အပြုံး၏ဝိသေသလက္ခဏာများ(Written by Moon Poem)

moonpoemMarch 22, 20111min21816

မျက်နှာမြင်ချစ်ခင်ပါစေအသံကြားသနားပါစေတဲ့ကြားဖူးကြမှာပါ။ဘယ်သူပဲဖြစ်ဖြစ်

အမြဲလိုလိုဆူနေအော်နေတတ်တဲ့လူမျိုးကိုမုန်းတတ်ကြပြီး အပြုံးချိုချိုလေးနဲ့စကားပြောသူကိုသာ

ချစ်တတ်ကြတာကိုး။အဲလိုအရေးကြီးတဲ့အပြုံးနဲ့ပတ်သတ်ပြီးသိထားတာလေးတွေကိုပြောပြချင်ပါတယ်။

(အပြုံးဆိုတာလမ်းထိပ်ကရေခဲရေသည်ကိုပြောတာမဟုတ်ဘူးနော်)။

 

အပြည့်အဝအပြုံး

မိတ်ဟောင်းဆွေဟောင်းတွေ မထင်မှတ်ဘဲတွေ့ကြတဲ့အခါသူကကိုယ့်ကိုမမြင်သေးသော်လည်း

ကိုယ်ကသူ့ကိုတွေ့လိုက်ရတဲ့အတွက်အားရပါးရပြုံးမိသွားတဲ့အခါအပြည့်အဝအပြုံးပါ။

 

ဟတ်ကော့အပြုံး

သူငယ်ချင်းတစ်ယောက်ကိုကိုယ်ကစတွေ့တဲ့အခါဝမ်းသာစွာနဲ့ပဲပြုံးပြလိုက်ပေမယ့်

ဟိုတစ်ယောက်ကကိုယ့်ကိုမမြင်ဘဲထွက်သွားတော့အပြုံးကတစ်ခြမ်းကြီးပေါ့နော်။အဲဒီ

အပြုံးတစ်ခြမ်းကိုဟတ်ကော့အပြုံးလို့ခေါ်ပါတယ်။

 

အခိုးအငွေ့အပြုံး

ကိုယ့်ဘက်ကတစ်ဖတ်သတ်ချစ်နေရတဲ့မိန်းကလေးသို့မဟုတ်ယောက်ျားလေးတစ်ယောက်ကို

တွေ့ရတဲ့အခါပေါ်တင်လည်းမကြည့်ရဲ ရင်ထဲမှာလည်းပျော်နေတဲ့အတွက်ကြောင့်တခြားလူတွေ

မရိပ်မိအောင်ကြိတ်ပြီးပြုံးလိုက်တဲ့အပြုံးကိုတော့အခိုးအငွေ့အပြုံးလို့ခေါ်ပါတယ်။

 

ရှက်ပြုံး

ချစ်သူဖြစ်ခါစမှာသူငယ်ချင်တွေကသိတော့ဝိုင်းစတဲ့အချိန်ဖြစ်ပေါ်လာတဲ့အပြုံးလေးကရှက်ပြုံးလေး

ပေါ့နော်။

 

ဒေါသပြုံး

မြန်မာဗွီဒီယိုဇာတ်ကားထဲတွေမှာကြည့်ဖူးကြမှာပါ။ ဟင်းဟင်းဟင်းတစ်နေ့တော့မင်းငါ့အကြောင်း

သိစေရမယ်ဆိုပြီးဒေါသတွေနဲ့ပြုံးတာလေ။အဲဒါဒေါသအပြုံးပေါ့။

 

မသာမယာအပြုံး

အိမ်သာတက်ခါနီးအချိန်ဧည့်သည်လာလို့သို့မဟုတ်ဖုန်းလာလို့စကားပြောရတဲ့အခါအားတင်းပြီး

ပြုံးလိုက်ရယ်လိုက်နဲ့စကားပြောနေရပေမယ့်အဲဒီအချိန်ကအပြုံးကအောင့်အီးပြီးပြုံးရတဲ့အတွက်ကြောင့်

