အကြမ်းဖက်ဖောက်ခွဲရေးသမားများလော ပစ်မှတ်က ဘယ်မြို့ကိုလည်း ?

လင်းဝေMarch 22, 20111min814

အားလုံး သတိထားစေချင်လို့ပါ။ ရန်ကုန်မှာနေသူများ သတိထားကြပါ။
၂၀၀၅ တုန်းက လက်သည်ကို သေချာတိကျစွာ ဖော်နိုင်ခဲ့တာမဟုတ်ပါဘူး။
အစိုးရက ဒီမိုအင်းအားစုနဲ့ ကရင်ဘက်ကို လက်ညိုးထိုးသလို လူထုကလည်း အစိုးရကို ပြန်ထိုးရင်းပြီးခဲ့တာပါပဲ။
တကယ်တမ်း လက်ရာက နိုင်ငံတကာမှာ ခွဲပုံမျိုးပါပဲ။ လန်ဒန်မှာ ဖြစ်တာနဲ့ ဆင်လွန်းပါတယ်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်းတောမြို့နယ် အတွင်း၌ တာလီဘန် အကြမ်းဖက် သမားများဟု သင်္ကာမကင်းသူ အစ္စလမ်ဘာသာဝင် ၁၀ဝ ဝန်းကျင်ကို မောင်းတော အခြေစိုက် နအဖအစိုးရ၏ နယ်စပ်ဒေသ ကွပ်ကဲရေး ဌာနချုပ်(နစက) စစ် တပ်မှ ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများသည် ယခုလဆန်းပိုင်းတွင် မောင်းတောမြို့နယ်အတွင်းရှိ နစက တပ်ဖွဲ့တည်ရှိရာ ခမောင်းဆိပ်ကျေးရွာ အနီး၌ ဖောက်ခွဲရေးနှင့်ပတ်သက်သော အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဖမ်းဆီးမိခြင်းဖြစ်သည်ဟု နစက နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

“သူတို့ဆီက ဖမ်းမိတဲ့ပစ္စည်းတွေမှာ တာလီဘန် အစ္စလမ်မစ် အဖွဲ့ဆိုတဲ့ တံဆိပ်တွေ၊ စာရွက်စာတမ်း အထောက်အထား တွေကြောင့် တာလီဘန်လို့ ယူဆပြီးဖမ်းထားတာပါ၊ မောင်းတောက နစက တပ်မှာ စစ်ဆေးနေတုန်းပါ”ဟု ၎င်းက ပြောဆိုသည်။

နစက နှင့် နီးစပ်သူက ဆက်လက်ပြီး“တာလီဘန်တွေ အစည်းအဝေးလုပ်တာကို စစ်တပ်က မသိလိုက်တော့ ဗျူဟာမှူးက မယက ဥက္ကဋ္ဌနဲ့ ရယက ဥက္ကဋ္ဌတွေကို အရေးယူမယ်ဆိုပြီး ဆူပူကြိမ်းမောင်းထားတယ်၊ ဆက်စပ်သူတွေကိုလည်း ဆက်တိုက် ရှာဖွေဖမ်းဆီးနေတယ်”ဟုလည်း ဆိုသည်။

တာလီဘန်များသည် ခမောင်းဆိပ်၊ အောင်သပြေ၊ ကွမ်းသီးပင် စသည့် ကျေးရွာများမှ ရွာသားများကို အာဖကန်နစ္စတန် တာလီ ဘန် အဖွဲ့မှ စေလွှတ်ခြင်းခံရသူဟု ယူဆရသော မော်လဗီဟာရုဒ်က ဖောက်ခွဲရေး သတင်တန်းများကို လျှို့ဝှက်ပေးခဲ့ ကြောင်း၊ ထိုကိစ္စကို ၎င်းတို့အဖွဲ့ဝင်တဦးက စစ်တပ်အား သတင်းပေးခဲ့ကြောင်း၊ ယခုအခါ မော်လဗီဟာရုဒ် မှာ ထွက်ပြေး လွတ်မြောက်နေကြောင်း နိရဉ္စရာ သတင်းတွင် ရေးသားထားသည်။

