မြန်မာ့ဒီမိုကရေစီအင်အားစုများ ညီလာခံသို့ ပေးပို့သော နှုတ်ခွန်းဆက်စကား

လင်းဝေMarch 21, 20111min891

အမေရိကန်နိုင်ငံ ဖို့တ်ဝိန်းမြို ့၊ အင်ဒီယားနား၊ ၂၀၁၁ မတ် ၅-၆ ရက် မြန်မာ့ဒီမိုကရေစီအင်အားစုများညီလာခံသို့ ပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏
နှုတ်ခွန်းဆက်စကား ဖြစ်ပါတယ်။

သူပြောထားတဲ့အထဲက အချက်အချို့ကို ပထမ ဦးစွာကောက်နှုတ်တင်ပြရင်း အပြည့်အစုံကို ဆက်လက်ဖတ်ရှုကြပါလို့။

“ယခုအချိန်မှာ ကျမတို့ရဲ့မြန်မာနိုင်ငံသည် အရေးကြီးသော လမ်းဆုံလမ်းခွသို့ရောက်နေပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းမှုရှိလာပြီဆိုတာကို ယုံကြည်နေသူများရှိနေသလို၊ ဒီဖြစ်ပေါ်နေတဲ့အခြေအနေဟာလည်း ပွင်းလင်းမှုနဲ ့ မှန်ကန်မှု မရှိသူများရဲ ့လှည့်ဖြားမှု တွေနဲ ့ စစ်မှန်တဲ့ လုပ်ရပ်တွေအပေါ် တားဆီးဖို ့ဘဲလို ့ ယုံကြည်နေသူ များလည်းရှိနေပါတယ်။”

“မှန်ကန်တဲ့ပြောင်းလဲမှုကို ကျမတို ့အားလုံးက တောင်းဆိုရုံသက်သက်မဟုတ်ဘဲ တိုးတက်မှုရှိဖို ့လည်းလိုအပ်ပါတယ်။ တိုးတက်မှုမရှိတဲ့ ပြောင်းလဲမှုကတော့
အတုအယောင်သာဖြစ်ပြီး ကျမတို ့နိုင်ငံသားအားလုံးအတွက် ဘာမှ အသုံးမတည့် တဲ့ ပြောင်းလဲမှုဘဲဖြစ်ပါတယ်။”

ယခုလိုပြောချင်တာကတော့ ကျမရဲ့ ကိုယ်ပိုင်အတွေးအခေါ်လဲဖြစ် ကျမတို့ပါတီရဲ့ပေါ်လစီလဲဖြစ် တဲ့ အကြောင်းအရာများကို ကျမတတ်နိင်သ၍ ယခုစုဝေးနေတဲ့
မြန်မာပြည်သူပြည်သားများကိုပန်ကြားချင်ပါတယ်။ ကျမနားလည်မှုအရ ယခုကဲ့သို့ မြန်မာများစုဝေးရာတွင် ကျမတို့ရဲ့ နိုင်ငံကိုစိတ်ဝင်စားတဲ့ မိတ်ဆွေများလည်းတက်ရောက်တယ်လို့ ကျမနားလည်ပါတယ်။

ယင်းလူများအနေဖြင့် ကျမတို့ နိုင်ငံဒီမိုကရေစီနဲ ့ လူ ့အခွင့်အရေးရရှိရေးတို ့အတွက် စိတ်ဝင်စားစွာကြိုးစားအားထုတ်နေကြသော သူများပါဝင်တယ်လို့ ကျမသိရပါတယ်။