အဲဒီအပြုံးကိုမသာမယာအပြုံးလို့ခေါ်ပါတယ်။

 

 

 

ဝရုန်းသုန်းကားအပြုံး

ဥပမာအနေနဲ့တို့အိမ်ကတော့နေ့တိုင်းဆီဒိုးနားမှာပဲဒင်နာစားတာ ဟိုနားဒီနားလောက်ကတော့လန်ခရူဇာနဲ့

ပေါ့အေလိုအကြွားသန်နေတုန်းအကြွေးရှင်ရောက်လာပြီးဟဲ့နင်ထမီပေါင်ထားတာလာရွေးဦးဆိုတော့

ခုနကနားထောင်နေတဲ့သူတွေကိုဝရုန်းသုန်းကားလေးပြုံးပြပြီးပြေးရတာမျိုး။

 

ကဲဒါကတော့ရှာဖွေတွေ့ရှိရသလောက်အပြုံးလေးတွေပါ။ထပ်ပြီးတွေ့ရှိတဲ့အခါဆက်လက်ဖော်ပြပါဦးမယ်။

သူငယ်ချင်းတွေရောဘယ်လိုအပြုံးလေးတွေပြုံးပြီးကြပြီလဲ။

 

 

16 comments

  • dream

    March 22, 2011 at 10:13 am

    ဓါတ်ပုံရိုက်တဲ့အခါ ကင်မရာဆရာကို ပြုံးပြတဲ့အပြုံး
    ရုံးတက်ချိန် မုန့်စားချင်လို့ မီးဖိုချောင်မှာ မုန့်ခိုးစားနေတုန်း supervisor မိလို့ ခိုးထုပ်ခိုးထည်မိတဲ့ အပြုံး
    အဲဒီနှစ်မျိုး ထပ်ဖြည့်ချင်ပါတယ်

    • maythakhin

      June 4, 2011 at 2:58 pm

      မချိပြုံးဆိုတာလေးကို ထပ်ထည့်ပေးပါရစေ။ ကိုယ်မလွန်ဆန်နိုင်လို့ မာန်လျော့လိုက်ရတဲ့အခါ မတတ်သာလို့ပြုံးရတဲ့ အပြုံးလေးပေါ့

  • graduated from mufl.

    March 22, 2011 at 10:21 am

    လိုအပ်တဲ့အပြုံးတွေကိုဖြည့်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အပြုံးလေးနဲ့ပြုံးပြလိုက်ပါတယ်ရှင်

  • dream

    March 22, 2011 at 10:27 am

    ပြုံးတာကိုတော့ သဘာကျပါတယ်
    graduated from mufl ရဲ့ avatar က အစွယ်နှစ်ချောင်းကိုတော့ ကြောက်ကြောက် 🙂

  • Shwe Tike Soe

    March 22, 2011 at 10:29 am

    ဟဟဟ အခုပို.စ် တင်တဲ့ လူကနေ အပြုံး ပုံစံလေးတွေကို ဓာတ်ပုံနဲ.တကွ ကိုယ်တိုင် သရုပ်ဆောင်ပေးရင် သိပ်ကောင်းမှာပဲ ဟဟဟဟ
    လခ ထုတ်ပြီး ၁၅ ရက်အကြာမှာ ပြုံးတဲ့ အပြုံးလေး ထပ်ထည့်ပေးပါလား ခါလာပြုံး လို.လေ

  • လင်းဝေကျော်

    March 22, 2011 at 11:05 am

    ပြုံးမိတယ်။
    အပြုံးတွေကို စဉ်းစားမိရင်း။
    စဉ်းစားရင်း တွေးရင်း ပြုံးမိတဲ့ အပြုံးပေါ့။