“မော်လဗီဟာရုဒ် က ဘင်္ဂလားနယ်စပ်ကဝင်ပြီးတော့ သင်တန်းတွေပေးနေတာကို ဒေသခံ နစက က တဆင့်သိရတာပါ၊ အသေးစိတ် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ”ဟု နိရဉ္စရာ၏ အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ဧရာဝတီကို ပြောသည်။

ထိုဒေသများ၌ ယခုအခါ ခရီးသွားလာရေးခက်ခဲနေပြီး စစ်ဆေးမေးမြန်းမှုလည်း များပြားနေကြောင်း ဒေသခံများက ပြောဆိုကြ သည်။

“မောင်းတောမြို့ပေါ်နဲ့ရွာတွေမှာ ည ၁ဝ နာရီထိုးရင် ညမထွက်ရ အမိန့်ထုတ်ထားတယ်၊ ၁ဝ နာရီခွဲမှာထွက်ရင် ပစ်မိန့်ပေးထား တယ်၊ အမိန့်ထုတ်တာ တပတ်ရှိပြီ”ဟု မောင်းတောမြို့ခံ တဦးက ပြောသည်။

ဖမ်းမိသူများတွင် မောင်းတောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းနှင့်လက်ရှိ ဥက္ကဋ္ဌ ၎င်း၏ညီ ဦးဇော်ဝင်းတို့ ပါဝင်ကြောင်း၊ ၎င်းတို့ ညီအစ်ကိုသည် အကြမ်းဖက်လုပ်ဆောင်နေသူများကို နောက်ကွယ်မှ ကူညီထောက်ပံ့ပေးနေသူများ ဖြစ် ကြောင်း ဒေသခံ တဦးက ပြောသည်။

“အခုလုပ်တဲ့အစည်းအဝေးမှာ သူတို့တွေပါတာရယ်၊ အကုန်လုံးက အစ္စလမ်ဘာသာဝင်တွေဖြစ်နေတော့ တာလီဘန်တွေနဲ့ဆက်စပ်မှန်း စစ်တပ်က သတိမထားမိလိုက်ဘူးပေါ့”ဟု ဒေသခံက ဆိုသည်။

မောင်းတောမြို့ပေါ်တွင် လုံခြုံရေးထူထပ်စွာချမထားသော်လည်း နယ်စပ်သို့သွားရာ လမ်းတလျှောက်နှင့်တောင်ကြားလမ်းများ၌ စစ်တပ်များ ထူထပ်စွာချထားကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ဘူးသီးတောင်၊ မောင်းတောနယ်စပ်တလျှောက်တွင် နအဖအစိုးရ၏ တပ်များထူထပ်စွာချထားသော်လည်း ထိုဒေသတဝိုက်၌ ဓားမြတိုက်ခြင်း၊ ၊ မုဒိမ်းကျင့်ခံရခြင်း၊ အကြမ်းဖက်ခြင်း ကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျှက်ရှိသည်ဟု ဒေသခံများကဆိုသည်။

ထိုတာလီဘန်ဟုဆိုသော အဖွဲ့သည် နယ်စပ်၌တာဝန်ကျနေသော နအဖ စစ်တပ်ကိုအခကြေးငွေ အများအပြားပေးကာ နယ် စပ် ဖြတ်ကျော်ဝင်ရောက်၍ ဘူးသီးတောင်၊ မောင်းတော ဒေသတဝိုက်တွင် အခြေပြုကာ ဓားမြတိုက်ခြင်း၊ အကြမ်းဖက်ခြင်း စသည်လုပ်ရပ်များကို လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၎င်းတို့ကို မြန်မာနိုင်ငံသားဟု နအဖအစိုးရက သတ်မှတ်
ပေးထားခြင်းမရှိသော်လည်း နအဖအစိုးရ အသိအမှတ်ပြုထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်ကာ ခရီးသွားလာနေကြသူများရှိသည်ဟု ဒေသခံများထံမှ သိရသည်။