ကျမသိရသလောက် ယခုတက်ရောက်လာသောသူများထဲတွင် မိမိနိုင်ငံပြင်ပမှာ ယာယီအဖြစ် သို့မဟုတ် အမြဲတမ်းအဖြစ် ပြောင်းရွှေ ့နေထိုင်သူများဖြစ်ပြီး သူတို့အနေနဲ့ လဲ
မြန်မာနိုင်ငံကောင်းစားရေးကို မေတ္တာနဲ ့ သစ္စာထား ရှေ့ရှူနေတယ်လို့လဲ သိရပါတယ်။ ဒါကြောင့်လဲဘဲ ကျမမေတ္တာရပ်ခံချင်တာက မြန်မာနိုင်ငံအတွက် ရှေ့ဆက်လက်ပြီး
ခိုင်မာစွဲမြဲစွာနဲ ့တာဝန်ယူ ကြိုးစားစေလိုပါတယ်။ ကျမအနေနဲ ့အာရုံစိုက်ချင်တာကတော့ ခိုင်မာစွဲမြဲစွာနဲ့တာဝန်ယူ လုပ်ကိုင်မှုဆိုတာကိုဘဲ ဖြစ်ပါတယ်။ ခိုင်မာစွဲမြဲစွာ တာဝန်ယူ လုပ်ကိုင်တယ်ဆိုတာ မိမိရည်ရွယ်ကတိပြုထားတာကို အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်းဘဲဖြစ်ပါတယ်။ ပြီးတော့ စစ်မှန်တဲ့ တာဝန်ယူမှုဖြစ်ဖို ့ဆိုတာ ဘယ်လောက်ခိုင်မာသလဲဆိုတာပါဘဲ။

ကျမတို ့တတွေမှာ မြန်မာ့ဒီမိုကရေစီအရေးကို ဘဝနဲ ့ ပေးဆပ်ပြီး လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေရှိကြပါတယ်။ ဘာဘဲလုပ်လုပ် သူတို ့တတွေရဲ ့ လုပ်ဆောင်မှုတွေဟာ
မြန်မာ့အရေးနဲ ့ ပတ်သက်နေကြပါတယ်။ လူတိုင်းလူတိုင်း မြန်မာ့ အရေးကို လုပ်ဆောင်ဖို ့ဆိုတာ ကြီးလေးတဲ့တာဝန်ဆိုပေမယ့် ကျမကတော့ ခိုင်မြဲစွာတာဝန်ယူလုပ်ဆောင်ပေးကြဖို ့ကိုဘဲ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးက တာဝန်ယူလုပ်ဆောင်တယ်ဆိုရာမှာ ကွဲပြားတဲ့အမြင်များရှိနေတဲ့လောကကိုလက်ခံပြီး
ညီညွတ်ရေးကို မဖြစ်မနေတွန်းလုပ်ဖို ့လိုနေပါတယ်။

ယခုအချိန်မှာ ကျမတို့ရဲ့မြန်မာနိုင်ငံသည် အရေးကြီးသော လမ်းဆုံလမ်းခွသို့ရောက်နေပြီဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြန်မာနိုင်ငံဟာ ပွင့်လင်းမှုရှိလာပြီဆိုတာကို ယုံကြည်နေသူများရှိနေသလို၊ ဒီဖြစ်ပေါ်နေတဲ့အခြေအနေဟာလည်း ပွင်းလင်းမှုနဲ ့ မှန်ကန်မှု မရှိသူများရဲ ့လှည့်ဖြားမှု တွေနဲ ့ စစ်မှန်တဲ့ လုပ်ရပ်တွေအပေါ် တားဆီးဖို ့ဘဲလို ့ ယုံကြည်နေသူ များလည်းရှိနေပါတယ်။ ဆိုတော့ ကျမတို ့အားလုံးဟာ ဒီလိုအနေအထားတွေကို တာဝန်သိသိ သတိရှိရှိနဲ ့ အမှန်တရားကို ကြည့်ရပါ့မယ်။ အမှန်တရားကို မြင်ဖို ့ဆိုတာ ခိုင်မာတဲ့တာဝန်ယူမှုနဲ ့ ညီညွတ်မှုလိုအပ်ပါတယ်။ ဒါတွေမှမရှိဘူးဆိုရင် ကျမတို ့အားလုံးအတွက် အောင်မြင်ခြင်းဆိုတာ ဝေးသထက်ဝေးသွားမှာ ဖြစ်ပါတယ်။

