ်ဟာကျုပ် ဂူထဲမှာပဲ ရှောပုတ်ပြီး တရားအားထုတ်လိုက်ဦးမယ်။

    အိုဘဲ့ ငါ့ရှင် မူးရင်မူးတယ်မှတ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 21, 2011 at 6:05 pm

    နီဂရိုးမ ငြီး..လာတာနဲ ့ဖောက်တာဘဲ
    ဘယ်ကိုအလေလိုက်နေလဲ
    မတွေ ့လေးငါးရက်ရှိပြီ
    မီးသတ်ရဲဘော်ဒေနဲ ့ငြီး…အော်ဒါရလို ့ဆို
    🙂 🙂 🙂

  • phantom

    March 22, 2011 at 3:11 am

    အားလုံးရဲ့ ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်ဆိုလိုတာက သင်္ကြန်မကဲဘူးရယ်တော့ မဟုတ်ပါဘူး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ပေါ့ ကျွန်တော်စဉ်းစားစေချင်တာကတော့ တစ်နေ့နေ့ ကျွန်တော်တို့ ဒီလိုကြုံလာခဲ့ရင် ဆိုတာပါပဲ ကွန်မကောင်းလို့ ကျွန်တော်လဲ ပြန်မပြောဖြစ်တာပါ

  • manawphyulay

    March 22, 2011 at 3:49 am

    ရေရှားတဲ့နေရာမှာကော သင်္ကြန်က ကျဦးမှာလားဟင်….

  • santds

    March 22, 2011 at 10:32 am

    သင်္ကြန်ဆိုတာ ရိုးရာအမွေအနှစ်တစ်ခုပါ။ ထိန်းထိန်းသိမ်းသိမ်းနဲ ့ဆင်နွဲကြမယ်ဆိုရင် အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ အခုနောက်ပိုင်းမှ မဆင်မချင်ဟော့ဟော့ရမ်းရမ်းလူတချို ့ကြောင့် ညစ်နွမ်းသလိုဖြစ်နေတာပါ။
    ဒါကလည်း ကိုယ့်အသိစိတ်နဲ ့ကို ပြုပြင်မှပဲရမှာပါ။

Leave a Reply