4 comments

  • kai

    March 22, 2011 at 9:34 am

    ကဒါဖီကတော့ ပြောတာပဲ.. သူ့ကိုဆန္ဒပြသူတွေက ..အယ်လ်ကိုင်ဒါတွေတဲ့..။ လူတွေကို ဆေးကြွေးခိုင်းတာတဲ့..။
    ဖေဖေါ်ဝါရီ ၂၄ ကသတင်းအောက်မှဖတ်ကြည့်ပါ..။

    Gaddafi: Al Qaeda Behind Protests

    Well, that’s one way to explain it. Embattled Libyan leader Muammar Gaddafi said during a phone call to state TV on Thursday that al Qaeda is behind protests that have rocked the country and threatened to unseat him. He argued that ringleaders were “loyal to [Osama] bin Laden” and—in a warning to parents—said they’d recruited teenagers to join them by drugging them with “hallucinogenic pills in their coffee with milk, like Nescafe.” While Gaddafi is maintaining the eccentric tone that’s been a hallmark of his 42-year reign, he may be running out of opportunities to do so. Reports say he’s holed up in Tripoli, the capital, with loyal segments of the army plus mercenaries, but has lost control of most of the country.
    Read it at Associated Press
    http://www.thedailybeast.com/cheat-sheet/item/gaddafi-al-qaeda-behind-protests/libya/#
    http://www.trust.org/alertnet/news/highlights-libyas-gaddafi-says-protesters-are-on-drugs/

  • mmmm05

    March 22, 2011 at 10:15 am

    တာလီဘန် ပြဿနာသည် လူထုအုံကြွမှု ပေါ်ပေါက်လျှင် ကဒါဖီ စတိုင်ဖမ်းရန် ဇာတ်ပျိုးထားခြင်း သာဖြစ်

    FNG ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ရခိုင်ပြည် နယ် နှင့် ဘင်္ဂလား ဒေရှ် နယ်စပ် ဉ် တာလီဘန်ဟု
    ယူဆ ရသူ ၁၀ဝ ခန် ့ဖမ်းဆီး ရမိသည် ဆိုခြင်း သည် မြန်မာ နိုင်ငံ ဉ် လူထု အုံကြွမှု များ ပေါ်
    ပေါက်လာ ပါက လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကဲ့ သို ့အယ်(လ)ခိုင်ဒါ အကြမ်းဖက် အဖွဲ ့၏
    လက်ချက် ဟု စွပ်ဆွဲ ၍ ရအောင် ဗိုလ်ချုပ်မှုးကြီး ၏ ရူးကြောင်ကြောင် အစီအစဉ် ဖြစ်သည်
    ဟု နေပြည်တော်မှ အမည် မဖော်လို သည့် စစ်အရာရှိ တစ်ဦး က FNG သို ့ပြောသည်။

    ၂၀၀၁ ခုနှစ် အာဖဂန် နစ္စတန် နိုင်ငံ ဉ် အမေရိကန် နှင့် နိုင်ငံ တကာတပ်များ ၏ ထိုးစစ်ကြောင့်
    တာလီဘန် အစိုးရ အဖွဲ ့ပြိုကွဲသွားပြီး ဒေသတွင်း နိုင်ငံ များ သို ့ပျံ နှံ သွားရာ တွင် မြန်မာ နိုင်ငံ
    သည် လည်း တာလီဘန် တို ့ခိုအောင်းရာ ဟု နိုင်ငံ တကာ စစ်ရေး အကဲခတ် တို ့သုံးသပ် ခဲ့စဉ်
    က မြန်မာ နိုင်ငံ တွင် မည်သည့် တာလီဘန် မှာ မရှိ ပါ ဟု စစ်အစိုးရ က ဖင်ပိတ်ငြင်း ခဲ့သည်။