ညီညွတ်မှု ပိုအားကောင်းလေ အောင်မြင်ခြင်းအတွက် ပိုမြန်ဆန်လေဘဲဖြစ်ပြီး ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါဟာ အသစ်အဆန်းလည်းမဟုတ်ပါဘူး။
နှစ်ပေါင်းများစွာကတည်းက လူတွေဟာ ညီညွတ်ခြင်းသည်ခွန်အား ဆိုတာ သိခဲ့နားလည်ခဲ့ကြတာ တွေပါ။ အောင်မြင်ခြင်းအားလုံးရဲ ့ အခြေခံဟာ
ညီညွတ်ခြင်းဘဲဖြစ်ပါတယ်။ ဒါ့ကြောင့်လည်းဘဲ ကျမအနေနဲ ့ ဒီကွဲပြားတဲ့ အမြင်တွေဟာ ရှိနေမှာဖြစ်ပြီး ဒီမိုကရေစီရရှိရေးဆိုတာကတော့ အားလုံးရဲ ့
တသားတည်းရှိတဲ့အမြင်ဘဲဖြစ်တယ် ဆိုတဲ့အတွက် ဒီညီညွတ်ရေးဆိုတာကို တွန်းလုပ်ဖို ့ဆိုတာကိုဘဲ ပြောချင်ပါတယ်။

ဒီညီညွတ်ရေးဆိုတာကို ရရှိဖို ့နဲ ့ ညီညွတ်ရေးရဲ ့ ခွန်အားကို အသုံးပြုပြီး မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို ့ ဆိုတာကို လုပ်ရင်တော့
နိုင်ငံသားအာလုံးလိုချင်တမ်းတတဲ့ မှန်ကန်တဲ့ ပြောင်းလဲမှုကို လုပ်ပေးခြင်းဘဲဖြစ်ပါလိမ့်မယ်။

မှန်ကန်တဲ့ပြောင်းလဲမှုကို ကျမတို ့အားလုံးက တောင်းဆိုရုံသက်သက်မဟုတ်ဘဲ တိုးတက်မှုရှိဖို ့လည်းလိုအပ်ပါတယ်။ တိုးတက်မှုမရှိတဲ့ ပြောင်းလဲမှုကတော့
အတုအယောင်သာဖြစ်ပြီး ကျမတို ့နိုင်ငံသားအားလုံးအတွက် ဘာမှ အသုံးမတည့် တဲ့ ပြောင်းလဲမှုဘဲဖြစ်ပါတယ်။ အခုလိုအခမ်းအနားမှာ ကျမတို ့နဲ ့ အတူရပ်တည်ပြီး
မြန်မာအရေးကို နှစ်ပေါင်းများစွာ ဝိုင်းဝန်းလုပ်ဆောင်နေကြတဲ့သူတွေကို ကျေးဇူးတင်ချင်ပါတယ်။

နှစ်ပေါင်းများစွာကနေ ဆယ်စုနှစ်တွေဖြစ်လာပါပြီ။ သို ့သော်လည်း ဒီပုဂိုလ်တွေကတော့ ဇွဲမလျော့စတမ်း လုပ်ဆောင် ရာမှာ ကျမတို ့ အားလုံးကလည်း
တာဝန်သိသိတာဝန်ရှိရှိနဲ ့ ဆက်လက်လုပ်ဆောင်ဖို ့လိုပါတယ်။ ဒါမှလည်း မြန်မာ နိုင်ငံသားအားလုံးက ပျော်ရွှင်စရာ ကောင်းပြီး ဒီမိုကရေစီအနှစ်သာရနဲ ့
ညီညွတ်မှုရှိတဲ့ အနာဂတ်ကို မြင်ရမှာ ဖြစ်ပါတယ်။ သေးငယ်တဲ့အစ ညီညွတ်မှုရှိအောင်လုပ်မှသာ ခိုင်မြဲတဲ့အနာဂတ်အတွက် ပိုမိုကောင်းမွန်မှာပါ။
ကျမအနေနဲ ့ ဒီလိုရရှိတဲ့ အခွင့်အရေးမှာ အားလုံးကို ကျေးဇူးတင်ပါတယ်။

အားလုံးကျန်းမာပါစေ။

One comment

  • bigbird

    March 21, 2011 at 6:32 am

    တို့တတွေအားလုံးညီညီညာညာနဲ့အမေစုပြောလိုရှေ့ဆက်ချီတက်ကြပါစို့။

Leave a Reply