  • bigbird

    March 22, 2011 at 2:11 pm

    စာရေးသူရေးထားတဲ့အပြုံးတွေကိုဖတ်ပြီး ငှက်ကြီးမှာဆင့်ကာဆင့်ကာပြုံးမိပါတယ်။

  • Gong Zhu

    March 23, 2011 at 7:13 am

    လူတွေရဲ့ မျက်နှာမှာ မလိုအပ်ပဲနဲ့ တင်းအားတွေရှိနေတတ်ပါတယ် … အဲ့ဒီတင်းအားတွေကနေပြီး အရေးအကြောင်းတွေကို ဖြစ်စေပါတယ် … ဒါ့ကြောင့် တင်းအားတွေလျော့ဖို့လိုအပ်ပါတယ် … အဲ့ဒီတင်းအားတွေမလျော့တတ်ရင် ပြုံးလိုက် ရယ်လိုက်ပါ … တင်းအားတွေ ပြေလျော့သွားပါလိမ့်မယ်တဲ့ …

  • shwe ni

    March 23, 2011 at 7:35 am

    အပြုံးတွေကစုံတော့ University of foreign language မှာ ဘာသာရပ်အထူးပြုက ဘာလဲမသိဘူးလို့စဉ်းစားနေတာ 🙂

  • windtalker

    June 4, 2011 at 6:14 am

    တစ်ယောက်ထဲ လမ်းသွားနေရင်း ကြုံခဲ့ဖူးတဲ့ ဟာသ တွေ ပြန်စဉ်းစားမိပြီး ပြုံးမိတဲ့ အပြုံး မျိုးကြ ဘယ်လို ခေါ ်သလဲ ဗျ ။

  • photwenty

    June 4, 2011 at 9:53 am

    ဟိုလေ
    မချိပြုံး ဆိုတာကကော

  • nature

    June 4, 2011 at 2:35 pm

    ငခူပြုံး၊ ငရံ့ပြုံး ၊ ငသလောက်ပြုံး ကဘာအဓိပါယ်လဲဗျ။

  • pooch

    June 4, 2011 at 3:08 pm

    စားရင်းသောက်ရင်း ပြုံးတဲ့ “ပလုတ်ပလောင်းပြုံး”

    ကြက်သွန်ခွာရင်း ပြုံးတဲ့ ” မွှန်ပြုံး ”

    ငရုတ်သီးစားရင်းပြုံးတဲ့ ” စပ်ပြုံး ”

    အချဉ်စားရင်းပြုံးတဲ့ ” ချဉ်ပြုံး ”

    အချိုစားရင်း ပြုံးတဲ့ ” ချိုပြုံး ”

    ဝက်သားစားရင်း ပြုံးတဲ့ ” ဝက်ပြုံး ”

    ဦးပေါက်ပြုံးတော့ ” ပေါက်ပြုံး ”

    nature ပြုံးတော့ ” ချားပြုံး ”

    ဦးကြောင်ကြီး ပြုံးတော့ ” ကြောင်ပြုံး ”

    သဂျီးပြုံးတော့ ” ဂျီးပြုံး ”

    etone ပြုံးတော့ ” တုံးပြုံး ”

    ma ma ပြုံးတော့ ” မပြုံး ”

    ဆူးပြုံးတော့ ” ဆူးပြုံး ”

    အနော်ပြုံးတော့ ” အနော့်ပြုံး “

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2011 at 3:12 pm

    ရှိုးတွေမိုးတွေအပြည့်နဲ့သွားတယ်
    ခွေးချီးပုံနင်းမိသွားတယ်
    ဒါပေမဲ့သူပြုံးပါတယ်

  • maythakhin

    June 4, 2011 at 3:43 pm

    ဟီး.. ဟီး လို့လား။ အဲဒါ ရှက်ပြုံးလို့ခေါ်မလား။
    မချိပြုံးလို့ ခေါ်မလား။ ဘယ် အပြုံးလို့ခေါ်မလဲ။

  • king

    June 4, 2011 at 4:08 pm

    သူများတွေပြုံးကြလို့
    ကိုယ်လည်းပြုံးမိတယ်
    🙂
    moonpoem ကတော့
    ရွာသူ/သားပြုံးတာကို ကြည့်ပြီး ပြုံးမိတယ် (ပီတိအပြုံး)
    🙂

Leave a Reply