    ၂၀၀၄ ခုနှစ် မေလ ရန်ကုန် မြို ့ မင်္ဂလာတောင်ညွှန် ့မြို ့နယ် ကုန်သွယ်ရေး ဗဟိုဌာန နှင့် အခြား
    နေရာများ တွင် ဆက်တိုက် ဗုံးခွဲ ခံရစဉ် ထိုင်းတောင် ပိုင်း သို ့မဟုတ် အခြား နိုင်ငံတကာ အကြမ်း
    ဖက် အဖွဲ ့များ ၏ လက် ချက် ဟု ထိုင်း တာဝန် ရှိသူများ က သုံးသပ် ခဲ့စဉ် က လည်း မြန်မာ
    စစ်အစိုးရသည် ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူများ ဟု သာ ခေါင်းစဉ် တပ်ခဲ့သည်။

    ယခင် က ရခိုင် ပြည်နယ် တွင် မူဂျာဟေဒင် သူပုန်များ လေ့ကျင့် ပေးထားသည့် ရခိုင်-မွတ်စလင်
    လက်နက် ကိုင် အဖွဲ ့များ ရှိသော် လည်း ထိုသူပုန်များ မှာ အိုစမာဘင် လာဒင် ၏ ကျောထောက်
    နောက် ခံ လုပ်မှု ဖြင့် အာဏာရရှိလာသည့် တာလီဘန် အဖွဲ ့ နှင့် တိုက် ရိုက် ဆက်စပ် ခြင်း မရှိ
    ချေ။

    နိုင်ငံတကာဉ် ဖြစ်ပွားသည့် လူထု အုံကြွမှု များ တွင် အာဏာရှင်များက ဆန္ဒပြသူများ ကို အကြမ်း
    ဖက် သမားအဖြစ် စွပ်ဆွဲရာ အနောက် နိုင်ငံ အစိုးရများ တွေဝေမှုများ ရှိခဲ့သည် ကို ရိပ်စား မိသည့်
    စစ်အစိုးရက ယခု ကဲ့ ဇာတ်ပျိုးထား ခြင်း ဖြစ်သည် ဟု ကာကွယ်ရေး ဝန်ကြီးဌာန မှ အရာရှိတစ်
    ဦး ကပြောသည်။

    အကယ်၍ လူထု အုံကြွမှု များ ဖြစ်ပေါ်လာပါက စစ်အစိုးရ က ဆန္ဒပြသူများ ကို ထိုသို ့စွပ်ဆွဲ ပါက
    ကဒါဖီ ထက် ပို၍ ဟာသ မြောက် သည့် ဗီဒီယို ကလစ် တစ်ခု ကို ရှု စားရအုံး မည် ဟု မြန်မာ
    နိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း မှ အဖွဲ ့ဝင် တစ်ဦးက Freedom News Group
    သို ့ပြောသည်။

  • လင်းဝေကျော်

    March 22, 2011 at 10:40 am

    FNG ကောက်ချက်ချသလိုတော့ မဖြစ်နိုင်ပါဘူး။
    ဒီမှာက မြန်မာအများစုပဲဟာကို။
    ရန်ကုန်မှာ မြန်မာပုံတွေ ဆန္ဒပြနေရင် တာလီဘန်ပါ ပြောလို့တော့ ဘယ်လိုမှမဖြစ်ပါဘူး။
    အခုလည်း ဒီလိုမိတာကို သူတို့ကပြောတာမှမဟုတ်တာ။ သူတို့က ဝှက်ထားဦးမှာပါပဲ။

  • MTY

    March 23, 2011 at 2:54 am

    ကိုလင်းဝေကျော်ရဲ့ထင်မြင်ချက်ကိုထောက်ခံပါတယ်..နေရာတကာမကောင်းမြင်ဝါဒကိုမကြိုက်ပါ…

Leave a Reply